Myanmar Calendar

Tuesday, October 4, 2011

အောက်တိုဘာလ ဗေဒင်

တနင်္ဂနွေ သားသမီးများ



ယခုလတွင် အကြံကောင်း ဉာဏ်ကောင်း စိတ်ကူးကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်။ အလုပ်ခွင်တွင် နာမည်ကောင်းထွက်တတ်ပြီး အဆင့်မြင့် တာဝန်များ ပေးအပ်ခံရတတ်သည်။ သက္ခတ်ကောင်းတွင် ကျရောက်နေလျှင် (၀န်ထမ်းများ) ရာထူးတက်ကိန်း ရှိနိုင်သည်။ အိုးအိမ် ယာဉ်ကားနှင့် ပတ်သက်နေသော ကိစ္စများ တွင် နှောင့်နှေးကြန့်ကြ မှုများ များနေတတ်သည်။ သို့သော် ထိုယာဉ်ကားမှ အကျိုးအမြတ် များစွာ ရရှိလိမ့်မည်။ အလုပ်ခွင်ထဲ၌ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ ခရီးရှည် (သို့) နိုင်ငံခြားသို့ ထွက်ရန် ကိစ္စများ ပျက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး မသာမယာဖြစ်နေမည် (သို့) အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်သည်။ မိမိကိုယ်တိုင်လည်း အနည်းငယ် ချုခြာနေတတ်သည်။ သားသမီးရှိသူများ သားသမီး အကျိုးခံစားရမည်။ ဘာသာရေး နှင့် ပတ်သတ်သော ကိစ္စများ တာဝန်ပျက်ကွက်နေတတ် သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းမှု အနည်းငယ်ပို များနိုင်သော လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် စနေ နံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ ဗုဒ္ဓဟူး, ရာဟု နှင့် သောကြာ နံဖြင့် ဆုံးသူများ ကံဇာတာ သင့်သည်။ ကြာသပတေးနံဖြင့် ပိတ်သူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။

ယတြာပြုလိုပါက - တနင်္ဂနွေနေ့တွင် မိမိနေအိမ်ဘုရားတွင် နာနတ်ယို ၊ နာနတ်သီး ၊ နာနတ်ဖျော်ရည် တစ်ခုခု ကပ်လှူပေးပါ။

 

.


တနင်္လာ သားသမီးများ


ယခုလတွင် တနင်္လာသားသမီးများအတွက် ကံဇာတာ အထူးတိုးတက်ကောင်းမွန်နိုင်သည်။ ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင်မှုများမှ အကျိုး ကျေးဇူး များစွာ ရရှိနိုင်သည်။ နိုင်ငံခြားခရီး နှင့် ပတ်သက်ပြီး ကံကောင်းမှုများ ရရှိနိုင်မည်။ နိုင်ငံခြားသို့  ထွက်မည့်သူများ လွယ်ကူစွာ ထွက်ခွင့်ရမည်။ အလုပ် အကိုင်ကောင်းများ ရရှိမည်။ ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ကိုင်သူများ အထူး ကံကောင်းနိုင် မည့် လ, ဖြစ်သည်။ မြေ ၊ အဆောက်အဦးများတွင် ရင်းနှီးမြုတ်နှံထားသူများ အကျိုး အမြတ်များစွာ ရရှိနိုင်သည်။ လာဘ်လာဘ အထူးရွှင်လန်းနေမည်။ အ၀တ်အစားကောင်းများ ၊ လက်ဝတ်ရတနာများ ၊ အိမ်အလှအပဆိုင်ရာပစ္စည်းများ ၊ ယာဉ်ကားများ ၀င်ကိန်းရှိသည်။ သားသမီးရှိ သူများ သားသမီးကျန်းမာရေး ညံ့ခြင်းများြုဖစ်နိုင်သော်လည်း စိုးရိမ်ရအောင် မဖြစ်နိုင်ပါ။ အဆင့်မြင့် ဂုဏ်ထူး ၊ ရာထူးများ ချီးမြှင့်ခံရတတ်ပြီး ရာထူးတက်ရန် အခွင့်အလမ်း ရှိသူများ ရာထူးတတ်ကိန်း ရှိသည် (သို့) လစာ တိုးတက် ကိန်းရှိသည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္လာ သားသမီးများအတွက် ကံဇာတာ အကောင်းဘက်၌ ပိုမိုများပြားနိုင်မည့် လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္လာ စ,ပြီး တနင်္ဂနွေ နှင့် သောကြာ နံဖြင့် ပိတ်ထားသူများ အထူးကံကောင်းနိုင်သည်။ တနင်္လာ အင်္ဂါ နှင့် ဗုဒ္ဓဟူး(ရာဟု)နံ များဖြင့် ပိတ်ထားသူများလည်း ကံဇာတာ ကောင်းနိုင်ပါသည်။ စနေ နှင့် ကြာသတေးနံများဖြင့် ပိတ်ထားသူများ ကံဇာတာ အနည်းငယ် အညံ့ရှိသည်။

ယတြာပြုလိုပါက - သေကြာနေ့ တစ်နေ့တွင် သံဃာတစ်ပါးကို သင်္ကန်းတစ်စုံ ကပ်လှူဒါန်းလိုက်ပါ။

.

အင်္ဂါ သားသမီးများ


အင်္ဂါ သားသမီးများအတွက် ယခုလသည် ကြာမြင့်စွာ ကွဲကွာနေသော မိဘ နှင့် သားသမီး ၊ လင် နှင့် မယား ၊ ဆွေမျိုး ညီအစ်ကိုများ ပြန်လည်တွေ့ဆုံရကိန်း ရှိနိုင်မည့် လ, တစ်လဖြစ်သည်။ ရပ်ဝေးဒေသများ သို့ ရောက်နေသော သူများ ပြန်လည် ရောက်ရှိလာနိုင်မည်။ မိမိလုပ်ကိုင်နေသော လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိခံစားရမည့် လ, လည်းဖြစ်သည်။ မိမိ အနစ်နာခံ လုပ်ဆောင်ထားသော လုပ်ဆောင်မှုများမှ အကျိုးကျေးဇူးများ ပြန်လည် ခံစားရရှိနိုင်သည်။ သို့သော် မိမိ၏ လုပ်ဆောင်ချက်များသည် နှောင့်နှေးကြန့်ကြာမှုများကြုံပြီးမှ အောင်မြင်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်သော ကိစ္စများတွင် သတိထားပြီးဆောင်ရွက်ပါ။ လိမ်လည်ခံရမှု ၊ မရိုးမသား လုပ်ခံရမှုများ ကြုံရတတ်သည်။ စဉ်းစားဉာဏ် ကြီးကြီးဖြင့် သတိထားပြီး ဆောင်ရွက်မှသာလျှင် ယာဉ်ကားကိစ္စမှ အကျိုးကျေးဇူး ထူးခြားစွာ ရရှိနိုင်သည်။ မိမိ၏ ဖခင်ဖြစ်သူ ဂုဏ်သတင်း ကျော်စောတတ်သည်။ ငယ်ရွယ် သူများ ပညာရေး နှင့် ပတ်သက်ပြီး ကံဇာတာ အနည်းငယ် ညံ့နိုင်သည်။

ယခုလအတွက် နာမည်တွင် - အင်္ဂါ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ ၊ စနေနံများ ဖြင့် ပိတ်ထားသူများ ကံကောင်းမှုကို အထူးခံစားရနိုင်သည်။ ဗုဒ္ဓဟူး(ရာဟု) ဖြင့် ပိတ်ထားသူများ အကောင်း နှင့် အညံ့ ပူးတွဲ ခံစားရကိန်း ရှိသည်။ ကြာသပတေးဖြင့် ပိတ်ထားသူများ ပြဿနာ အမှုအခင်းများနိုင်သည်။ ရန်များနိုင်သည်။ သို့သော် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါ။

ယတြာပြုလိုပါက - တနင်္လာနေ့တစ်နေ့တွင် အိမ်ရှိဘုရားကို မုန့်ဟင်းခါး နှင့် ကြက်သွန်ကြော်ကို ကပ်လှူလိုက်ပါ။

.

ဗုဒ္ဓဟူး သားသမီးများ


ယခုလအတွက် ဗုဒ္ဓဟူးသားသမီးများ ကံဇာတာ အကောင်းဖက်တွင် ရှိသည်။ ငွေစုငွေပုံ ၀င်ကိန်း ရှိသည်။ ကွဲကွာနေသော ဆွေမျိုး မိသားစုများနှင့် ပြန်လည် တွေ့ဆုံကိန်း ရှိသည်။ အိမ်ထောင်ပြုရန် အစီအစဉ်ရှိ သူများ ၀ါကျွတ်သည်နှင့် အိမ်ထောင်ကျကိန်း ရှိသည်။ မိမိလုပ်ငန်းများ တိုးတက်အောင်မြင်မည်။ အမြတ် အစွန်း ငွေကြေးများစွာ ရရှိနိုင်သည်။ နှောင့်နှေးကြန့်ကြာနေသော အလုပ်များကို ပြန်လည် အကောင် အထည် ဖော်နိုင်မည်။ ခရီးသွားလာခြင်းနှင့် ပတ်သက်သော ကိစ္စများ လွယ်ကူချောမောစွာ အဆင်ပြေမည်။ နိုင်ငံရပ်ခြားသို့ ခရီးထွက်ရကိန်း ရှိသည် (သို့) ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးများ သွားရတတ်သည်။ စပ်တူ ဖက်စပ် (ရှယ်ယာ)လုပ်ငန်းများမှ အကျိုးကျေးဇူးများစွာ ခံစားရ မည်။ ဟော်တယ် နှင့် ခရီးသွားလာခြင်းလုပ်ငန်း ၊ ယာဉ်ကား တင်သွင်းသော လုပ်ငန်း ၊ နိုင်ငံရပ်ခြားများ နှင့် ဆက်သွယ်လုပ်ကိုင်ရသော လုပ်ငန်းလုပ်ကိုင်သူများ ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ အကျိုးကျေးဇူး များစွာ ခံစားရကိန်း ရှိသည်။ သို့သော် “သက္ခတ်” ညံ့သော သူများတွင် အမှုအခင်း ပြဿနာများ နှင့် ကြုံတွေ့ရကိန်း ရှိတတ်သည်။

ယခုလအတွက် နာမည်တွင် - ဗုဒ္ဓဟူး စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ ၊ စနေနံများ ဖြင့် ပိတ်ထားသူများ ကံကောင်းမှုကို အထူးခံစားရနိုင်သည်။ ဗုဒ္ဓဟူး(ရာဟု) ဖြင့် ပိတ်ထားသူများ အကောင်း နှင့် အညံ့ ပူးတွဲ ခံစားရကိန်း ရှိသည်။ ကြာသပတေးဖြင့် ပိတ်ထားသူများ ပြဿနာ အမှုအခင်းများနိုင်သည်။ ရန်များနိုင်သည်။

ယတြာပြုလိုပါက - ကြာသပတေးနေ့ တစ်နေ့တွင် “မုန့်ဖက်ထုပ်” တစ်ထုပ် ကို တောင်းရမ်းစားသူတစ်ဦးအား ပေးကမ်းစွန့်ကြဲလိုက်ပါ။

.

ကြာသပတေး သားသမီးများ


ယခုလတွင် ကြာသပတေး သားသမီးများအတွက် ကံဇာတာ အကောင်း၊ အညံ့များ ရောထွေးနေတတ်သည်။ မိမိ အလုပ်အကိုင် ၊ ဘ၀အခြေအနေနှင့် ပတ်သက်ပြီး တိုးတက်ကောင်းမွန်မှုများနှင့် ကြုံနိုင်သော်လည်း ကျန်းမာရေး ညံ့ခြင်း ၊ မတော်တဆ ထိခိုက် ခံရခြင်း ၊ အိမ်ထောင်ရေး ပြဿနာဖြစ်ခြင်း ၊ အိမ်ထောင်ဘက် ကျန်းမာရေး ချို့ယွင်းခြင်းများ ကြုံရနိုင်သည်။ စပ်တူ ဖက်စပ် လုပ်ငန်းများတွင် ရှယ်ယာဖက် အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ကြုံရတတ်သည်။ ယာဉ်ကား နှင့် ပတ်သတ်သော ကိစ္စများတွင် (လောဘမသတ်နိုင်ပါက) အဆုံးအရှုံးများတတ်သည်။ အချို့သော ကြာသပတေး သားသမီးများတွင် “ထီပေါက်ခြင်း” (သို့) ထီပေါက်ခြင်းကဲ့သို့ ငွေဝင်ခြင်းများ ရှိနိုင်သည်။ သို့မဟုတ် မသန့်ရှင်းသော လာဘ်ငွေများလည်း ၀င်ရောက်ကိန်း ရှိတတ်သည်။ မိခင်ဖြစ်သူ ကျန်းမာရေး ညံ့နိုင်သည်။ ငယ်ရွယ်သူများ တွင် အချစ်ရေးကိစ္စများ အလွန်အဆင်မပြေ ဖြစ်တတ်သည်။ မိမိချစ်သူ နှင့် စကားများ ရန်ဖြစ်ကိန်းများ ရှိတတ်ပြီး အဆင်မသင့်လျှင် လမ်းခွဲရသည်အထိ ဖြစ်နိုင်သည်။ ယာဉ်ကား မတော်တဆဖြစ်မှုများ အထူးဂရုပြုပါ။

ယခုလအတွက် နာမည်တွင် ကြာသပတေး စ, ပြီး - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ဖြင့် ပိတ်ထားသူများ ယခုလ ကံဇာတာ ညံ့ဖွယ်ရှိသည်။ စနေနံ ၊ ရာဟုနံများဖြင့် ပိတ်သူများ ငွေစုငွေပုံ ၊ လာဘ်ငွေများ ၀င်ကိန်း ရှိသည်။ ကြာသပတေး ၊ သောကြာ ၊ တနင်္ဂနွေ ပိတ်ထားသူများ ကံဇာတာ အကောင်းဖက်တွင် ပိုများနိုင်သည်။

ယတြာပြုလိုပါက - ဗုဒ္ဓဟူးနေ့ တစ်နေ့တွင် တန်ခိုးကြီးဘုရားတစ်ဆူတွင် “ရွှေသင်္ကန်း” ကပ်လှူပူဇော်လိုက်ပါ။

.

သောကြာ သားသမီးများ


ယခုလတွင် သောကြာသားသမီးများအတွက် ကံဇာတာ ကောင်းမွန်မှု အထူးများနိုင်သည့် လ, တစ်လဖြစ်နိုင်သည်။ မိမိ၏ စိတ်ကူးကောင်း ၊ စေတနာကောင်း ၊ အကြံဉာဏ်ကောင်းများ ကို ဖော်ထုတ်ခွင့် ရမည်။ သားသမီး လက်အောက်ငယ်သားများ ၊ လုပ်ဖော်ကိုင်ဖက် များ၏ လေးစားမှု ၊ ချီးမွမ်းမှုကို အထူးခံစားရကိန်း ရှိသည်။ မိမိ၏ ရဲဝံ့စွန့်စားလုပ်ဆောင်မှုများကြောင့် မိမိနာမည် ဂုဏ်သတင်း မွှေးပျံ့မည်။ မိမိသားသမီးများ၏ လေးစားမှုကို အထူးရရှိမည်။ လုပ်ငန်းသစ်များ အကောင်အထည်ဖော် ဆောင်ရွက် ရကိန်း ရှိသည်။ သို့မဟုတ် လက်ရှိလုပ်ငန်းများကို တိုးတက်ချဲ့ထွင်ရတတ်သည်။ သို့သော် မိမိပိုင်ငွေကြေးအချို့ ဆုံးရှုံးကိန်း ရှိနေသည်။ လူလိမ်ခံရခြင်း ၊ လှည့်ဖျားခံရခြင်းများကြောင့် ငွေကြေး အချို့အ၀က် ဆုံးရှုံးကိန်း ရှိနိုင်သည်။ လူမျိုးခြား (သို့) ဘာသာခြား ဒုက္ခပေးခံရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့ဖျင်းတတ်သည်။ စပ်တူ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သူများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု ၊ ခိုက်ရန်ဖြစ်ပွားမှုများ ကြုံနိုင်သည်။ ယာဉ်ကား နှင့် ပတ်သက်သော လုပ်ငန်းများတွင် ပြဿနာ အခက်အခဲ များ တွေ့ကြုံရင်ဆိုင်ရတတ်သည်။ မိမိထင် သလောက် အကျိုးအမြတ် မများဘဲ ရှိတတ်သည်။

ယခုလအတွက် နာမည်တွင် သောကြာ စ, ပြီး - တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေးဖြင့် ပိတ်ထားသူများ ယခုလတွင် ကံကောင်းမှုများ တိုးတက် များပြားနိုင်သည်။ သောကြာ ၊ တနင်္လာ ၊ စနေ ၊ ရာဟု နံဖြင့် ပိတ်ထားသူများ ပြဿနာများ ၊ ဆုံးရှုံးမှုများ ရှိနိုင်သည် (ကံအကောင်း/အဆိုးရောနိုင်သည်)

ယတြာပြုလိုပါက - တနင်္ဂနွေနေ့ တစ်နေ့တွင် အိမ်ရှိဘုရားကို အုန်းထမင်း ကပ်လှူ ပူဇော်လိုက်ပါ။

.

စနေ သားသမီးများ


ယခုလတွင် စနေသားသမီးများ ကံဇာတာ အကောင်း နှင့် အညံ့များ ရောထွေးနေမည်။ ငွေကြေး အစုအပုံ ၀င်ကိန်း ရှိသကဲ့သို့ အလုံးအရင်း ပြန်ထွက်ကိန်းလည်း ရှိနေမည်။ အလုပ်ရာထူး တိုးတက်ကိန်း ၊ အကျိုးကျေးဇူး ခံစားရကိန်း ရှိသည်။ ဘာသာရေး နှင့် ပတ်သက်ပြီး ထူးခြားသော ကိစ္စများ ဆောင်ရွက်ရတတ်သည်။ အလှူကြီးအတန်းကြီး ပြုရတတ်သည်။ ၀ိပဿနာ တရားများ အားထုတ် ခွင့် ကြုံနိုင်သည်။ ယာဉ်ကား နှင့် ပတ်သက်သော ကိစ္စများတွင် အထူး (အထူး) သတိ ထား ဆောင်ရွက်ပါလေ။ အဆုံး အရှုံးများကိန်း ရှိနိုင်သည်။ မြေ ၊ အဆောက်အဦ နှင့် ပတ်သတ်သော ကိစ္စများတွင်မူ ကံကောင်းမှု များပြားနိုင်သည်။ အိမ်ထောင်ရေး အရှုတ်အထွေး ပြဿနာ ၊ လိင်ကိစ္စ အရှုတ်အထွေး ပြဿနာ ပေါ်တတ်သည်။ အကျင့်စာရိတ္တမကောင်းသော ဆန့်ကျင်ဘက်လိင် များနှင့် တွေ့ကြုံရတတ်ပြီး လှည့်ဖျားမှု ခံရတတ်၍ သတိပြုပါလေ။ ပြည်တွင်းခရီးဖြစ်စေ ၊ နိုင်ငံခြား ခရီးဖြစ်စေ ခရီး နှင့် ပတ်သက်သော ကိစ္စများ ကံမကောင်းတတ်ပါ။ ခရီးစဉ် ပျက်ပြားခြင်း ၊ ခရီးသွားနေစဉ် အခက်အခဲ အန္တရာယ်များ ကြုံခြင်း များ ဖြစ်တတ်သည်။ ဆေးဘက် ၊ စစ်ဘက် ၊ စက်မှုလက်မှု ၊ အင်ဂျင်နီယာ လုပ်ငန်းများတွင် လုပ်ကိုင်သူများ ရာထူးတက်ခြင်း ၊ လစာတိုးတက်ခြင်း ၊ အခွင့်အရေးကောင်းများရခြင်း တစ်ခုမဟုတ် တစ်ခု အကျိုးခံစားခွင့် ရှိနိုင်သည်။

ယခုလအတွက် နာမည်တွင် - စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ပိတ်ထားသူများ အထူးကံကောင်းနိုင်သည်။ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ ပိတ်ထားသူများ ကံဇာတာ အဆိုး/ အကောင်း ရောနှောနိုင်သည်။ သောကြာ နှင့် ၊ ရာဟုနံ ပိတ်ထားသူများ ကံဇာတာ အညံ့ပိုများနိုင်သည်။

ယတြာပြုလိုပါက - ကြာသပတေးနေ့ တစ်နေ့တွင် “ပဲပေါင်မုန့်” ()လုံးကို နေအိမ်ဘုရားတွင် ကပ်လှူပူဇော်ပေးပါ။

.

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲမွေးသူများ)


ရာဟုသားသမီးများသည် အချို့သော လ, များတွင် ဗုဒ္ဓဟူးသားသမီးများ နှင့် ကံဇာတာခြင်း တူတတ်သော်လည်း အချို့လများတွင် မတူတတ်ပါ။ ယခုလတွင် ကွဲပြားခြားနားချက် များသောကြောင့် သီးသန့် ခွဲခြားရေးလိုက်ပါသည်။

ယခုလအတွက် ရာဟုသားသမီးများ ကံဇာတာမှာ ကံကောင်း ၊ ကံညံ့များ ရောထွေးနေပြီး ကံဇာတာ ရှုတ်ထွေးနေတတ်ပါသည်။ သို့သော် ကံညံ့မှုက ပိုများနေတတ်သည်။ အိမ်ထောင်ရေး ကိစ္စ အထူးသတိပြုပါ။ အချို့ အိမ်ထောင်ပြုရန် ရက်ရွေးပြီးမှ ပြဿနာ များပေါ်ပေါက်လာခြင်းကြောင့် မင်္ဂလာ ကိစ္စများ ပျက်ပြားတတ်သည်။ ပြဿနာ မကြီးလျှင် လက်ထပ်ရက် ပြန်လည် ရွှေ့ဆိုင်းရတတ်သည်။ သို့သော် အိမ်ထောင်ကျကိန်းကလည်း များနေသောကြောင့် အချို့လည်း အရှုတ်အထွေးများကြားမှ အိမ်ထောင်ကျ ကြပါလိမ့်မည်။ နဂိုကတည်းက အိမ်ထောင်ရေး ပြဿနာ ရှိသော အိမ်ထောင်ရှင်များ ယခုလတွင် ပြဿနာ ကြီးမားတတ်သည်။ မိမိလုပ်ငန်းတွင် ရန်အတိုက်အခိုက် ၊ လုပ်ငန်းအပြိုင် ပေါ်တတ်သည်။ စီးပွားရေး လုပ်ငန်းရှင်များ ရန် ၊ အတိုက်အခိုက် အလွန်များနိုင်သော ကာလဖြစ်တတ်သည်။ ကောင်းသတင်းဖြစ်စေ ၊ မကောင်းသတင်းဖြစ်စေ တစ်ခုခုကြောင့် နာမည်ထွက်ကိန်း ရှိတတ်သည်။ ရေလုပ်ငန်း ၊ စက်မှုလက်မှုလုပ်ငန်း ၊ အကျိုးဆောင်လုပ်ငန်း ၊ ကုန်သည် ပွဲစားလုပ်ငန်း လုပ်သူများ အထူးကျေးဇူးများနိုင်သည်။ ရွှေလုပ်ငန်း လုပ်သူများလည်း အကျိုးများနိုင်သည်။

ယခုလအတွက် နာမည်တွင် - ရာဟုနံ (ရ ၊ ဠ ) , ပြီး အင်္ဂါနံ နှင့် ဗုဒ္ဓဟူးနံ ပိတ်သူများသာလျှင် ကံဇာတာ အကောင်းဘက် ပိုများ နိုင်သည်။ ကျန်နေ့နံ ပိတ်သူများ ကံဇာတာ ရှုပ်ထွေးနေမည်။ အထူးသဖြင့် သောကြာနံ နှင့် တနင်္လာနံ ပိတ်သူများ အထူးသတိပြု ပါ။ ကံညံ့မှု ပိုများနိုင်သည်။

ယတြာပြုလုပ်လိုပါက - ဗုဒ္ဓဟူးနေ့ နံနက်တွင် သခွားမွှေးသီး တစ်လုံးကို ဘုရားတွင် ကပ်လှူလိုက်ပြီး ညနေ ()နာရီ နောက်ပိုင်းတွင် ဘုရားစင်မှ စွန့်ကာ ဒါးဖြင့် ထက်ခြမ်းခြမ်းပြီး နေအိမ်၏ အရှေ့တောင် အရပ်သို့ သွားရောက်စွန့်ပစ်လိုက်ပါ။

No comments:

Post a Comment