၁။ ကိုယ့်မွေးရက်၊ မွေးလဂဏန်းများကို ပေါင်းပါ။
၂။ ထို့နောက် 2012 ခုနှစ်၊ ဇန်န၀ါရီလ၏ စိုမိုးကဏန်း ၆ ကိုပေါင်းထည့်ပါ။ ဂဏန်းတစ်လုံးတည်းကျန်အောင် ထပ်ပေါင်းပါ။
၃။ မွေးရက်၊ မွေးလ ဂဏန်းနှင့် စိုးမိုးဂဏန်း ပေါင်းခြင်းကြောင့် ဖြစ်ပေါ်လာသော န၀င်းစတား ဂဏန်းသည် ယခုလ ကံကြမ္မာစိုးမိုးမှုပင် ဖြစ်ပါသည်။
(၁)ဂဏန်း
ဖြည်းဖြည်းမှန်မှန်နှင့် အောင်ပွဲခံသော ကာလဖြစ်သဖြင့် စိတ်ရှည်ဇွဲရှိမှုက သင့်ကို အောင်လက်မှတ် ထုတ်ပေးမည့် အချိန်အခါပင် ဖြစ်သည်။ ကောင်းသော စိတ်ထားကြောင့် ပုဂ္ဂိုလ်ထူးများ၏ ကူညီပံပိုးမှု ရမည်။ စီးပွားရေး လုပ်ငန်းများအနေဖြင့် အပြိုင်အဆိုင်များကြားမှ အောင်မြင်မှုများကို ပျော်ရွှင်စွာ တွေ့ကြုံရမည်။ ပြိုင်ဘက်တိုင်းအား အထင်သေးမှုကို ရှောင်ပါ။ စိတ်ဓါတ်တက်ကြွစေမည့် စာကောင်းပေမွန်များကို ရွေးချယ် ဖတ်ရှုပါ။ ရပ်ဝေးခရီးကိစ္စ ဆန္ဒမစောပါနှင့်။
(၂)ဂဏန်း
မည့်သည်ကိစ္စကိုမဆို စိတ်ရှည်ရှည်ထားပြီး လိမ္မာပါးနပ်စွာ ဆောင်ရွက်သင့်သော ကာလ တစ်ခုဖြစ်၏ အစစ အရာရာ သည်းခံဖြေရှင်းပါ။ သင်၏ လုပ်ကိုင်မှုကြောင့် ပတ်ဝန်းကျင်မှာ ထင်ရှားပေါ်လွင်ခြင်း၊ ချီးကျူးခံရခြင်း မျိုးများ ကြုံတွေ့ရမည်။ စိတ်ကူးယဉ်တွေဝေမှုကို ရှောင်ပါ။ ခင်မင်ရင်းနှီးထားသူများကို စေတနာထား မေတ္တာ ပွားသင့်၏။ ကူညီသင့်သူကို ကူညီနိုင်သရွေ့ ကူညီပေးပါ။ ရပ်ဝေးဒေသနှင့် အကျိုးပေးနေချိန် ဖြစ်၏။ ရပ်ဝေးမှ ကောင်းသတင်းစကား ကြားရခြင်းကြောင့် သင့်ပျော်ရွှင်ခွင့် ကြုံရမှာ မလွဲပါ။
(၃)ဂဏန်း
အိပ်မက်ထဲက နတ်သမီးလေးကို တွေ့မြင်ရင်းနှီးခွင့်ရတတ်၏။ ထူးခြား ဆန်းကြယ်သည့် ကံကြမ္မာ အခွင့် အရေးကောင်းများ ရရှိတတ်သည်။ ပြိုင်ဘက်တို့ထက် အမြင်ကျယ်ခြင်းကြောင့် တစ်ပန်းသာသည့် အခွင့် အရေးကောင်းများစွာကို ရရှိတတ်သည်။ ကံတရားကောင်း အသစ်တစ်စုံတစ်ရာကို ဒဏ္ဍာရီဆန်ဆန် ရရှိတတ်၏။ လုပ်ငန်းခွင့်မှာ နာမည်ကောင်းရမှုနှင့် ကြုံမည်။ သို့သော် ခပ်ဝါးဝါးဖြစ်နေသည့် ရပ်ဝေးခရီး ကိစ္စ အဆင်ပြေလိမ့်မည်ဆိုသော အသံကို မကြားရနိုင်သေးပါ။
(၄)ဂဏန်း
သား ရွှေအိုးထမ်းလာသည်ကို သဲသဲကွဲကွဲ မြင်ရတတ်၏။ အဆင်မပြေသလိုလိုနှင့် အဆင်ပြေမှုများစွာ ကြုံရ တတ်သည်။ ထူးခြားသော ပြောင်းလဲမှုများနှင့် တွေ့ကြုံရတတ်သည်။ ရသမျှနှင့် မရောင့်ရဲတတ်ခြင်းကြောင့် စူးစမ်းရှာဖွေအားထုတ်နေလိမ့်မည်။ အိုးသစ်၊ အိမ်သစ် ပြောင်းရွေ့ခြင်းကြုံပြီး စီးပွား၊ ဥစ္စာ တိုးတက်မှု ကြုံပါ လိမ့်မည်။ လေ့လာ ဆည်းပူးထားသော ပညာကို အသုံးချခွင့်ရမည်။ ရပ်ဝေး ကံကောင်း၏။
(၅)ဂဏန်း
ကံထူးကံမြူးနေပါမည်။ အားမာန်အပြည့်ဖြင့် ဘ၀ခရီးလမ်းကို လျှောက်လှမ်းရမည့်ကာလ ဖြစ်ပါသည်။ စီးပွားရေးအနေဖြင့် သင်၏ ဇွဲ၊ ၀ီရိယ၊ လုံ့လ စွမ်းအားတို့ကြောင့် ကြီးပွားလမ်း ပွင့်သွားပါလိမ့်မည်။ ၀င်ငွေ များစွာ တိုးပွာလာတတ်၏။ ကိစ္စရပ် အချို့ကို တနလာင်္ သားသမီးက ကူညီပြီး အဆင်ပြေသွားတတ်၏။ ခေတ်မီပြီး နည်းစနစ် မှန်ကန်မှုကြောင့် စီးပွားရေး လုပ်ဆောင်မှုဟန် ဆန်းသစ် နေတတ်၏။ ရပ်ဝေးဒေသမှ သတင်းစကားကောင်းကြားရသည့်အတွက် ၀မ်းသာ ကြည်နူးရပါ မည်။
(၆)ဂဏန်း
ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်ချင်နေပါလိမ့်မည်။ စီးပွားရေးအနေဖြင့် လုပ်ငန်းနှစ်ခုကို တစ်ပြိုင်တည်း စိတ်လောပြီး ဆောင်ရွက်မှုကြောင့် မထင်မှတ်ဘဲ ဆုံးရှုံးပျက်စီးရတတ်ပါသည်။ ဦးတည်ချက် မရှိလျှင် သင့်ဘ၀တွင် စနစ်တကျနှင့် အဆင်ပြေပြေ မဖြစ်နိုင်ပါ။ ဦးတည်ချက် ပန်းတိုင် တစ်ခုကို တိတိကျကျ သတ်မှတ်ပြီး ကြိုးစားသင့်သည်။ လုံ့လ ၀ီရိယ အပြည့်ဖြင့် ကြိုးစားမည်ဆိုလျှင် ကြိုးစားမှု၏ အသီးအပွင့်ကို ရမည်။ ရပ်ဝေးခရီးကံကောင်းမည်။
(၇) ဂဏန်း
လှပနူးညံသောေ၇ာင်စုံ အမွေးအတောင်များရှိပြီး အသံချိုသာသည့် ငှက်ကလေးကို ပိုငဆိုင်ခွင့် ရရှိသည့် ကာလ တစ်ခုဖြစ်၏။ နွေးထွေးသော အောင်မြင် အဆင်ပြေမှု မျိုးစုံနှင့် အံသြ ၀မ်းသာဖွယ် ကြုံတွေ့ရလိမ့် မည်။ နှစ်ရှည်လများ စောင့်ခဲ့ရသော တောင့်တမှုတို့ အောင်မြင်မည်။ လှပသော အတွေးသစ်များကြောင့် ပျော်ရွှင်ခွင့်ရတတ်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားသော ပြောင်းလဲမှု များနှင့် ကြုံတွေ့ရတတ်၏။ မဖြစ်မနေ လုပ်ကိုင်မှုတို့ကြောင့် ပြိုင်ဘက်တို့ အားကျအထင်ကြီးမည်။
(၈)ဂဏန်း
အနိုင်ပိုင်းပြီး အောင်ပွဲရရှိမည့် ကာလ ဖြစ်ပါသည်။ စီးပွားရေး အနေဖြင့် အပြိုင်အဆိုင် အတိုက်အခံနှင့် တိုးတက်မှုရှိသောအချိန်အခါ ဖြစ်၏။ လုပ်ငန်းတွင် အပြိုင်အဆိုင်များစွာ ပေါ်လာတတ်သည်။ ထင်မှတ် ထားသော ပြိုင်ဘက်များရှိသော်လည်း သင်သည် မပြိုင်ဘဲနှင့် အနိုင်ရရှိတတ်ပါသည်။ ခေတ်မီ ဆန်းသစ်သော ပညာရပ်များကို သင်ကြားခွင့်ရရှိမည်။ သင့်ပတ်ဝန်းကျင်မှာ တန်ခိုး သြဇာ၊ တက်မြက် စူးရှပြီး လူတကာကြားမှာ ခေါင်းမော့နေနိုင်မည်။
(၉)ဂဏန်း
ကံတရား အခြေအနေသစ်များ၊ လျင်မြန်စွာ ပြောင်းလဲတတ်၏။ စီးပွားရေးတွင် အရာရာကို အလေးအနက်ထားပြီး စိတ်ရှည်ရှည် ဆောင်ရွက်သင့်သည်။ စကားအလွန်များသည့် မိတ်ဆွေ တစ်ဦး၏ ထူးထူးခြားခြား ကူညီမှု ရရှိမည်။ အလုပ်၊ ဌာန၊ ရာထူး နေရာပြောင်းရွေ့သည့် ကိစ္စတွင် အံသြစဖွယ် အခြေအနေနှင့် ကြုံရပါလိမ့်မည်။ ခိုင်မာသော ဇွဲကြောင့် ပညာရေးအထူး တိုးတက်ကိန်းမြင်၏။ မိသားစုနှင့် အတူ ဘုရားဖူးထွက်ရတတ်သည်။
No comments:
Post a Comment