Myanmar Calendar

Wednesday, January 30, 2013

မနှင်းဆီ


ဘယ်သူဆီသွား ခစားဝင်လို့
နှမလေးအား မေ့လို့နေသည်...
ဘယ်ဆီဘယ်ကမ်း ရောက်မှန်းမသိ
ချစ်သူဆီသို့
ပြေးလို့မေးလိုက်ချင်သည်.....
ဘယ်ကိုမျှော်ငေး လွမ်းရမယ်မှန်း
မသိခဲ့လို့
နှင်းဆီပင်ဘေး
စောင့်မျှော်ကာဖြင့်
မောင့်ကို လွမ်းလို့နေသည်
မနှင်းဆီ

Tuesday, January 29, 2013

သူ......




မျှော်သာမျှော် ပေါ်မလာသော သူ..............
လွမ်းသာလွမ်း လွမ်းခွင့်မရသော သူ...............
ချစ်သာချစ် ချစ်ခွင့်မရှိသော သူ................
မုန်းသာမုန်း မုန်းလို့မရသော သူ.............
စေလိုရာစေ ထွက်သွားခွင့်ပြု
သူ့အနားက တစ်ဖ၀ါးမှ မခွာချင်သူ

အဲ့တာ ကျမချစ်သောသူ......

For....................



သည်းခံခွင့်လွှတ်ပေးရင်းနဲ့
အဆုံးသတ်မှာ
နာကျင်မှုတွေက အဆိပ်တက်လာခဲ့

အဆိပ်တွေရဲ့ အနောက်မှာ
အေးစက်ခြင်းရဲ့ အငွေ့အသက်ကို
ခံစားမိပါရဲ့

်နားလည်ပေးလိုက်ရတာ


နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့နင်က
တစ်ပါးရင်ခွင့်ကို
ခြေရာမကျန်ဘဲ
ပြောင်းသွားတဲ့အထိ................

နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့
ငါ့ရင်ကို စုံကန်သွားတဲ့အထိ.......................

နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့
ငါ့အသည်းကို ဆော့ကစားလို့
နင်းချေသွားတဲ့အထိ........

Thursday, January 17, 2013

ကျမနဲ့မောင်


နှုတ်ကဖွင့်ပြောမှ အချစ်လို့ထင်တဲ့မောင်နဲ့
ရင်ထဲမှာ တိတ်တိတ်လေး တမ်းတနေတာကို အချစ်လို့ထင်တဲ့ ကျမတို့
တွေ့ဆုံခဲ့တယ်........

မောင်က
ချစ်တယ်ဆိုတဲ့ စကားကို နှုတ်က ကြားရမှ ကျေနပ်တတ်သူ
ကျမက
သူ့ရင်ထဲမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်တတ်သူ


မောင်က
သူငယ်ချင်းများရင် မနေတတ်သူ
ကျမက
သူငယ်ချင်းတွေကို တွယ်တာတတ်သူ

မောင်က
ကော်ဖီခါးခါးကိုမှ နှစ်သက်တယ်ဆိုတဲ့သူ
ကျမက
ကော်ဖီခါးခါးကို နည်းနည်းလေးမှတောင် မနှစ်သက်တဲ့သူ

မောင်က
စံပယ်ကိုမှ မြတ်နိုးတတ်သူ
ကျမက
နှင်းဆီကိုမှ တန်ဖိုးထားတတ်သူ

ဒီလိုနဲ့ဘဲ
မောင်နဲ့ကျမ
အတွေးချင်း
အယူအဆချင်း
အကြိုက်ချင်းမတူညီကျဘူး

ထပ်တူကျဖို့လဲ တွေးမကြည့်မိခဲ့ဘူး

ထူးဆန်းတာတစ်ခုကတော့
မတူညီတာများလှတဲ့ ကျမတို့ နှစ်ယောက်ကြားမှာ
တူညီတာတစ်ခုတော့ရှိတယ်....

ဒါကတော့.
မောင်က ကျမကို သိပ်ချစ်သလို.....
ကျမကလည်း မောင့်ကို သိပ်ချစ်တယ် ဆိုတာပါဘဲ.......

Monday, January 14, 2013

2013 ဇန်န၀ါရီလ ဗေဒင်

၁။ တနင်္ဂနွေ သားသမီးများအတွက်
 
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်ချက် ရည်မှန်းချက် အသစ်များပေါ်လာမည်။ နေရာထိုင်ခင်း ကိစ္စများ အတွက်နှင့် အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ဆုံးဖြတ်ရခက်သော ကိစ္စများ သူတစ်ပါးကိစ္စများ အတွက် စိတ်ညစ်နေရမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ လာမည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေသော်လည်း မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စီးပွားရေးမှာ ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါသည်။ မိတ်ဆွေများနှင့် အတူ ခရီးယာယီ သွားရမည်။ ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့ စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေးမှာ ပြန်လည်ဆုံဆည်း ရမည်။ ယခုလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းသီး ၃လုံးအား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၀ ၇ ၅ ၎