Myanmar Calendar
Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Monday, January 14, 2013

2013 ဇန်န၀ါရီလ ဗေဒင်

၁။ တနင်္ဂနွေ သားသမီးများအတွက်
 
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်ချက် ရည်မှန်းချက် အသစ်များပေါ်လာမည်။ နေရာထိုင်ခင်း ကိစ္စများ အတွက်နှင့် အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ဆုံးဖြတ်ရခက်သော ကိစ္စများ သူတစ်ပါးကိစ္စများ အတွက် စိတ်ညစ်နေရမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ လာမည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေသော်လည်း မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စီးပွားရေးမှာ ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါသည်။ မိတ်ဆွေများနှင့် အတူ ခရီးယာယီ သွားရမည်။ ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့ စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေးမှာ ပြန်လည်ဆုံဆည်း ရမည်။ ယခုလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းသီး ၃လုံးအား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၀ ၇ ၅ ၄ 

Tuesday, November 13, 2012

နိုဝင်ဘာလ ဗေဒင်ဟောစတမ်း



ဆရာမျိုးဟန်ကို၏
 
၁။ တနင်္ဂနွေ သားသမီးများ အတွက် 
 
 
အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ နေရာထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။ ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ 
ခရီးဝေး ခရီးနီးများကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့် ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 
 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ၀ 
 
 
 
၂။ တနင်္လာ သားသမီးများ အတွက် 
ယခုလအတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ 
လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ 
အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေး စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။ 
 
 
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း ၂ပွင့်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၆ ၅ ၀ 

Monday, September 10, 2012

စက်တင်ဘာလအတွက် သင်ကံကြမ္မာ

၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။

Friday, August 17, 2012

သြဂုတ်လအတွက်ဟောစာတမ်း


၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။

အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးယာယီကိစ္စများ သွားရမည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၇ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။

Friday, July 6, 2012

JUlY လ ဗေဒင်

မိဿရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
ပြဿနာများ တစ်မျိုးပြီး တစ်မျိုး လိုက်လံဖြေရှင်း ရမည်။ မနာလိုအနှောင့်အယှက်ပြုသူများ ရှိမည်။ စီစဉ်ထားသည်များ အလွဲလွဲအချော်ချော် ဖြစ်မည်။ အိမ်တွင်းရေး၊ လူမှုရေး အညံ့ရှိသည်။ တာဝန်ယူအာမခံမှု မှားယွင်းခြင်းကြောင့် အမှုအခင်း ဖြေရှင်းရခြင်း ရှိမည်။ ဒုက္ခရောက်နေသော သားချင်းကိစ္စအတွက် ငွေကုန်ကိန်း ရှိသည်။ လုပ်ငန်းခွင်အတွင်း တစ်ပါးသူအား အရေးယူအပြစ်ပေးသည့်ကိစ္စတွင် ပါဝင်ပတ်သက်ရတတ်သည်။ အကြီးအကဲ အထင်မှားမှု ခံရမည်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်သော ကိစ္စများမှ ထူးခြားစွာ တိုးတက်မည်။

Thursday, June 7, 2012

ဇွန်လအတွက် ဗေဒင်

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း သင့်ရဲ့ရည်မှန်းချက်တွေ လိုအင်ဆန္ဒတွေ ပြည့်မှာမဟုတ် သေးပါဘူး။ စိတ်အလို မကျတာတွေ စိတ်တိုင်း မကျတာ တွေနဲ့ဖြစ်နေမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှုမရှိသော်လည်း စကားပြောဆိုမှုများနှင့် ပက်သက်၍ စိတ်ညစ်နေရမည်။

ဒီလအတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်ကျမှုများနေမည်။ မစုမိသော အချိန်ဖြစ်ပါ သည်။ ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။

ခရီးယာယီကိစ္စများ သွားနေရမည်အဆင်ပြေမည်။ ပညာရေးမှာ တိုးတက် သော လမ်းစပေါ်လာမည်။ အချစ်ရေးမှာ ချစ်သူရှိသူများ စကားပြောဆို ဆင်ခြင်ပါ။ ချစ်သူနှင့်ခွဲရကိန်းရှိပါသည်။ အိမ်ထောင်ရေးမှာ စကားသာ များနေ ပေမဲ့ အခုလအတွင်း အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်း ၊ အကြောတက် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် အမွှေးတိုင် ၅ တိုင်ကို တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 6 5 8 5

Wednesday, May 16, 2012

မေလအတွက် ဗေဒင်

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အကူအညီပေးသူ ပေါ်မည်။ အောင်မြင် ရည်ရွှယ်သော လမ်းစ ပေါ်လာမည်။ လက်ရှိ စိတ်ညစ်မှု အနည်းငယ် ရှိသော်လည်း စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ ဒီလအတွင်းမှာ ရည်ရွှယ်ချက်များ အနည်းငယ် လမ်းစပေါ်လာမည်။ ပေါင်းသင်း ဆက်ဆံရေး အဆင်မပြေပါ။ စိတ်ညစ်မှု ရှိပါသည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အောင်မြင်သောလမ်းစပေါ်မည်။ ဒီ လအတွင်းမှာ ခရီးတိုများ ဆက်တိုက် သွားလာနေရ မည်။ ပညာရေးမှာ ကံကောင်းနေသောအချိန်လေးပါ။ ဒီလအတွင်း အချစ်ရေးကိစ္စများ ပြသာနာများ ဖြစ်နေသော်လည်း တည်မြဲနေသော အချိန်လေးပါ။ စိတ်ညစ်မှုများ ရှိနေသော်လည်း အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ သာယာနေသော အချိန်လေး ဖြစ်ပါသည်။ ဒီလအတွက် ကျန်းမာရေးမှာ မျက်စိအားနည်းခြင်း ၊ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ် ဘုရားတွင် တနင်္ဂနွေနေ့ နံနက်တွင် ပိတောက်ညွန့် ၆ ညွန့်ကို လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 7 5 0

Monday, April 2, 2012

ဧပြီလအတွက် သင့်ကံဇာတာ

တနင်္ဂနွေသားသမီးများ

တနင်္ဂနွေ သားသမီးများအတွက် ယခုလမှာ ကံဇာတာ အကောင်းအဆိုး ရောနှောနေတာကို တွေ့ရပါတယ်။ အိုးအိမ် ခြံမြေ ကိစ္စ ၊ အလုပ်အကိုင် တိုးတက်ရေး အခွင့်အလမ်း ကိစ္စတွေမှာတော့ ကံကောင်းမှုများကို ရရှိနိုင်ပါတယ်။ အိုးအိမ် ခြံမြေ အသစ် ၀င်ရောက်ကိန်း (သို့) ၀ယ်ယူပြီး အိုးအိမ်ခြံမြေမှ အကျိုးအမြတ်ရကိန်းများ ရှိတယ်။

ပညာရေးကံကောင်းနေတာမို့ စာမေးပွဲ ဖြေဆိုထားသူများ ၊ ဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့နိုင်တယ်။ တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး သက္ခတ်များအတွင်း ရောက်နေသူများ လုပ်ငန်းများ တိုးတက်ခြင်း ၊ တိုးချဲ့ရခြင်းများ ကြုံရနိုင်တယ်။

ဒါပေမယ့် ဒီလမှာ တနင်္ဂနွေသားသမီးများအတွက် လက်အောက်ငယ်သားများရဲ့ မရိုးသားမှုများကြောင့်၎င်း ၊ သစ္စာမရှိမှုများကြောင့်၎င်း ၊ ကိုယ်ပါ ရောပြီး နာမည်ပျက်ကိန်းရှိတယ်။ ဒီလမှာ လက်အောက်လူ ၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဒုက္ခပေးနိုင်တယ်။ ကိုယ့်ရဲ့ နာမည်သတင်းနဲ့ ဂုဏ်သိက္ခာများ ကျဆင်းနိုင်တဲ့ ကံကြမ္မာမျိုး ရှိနေတယ်။

ငွေကြေးကတော့ အ၀င်များရင်လည်း များမယ်။ ဒါပေမယ့် အဖတ်မတင်တတ်ဘူး။ အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်တတ်တယ်။ မကောင်းတဲ့ သက္ခတ်များအတွင်း ရောက်နေသူများ ငွေကြေး အဆုံးအရှုံး များတတ်ပါတယ်။ ဒီလမှာ တနင်္လာနံတွေဖြစ်တဲ့ ငွေ ၊ မိခင် ၊ ကား နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံမကောင်းဘဲ ဖြစ်နေတတ်တယ်။

နဂိုကတည်းက ကိုယ့်မိသားစု နဲ့ အေးအေးချမ်းချမ်း နေလိုသူများ ၊ တင်းတိမ်ရောင့်ရဲ လွယ်သူများအတွက်တော့ ဒီလဟာ မိသားစုနဲ့အတူ အေးချမ်းသာယာစွာဖြင့် အနားယူနိုင်ပြီး စိတ်ချမ်းသာရမယ့် လ, တစ်လဖြစ်လိမ့်မယ်။ သူတို့အတွက်တော့ အကောင်းဟောရမယ်။

နဂိုကတည်းက အလုပ်ကြီးအကိုင်ကြီးတွေနဲ့ မနိုင်ဝန် ထမ်းနေကြသူတွေ ၊ လောဘသက္ကာယ ကြီးမားတတ်ကြတဲ့ တနင်္ဂနွေသားသမီးများအတွက်တော့ ဒီလဟာ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး စိတ်ပင်ပန်းရမယ့် လ,ဖြစ်တယ်။ အလုပ်ကြီးအကိုင်ကြီး လုပ်သူများ ဒီလထဲမှာ လူယုံ သစ္စာဖောက်တတ်လို့ သတိအထူးပြုရမယ်။

Monday, March 5, 2012

မတ်လအတွက် သင့်ကံကြမ္မာ

တနင်္ဂနွေသားသမီးများ

ယခုလတွင် ကံဇာတာ တိုးတက်ကောင်းမွန်မှု များပြားနိုင်ပါတယ်။ အလုပ်အကိုင် ၊ အောင်မြင်ရေး နဲ့ ပညာရေးကံများ ကောင်းနေပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများ ကံဇာတာမြင့်မားနေပြီး ဉာဏ်၊ ၀ီရိယ စိုက်ထုတ်နိုင်ရင် ထုတ်သလောက် အကျိုးကျေးဇူးခံစားရမယ့် လ, ဖြစ်တယ်။ ရာထူးတက်စရာရှိတဲ့ ၀န်ထမ်းများ ရာထူးတက်ဖို့ ရှိနိုင်တယ်။ သို့မဟုတ် ပိုကောင်းတဲ့ နေရာဌာန အပြောင်းအရွှေ့မျိုးဖြစ်နိုင်တယ်။ လုပ်ငန်းချဲ့ထွင်ဖို့ ကြံရွယ်ထားသူ စီးပွားရေးသမားများ လုပ်ငန်းတိုးချဲ့ဖြစ်ပြီး အောင်မြင်ဖို့လည်း များပါတယ်။
အချို့ တနင်္ဂနွေသားသမီးများမှာ ငွေရေးကြေးရေး ပြဿနာရှိနိုင်တယ်။ ငွေကြေးအကျပ်အတည်း နှင့် အဆုံးအရှုံးများ ရှိနိုင်တယ်။ ငွေကြေးရင်းနှီးမြုတ်နှံမှု ၊ ငွေကြေးချေးငှားမှုများ သတိထားပါ။ ယာဉ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ မှာလည်း အမှားအယွင်း ဖြစ်နိုင်တယ်။ အထိအခိုက်ဖြစ်နိုင်တယ်။ ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းသေးပါ။ ချစ်သူနှင့် ကတောက်ကဆ ဖြစ်ဖွယ် ရှိပါတယ်။ မိတ်ဆွေအရင်းအချာတစ်ယောက်နဲ့ အထင်အမြင်လွဲမှားမှု ၊ ဆက်ဆံရေးပျက်ပြားမှု ဖြစ်ရဖွယ် ရှိတယ်။ သားသမီးရှိသူများ သားသမီးအတွက် ပူပန်သောက ရောက်စရာ ကြုံရတတ်တယ်။ ခရီးသွားလာရေးအတွက် ကြံစည်ထားတာတွေ ပျက်တတ်ပါတယ်။ သို့မဟုတ် အဆင်မပြေသော ခရီးများ ဖြစ်တတ်ပါတယ်။ ဘာသာရေးဆိုင်ရာ ကိစ္စများ ပြုလုပ်ရဖွယ်ရှိပြီး တရားစခန်းဝင်မည့်သူများ ၀င်ဖြစ်လိမ့်မယ်။ အတိတ်ပါရမီပါရင် “တရားထူး” ရနိုင်တဲ့ လ,ဖြစ်တယ်။ ခြုံပြောရရင် တနင်္ဂနွေသားသမီးများ ယခုလအတွက် ကံဇာတာ အကောင်းဖက်ကို ပိုများပါတယ်။
ယခုလအတွက်- နာမည်မှာ တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ ၊ အင်္ဂါ ၊ ကြာသပတေး နဲ့ ဆုံးထားသူများ ကံဇာတာကောင်းမွန်မှုများကို အထူးရရှိခံစားရပါလိမ့်မယ်။ ဗုဒ္ဓဟူး(ရာဟု)ဆုံးထားသူများ အိမ်ထောင်ရေး ၊ လူမှုရေး ပြဿနာများနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။
ယတြာပြုလုပ်လိုပါက - မိမိနေအိမ်ဘုရားမှာ “ပဲပြုတ်ဆီဆမ်းပြီး ဆွမ်းနဲ့အတူ” တနင်္ဂနွေနေ့ နံနက်စောစောမှာ ကပ်လှူပူဇော် လိုက်ပါ။

Wednesday, February 1, 2012

ဖေဖော်ဝါရီလ

တနလာၤသားသမီး

နေအိမ်၊ အသက်မွေးမှုလုပ်ငန်း၊ အလုပ်အကိုင်များ အပြောင်းအလဲဖြစ်ပွားတတ်သည်။ အဆက်အသွယ်အသစ်များမှ အကျိုး အမြတ်ရရှိမည်။ စာပေရေးသားခြင်းစသည့် လုပ်ငန်းများ အောင်မြင်မှုရရှိတတ်သည်။ ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်၍ အကူအညီ အထောက်အပံ့ရရှိမည်။ အပြောအဆို လိမ္မာကျွမ်းကျင်ရန် လိုပါလိမ့်မည်။ စိတ်ပျော်ရွှင်ကြည်နူးစရာခံစားမှုများရရှိ မည်။ အချစ်ရေးတွင် အချစ်ကို မျှော်လင့်မိပါသည် အပြစ်ဆိုလျှင် အပျော်နှင့် ညှိ၍ ကျေနပ်စေရလိမ့်မည်ဟု အမှားကင်းစွာ အားတင်းပါသော်လည်း ညီမျှခြင်းသည် ပီသခြင်းမရှိသော ပေးဆပ်ရခြင်းများအဖြစ်သာ ဖြစ်ပေါ် နေရပါလိမ့်မည်။ 

Thursday, January 5, 2012

ဇန်န၀ါရီလ

၁။ ကိုယ့်မွေးရက်၊ မွေးလဂဏန်းများကို ပေါင်းပါ။
၂။ ထို့နောက် 2012 ခုနှစ်၊ ဇန်န၀ါရီလ၏ စိုမိုးကဏန်း ၆ ကိုပေါင်းထည့်ပါ။ ဂဏန်းတစ်လုံးတည်းကျန်အောင် ထပ်ပေါင်းပါ။ 
၃။ မွေးရက်၊ မွေးလ ဂဏန်းနှင့် စိုးမိုးဂဏန်း ပေါင်းခြင်းကြောင့် ဖြစ်ပေါ်လာသော န၀င်းစတား ဂဏန်းသည် ယခုလ ကံကြမ္မာစိုးမိုးမှုပင် ဖြစ်ပါသည်။

Tuesday, December 20, 2011

2012 တစ်နှစ်တာ ဗေဒင်များ



ကရကဋ်ရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
(ဇူလိုင် ၁၆ မှ သြဂုတ် ၁၆)
 
ဇန်နဝါရီလ အတွက် ကံဇာတာ အချစ်ရေး၊ ပညာရေး၊ သား သမီးရေး လုပ်ငန်းအကြံအစည်တို့နှင့် ပတ်သက်သော ငွေကြေး အကုန်များ စရာအကြောင်းကိစ္စများ ဖြစ်ပေါ်လာ တတ်သည်။ လူခိုးလူလိမ်သတိပြု သင့်။ အင်္ဂါနေ့နံ သား သမီးနှင့် စီးပွား မဖက်သင့်။ ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်၍ ခိုက်ရန်ဒေါသ၊ အတိုက် အခိုက်မှုခင်းပြဿနာ ဖြစ်တတ် သည်။ အင်္ဂါနံ စက်၊ ဆေး၊ လျှပ် စစ်၊ ရွှေ စသည်တို့ကို အရောင်း အဝယ်မလုပ်သင့်။ တနင်္ဂနွေနေ့ နံ သားသမီးနှင့် ငွေကြေးဥစ္စာ စီးပွား ကိစ္စခိုက်ရန်စကားများရတတ်သည်။ ဇန်နဝါရီလ ၁၄ ရက်အထိ အတွင်း အဖသို့မဟုတ် အကြီးအကဲ အထက်လူကြီး တနင်္ဂနွေနေ့နံ သား သမီးနှင့် သဘောကွဲတတ်သည်။ အလုပ်အကြံအစည်နှင့် ပတ် သက်၍ ကြသပတေးနေ့ နံ သား သမီးနှင့် ကြာသပတေးနေ့ အကျိုး ပေးမည်။ ၁၄ ရက်ထိ အတွင်း အလုပ်အကြံအစည်နှင့် ပတ်သက် သော အခက်အခဲနှင့်စိတ်သောက ကြုံတွေ့မည်။ ၉ ရက်နေ့မှစ၍ အိမ်ထောင် ဖက်၏ ကျန်းမာရေးကို ဂရုစိုက် သင့်။ မိသားစုထဲတွင် သောကြာ နေ့ နံ သားသမီးရှိပါကလည်း ၄င်း၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အချစ် ရေး၊ အိမ်ထောင်ရေးဆိုင်ရာ ပူဆွေး မှုဖြစ်ပေါ်လာတတ်သည်။ ပေါင်းသင်းဆက်ဆံရေး ကောင်း မည်။ စနေနေ့နံသားသမီးနှင့် ခင်မင် ရင်းနှီးရတတ်သည်။ ၅ ရက်မှ ၂၂ ရက် အတွင်း ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်းနှင့် မသင့်မမြတ်ဖြစ်တတ်သည်။ သို့မ ဟုတ် ခရီးယာယီ မဖြောင့်ဖြူးတတ် ပေ။ အင်္ဂါနေ့တွင် ခရီးဝေးသွားလာ ခြင်းရှောင်ပါ။ ၉ ရက်နေ့နောက်ပိုင်း အိမ်၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေကိစ္စအထမမြောက် ခြင်း၊ ပျက်ပြားခြင်းရှိမည်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ၁၃ ရက်နေ့နောက်ပိုင်း တနင်္ဂ နွေနံသက်ရှိသက်မဲ့ ထွက်ကိန်းရှိ သည်။ အဖ၊ အကြီးအကဲ၊ အထက် လူကြီး၊ တနင်္ဂနွေနေ့နံသား သမီးတို့ ၏ မကျန်းမာမှုကြောင့် ငွေကြေးကုန် ကျမည်။ ငွေကြေးဥစ္စာ စီးပွားဆိုင်ရာ ဘေးရန် အန္တရာယ် အမျိုးမျိုးကို သတိ ထားသင့်သည်။ ငွေကြေး ဥစ္စာ ပျောက်ပျက်ဆုံးရှုံးမှုရှိတတ်သည်။ ငွေကြေးဥစ္စာ စီးပွားကိစ္စနှင့် ပတ် သက်၍ တနင်္ဂနွေနေ့နှင့် တနင်္ဂနွေ နေ့နံသားသမီးရှောင်သင့်။ ကြာသ ပတေးနေ့တွင် ထီထိုးပါ။ ငွေကြေး ဥစ္စာ စီးပွားကိစ္စဆောင်ရွက်ပါ။ အိုးအိမ်၊ ဆိုင်ခန်း၊ လယ်ယာခြံ မြေ၊ ကျွဲနွား၊ ယာဉ်၊ ကား၊ အမွေကိစ္စ စသည်တို့နှင့်ပတ်သက်၍ အဆင်ပြေ မည်။ ၄င်းတို့ကို အရောင်းအဝယ်လုပ် နိုင်သည်။ သောကြာနေ့တွင် ဆောင် ရွက်ပါ။  


Monday, December 5, 2011

ဒီဇင်ဘာလအတွက် ဗေဒင်

ကရကုဋ်ရာသီဖွား


အထူးကောင်းသည်။ လုပ်သမျှအောင်မြင်မည်။ အလုပ်တိုးတက်မည်။ ရည်ရွယ်ချက်အောင်မည်။ မိတ်ဆွေ အကြီးအကဲများထံမှ ကောင်းသော အထောက်အကူရမည်။ မေတ္တာရေး ကံကောင်းသည်။ စုပေါင်းတွဲဖက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရ မည်။ ငွေကြေးကိစ္စပြောဆိုမှု အောင်မြင်မည်။ အလုပ်ကောင်း၊ နေရာကောင်းများ ရရှိမည်။ မြှုပ်နှံလိုက်သော ငွေကြေးမှ အကျိုးအမြတ်ကောင်းရမည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်း၊ တိုးတက်မှု သတင်းကြုံမည်။

အပြောင်းအလဲသစ်ကို ဆောင်ရွက်ခြင်းထက် ဆောင်ရွက်လက်စကိစ္စများကို ချဲ့ထွင်၍ ဆောင် ရွက်ခြင်း၊ မြှုပ်နှံလက်စလုပ်ငန်းများအား တိုးချဲ့ခြင်း ပြုရမည်။ ကိုယ်ရေးကိုယ်တာကိစ္စထက် သူတစ်ပါး အရေးကိစ္စများကို လိုက်လံဆောင်ရွက်ပေးရမည်။ အကြောင်းအမျိုးမျိုးနှင့် ငွေကုန်မည်။ မသုံးမစွဲရ ဘဲ ငွေကုန်ခြင်းမျိုး ကြုံမည်။ လုပ်သမျှ လူသိထင်ရှားဖြစ်မည်။ နာမည်အောင်မြင်မည်။ မိဘအကြီးအကဲ ကျန်းမာရေးအညံ့ရှိမည်။ ဆောင်ရွက်ရင်း မနိုင်မနင်းဖြစ်၍ ရပ်တန့်ထားသောကိစ္စများကို တာဝန်ယူ အပြီးသတ်ဆောင်ရွက်ရမည်။

လူပေါင်းမှားခြင်း၊ ဆုံးဖြတ်ချက်မှားမည်။ အိမ်တွင်းရေး၊ လူမှုရေး ပဋိပက္ခများ ကြုံမည်။ ငွေကြေးကိစ္စစကားပြော ရမည်။ အမှုပြဿနာများနှင့် ထိပ်တိုက်တွေ့ မည်။ မောင်နှမသားချင်း ဒုက္ခပေးမည်။ ဆွေမျိုးကြောင့် စိတ်အနှောင့်အယှက် ကြုံမည်။ သူတစ်ပါးကိစ္စ ဓားစာခံသဖွယ် ဝင်ရောက် ဖြေရှင်းပေးရမည်။ အပျောက်အရှများမည်။ စကားများရန် ဖြစ်ရမည်။ လုပ်ငန်းခွင်အတွင်း အမှုအခင်းများ ဖြစ်မည်။ စာရင်းဇယားကိစ္စများ သတိနှင့် ဖြေရှင်းပါ။ သံယောဇဉ်အထားမှားခြင်း၊ အချစ်မှားခြင်း၊ ဆုံးဖြတ်ချက်မှားခြင်း ရှိမည်။

အခက်အခဲများ ကျော်လွှားနိုင်မည်။ အမျိုးသမီး မိတ်ဆွေ အကူအညီရမည်။ မေတ္တာရေး ကံကောင်းမည်။ ကိုယ်စွမ်းကိုယ်စများ ပေါ်လွင်နေမည်။ စုပေါင်းတွဲဖက်လုပ်ငန်းများ ဆောင်ရွက်ရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဝေဒနာဟောင်းများ ပြန်ပေါ်မည်။ ခရီးဝေးသွားရောက်ရမည်။ မိသားစုအလိုက် ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ လုပ်ငန်းခွင်အတွင်း မိတ်ဆွေဟောင်း များနှင့် ပြန်ဆုံမည်။ မြှုပ်နှံ ထားသောငွေကြေးမှ ကောင်းသောအကျိုးအမြတ် ရမည်။ အလှူမင်္ဂလာကိစ္စများ မရည်ရွယ်ဘဲ ပတ်သက်ဆောင်ရွက်ရမည်။

Tuesday, November 1, 2011

နိုဝင်ဘာလဗေဒင်

မိသာရာသီဖွားများအတွက်

ကျန်းမာရေးကောင်းမွန်မည်။ မိမိတွေးခေါ်ယူဆချက်များ မှန်ကန်နေမည်။ ထို့ကြောင့် အရေးကြီးကိစ္စများကို တစ်ပါးသူအား ယုံကြည်စိတ်ချ တိုင်ပင်ခြင်းမပြုသင့်ပါ မိမိကိုယ်တိုင် ဆုံးဖြတ် ဆောင်ရွက်ပါ။ မိသားစု အသိုင်းအ၀ိုင်း အတွင်း လူမှုရေး အရှုပ်အရှင်းကိစ္စများအတွက် စကားပြောဆိုရမည်။ ပြောမှားဆိုမှား ဖြစ်တတ်သည်။ သတိထားပါ။ စာချုပ်စာတမ်း လက်မှတ်ရေး ထိုးခြင်း၊ ကတိစကား လွယ်လွယ်ပေးခြင်း မပြုသင့်ပါ။ ညီ အစ်ကို၊ မောင်နှမ၊ လုပ်ဖော် ကိုင်ဖက်များကြောင့် အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်။ အာရုံကြောကိုက်ခဲခြင်း ဝေဒနာ ခံစားရမည်။ နား၊လည်ပင်း၊ လည်ကုပ်တစ်ဝိုက် ကိုက်ခဲ နာကျင်မှုဖြစ်မည်။ တစ်ခါတစ်ရံ သတိမေ့တတ်သည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရသော လူမှုဆက်သွယ်ရေး၊ နိုင်ငံတကာ ဆက်သွယ်ရေးကိစ္စများ အထူးကောင်းမွန်ပြီး အဆင်ပြေမည်။ ဒီဇိုင်နာ၊ အနုပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ အကျိုးစီးပွားဖြစ်ထွန်းမည်။ တစ်ခါတစ်ရံ အသက်ရှုမွန်းကျပ်ပြီး နှလုံးဒုက္ခပေးမည်။ မတော်တဆ ထိခိုက်ဒဏ်ရာရ တတ် သည်။ ဆေးရုံ၊ ဆေးခန်းကိစ္စများ ပေါ်ပေါက်မည်။ ဆီး၊ ကျောက်ကပ် ရောဂါဝေဒနာ ခံစားရမည်။ ခါးနာတတ်သည်။ ဖခင်ဆရာ သမား၊ အကြီးအကဲများ၏ သောက၊ ပြသနာများကို ဖြေရှင်းရမည်။ ၀န်ထမ်းများ အဆင့်မြင့်ရာထူး တိုးမြှင့်ခံရမည်။ သောက၊ ဗျာပါဒ အနည်းငယ် ရှိတတ်၏။ မိမက တစ်ပါးသူအပေါ် ပြသနာရှာနေတတ်မည်။ အပူအစပ်အရသာကို ကြိုက်နှစ်သက်ပြီး စားမိသဖြင့် အစားအစာကြောင့် ပြသနာ ဖြစ်တတ်သည်။ ခြေဖျား၊ ခြေထောက် ထုံကျဉ်နေမည်။ အများနှင့် စုပေါင်းသော လုပ်ငန်းများ၊ အစုစပ်၊ အစုရှယ်ယာ၊ ကုမဏီလုပ်ငန်းများ ငွေကြေး အကုန်အကျများမည်။ ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်းခွင်မှ ၀န်ထမ်း များ ငွေကြေးကိစ္စကို သတိထား ဆောင်ရွက်သင့်သည်။ 

Sunday, October 30, 2011

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...


Thursday, October 6, 2011

အိမ်ထောင်ဖက်နဲ့ ပေါင်းဖက်ရ ဗေဒင်...




  1. က
  2. ခ
  3. ဂ
  4. ဃ
  5. င
  6. စ
  7. ဆ
  8. ဇ
  9. စ်
  10. ည
  11. ဋ
  12. ဌ
  13. ဍ
  14. ဎ
  15. ဏ
  16. တ
  17. ထ
  18. ဒ
  19. ဓ
  20. န
  21. ပ
  22. ဖ
  23. ဗ
  24. ဘ
  25. မ
  26. ယ
  27. ရ
  28. လ
  29. ၀
  30. သ
  31. ဟ
  32. ဠ
  33. အ/ဥ 

ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။

Tuesday, October 4, 2011

အောက်တိုဘာလ ဗေဒင်

တနင်္ဂနွေ သားသမီးများ



ယခုလတွင် အကြံကောင်း ဉာဏ်ကောင်း စိတ်ကူးကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်။ အလုပ်ခွင်တွင် နာမည်ကောင်းထွက်တတ်ပြီး အဆင့်မြင့် တာဝန်များ ပေးအပ်ခံရတတ်သည်။ သက္ခတ်ကောင်းတွင် ကျရောက်နေလျှင် (၀န်ထမ်းများ) ရာထူးတက်ကိန်း ရှိနိုင်သည်။ အိုးအိမ် ယာဉ်ကားနှင့် ပတ်သက်နေသော ကိစ္စများ တွင် နှောင့်နှေးကြန့်ကြ မှုများ များနေတတ်သည်။ သို့သော် ထိုယာဉ်ကားမှ အကျိုးအမြတ် များစွာ ရရှိလိမ့်မည်။ အလုပ်ခွင်ထဲ၌ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ ခရီးရှည် (သို့) နိုင်ငံခြားသို့ ထွက်ရန် ကိစ္စများ ပျက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး မသာမယာဖြစ်နေမည် (သို့) အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်သည်။ မိမိကိုယ်တိုင်လည်း အနည်းငယ် ချုခြာနေတတ်သည်။ သားသမီးရှိသူများ သားသမီး အကျိုးခံစားရမည်။ ဘာသာရေး နှင့် ပတ်သတ်သော ကိစ္စများ တာဝန်ပျက်ကွက်နေတတ် သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းမှု အနည်းငယ်ပို များနိုင်သော လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် စနေ နံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ ဗုဒ္ဓဟူး, ရာဟု နှင့် သောကြာ နံဖြင့် ဆုံးသူများ ကံဇာတာ သင့်သည်။ ကြာသပတေးနံဖြင့် ပိတ်သူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။

ယတြာပြုလိုပါက - တနင်္ဂနွေနေ့တွင် မိမိနေအိမ်ဘုရားတွင် နာနတ်ယို ၊ နာနတ်သီး ၊ နာနတ်ဖျော်ရည် တစ်ခုခု ကပ်လှူပေးပါ။

Monday, September 19, 2011

စက်တင်ဘာလ အတွက် သင့်ကံကြမ္မာ

တနင်္ဂနွေ
အခက်အခဲများ ထိပ်တိုက်ရင်ဆိုင်ရမည်။ စေတနာ၊ ဝေဒနာဖြစ်တတ်သည်။ သူတစ်ပါးကြောင့် မိမိအကြံ အစည်များပျက်တတ်သည်။ကြုံတွေ့နေ ရသော အခက် အခဲများ ချက်ချင်းဖြေရှင်းပါ။ နှောင့်နှေးခြင်းမရှိသင့် ပါ။ ငွေကြေးကံ၊ လုပ်ငန်းကံကောင်းမည်။ သုတစ်ပါး ကိုယုံပြီး လွှဲပြီးလုပ်ခြင်း ထက် အရာရာ ကိုယ်တိုင် လုပ်ပါ။  အမည်အတွင်း အ၊ ဥ၊ သ၊ ဟ ပါသောသူများ ကြောင့် စိတ်အနှောင့်အယှက်ကြုံမည်။ အရာရာ သတိနှင့်ဆောင်ရွက် ရမည်။ အရှိန်မြင့်မားစွာ ဆောင်ရွက်ရင်း အနှောင့်အယှက်များ ကြုံရခြင်းကြောင့် နှောင့်နှေးမည်။  ရင်းနှီးသူများနှင့် စကားများရမည်။  ကိုယ့်ကိစ္စမဟုတ်ဘဲ သူတစ်ပါးကိစ္စအတွက် စိတ်ရှုပ်ရ မည်။  အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများအတွက် အချိန် ကုန် ငွေကုန်ခံပြီး လူမုန်းများသောအလုပ်များ ဆောင်ရွက်ရမည်။  မည်သည့်ကိစ္စကိုမဆို အမှားအယွင်းမရှိအောင် ဂရုစိုက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် ဧည့်ခန်းသန့်ရှင်းရေးလုပ် ပါ။
- – – – ။ ။ မွေးနေ့တွင် အိမ်ရှေ့ခန်းကို သန့်ရှင်း ရေးလုပ်ပါ။
~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~