Myanmar Calendar
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, November 22, 2011

ဆေးလိပ်နှင့် ကျန်းမာရေး


“ ဟိုဘက် နည်းနည်းတိုးပေးကြပါ။ ကားက ချောင်ပါတယ်။ ဟို..... အစ်ကိုကြီး ကားပေါ်မှာ ဆေးလိပ် မသောက် ရဘူးလေ။ ခရီးသည်တွေ များတယ်ဗျာ။ ဆင်ခြင်ပေးပါ။ ”

ကားစပယ်ရာလေး ပြောလိုက်တာ မှန်ပါတယ်။ ကားပေါ်ဆိုတာ လူပေါင်းစုံပါတယ်။ ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သူများထိခိုက်ကုန်မှာပေါ့။ ကားပေါ်မှာ ကိုယ်ဝန်ဆောင်သည်တွေလည်းပါတယ်။ 

Tuesday, September 20, 2011

ရင်သားကင်ဆာဆိုတာ ဘာလဲ?


ရင်သားကင်ဆာဆိုတာက ရင်သားရဲ့ ကလာပ်စည်းက စတင်ဖြစ်ပေါ်တဲ့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တစ်ခုပဲဖြစ်တယ်။ အဲဒါက အမျိုးသမီးတိုင်းလိုလိုမှာ ဖြစ်တတ်ပြီးအမျိုးသားတွေလည်း ဒီရောဂါကို ရနိုင်တယ်။ စင်ကာပူနိုင်ငံ ကင်ဆာအသင်း အဆိုအရ၊ နှစ်စဉ်အမျိုးသမီး (၁၃၀၀)လောက် ရင်သားကင်ဆာဖြစ်တာကို ရောဂါစစ်တမ်းက ဖော်ပြနေတယ်။ အမျိုးသမီး အသက်အရွယ်အုပ်စုတိုင်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသက်(၄၀)ကျော် အမျိုးသမီးတွေက ဒီရောဂါ ပိုပြီး ဖြစ်ကြတယ်။ အမျိုးသမီး ခုနှစ်ယောက်မှာ တစ်ယောက်ဟာ Breast Cancer ရောဂါရဲ့ အန္တရာယ်ဟာ တိုးပွားလာတယ်။ အမျိုးသမီးတိုင်းဟာ ဒီရောဂါဘေးနဲ့ ကြုံရတတ်ပါတယ်။

Monday, September 19, 2011

အဖြူဆင်းခြင်း (White discharge)



လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါတယ် ။ ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ် ။

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ ?

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ခေါ်ပါတယ် ။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။

အီကိုလီပိုး တွေ့ရှိ

အီကိုလီ ဗက်တီးရီးယားပိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိနေပြီဖြစ်ကြောင်း အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များမှ အစား အစာများ တွင် အီကိုလီရောဂါပိုး ပါဝင်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ငါးပိရည်၊ အတို့အမြှုပ်နှင့် အေးနေသော အစိမ်းကြော်တို့တွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ အီကိုလီ ဗက်တီးရီးယားပိုးတွင် အုပ်စုငါးမျိုးရှိပြီး Enteropathogenic Escherichia Coli(EPEC)၊ Entertoxaegenic Escherichia Coli (ETEC)၊ Enteroharmorrhagic Escherichia Coli (EHEC)၊ Enteroaggregative Escherichia Coli (EAEC)၊ Enteroinvasive Escherichia Coli (EIEC) တို့ဖြစ်ကြသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ယခုတွေ့ရှိခဲ့သော အီကိုလီ ဗက်တီးရီးယားပိုးမှာ ပြင်းထန်သော အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည့် (EHEC) အုပ်စုတွင် မပါဝင်သော်လည်း အဆိုပါပိုး ပေါက်ပွားခြင်း မရှိစေရန် အစားအသောက်များအား သန့်ရှင်းစွာ ချက်ပြုတ် စားသောက်ရမည်ဖြစ်ကြောင်း သိရသည်။ အီကိုလီ ဗက်တီးရီးယားပိုးသည် အစား အသောက်နှင့် ရေမှတစ်ဆင့် ဖြစ်ပွားနိုင်သော ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်း စသည့် ရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း၊ များသောအားဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ကျက်အောင် ချက်ပေးမထားသော အသားများ၊ နွားနို့ အစိမ်းများမှတစ်ဆင့် ရောဂါများ ရနိုင်ကြောင်း သိရသည်။ “ယခုလို အီကိုလီ ဗက်တီးရီးယားပိုးကို အတို့အမြှုပ်နဲ့ တို့စရာတွေမှာ တွေ့တယ်ဆိုတာ ဒီနေ့မှ ကြားရတာပါ။ လက်ရှိကျွန်တော်တို့ ထမင်းဆိုင်မှာတော့ အတို့အမြှုပ် ခြောက်မျိုး၊ ခုနှစ်မျိုးလောက် ထည့်ပေးရတယ်။ အဲဒီအထဲမှာ တချို့ အတို့အမြှုပ်ကို ရေနွေးနဲ့ ပြုတ်ပြီးမှ စားသုံးသူကို သုံးဆောင်စေပါတယ်။ တချို့ကျတော့လဲ အစိမ်း၊ တို့စရာဖြစ်တဲ့အတွက် ပြုတ်စရာ မလိုပါဘူးပေါ့။ ပြုတ်ပြီးတဲ့ အတို့အမြှုပ်မှာ ဗက်တီးရီးယား မပါနိုင်ပေမယ့် အစိမ်းတို့စရာတွေမှာတော့ ပါတယ် မပါဘူးဆိုတာ ပြောလို့မရနိုင်ပါဘူး” ဟု ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော ထမင်းဆိုင် တစ်ဆိုင်မှ ဆိုင်ရှင် တစ်ဦးက ပြောသည်။ “အသီးအရွက်မှာ အီကိုလီပိုး တွေ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ မသန့်ရှင်း တဲ့ ရေကလဲ ဖြစ်နိုင်တာပဲ။ ဒါကြောင့် အသီးအရွက် ကို ရေသန့်စင်ဆေးကြောတဲ့ အခါ ရေများများနဲ့ ဆေးကြောဖို့ လိုအပ်သလို အသီးအရွက်နဲ့ တို့စရာတွေကို သုံးကြိမ်ထက် မနည်း ဆေးကြောဖို့ လိုပါတယ်။ နောက်ပြီး ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါတဲ့ ဆပ်ပြာနဲ့လဲ ဆေးသင့်ပါတယ်” ဟု ပြောကြားသည်။ ထို့ပြင် EHEC ကြောင့် ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်း၊ တစ်ခါတစ်ရံ သွေးဝမ်းသွားခြင်း၊ ဖျားခြင်း၊ အန်ခြင်းများ ဖြစ်နိုင်ကြောင်း၊ ရောဂါ အစပျိုးချိန်မှာ ရောဂါပိုး ပါဝင်သော အစာစားပြီး သုံး၊ လေးရက်ခန့် အကြာတွင် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။