Myanmar Calendar

Monday, April 9, 2012

စည်းခြားခြင်း

ငါတို့နှစ်ယောက်ကြားက
ခြားနေခြင်းက
ပါးလွှာလွှာ
ပါဝါစလေး မဟုတ်ခဲ့ဘူး...

ငါတို့နှစ်ယောက်ကြားက
ခြားနားခြင်းက
နံရံလေးတချက်မဟုတ်ဘူး.....

ငါတို့နှစ်ယောက်ကြားက
ခြားနားခြင်းက
မိုင်ထောင်ချီဝေးတဲ့ ခရီးတခုလည်း
မဟုတ်ခဲ့ဘူး....

ငါတို့နှစ်ယောက်ကြားက
ခြားနားခြင်းက
မမှီမကမ်းနဲ့လှမ်းလို့ရတဲ့
ခပ်ဝါးဝါး
အတွေးတွေလည်း မဟုတ်ခဲ့ပြန်ဘူး....

ငါတို့နှစ်ယောက်ရဲ့ကြားက
ခြားနားခြင်းက

သီအိုရီတောင်
မရှိဘဲ
တွက်လို့မရတော့တဲ့
ခပ်ပါးပါး
သင်္ချာတစ်ပုဒ်လိုဘဲ

ချာချာလည်လောက်အောင်
ပေါင်းစပ်ဖို့ခက်တဲ့

ပြတ်ဆဲခြင်း သီအိုရီ.......

No comments:

Post a Comment