မေမေ
သမီးအခုဆို မေမေကို အရမ်းလွမ်းနေပါပြီ။ အမေ၀ဋ်တွေလည်း လည်နေပါပြီမေမေ။ မေမေ့ကို ချစ်ပြီး ဆိုးခဲ့သမျှတွေ အခုတော့ မေမေနဲ့ အဝေးဆုံးရောက်မှ သမီးနားလည်တတ်နေပြီ မေမေ။ မေမေ--------------------
သမီးအသက် (၅)နှစ်မှာ သမီးကျောင်းစတက်တဲ့နေ့မှာ မေမေက သမီးပါးပေါ်ကို သနပ်ခါးလေး ညီညီလိမ်းပေးလို့ ပါးကို ဖွဖွနမ်းကာ မေမေ့သမီး ပညာတတ်လေး ဖြစ်ပါစေတဲ့။ ကျောင်းဝတ်စုံဖြူဖြူဝတ်ပေး မေမေ့က သမီးလက်ကို ဆွဲလို့ ပတ်ဝန်းကျင်ကို ခေါင်းမှော့ရင်ကော့ပြီး မေမေ့သမီးလက်ကို ကိုင်ကာ ကျောင်းဝန်းအတွင်း လိုက်ပို့ခဲ့တယ်လေ။