Myanmar Calendar

Wednesday, November 21, 2012

လွမ်းတယ်




နေမထိမိုးမခ
ငါ့နှလုံးသားက
နင့်ပုံရိပ်တွေ အရာထင်နေသေးတော့လည်း
လွမ်းတယ်

အမိုးမရှိအကာမရှိ
အိမ်အိုဟောင်းထဲက
ဓါတ်ပုံလေးကို ပြန်မြင်ယောင်တော့လည်း
လွမ်းတယ်

တွန့်ကြေနေတဲ့
ဖိုတိုပေပါလေးထဲမှာ
မဟောင်းသေးတဲ့
နင့်အပြုံးများကို ပြန်မြင်ယောင်ရင်း
လွမ်းတယ်

လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်....

No comments:

Post a Comment