Showing posts with label LOVE. Show all posts
Showing posts with label LOVE. Show all posts
Friday, February 1, 2013
Wednesday, January 30, 2013
မနှင်းဆီ
ဘယ်သူဆီသွား ခစားဝင်လို့
နှမလေးအား မေ့လို့နေသည်...
ဘယ်ဆီဘယ်ကမ်း ရောက်မှန်းမသိ
ချစ်သူဆီသို့
ပြေးလို့မေးလိုက်ချင်သည်.....
ဘယ်ကိုမျှော်ငေး လွမ်းရမယ်မှန်း
မသိခဲ့လို့
နှင်းဆီပင်ဘေး
စောင့်မျှော်ကာဖြင့်
မောင့်ကို လွမ်းလို့နေသည်
မနှင်းဆီ
Tuesday, January 29, 2013
သူ......
မျှော်သာမျှော် ပေါ်မလာသော သူ..............
လွမ်းသာလွမ်း လွမ်းခွင့်မရသော သူ...............
ချစ်သာချစ် ချစ်ခွင့်မရှိသော သူ................
မုန်းသာမုန်း မုန်းလို့မရသော သူ.............
စေလိုရာစေ ထွက်သွားခွင့်ပြု
သူ့အနားက တစ်ဖ၀ါးမှ မခွာချင်သူ
အဲ့တာ ကျမချစ်သောသူ......
For....................
သည်းခံခွင့်လွှတ်ပေးရင်းနဲ့
အဆုံးသတ်မှာ
နာကျင်မှုတွေက အဆိပ်တက်လာခဲ့
အဆိပ်တွေရဲ့ အနောက်မှာ
အေးစက်ခြင်းရဲ့ အငွေ့အသက်ကို
ခံစားမိပါရဲ့
်နားလည်ပေးလိုက်ရတာ
နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့နင်က
တစ်ပါးရင်ခွင့်ကို
ခြေရာမကျန်ဘဲ
ပြောင်းသွားတဲ့အထိ................
နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့
ငါ့ရင်ကို စုံကန်သွားတဲ့အထိ.......................
နားလည်ပေးလိုက်ရတာ
နောက်ဆုံးတော့
ငါ့အသည်းကို ဆော့ကစားလို့
နင်းချေသွားတဲ့အထိ........
Thursday, January 17, 2013
ကျမနဲ့မောင်
နှုတ်ကဖွင့်ပြောမှ အချစ်လို့ထင်တဲ့မောင်နဲ့
ရင်ထဲမှာ တိတ်တိတ်လေး တမ်းတနေတာကို အချစ်လို့ထင်တဲ့ ကျမတို့
တွေ့ဆုံခဲ့တယ်........
မောင်က
ချစ်တယ်ဆိုတဲ့ စကားကို နှုတ်က ကြားရမှ ကျေနပ်တတ်သူ
ကျမက
သူ့ရင်ထဲမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်တတ်သူ
မောင်က
သူငယ်ချင်းများရင် မနေတတ်သူ
ကျမက
သူငယ်ချင်းတွေကို တွယ်တာတတ်သူ
မောင်က
ကော်ဖီခါးခါးကိုမှ နှစ်သက်တယ်ဆိုတဲ့သူ
ကျမက
ကော်ဖီခါးခါးကို နည်းနည်းလေးမှတောင် မနှစ်သက်တဲ့သူ
မောင်က
စံပယ်ကိုမှ မြတ်နိုးတတ်သူ
ကျမက
နှင်းဆီကိုမှ တန်ဖိုးထားတတ်သူ
ဒီလိုနဲ့ဘဲ
မောင်နဲ့ကျမ
အတွေးချင်း
အယူအဆချင်း
အကြိုက်ချင်းမတူညီကျဘူး
ထပ်တူကျဖို့လဲ တွေးမကြည့်မိခဲ့ဘူး
ထူးဆန်းတာတစ်ခုကတော့
မတူညီတာများလှတဲ့ ကျမတို့ နှစ်ယောက်ကြားမှာ
တူညီတာတစ်ခုတော့ရှိတယ်....
ဒါကတော့.
မောင်က ကျမကို သိပ်ချစ်သလို.....
ကျမကလည်း မောင့်ကို သိပ်ချစ်တယ် ဆိုတာပါဘဲ.......
Monday, December 31, 2012
ချစ်သူအတွက်
ကြာခဲ့ပါပြီ
လတွေများစွာ
ဒါပေမယ့်လည်း
ငါ့အတွက်တော့
နင့်အပြုံးလေးတွေက
ရင်းနှီးနေတုန်း
နင့်အတွက်သာဆို
မရင့်ကျက်သေးတဲ့
နှလုံးသား
နာကြင်နေတာတောင်
အရှုံးပေးနေမိတုန်း
မုန်းပစ်မယ်လို့
ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့လည်း
ဇန်န၀ါရီလ (၁၄)ရက်ကို
ငါ့နှလုံးသား
လက်ခံနေတုန်း
မေ့ဆေး
နင့်အကြောင်းကြား
နာကြင်ရလွန်းလို့
မပြောကြပါနဲ့လား
တစ်နေ့တစ်နေ့
နင့်ကိုလွမ်း၇တာများ
မလွမ်းနိုင်တော့လို့
အလွမ်းတွေကို ရပ်တန့်ပေးပါလား
အမှတ်တမဲတွေများ
အမှတ်တရတွေ ဖြစ်စေခဲ့လို့
မျှော်နေရတာ
မောပန်းလွန်းလို့
ခဏခဏမေ့တတ်အောင်တော့
မေ့ဆေးလေးများ ထိုးပေးပါလား
Tuesday, November 27, 2012
ခွင့်မပြုတော့ပါ
အချစ်နှစ်ခုကြား
သစ္စာတရားကို
အတုနဲ့ထုဆစ်
နားလည်မှုကို
ရောင်းစား
သံဃောဇဉ်ကို
မျက်နှာလွဲခဲ့တဲ့အခါ
ချစ်သူ့အနား
ခစားဝင်ဖို့
ငါ့မာနက
ခွင့်မပြုတော့ပါ..........
Monday, November 26, 2012
ခက်တယ်....
မျက်ရည်တွေ မကျတော့ပါဘူး
နင့်အတွက်နဲ့ ပတ်သက်ရင်ပေါ့.....
ကို့ကိုယ်ကိုသာ သတိပေး
ကြိုးစားထိန်းရင်း
ရှင်သန်ခဲ့ရတဲ့ဘ၀မှာ
နင့်အကြောင်းတွေ
တွေးမိနေသေးတော့လည်းခက်တယ်......
သူငယ်ချင်းတွေကပြောတယ်
မေ့ပစ်သင့်ပြီတဲ့
မေ့ပစ်ဖို့ ငါလည်းကြိုးစားခဲ့ပါတယ်
ဒီနှလုံးသားက မမေ့နိုင်သေးတော့လည်း ခက်တယ်.....
ခက်တယ်...ခက်တယ်
မေ့နိုင်ဖို့ကို ကြိုးစားရမှာကို ခက်နေတယ်.....
Friday, November 23, 2012
ကြောခိုင်းကြရအောင်
နာကြည်းမှုတွေက
င့ါဦးနှောက်ကို
အကြိမ်ကြိမ်လာရိုက်ခတ်တယ်
ယုံကြည်မှုကိုခုတုံးလုပ်ပီး
ငါ့ဥပေက္ခာတွေကို
နင်ကိုယ်တိုင်ဘဲ
စားသုံးပစ်တဲ့အခါ........
အကြိမ်ကြိမ်နာနေတဲ့
ငါ့နှလုံးသားက
နင့်ကို
အကြိမ်ကြိမ်မုန်းရင်း
အကြိမ်ကြိမ်ရှုံးတယ်......
နင့်အကြောင်းတွေးမိတိုင်း
ပြတ်ထွက်လုမတတ်ကိုက်မိနေတဲ့
ငါ့နှုတ်ခမ်းတွေက
င့ါမာနကို
အစိမ်းလိုက်
ဖြတ်တောက်တယ်......
ဒီလိုနဲ့
နင့်ကိုယုံကြည်မိတဲ့
ငါ့အရှုံးကို
ငါ့ကိုယ်တိုင်ဘဲ
ရင်ဝယ်ပိုက်လို့
နှုတ်မဆက်ဘဲ
ကြောခိုင်းကြရအောင်......
Wednesday, November 21, 2012
နင်နဲ့ပတ်သက်တဲ့ သုံးရာသီအချစ်
ငါ့အတွက်တော့ .......
မမြင်နိုင်တဲ့ သံဃောဇဉ်ကြိုးတွေက
ဆောင်းမှာတိုက်တဲ့လေတွေလို့ဘဲ
ငါ့နှလုံးသားကို
အေးစေခဲ့တယ်.........
ငါ့အတွက်တော့.....
မမြင်နိုင်တဲ့ အချစ်တွေက
နွေမှာတိုက်တဲ့ လေရူးလို့ဘဲ
ကယက်ထပြီးမှ
ပျောက်ကွယ်သွားတယ်.....
င့ါအတွက်တော့.....
မမြင်နိုင်တဲ့ အကြင်နာတွေက
မိုးမှာတိုက်တဲ့ လေတွေလိုဘဲ
မိုးရေနဲ့အတူ
ပျောက်ဆုံးသွားတယ်.............
လွမ်းတယ်
နေမထိမိုးမခ
ငါ့နှလုံးသားက
နင့်ပုံရိပ်တွေ
အရာထင်နေသေးတော့လည်း
လွမ်းတယ်
အမိုးမရှိအကာမရှိ
အိမ်အိုဟောင်းထဲက
ဓါတ်ပုံလေးကို
ပြန်မြင်ယောင်တော့လည်း
လွမ်းတယ်
တွန့်ကြေနေတဲ့
ဖိုတိုပေပါလေးထဲမှာ
မဟောင်းသေးတဲ့
နင့်အပြုံးများကို
ပြန်မြင်ယောင်ရင်း
လွမ်းတယ်
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်....
Wednesday, November 14, 2012
လွတ်လပ်ခွင့်လေး
ကျင့်သားရနေတဲ့ ချုပ်နှောင်မှုတွေထဲက
တခါတရံတော့ ရုန်းထွက်ချင်မိတယ်
လွတ်လပ်ခွင့်လေး
တစ်ရက်လောက်များ ရခဲ့မိရင်
သံဃောဇဉ်ကြိုးကို
ခဏလောက်တော့
လွင့်ပစ်ချင်တယ်
လွတ်လပ်ခွင့်လေး
တစ်မိနစ်လောက်များ ရခဲ့မိရင်
အလွမ်းတွေကို
အဝေးဆုံးသို့
ပို့လိုက်ချင်တယ်
လွတ်လပ်ခွင့်လေး
တစ်စက္ကန့် လောက်ရခဲ့မိရင်
နင့်ကို မေ့လိုက်ချင်တယ်
လွတ်လပ်ခွင့်လေးများ
ရခဲ့မိရင်
နင့်ကိုချစ်မိတဲ့အချစ်တွေကို
ပြန်ရုတ်သိမ်းလိုက်ချင်တယ်.....
လွတ်လပ်ခွင့်လေးများ
မရှိခဲ့တော့လည်း
င့ါနှလုံးသားကို ငါထမ်းပိုးလို့
သံသရာကို ခရီးဆက်ရအုံးမယ်..........
Friday, November 9, 2012
တည်စေမယ်ကွယ်
မြေမှာကျလို့
တစ်ပင်ထပ်ပေါက်မယ့်
ရွက်ကျပင်ပေါက်လည်း
မဟုတ်ရပါဘူး
င့ါအချစ်က
နင့်စွပ်စွဲတလို
ပင်ယံထက်ဖျား
ပွင့်သည့်ပန်းနှယ်
နင့်အချစ်ကိုမှ
တစ်မြတ်တစ်နိုးနဲ့
သဇင်ပန်းလေးလို့
ပန်ချင်သူပါကွယ်
သံသရပွားမမုန်းလိုက်နဲ့
နားလည်မှုနဲ့
တို့အချစ်ကြိုးတွေ
တည်စေမယ်ကွယ်..............
နင့်အချစ်ကိုမှ
တစ်မြတ်တစ်နိုးနဲ့
သဇင်ပန်းလေးလို့
ပန်ချင်သူပါကွယ်
သံသရပွားမမုန်းလိုက်နဲ့
နားလည်မှုနဲ့
တို့အချစ်ကြိုးတွေ
တည်စေမယ်ကွယ်..............
Friday, November 2, 2012
ပျောက်ဆုံးသွားသော အရာများ
ပျောက်ဆုံးသွားတဲ့ အနာဂတ်ထဲမှာ
နင့်လွတ်ချခဲ့တဲ့ ငါလက်တွေပါတယ်
နင့်နဲ့ အတူ ပျော်ခဲ့ဖူးတဲ့ အတိတ်တွေပါတယ်
နင့်နဲ့အတူ လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းလည်းပါတယ်
နင်ပေးခဲ့ဖူးတဲ့ င့ါပါးပြင်ပေါ်က အနမ်းတွေလည်းပါတယ်
နင့်ကြောင့် ကျခဲ့ဖူးတဲ့ ငါ့မျက်ရည်တွေလည်းပါတယ်
နင့်နဲ့အတူထိုင်ခဲ့ဖူးတဲ့ ငုဝါပင်အောက်က ခုံတန်းလေးလည်းပါတယ်
နင့် နှုတ်ခမ်းထွက်ကျလာတဲ့ `` ငါ့ကိုသိပ်ချစ်တယ်´´ ဆိုတဲ့ စကားလည်းပါတယ်
နင့်နဲ့အတူ သစ္စာဆိုခဲ့ဖူးတဲ့ တောင်စောင်းလေးက စေတီလေးလည်းပါတယ်...
မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ပြီး
ဆုံးရှုံးမှုတွေ ထပ်တလဲလဲ ရရှိခဲ့တဲ့အခါ
နင့်နဲ့အတူ ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကိုလည်း ငါမုန်းချင်ခဲ့တယ်.......
Monday, October 29, 2012
အချစ်ကို မုန်းတတ်ခဲ့ပြီ
အချစ်ဆုံးသူနှစ်ဦးကြား
သံသရကိုလွန်ဆွဲရင်း
ယုံကြည်မှုနည်းလာတဲ့အခါ
ဖွင့်ပြောချင်သော်လည်း
မဖွင့်ပြောရက်......
ယုံကြည်ချင်သော်လည်း
မယုံကြည်ရဲ့နဲ့
ကြာလာတော့လည်း
နှုတ်ဆက်လမ်းခွဲကြတာပါဘဲ.........
Friday, October 26, 2012
Wednesday, October 17, 2012
မေ့ဖို့ခက်တယ်
ဒီဖုန်းနံပါတ်လေးမြင်တော့
ဝမ်းနည်းခဲ့ရပြန်ပီ....
အရင်တစ်ချိန်ကတော့
ဒီဖုန်းနံပါတ်က
င့ါမနက်ခင်းတိုင်းမှာ
ရင်းနှီးနေကျ
ဘလက်လစ်ဖြစ်တာ
ကြာခဲ့ပြီးမှ
အခုများတော့
ဘယ်နံပါတ်များ
မှားဝင်သလည်းရယ်......
ဝမ်းနည်း...ကြည်နူးစွာ
နားစွင့်မိခဲ့.....
မေ့သွားပီလားတဲ့....
မေးရက်လိုက်တာ
နင်က ချစ်တတ်အောင်ဘဲ
သင်ပေးခဲ့တာလေ.....
မေ့တတ်အောင်မှ မသင်ပေးခဲ့တာ....
ဘယ်လိုလုပ် မေ့ရက်မှာလဲ
ချစ်တယ်ဆိုတာ...လွယ်ကူပေမယ့်
မေ့ဖို့ဆိုတာ
မလိုချင်လို့ သူများကို ပေးလိုက်တယ်ဆိုတာလောက်တော့
ဘယ်လွယ်ပ့ါမလဲ..............
မေ့ဖို့တော့ ခက်တယ်
အကြင်နာရယ်..........
အကြင်နာ
ဒီဖုန်းနံပါတ်လေးမြင်တော့...ဒီရင်က အရင်တချိန်ကအတိုင်း....အစမတန် ခုန်လာပြန်တယ်........
ဒီမျက်နှာလေး မြင်ပြန်တော့လည်း.......၀မ်းနည်းခဲ့ပြန်တယ်.......
ဒါပေမယ့်လည်း.....နင်မပြောင်းလဲသေးဘူးနော်....နင်ပြောင်းလဲတာဆိုလို့. နည်းနည်းဝလာတာဘဲရှိတယ်....
နင်...ငါ့ကို အရင်လိုဘဲ ဂရုစိုက်တုန်း...နင့်...ငါကြိုက်တတ်တဲ့ အစားအစာတွေကို အခုထိ မှတ်မိနေတုန်း.....
နင်ဖုန်းမှာလဲ ငါပေးထားတဲ့ ကီးချိန်းလေးရှိတုန်း..........
နင့်ဆွဲကြိုးလေးမှာလဲ...ငါနဲ့ ဆင်တူလုပ်ထားတဲ့ ငါ့နာမည် လော့ကတ်သီးလေး ရှိနေတုန်း.....
ဒီလောက်ချစ်ခဲ့ရက်နဲ့ နင်ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့လည်း....ငါမသိခဲ့ဘူး.......
နင် ရွေးချယ်ခဲ့တဲ့လမ်းက သာယာရဲ့လား...ငါမသိချင်ဘူး.......အဆင်ပြေရဲ့လားလည်း ငါမသိချင်ခဲ့ဘူး.....
နင့်ရင်ထဲမှာ ငါရှိနေသေးရဲ့ ဘာကြောင့်မို့ ငါ့တို့ ဝေးခဲ့ရတာလဲ.....ဒါဟာ ငါအသိချင်ဆုံး အဖြေ....
ဒါပေမယ့်...ငါမမေးခဲ့ပါဘူး....အကြင်နာရယ်........
ငါမေးခဲ့မိရင်...ငါကော နင်ကော နှစ်ယောက်လုံး ရင်ကွဲရအုံးမယ်.....
ငါကျေနပ်ခဲ့ပါတယ်...အကြင်နာရယ်..........
နင့်ရင်ထဲမှာ ငါအနက်အရှိုင်းဆုံး ရှိနေတုန်းဆိုတာ...နင်မပြောလည်း ငါသိသွားလို့လေ.....
နင့်ကို နာကြည်းတဲ့ အချစ်နဲ့ ငါမချစ်တော့ဘူး......
နင့်ကို မုန်းတယ်လို့ ငါ့သူငယ်ချင်းတွေကို မပြောတော့ဘူး....
နင့်အနားမှာ နေခွင့်မရလို့....နင့်ကို မေ့ပစ်တော့မယ်လို့ မကြိုးစားတော့ဘူး......
ကျေးဇူးတင်ပါတယ်...အကြင်နာရယ်...
ငါ့ကို သိပ်ချစ်ပေးခဲ့လို့............
ဒီမျက်နှာလေး မြင်ပြန်တော့လည်း.......၀မ်းနည်းခဲ့ပြန်တယ်.......
ဒါပေမယ့်လည်း.....နင်မပြောင်းလဲသေးဘူးနော်....နင်ပြောင်းလဲတာဆိုလို့. နည်းနည်းဝလာတာဘဲရှိတယ်....
နင်...ငါ့ကို အရင်လိုဘဲ ဂရုစိုက်တုန်း...နင့်...ငါကြိုက်တတ်တဲ့ အစားအစာတွေကို အခုထိ မှတ်မိနေတုန်း.....
နင်ဖုန်းမှာလဲ ငါပေးထားတဲ့ ကီးချိန်းလေးရှိတုန်း..........
နင့်ဆွဲကြိုးလေးမှာလဲ...ငါနဲ့ ဆင်တူလုပ်ထားတဲ့ ငါ့နာမည် လော့ကတ်သီးလေး ရှိနေတုန်း.....
ဒီလောက်ချစ်ခဲ့ရက်နဲ့ နင်ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့လည်း....ငါမသိခဲ့ဘူး.......
နင် ရွေးချယ်ခဲ့တဲ့လမ်းက သာယာရဲ့လား...ငါမသိချင်ဘူး.......အဆင်ပြေရဲ့လားလည်း ငါမသိချင်ခဲ့ဘူး.....
နင့်ရင်ထဲမှာ ငါရှိနေသေးရဲ့ ဘာကြောင့်မို့ ငါ့တို့ ဝေးခဲ့ရတာလဲ.....ဒါဟာ ငါအသိချင်ဆုံး အဖြေ....
ဒါပေမယ့်...ငါမမေးခဲ့ပါဘူး....အကြင်နာရယ်........
ငါမေးခဲ့မိရင်...ငါကော နင်ကော နှစ်ယောက်လုံး ရင်ကွဲရအုံးမယ်.....
ငါကျေနပ်ခဲ့ပါတယ်...အကြင်နာရယ်..........
နင့်ရင်ထဲမှာ ငါအနက်အရှိုင်းဆုံး ရှိနေတုန်းဆိုတာ...နင်မပြောလည်း ငါသိသွားလို့လေ.....
နင့်ကို နာကြည်းတဲ့ အချစ်နဲ့ ငါမချစ်တော့ဘူး......
နင့်ကို မုန်းတယ်လို့ ငါ့သူငယ်ချင်းတွေကို မပြောတော့ဘူး....
နင့်အနားမှာ နေခွင့်မရလို့....နင့်ကို မေ့ပစ်တော့မယ်လို့ မကြိုးစားတော့ဘူး......
ကျေးဇူးတင်ပါတယ်...အကြင်နာရယ်...
ငါ့ကို သိပ်ချစ်ပေးခဲ့လို့............
Subscribe to:
Posts (Atom)










