Myanmar Calendar
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, November 20, 2012

ထောပတ်သီးအကြောင်း

 
ကျမတို့ ရှမ်းပြည်ကို အညာဒေသက သူငယ်ချင်းတယောက်ရောက်လာတော့ သူ့ကို ရှမ်းပြည်ထွက် ထောပတ်သီးကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူဒေသကို ပြန်ရောက်ပြီး (၃)ရက်အကြာမှာတော့ ကျမကို ဖုန်းဆက်ပြီး `` နင်ထည့်ပေးလိုက်တဲ့အသီးက နင်တို့ဒေသထွက် အသီးလား ဘာအရသာမှန်းမသိဘူး...ခါးလိုက်တာလည်း လွန်ပါရော....ငါတို့ အမျိုးတွေ အားလုံးကိုပါ ပေးလိုက်တာ...ရှမ်းပြည်က ထွက်တဲ့ ထောပတ်သီး ဆိုလို့ အားလုံး ၀ိုင်းဝန်းပြီး စားကြတာ....ခါးလိုက်တာ....ဒါနဲ့ အားလုံးကို လွှင့်ပစ်လိုက်တယ်တဲ့.....``

Saturday, November 26, 2011

ကော်ဖီအကြောင်း

ညီမရေ..... အမကိုလည်း ကော်ဖီတစ်ခွက်လောက်နော်။ ကော်ဖီအနံ့လေးက ဆွဲဆောင်နေလိုက်တာ။ အမတောင် သောက်ချင်လာပြီ။

ဟုတ်ကဲ့......အမ။ ညီမလည်း ကော်ဖီဆို ကြိုက်လွန်းလို့ တစ်ရက်ကိုဆို လေး၊ ငါးခွက်မကဘူး...... အမရေ။ 
 
အမယ်လေး.... ကော်ဖီကြိုက်တဲ့ ညီမတွေအတွက် သတင်းကောင်းလား၊ သတင်းဆိုးလာတော့ မသိဘူး။ ပြောပြရအုံးမယ်။

မမေစကားကြောင့် ကော်ဖီကြိုက်လှတဲ့ ကျမတို့ နှစ်ယောက် စိတ်ဝင်စားသွားတ.်။ မမေက ဗဟုသုတဆို တော်တော်ကိုစုံတာ။

ကဲ့............ ကော်ဖီရဲ့အကြောင်းတွေကို မမေသိသမျှတော့ ပြောပြရမှာပေါ့။ အရင်ဆုံး ကော်ဖီသောက်သူတွေ အတွက် ကောင်းကျိုးလေးတွေ ပြောပြမယ်နော်။

Tuesday, November 22, 2011

ရှားစောင်းလက်ပတ်



ကျမတို့အိမ်မှာစိုက်ထားမိတဲ့ ရှားစောင်းလက်ပတ်လေးတွေက ဒီလောက်ထိ အသုံးဝင်မယ်ဆိုတာကို ဆေးစာအုပ်နဲ့ ဗဟုသုတ စာအုပ်တွေကို ဖတ်မှဘဲ သိရတော့တယ်။ ကျမလိုဘဲ မသိသေးတဲ့ သူတွေအတွက် ဗဟုသုတရအောင် ပြန်လည် မျှဝေပေးလိုက် တာပါ။

Monday, October 17, 2011

ယောက်ျား နှင့် မိန်းမ

နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက် သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

Wednesday, October 12, 2011

အိမ်ထောင်တစ်ခု တည်ထောင်တော့မယ်ဆိုရင်

ကျမတို့ မြန်မာ မိန်းကလေးတွေက အိမ်ထောင်တစ်ခု တည်ထောင်ပြီးပြီဆိုရင် အဲ့အိမ်ထောင်တစ်ခုကို ပျက်စီး ပြိုကွဲမှာကို အကြောက်ဆုံးဘဲ။ အိမ်ထောင်မြဲအောင်လည်း ကြိုးစားကျတယ်။ ကိုယ့်အိမ်ထောင်ဖက် က ဘယ်လောက် ကောင်းကောင်း၊ ဆိုးဆိုး ကိုယ့်ကံလို့သာ သတ်မှတ်ပြီး အစဉ်အမြဲ ထိန်းသိမ်းတတ်ကြ ပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုခင် အရင်ဦးဆုံး ညှိနှိုင်း ဆွေးနွေးသင့်တယ်။ ဒါမှသာ အိမ်ထောင်တစ်ခုကို တည်တံ့အောင် တည်ထောင်နိုင်မှာပါ။ အရင်ဦးဆုံး မြန်မာမိန်းကလေး လေ့လာသင့်တဲ့ အချက်တွေနဲ့၊ ညှိနှိုင်း ရမယ့်အချက်တွေကတော့--------------

Monday, October 10, 2011

မေတ္တာသုတ် သမိုင်း

 မေတ္တာသုတ် ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို မသိသေးသူများသိရှိနိုင်ပါစေခြင်းအကျိုးငှာ...

         သာဝတ္ထိပြည် ၊ ဇေတ၀န်ကျောင်းတွင် ဂေါတမမြတ်စွာဘုရား သီတင်းသုံးနေစဉ် (၅၀၀)သော ရဟန်းအစု တစ်စုသည် ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားရှင်အား ဖူးမြော်ရှိခိုး၍ တရားအားထုတ်နည်း များ လျှောက်ထားတောင်းယူကာ တောအုပ်တစ်ခုတွင် ကမ္မဋ္ဌာန်းတရားအားထုတ်ကြလေသည်။

Sunday, October 2, 2011

ကျွဲ၊ နွားတွေ အဆိပ်မိပါက

 
ကျွဲ၊ နွား အရွယ်အစားကိုလိုက်ပြီး ကြက်ဥ အစိမ်း (၃)လုံးမှ (၅)လုံး၊  နှမ်းဆီ (၂၅)ကျပ်သားမှ (၄၀)ကျပ်သား
 
နှစ်မျိုးကို ရောတိုက်ရမည်။ အချိန် (၂)နာရီခွဲမှ (၃)နာရီခွဲခန့်ကြာလျှင် ထန်းလျက် (၁၅)ကျပ် သားကို ရေ ဖြင့်ကျိုပြီး တိုက်ပါ။ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ 
 
(ရှာရှာဖွေဖွေများ)
နှမ်းဆီ

ကြက်ဥ







 
 

 




Wednesday, September 28, 2011

ကွမ်းရွက်ရဲ့ အကျိုးများ


မျက်စိအားနည်းခြင်း၊ မျက်လုံး ကိုက်ခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ကျခြင်း၊ မျက်လုံးအောင့်ခြင်းများ ဖြစ်ပါက ညအိပ်ရာဝင်တိုင်း ကွမ်းရွက်ကို ဒင်္ဂါးဝိုင်းခန့် ဖြတ်ယူပြီး ၀ဲ၊ယာ မျက်လုံးအစုံ၏ နှစ်ဖက်နှာရင်းထောင့်တွင် ကပ်ပြီး အိပ်စက်ပါက သက်သာ ပျောက်ကင်းစေပါသည်။

ဒူလာရောဂါရှိသူများအတွက်လည်း ညအိပ်ရာဝင်ချိန်တွင် ကွမ်းရွက်ကို ချိန်ဆပြီး အရွယ်တော်ဖြတ်ပြီး လုံးကာ မိမိ၏ စအိုအတွင်းသို့ ထည့်သွင်းပြီး ညအိပ်ရာဝင်ပါက အနှေးနှင့်အမြန် ပျောက်ကင်းနိုင်ပါသည်။

နားလေး၊ နားထိုင်းသူ

ကွမ်းရွက်ကို အရွယ်တော်ဖြတ်ပြီး နားအတွင်းသို့ ထည့်ခြင်းဖြစ်လည်း ပျောက်ကင်းနိုင်ပါသည်။

နှလုံးရောဂါရှိသူများသည် ရောဂါဖြစ်နေစဉ်အတွင်း နှလုံးနှင့်တည့်တည့် ၀ဲဘက်ရင်ပြင်ပေါ်တွင် ကပ်ပေးခြင်းဖြစ်လည်း သက်သာစေပါသည်။