Myanmar Calendar

Wednesday, November 14, 2012

လွတ်လပ်ခွင့်လေး



ကျင့်သားရနေတဲ့ ချုပ်နှောင်မှုတွေထဲက
တခါတရံတော့ ရုန်းထွက်ချင်မိတယ်

လွတ်လပ်ခွင့်လေး
တစ်ရက်လောက်များ ရခဲ့မိရင်
သံဃောဇဉ်ကြိုးကို
ခဏလောက်တော့
လွင့်ပစ်ချင်တယ်

လွတ်လပ်ခွင့်လေး
တစ်မိနစ်လောက်များ ရခဲ့မိရင်
အလွမ်းတွေကို
အဝေးဆုံးသို့ 
ပို့လိုက်ချင်တယ် 

လွတ်လပ်ခွင့်လေး
တစ်စက္ကန့် လောက်ရခဲ့မိရင်
နင့်ကို မေ့လိုက်ချင်တယ်


လွတ်လပ်ခွင့်လေးများ
ရခဲ့မိရင်
နင့်ကိုချစ်မိတဲ့အချစ်တွေကို
ပြန်ရုတ်သိမ်းလိုက်ချင်တယ်.....


လွတ်လပ်ခွင့်လေးများ
မရှိခဲ့တော့လည်း
င့ါနှလုံးသားကို ငါထမ်းပိုးလို့
သံသရာကို ခရီးဆက်ရအုံးမယ်..........

 

No comments:

Post a Comment