Myanmar Calendar

Sunday, April 22, 2012

အချစ်


အချစ်တဲ့

ငါတို့နှစ်ယောက်ရဲ့အချစ်က
နာရီလေးတစ်လုံးလို့ဘဲ
လက်တံလှည့်လိုက်တိုင်း
ပြန်မရနိုင်တော့တဲ့
နွေးထွေးမှုတွေ

အချိန်တွေသာကုန်မြန်ခဲ့တယ်
ငါတို့နှစ်ယောက်ရဲ့
တွေ့ဆုံခြင်းက
ကွန်ပျူတာဆိုတဲ့
သက်မဲ့အရာတစ်ခုဆီမှာသာ
လူရာဝင်တယ်

မင်းက ငါ့ဘ၀ရဲ့ ကွက်လပ်လေးပါတဲ့
အဲ့စကားတွေကြားတိုင်းလည်း
မခိုင်လှတဲ့ ငါ့အသည်းက
ပြုတ်ကျလုလုဖြစ်နေတဲ့
နင်ဂရုစိုက်မှုကို
ဖေးမ ထိန်းသိမ်းနေတယ်

I Love You တဲ့
ဒီစကားကလည်း
နင်နဲ့ငါကြားမှာ
ဖြစ်ပေါ်ခဲ့ပေမယ့်

တကယ်တမ်းပေးဆပ်လိုက်ရတာတော့
ငါဘယ်ဘက်ရင်ဘတ်တခြမ်းလုံးပါဘဲ......
အကြင်နာ




No comments:

Post a Comment