Myanmar Calendar
Showing posts with label ကျမဖတ်ဖို့. Show all posts
Showing posts with label ကျမဖတ်ဖို့. Show all posts

Wednesday, July 25, 2012

ကျမဖတ်ဖို့

မနက်စောစောစီးစီး ကျမ ဒေါသထွက်ရမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ ကျမကလဲ မနက်စောစောစီးစီး ဘယ်တုန်းကမှ ဒေါသမထွက်တတ်ဘူး။ တော်ရုံကိစ္စဆိုလောက်နဲ့ပေါ့။ ကျမခံယူချက်က တစ်မျိုး မနက်စောစောမှာ ကျမ ကောင်းမွန်တဲ့ ကိစ္စတခု ကြုံရပြီ၊ ကောင်းမွန်တဲ့ သတင်းကြားရပီ၊ ပျော်ရွှင်မှု တစ်ခုခု တွေ့ပြီဆိုရင် ကျမ အဲ့နေ့ တနေလုံး ကံကောင်းတယ်လို့ ခံယူထားတယ်။ ဒါမှမဟုတ် တခါတလေများ ကျမ မနက်စောစော တခုခု အရေးကြုံပြီးဆိုရင် အဲ့နေ့ တနေ့က ကျမအတွက် ကံမကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အတွေး အမြဲရှိတယ်။ ဒီတော့ ကျမ မနက်စောစောကို ဘယ်တုန်းကမှ မကောင်းတာ မလုပ်ဘူး။ ဒေါသထွက်အောင် မလုပ်ဘူး.......

Sunday, June 10, 2012

ခေတ်ကြီးမှီလွန်း

`` ခေတ်ကြီးရယ်ကွယ်....မှီလွန်းလှတယ်.....အိုဘယ်...ခေတ်ကြီးရယ်....ခေတ်ကြီးရယ်......အရိုးတွင်ထူး......လူရိုးရယ်...ဘယ်နေရာမှာကွယ်... စဉ်းစားဖွယ်....စဉ်းစားဖွယ်.............´´

ဦးပေတာကြီး ဘာသီချင်းဆိုနေပါလိမ့်......

ဦးပေတာကြီးတယောက်က လူပုံကသာ ရူးကြောင်ကြောင်ရယ်...ဒါပေမယ့် ...သူပြောလိုက်တဲ့ စကားအဓိပါယ်တွေက တော်တော်ကို အမြော် အမြင်ရှိလှပါပေတယ်.......ဘာတဲ့ သူဆိုသွားတဲ့ သီချင်းက -
`` ခေတ်ကြီးရယ်ကွယ်....မှီလွန်းလှတယ်.....အိုဘယ်...ခေတ်ကြီးရယ်....ခေတ်ကြီးရယ်......အရိုးတွင်ထူး......လူရိုးရယ်...ဘယ်နေရာမှာကွယ်... စဉ်းစားဖွယ်....စဉ်းစားဖွယ်.............´´

Friday, June 1, 2012

ချစ်သောသူ

ချစ်သူ..
မိုးရာသီကို ရောက်ခဲ့ပြန်ပီ

အရင်နှစ်......
ဒီလိုမိုးရွာချိန် ညနေခင်းလေးမှာဘဲ...မလုံနိုင်တဲ့ ထီးတချောင်းကို အတူဆောင်းကာ နင့်လက်ကိုခိုတွဲလို့  မိုးရေထဲက လမ်းတွေကို လျှောက်ခဲ့ကြတယ်လေ....

အဲ့အချိန်ကတော့ ငါ့ခိုတွဲခဲ့တဲ့ နင်လက်မောင်းလေးက ငါ့အတွက် တသက်တာ မှီခိုလို့ရခဲ့မယ်ထင်ခဲ့တာ... အခုများတော့ ငါခိုတွဲခဲ့ဖူးတဲ့ နင့်လက်က တခြားသူအတွက်တဲ့လားကွယ်.......

အရင်က......
နင်..ငါ့ကို ဂရုစိုက်ခဲ့တာတွေကို သူငယ်ချင်းတွေ၊ ငါ့အသိုင်းအ၀ိုင်းတွေက အားကျခဲ့ရတာ....
နင်နဲ့ ပတ်သက်တိုင်းလည်း ငါအမြဲ ပျော်ရွှင်ခဲ့ရတာ..... 
နင်ရှိခဲ့ချိန်က....ငါ့ကိုယ့်ငါ အားမကိုးတတ်ဘဲ...အရေးကြုံရင်.. နင့်ကိုဘဲ ပြေးသတိရတတ်တာ.....
အခုများတော့...ဒါတွေက နင်မရှိတော့......ငါဘယ်လိုမှ ရှေ့ဆက်လို့ ဖြစ်မတဲ့လဲ......

အရင်က.....
မနက်လင်းတိုင်း.....ကိုကို့ရဲ့ နိုးစက်လေး အခုမှ ထရတာလား.......ကိုကိုက နိုးနေတာကြာပေါ့....
မနက်ခင်းတိုင်းလဲ ကိုကို့အနားကို မရောက်နိုင်သေးပေမယ့်.... အနားရှိခဲ့သလိုဘဲ... ဖုန်းကလေးနဲ့ နိုးစက်လေး ဖြစ်ခဲ့တာ....
အခုများတော့...ကိုကိုရဲ့ နိုးစက်လေးက ဒီကောင်မလေး မဖြစ်နိုင်တော့ဘူးလို့...သိလိုက်ရတဲ့အခါ....

ဒဏ်ခတ်ခံလိုက်ရသလို.....ဒီကောင်မလေး လက်တွေက.....
ဖုန်းခလုတ်တွေကို....အကြိမ်ကြိမ် ရိုက်ချိုးပစ်ခြင်ခဲ့တယ်......

ကိုကိုရဲ့....
အတ္တတွေကြောင့်..ဒီကောင်မလေးရဲ့ အချစ်တွေ ပေးဆပ်လိုက်ရတာ..
ကိုကိုရဲ့.....
မဖြစ်နိုင်မှန်းသိရက်နဲ့ အစပျိုးမှုတွေက.....ဒီကောင်မလေးရဲ့ မာန၊ သိက္ခာတွေအားလုံး ပေးဆပ်လိုက် ရတာ........

နောက်ဆုံးတခုပြောခဲ့တာက.....
ကိုကို့ကို မုန်းမေ့လိုက်ပါ...စိတ်နာလိုက်ပါ.....ဘ၀ထဲကနေထုတ်ပစ်လိုက်ပါတဲ့လား....
ပြောလိုက်တာတော့ လွယ်လိုက်တာ.....ကိုကို

ပြောရတာလွယ်သလောက်....နစ်ဝင်နေပြီး၊ အရိုးထိစွဲနေတဲ့.....ဒီကောင်မလေးရဲ့ အချစ်တွေ၊ အကျင့်တွေ ကို ပြင်ဖို့ဆိုတာ....အဲ့လောက်လွယ်မတဲ့လား.......

ကိုကိုက မေ့ပစ်လိုက်ပါဆိုမှ...ပိုသတိရတယ်......မချစ်ပါနဲ့ဆိုတော့မှ ပိုချစ်ခဲ့မိတယ်....
အနေဝေးခဲ့ပီဆိုမှ.....ပိုနီးစပ်ချင်ခဲ့တယ်......... တားဆီးထားတယ်ဆိုမှ.....ပိုသွားချင်ခဲ့တယ်......

တကယ်...တကယ်တော့....ကိုကိုက....အတ္တတွေနဲ့ ဒီကောင်မလေးရဲ့ အချစ်တွေကို အသေသတ်ပစ်ခဲ့တာပါ ကိုကို........



Monday, May 28, 2012

အင်တာဗျူး

” သမီးရေ .....ဒီမှာ.... သမီးလျှောက်ထားတဲ့ အလုပ်က အင်တာဗျူးခေါ်တယ်..... မနက်ဖြန်.... မနက် 9 နာရီအရောက်တဲ့.... ”

အင်း..... အင်တာဗျူး သွားရမယ်ဆိုတော့ ....ဘာတွေများ ...လိုအုံးမလည်း....အ၀တ်အစားတော့ စမတ်ဖြစ်ဖို့ လိုမယ်.....အင်း.... စတီးဖီးလ်ကိတ်တွေတော့ ထည့်သွားရအုံးမယ်......။ အလုပ်ရပါစေလို့လည်း ဘုရားမှာ ဆုတောင်းရအုံးမှာပေါ့.....

အခုခေတ်က အလုပ်တနေရာရဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ..... အလုပ်လျှောက်ထားတဲ့နေရာတွေကလည်း...အများကြီး.... မနက်ဖြန် အင်တာဗျူးတော့ ငါ့ဘွဲ့လေးနဲ့....ငါ့တတ်ထားတဲ့ ပညာလေးနဲ့တော့ အဆင်ပြေမယ်....ထင်ပါတယ်လေ။ 

Wednesday, March 28, 2012

ကျမဖတ်ဖို့

  • ၁။ အတွေးတွေနဲ့ မပူလောင်ပါစေနဲ့။
  • ၂။ လက်ရှိအခြေအနေမှာ ပျော်အောင်နေပါ။
  • ၃။ စိတ်တိုစရာရှိရင် ဒေါသကို အရင်မထွက်မိပါစေနဲ့။
  • ၄။ သင့်ကိုယ်သင့် ထိန်းနိုင်ပါစေ။
  • ၅။ ကိုယ့်အပြစ်ကိုယ် မြင်နိုင်ပါစေ။
  • ၆။ သူများအပြစ်ကို မမြင်ပါနဲ့။
  • ၇။ လူတိုင်းကို ချစ်ခင်တတ်ပါစေ။
  • ၈။ မနာလိုစိတ် ကင်းပါစေ။
  • ၉။ စိတ်ထား ဖြူစင်ပါစေ။
  • ၁၀။ လူတိုင်းကို အဖြူစင်ဆုံး ကြည့်ပါ။ ဒါမှသာ သင်စိတ်သည် အမြဲအေးချမ်းမှာပါ။
  • ၁၁။ သူများက သင့်ကိုပြောရင် သူများကို အရင်အပြစ်မတင်ပါနဲ့။ ငါဘာမှားလို့လဲဆိုတဲ့ အတွေး ကို တွေးတတ်ပါစေ။
  • ၁၂။ မေတ္တာတရား ထားနိုင်ပါစေ။

Sunday, March 25, 2012

ကျမဖတ်ဖို့

သူတပါးကို ပြောမယ်ဆိုရင် ငါ့ဆိုရင်ကော သူနေရာမှာဆိုတဲ့ ကိုယ်ချင်းစာလေး တချက်လောက် ရှိစေချင်။


အရင်ဆုံး အပြစ်ကိုမမြင်ဘဲ ဒီအပြစ် ဘယ်သူကြောင့်လဲဆိုတာ အရင်ဆုံး စဉ်းစားပြီး ကိုယ်ချင်းစာ စိတ်လေး တချက်လောက် ရှိစေချင်။


ကိုယ့်ဘက်ကသာ အမှန်ဆိုပြီး ကိုယ့်ဘက်ကသာ ဖိဟောက်နေရင် သူတပါး မဟုတ်မမှန်ဘဲ ခံစားလိုက်ရတဲ့ အခါ ကိုယ့်ကို ပြန်တုံပြန်ရင် ခံစားနိုင်ပါစေ။


မစဉ်းစား၊ မဆင်ခြင်ဘဲ အလုပ်တခုကို ပြုမှုမိရင် ငါဆိုရင်ကော ဆိုတဲ့ အတွေးလေး တချက်လောက် ၀င်နိုင်ပါစေ။


အားလုံးဘဲ ကိုယ်ချင်းစာစိတ်လေး ရှိနိုင်ပါစေ။