Myanmar Calendar

Tuesday, November 20, 2012

ထောပတ်သီးအကြောင်း

 
ကျမတို့ ရှမ်းပြည်ကို အညာဒေသက သူငယ်ချင်းတယောက်ရောက်လာတော့ သူ့ကို ရှမ်းပြည်ထွက် ထောပတ်သီးကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူဒေသကို ပြန်ရောက်ပြီး (၃)ရက်အကြာမှာတော့ ကျမကို ဖုန်းဆက်ပြီး `` နင်ထည့်ပေးလိုက်တဲ့အသီးက နင်တို့ဒေသထွက် အသီးလား ဘာအရသာမှန်းမသိဘူး...ခါးလိုက်တာလည်း လွန်ပါရော....ငါတို့ အမျိုးတွေ အားလုံးကိုပါ ပေးလိုက်တာ...ရှမ်းပြည်က ထွက်တဲ့ ထောပတ်သီး ဆိုလို့ အားလုံး ၀ိုင်းဝန်းပြီး စားကြတာ....ခါးလိုက်တာ....ဒါနဲ့ အားလုံးကို လွှင့်ပစ်လိုက်တယ်တဲ့.....``
 

ကျမအမှားလည်း ပါပါတယ်....။ ထောပတ်သီးဆိုတာ အစိမ်းမစားရဘူး...မှည့်မှစားရတယ်လို့ မပြောပြလိုက်ရတာပါဘဲ....။ ဒါနဲ့ ကျမလည်း....နင်ဘယ်လိုစားလိုက်တာတုန်း...နင့်သယ်ရတာ ခက်မှာဆိုးလို့ ငါက အစိမ်းတွေ ၀ယ်ထည့်ပေးလိုက်တာ....။ အဲ့အသီးက မှည့်မှ စားရတယ်ဟ...။

ငါတို့ ရှမ်းပြည်က ထွက်တဲ့ ထောပတ်သီးက..

`` ထောပတ်သီးမှည့်ရင် အရောင်က အစိမ်းဖျော့(သို့) နံသာရောင်ဝါနှစ်နှစ်၊ နူးညံပျော့ပျောင်းလာတယ်...။ အရသာကတော့ဟာ....မှည့်ရင် ချိုဆိမ့်တဲ့ အရသာပေါ့....စိမ်းနေရင်တော့.....ဖန်တဲ့အရသာရှိတယ်။

ထောပတ်သီးကို တစ်ရက်လျှင် (၁)စိတ်မှ (၁)လုံး စားပေးရင် နှလုံးရောဂါနှင့် သွေးတွင်းအဆီများကို ဖယ်ရှားပေးတယ်။

ထောပတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့်လည်း အငန်အစားများလို့ သွေးတိုးတတ်သူများအတွက်လည်း အစာနှင့် ဆေးညီမျှစေပြီး သွေးတိုးကို ကျစေနိုင်တယ်။  နောက်တစ်ခုက သွေးကြောများကို ပြေလျော့စေ ပြီး သွေးတိုးကျစေတဲ့အပြင် လေဖြတ် ရောဂါကိုပါ  ကာကွယ်နိုင်တယ်။ 

ထောပတ်သီးတစ်လုံးမှာ အမျှင်ဓါတ်တွေ အများကြီး ပါဝင်တဲ့အတွက် ရင်သားကင်ဆာနှင့် အူမကြီး ကင်ဆာ ကို လည်း ကာကွယ်နိုင်တယ်။

ထောပတ်သီးကို ကြက်ဥအကာ သကြားတို့နဲ့ ရောစားပါက အဆုတ်အားပြည့်ပြီး အဆုတ်တီဘီ ရောဂါရှိလျှင် ပျောက်ကင်းနိုင်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ ရောဂါဝေဒနာ ခံစား၇ပြီး ပိန်ချုံးနေသူများအတွက် အာဟာရပြည့်ဝစေသော အသီးတစ်မျိုး ဖြစ်ပါတယ်။

အသားအရည် ခြောက်သွေ့တဲ့ သူများအတွက်လည်း ထောပတ်သီးကို အရေပြားထဲ စိမ့်ဝင်အောင် ပွတ်ပေးပါက အရေးပြားကို အစိုဓါတ်ထိန်ပေးပါသည်။ 

အမျိုးသမီးလေးများသည် ထောပတ်သီးနှင့် နွားနို့ကို ရောပြီး နေ့စဉ်သောက်သုံးပေးပါက အသားအရေးကို စိုပြည်စေပြီး ပွေး၊ ညင်း၊ တင်းတိတ်စသည့် အရေပြားရောဂါများကို ကာကွယ်နိုင်တယ်။

ကဲ.....ငါထောပတ်သီး ထည့်ပေးလိုက်ရတဲ့ အကြောင်းရင်းကို နင်သိပြီမလား...မလွှင့်ပစ်ရသေးတဲ့ အသီး အစိမ်းတွေကို ဆန်အိုးထဲမှာ ထည့်ပြီး မှည့်အောင် အုံးထားလိုက်တော့........။


No comments:

Post a Comment