Myanmar Calendar

Tuesday, December 20, 2011

2012 တစ်နှစ်တာ ဗေဒင်များ



ကရကဋ်ရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
(ဇူလိုင် ၁၆ မှ သြဂုတ် ၁၆)
 
ဇန်နဝါရီလ အတွက် ကံဇာတာ အချစ်ရေး၊ ပညာရေး၊ သား သမီးရေး လုပ်ငန်းအကြံအစည်တို့နှင့် ပတ်သက်သော ငွေကြေး အကုန်များ စရာအကြောင်းကိစ္စများ ဖြစ်ပေါ်လာ တတ်သည်။ လူခိုးလူလိမ်သတိပြု သင့်။ အင်္ဂါနေ့နံ သား သမီးနှင့် စီးပွား မဖက်သင့်။ ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်၍ ခိုက်ရန်ဒေါသ၊ အတိုက် အခိုက်မှုခင်းပြဿနာ ဖြစ်တတ် သည်။ အင်္ဂါနံ စက်၊ ဆေး၊ လျှပ် စစ်၊ ရွှေ စသည်တို့ကို အရောင်း အဝယ်မလုပ်သင့်။ တနင်္ဂနွေနေ့ နံ သားသမီးနှင့် ငွေကြေးဥစ္စာ စီးပွား ကိစ္စခိုက်ရန်စကားများရတတ်သည်။ ဇန်နဝါရီလ ၁၄ ရက်အထိ အတွင်း အဖသို့မဟုတ် အကြီးအကဲ အထက်လူကြီး တနင်္ဂနွေနေ့နံ သား သမီးနှင့် သဘောကွဲတတ်သည်။ အလုပ်အကြံအစည်နှင့် ပတ် သက်၍ ကြသပတေးနေ့ နံ သား သမီးနှင့် ကြာသပတေးနေ့ အကျိုး ပေးမည်။ ၁၄ ရက်ထိ အတွင်း အလုပ်အကြံအစည်နှင့် ပတ်သက် သော အခက်အခဲနှင့်စိတ်သောက ကြုံတွေ့မည်။ ၉ ရက်နေ့မှစ၍ အိမ်ထောင် ဖက်၏ ကျန်းမာရေးကို ဂရုစိုက် သင့်။ မိသားစုထဲတွင် သောကြာ နေ့ နံ သားသမီးရှိပါကလည်း ၄င်း၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အချစ် ရေး၊ အိမ်ထောင်ရေးဆိုင်ရာ ပူဆွေး မှုဖြစ်ပေါ်လာတတ်သည်။ ပေါင်းသင်းဆက်ဆံရေး ကောင်း မည်။ စနေနေ့နံသားသမီးနှင့် ခင်မင် ရင်းနှီးရတတ်သည်။ ၅ ရက်မှ ၂၂ ရက် အတွင်း ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်းနှင့် မသင့်မမြတ်ဖြစ်တတ်သည်။ သို့မ ဟုတ် ခရီးယာယီ မဖြောင့်ဖြူးတတ် ပေ။ အင်္ဂါနေ့တွင် ခရီးဝေးသွားလာ ခြင်းရှောင်ပါ။ ၉ ရက်နေ့နောက်ပိုင်း အိမ်၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေကိစ္စအထမမြောက် ခြင်း၊ ပျက်ပြားခြင်းရှိမည်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ၁၃ ရက်နေ့နောက်ပိုင်း တနင်္ဂ နွေနံသက်ရှိသက်မဲ့ ထွက်ကိန်းရှိ သည်။ အဖ၊ အကြီးအကဲ၊ အထက် လူကြီး၊ တနင်္ဂနွေနေ့နံသား သမီးတို့ ၏ မကျန်းမာမှုကြောင့် ငွေကြေးကုန် ကျမည်။ ငွေကြေးဥစ္စာ စီးပွားဆိုင်ရာ ဘေးရန် အန္တရာယ် အမျိုးမျိုးကို သတိ ထားသင့်သည်။ ငွေကြေး ဥစ္စာ ပျောက်ပျက်ဆုံးရှုံးမှုရှိတတ်သည်။ ငွေကြေးဥစ္စာ စီးပွားကိစ္စနှင့် ပတ် သက်၍ တနင်္ဂနွေနေ့နှင့် တနင်္ဂနွေ နေ့နံသားသမီးရှောင်သင့်။ ကြာသ ပတေးနေ့တွင် ထီထိုးပါ။ ငွေကြေး ဥစ္စာ စီးပွားကိစ္စဆောင်ရွက်ပါ။ အိုးအိမ်၊ ဆိုင်ခန်း၊ လယ်ယာခြံ မြေ၊ ကျွဲနွား၊ ယာဉ်၊ ကား၊ အမွေကိစ္စ စသည်တို့နှင့်ပတ်သက်၍ အဆင်ပြေ မည်။ ၄င်းတို့ကို အရောင်းအဝယ်လုပ် နိုင်သည်။ သောကြာနေ့တွင် ဆောင် ရွက်ပါ။  



အလုပ်အကြံအစည်နှင့် ပတ် သက်၍ အထူးအထွေ အညံ့မရှိချေ။ တနင်္ဂနွေနေ့နံ သား သမီးနှင့်တွဲဖက် လုပ်သင့်။ ၁၃ ရက်နေ့မှ စ၍ တနင်္ဂ နွေနေ့တွင် အလုပ်အကြံအစည် မလုပ် သင့်။ ကြာသပတေးနေ့တွင် လုပ် ကိုင်ကြံစည်ပါ။ ကြာသပတေးနေ့ နံ သား သမီးနှင့် ပူးတွဲ လုပ်ကိုင်နိုင်၏။ အချစ်ရေးတွင် ဘေးရန်များ မည်။ အချစ်ရေး မတည်တံ့နိုင်ချေ။ မိတ်ဆွေကောင်းတွေ့မည်။ သောကြာနေ့နံ သားသမီးမိတ်ဆွေ အကျိုးပေးမည်။ သောကြာ၊ စနေနေ့ နံ သားသမီးနှင့် ပေါင်းသင်းဆက်ဆံ ပါ။ ဆွေမျိုးသားချင်းထဲက ကျန်း မာရေး ၉ ရက်နေ့ နောက်ပိုင်း ချို့ ယွင်းမည်။ မိသားစုထဲက ဗုဒ္ဓဟူး နေ့နံသားသမီး၏ ကျန်းမာရေး ဂရု စိုက်ပေးပါ။ ၉ ရက်နေ့ နောက်ပိုင်း ဗုဒ္ဓဟူး နေ့ ခရီးယာယီမသွားနှင့်။ အပျော် ခရီး၊ အပန်းဖြေခရီးသွားလျှင် ကောင်း ၏။ မတ်လအတွက် ကံဇာတာ အလုပ်အကြံအစည် ကောင်း သဖြင့် စီးပွားရေးလည်းကောင်း နေ မည်။ သို့သော် ငွေကြေး အကုန် အကျများတတ်သည်။ ငွေကြေး ဥစ္စာ စီးပွားကိစ္စအတွက် အင်္ဂါနေ့နံ သား သမီးနှင့် စကားများရတတ်သည်။ ငွေမချေးလေနှင့်။ လူခိုး၊ လူလိမ်ခံရ တတ်သည်။ ငွေကြေးကိစ္စ အစွပ် အစွဲခံရတ်သည်။ ငွေကြေးဥစ္စာစီးပွားနှင့် ပတ် သက်လျှင် သာယာအေးချမ်းမှု ရှိမည် မဟုတ်ချေ။ စက်ပစ္စည်း၊ ဆေး ပစ္စည်း၊ ပူစပ်သော ကုန်ပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း၊ သံ၊ ကြေးနီ၊ ရွှေ စသည့် အင်္ဂါနံ ပစ္စည်းအရောင်း အဝယ် အကျိုးမပေးသော လပိုင်းဖြစ်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စနှင့် ပတ် သက်သော လုပ်ငန်းအကြံအစည် များ အောင်မြင်တတ်သည်။ ၄င်းကိစ္စများ စနေ့နေ့တွင် ဆောင်ရွက်ခြင်းရှောင် ပါ။ မိတ်ဆွေ အကျိုးခံစားရမည်။ အလုပ်အကြံအစည်များ ကောင်းမလိုလိုနှင့် မရေရာ မသေချာ လှသေးချေ။ အင်္ဂါနေ့နံ သားသမီးနှင့် စပ်တူ မလုပ်သင့်။ အလုပ်သစ် မလုပ် မိရန် သတိပြုလေ။ စွန့်စားလုပ်ကိုင် ခြင်းရှောင်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ များတွင် လှုပ်ရှားပြောင်းလဲမှု ရှိခြင်း နှောင့်နှေးသွားခြင်းများ ဖြစ်ပေါ်လာ တတ်သည်။ အမျိုးသမီးဖြစ်ပါက သားပျက်၊ သားလျှောခြင်းဖြစ်တတ် သည်။ သားသမီးအတွက် စကား များရမည်။ ခရီးဝေးတွင်ရှိသော ဆွေမျိုး သားချင်းများထံ သွားရောက်ရတတ် သည်။ ဘေးရန်ကြုံလျှင် လွတ်မြောက် နိုင်၏။ပညာရေးတွင် အနှောင့်အယှက် ရှိမည်။ အင်္ဂါနံဝင်လျှင် ကျန်းမာရေး ကို ထိခိုက်စေတတ်သည်။ ဧပြီလ အတွက် ကံဇာတာ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကားနှင့် ပတ်သက်သော အကျိုးအမြတ် ဝင်ငွေရရှိမည်။ သို့ မဟုတ် အိမ်၊ ဆိုင်ခန်း၊ မြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား ဝင်တတ်သည်။ မိဘအမွေရရှိတတ်သည်။ ထီပေါက် ကိန်းရှိသည်။ ထီပေါက်သကဲ့သို့ ငွေ ဝင်မည်။ ၁၃ ရက်နေ့မှစ၍ ငွေကြေးဥစ္စာ စီးပွားကံ အထူးကောင်းလိမ့်မည်။ တနင်္ဂနွေနေ့တွင် ထီထိုးပေးပါ။ ငွေ ကြေးဥစ္စာစီးပွားကိစ္စဆောင်ရွက်ပါ။ အဝတ်အထည်၊ အလှကုန် ပစ္စည်း၊ ဇိမ်ခံပစ္စည်း၊ ကျောက်မျက် ရတနာ၊ သစ်သီးမျိုးစုံ၊ မုန့်မျိုးစုံ၊ အနု ပညာဆိုင်ရာ ပစ္စည်းစသည့် သောကြာ နံ ပစ္စည်းများဝင်တတ်သည်။ ၄င်း သောကြာနံနှင့် သက်ဆိုင်သော ကောင်းကျိုးများ ပေးလိမ့်မည်။ သော ကြာနေ့တွင် ထီထိုးပါ။ သောကြာနံ ဆိုင်ရာ စီးပွားရေးကိစ္စဆောင်ရွက်ပါ။ ၁၃ ရက်နေ့မှစ၍ အလုပ်အကြံ အစည်များ အောင်မြင်တိုးတက်မည်။ အလုပ်မရှိသူများ ဝင်ငွေကောင်းသော အလုပ်ရရှိတတ်သည်။ အဖ၊ အထက်လူကြီး၊ အကြီး အကဲ အကျိုးပေးလိမ့်မည်။ မိတ်ဆွေကောင်းတွေ့မည်။ စိတ် ပျော်ရွှင်မည်။ မိတ်ဆွေတို့က ကူညီ သဖြင့် အကျိုးစီးပွား ဖြစ်ထွန်းမည်။ ချစ်သူရတတ်သည်။ ဘေး ရန် အနှောင့်အယှက်ကြားမှ အချစ်ရေး ကောင်းမည်။ အိမ်ထောင်ရှင်များ အိမ် တွင်းရေး ပျော်ရွှင်အေးချမ်းမည်။ လက်ထပ်ရေး၊ စေ့စပ်ရေးကိစ္စ အချိန် အခါမကောင်းသေးချေ။ သား သမီး ရေး သောကရှိမည်။ ဘုရားဖူးခရီး၊ ဘာသာရေး ခရီး သွားမည်။ အလှူဒါန ကုသိုလ်ကောင်း မှုပြုရတတ်သည်။ ရောဂါဥပဒ် ဘေး ကင်းမည်။ မေလအတွက်ကံဇာတာ ငွေကြေးအကုန်အကျ များသ လောက် ငွေအဝင်လည်းများပေလိမ့် မည်။ စီးပွားရေးမှာ ဘေးရန်အနှောင့် အယှက်များ မကင်းသော်လည်း တ ဖြည်းဖြည်းနှင့် တိုးတက်ကောင်းမွန် လာမည်။ ၁၃ ရက်နေ့အထိ ငွေကြေး ဥစ္စာ ဆက်လက်ကြီးပွားတိုးတက်နိုင်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အဝတ်အထည်၊ အလှ ကုန်၊ ဇိမ်ခံပစ္စည်း၊ ကျောက်မျက်ရ တနာ၊ အနုပညာဆိုင်ရာ ပစ္စည်း စသည်တို့နှင့် ပတ်သက်သော အကျိုး အမြတ်လိုအင်ဆန္ဒပြည့်ဝမည်။ မေ ၁၃ ရက်နေ့အထိ အလုပ် အကြံအစည်များ ဆက်လက်အောင် မြင်တိုးတက်ခွင့်ရှိသည်။ တိုးချဲ့ လုပ် ကိုင်ကြံစည်နိုင်သည်။ ထိုကာလ အတွင်း ငွေကြေး ပစ္စည်းဥစ္စာ စီးပွား ရေး၊ ကုန်သွယ်ရေး၊ ဆိုင်ရာ လုပ်ငန်း အကြံအစည်များတိုးတက်အောင်မြင် လိမ့်မည်။ အလုပ်ကောင်းရမည်။ အကြံ အကဲ မစခြင်း ခံရတတ်သည်။ တနင်္ဂနွေနေ့နံသားသမီးကို မှီခိုအား ထားပါ။ မေ ၂၁ နောက်ပိုင်း အိမ်ထောင် ရေးအခြေအနေလှုပ်ရှားပြောင်းလဲမှု ရှိ တတ်သည်။ အချစ်ရေး ရှုပ်ထွေး တတ်သည်။ သားသမီးအတွက် သောကရှိမည်။ စေ့စပ်လက်ထပ်ရေး ကိစ္စ နောက်ဆုတ်သွားတတ်သည်။ ခရီးသွားလာရေးတွင် နှောင့်နှေး ခြင်း၊ အနှောင့်အယှက်ကြုံခြင်းရှိမည်။ တောင်အရပ်၊ အနောက်အရပ်နှင့် စနေ့နေ့၊ အင်္ဂါနေ့ ခရီးရှောင်ပါ။ ခရီး ဝေးမသွားသင့်။ ဘေးရန်ကြုံတတ် ၏။ ကျန်းမာရေးကို ဂရုစိုက်က မမှားနိုင်ချေ။ မေ ၂၁ ရက်နောက်ပိုင်း ဗုဒ္ဓဟူးနံနှင့် အစိမ်းရောင် ပစ္စည်း ဝင် တတ်သည်။ ဇွန်လ အတွက် ကံဇာတာ ဇွန် ၁ ရက်နေ့မှ ၁၄ ရက် အတွင်း တနင်္ဂနွေနေ့နံ သက်ရှိ သက်မဲ့နှင့် အနီရောင် ပစ္စည်းဝင်ပြီး ဇွန် ၁၅ ရက်နောက်ပိုင်းထွက်တတ် သည်။ ဇွန် ၁၅ ရက်နောက်ပိုင်း ငွေ ကြေး၊ ဥစ္စာပစ္စည်း၊ စီးပွားရေးနှင့် ပတ်သက်၍ အကုန်အကျ များခြင်း၊ နစ်နာခြင်း၊ အငြင်းပွားခြင်း၊ ဘေး ဒုက္ခရောက်ခြင်း၊ အကျိုးယုတ်ခြင်း စသည့် မကောင်းကျိုးများနှင့် ရင် ဆိုင်ရပါလိမ့်မည်။ တနင်္ဂနွေနေ့နံ သားသမီးနှင့် ငွေကြေးကိစ္စများတွင် အကျိုးမပေးတတ်ချေ။ သို့သော် ဝင် ငွေ ကောင်းမြဲကောင်းနေမည်။ ဇွန် ၆ ရက်မှ ၂၂ ရက် အတွင်း ဗုဒ္ဓဟူးနေ့ နံ သက်ရှိသက်မဲ့နှင့် အစိမ်း ရောင်ပစ္စ့ည်းထွက်ကိန်းရှိသည်။ စုတ်ကောင်လာဘ်ကောင်း၊ ဝတ် ကောင်း၊ စားကောင်း ဝင်မည်။ သောကြာနံနှင့်ဆိုင်သော ကုန်ပစ္စည်း နှင့် အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွားဝင်လျှင်ကောင်း၏။ အမွေဆိုင် သူများ အမွေရမည်။ မိတ်ဆွေသစ်တိုးပွားမည်။ မိတ် ဆွေတို့နှင့် ပျော်ရွှင်ရမည်။ ဇွန် ၁၅ ရက်နောက်ပိုင်း အလုပ် အကြံအစည်များ အဆင်မပြေဖြစ် တတ်သည်။ အနှောင့်အယှက် အဖျက်အဆီးကြုံမည်။ အလုပ်အကြံအစည်နှင့် ပတ်သက်၍ တနင်္ဂနွေနံ သားသမီးနှင့် မဆက်ဆံ သင့်ချေ။ အဖ၊ အထက်လူကြီး၊ အကြီး အကဲနှင့် တနင်္ဂနွေနေ့နံ သားသမီးတို့ အတွက် စိတ်ပူရတတ်သည်။ အဖ ကျန်းမာရေး ဂရုစိုက်ပေးပါ။ အချစ်ရေး နှောင့်နှေးမည်။ ချစ် သူနှင့် စကားများရမည်။ အချစ်ရေး တွင် ဘေးရန် မကင်းသေးချေ။ အိမ် ထောင်ရေးသင့်၏။ ခရီးယာယီ၊ ခရီးတို နှောင့်နှေး ခြင်း၊ ပျက်ကွက်ခြင်း ရှိမည်။ ဇူလိုင်လအတွက် ကံဇာတာ ဇူလိုင် ၁၄ ရက်နေ့အထိ ငွေ ကြေးဥစ္စာ စီးပွားနှင့် ပတ်သက်သော အဆင်မပြေမှုများဆက်လက်ကြုံတွေ့ နိုင်သည်။ တနင်္ဂနွေနေ့နံ သားသမီး သို့မဟုတ် လုပ်ငန်းအကြံအစည် အတွက် ငွေကြေးကုန်ကျမှုရှိမည်။ တနင်္ဂနွေနေ့နံသား သမီးနှင့် တနင်္ဂ နွေနေ့ ငွေကြေး ဥစ္စာစီးပွားကိစ္စရှောင် ပါ။ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး သားချင်း၊ အိမ်နီးနားချင်းနှင့် အဆင် မပြေ ဖြစ်တတ်သည်။ ဇူလိုင် ၁၅ ရက်အထိ အဖ သို့ မဟုတ် တနင်္ဂနွေနေ့နံ သားသမီး၏ ကျန်းမာရေး ဆက်လက် သတိထား သင့်သည်။ အိုးအိမ်၊ အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေကိစ္စများ အတွက် စိတ်ချမ်းသာရမည်။ ၄င်းတို့နှင့် သက် ဆိုင်သော ဝင်ငွေအကျိုးအမြတ် ရရှိ တတ်သည်။ ဇူလိုင် ၁၅ ရက်နေ့အထိ အလုပ် အကြံအစည်နှင့် ပတ်သက်သော ရန် အန္တရာယ်နှင့် နစ်နာအကျိုးယုတ်ခြင်း များ ဆက်လက်ရင်ဆိုင်ရတတ် သည်။ ဇူလိုင် ၁၆ ရက်နောက်ပိုင်း အကြောင်းကိစ္စ အရပ်ရပ်တွင် စိတ် အနှောင့်အယှက်များ ဖြစ်ပေါ်လာ တတ်သည်။ ဇူလိုင်လအတွင်း အလုပ်အကြံ အစည်နှင့်ပတ်သက်သော ခိုက်ရန် ဒေါသပဋိပက္ခ၊ အပြိုင်အဆိုင် မှုခင်း ပြဿနာများကို သတိပြုသင့်သည်။ ဇူလိုင်လအတွင်း အသိÓဏ် ပညာတိုးတက်မည်။ အမြင်မှန်ရ မည်။ အကြံကောင်း Óဏ်ကောင်း ပေါ်လာတတ်သည်။ ကုန်သည်ဖြစ် လျှင် အကျိုးထူးခံစားရလိမ့်မည်။ အချစ်ရေး ဖန်တီးလာတတ် သော်လည်း မခိုင်မြဲတတ်ချေ။ စေ့စပ် ရေး လက်ထပ်ရေး မရေမရာဖြစ်နေ မည်။ ဘေးရန် ရောဂါဥပဒ်ဘေး ဂရု စိုက်သင့်သည်။ ဦးခေါင်းနှင့် မျက်စိ ကို ဥပဒ်ပေးတတ်သည်။ သြဂုတ်လအတွက် ကံဇာတာ သြဂုတ်လအတွင်းသောကြာနံ သက်ရှိ၊ သက်မဲ့နှင့် သောကြာနံ ကုန် ပစ္စည်းများ ထွက်တတ်သည်။ သော ကြာနံ ကုန်ပစ္စည်းနှင့် အကျိုးမပေး တတ်သဖြင့် အရောင်းအဝယ်မလုပ် သင့်ချေ။ သြဂုတ် ၁၇ ရက်နောက်ပိုင်း တနင်္ဂနွေနေ့တွင် ထီထိုးပါ။ ငွေကြေး ဥစ္စာ၊ စီးပွားကိစ္စဆောင်ရွက်ပါ။ အလုပ်အကြံအစည် ကောင်းသဖြင့် ငွေကြေးအထူးဝင်လိမ့်မည်။ တနင်္ဂနွေ နေ့နံသားသမီးနှင့် စီးပွားဖက်နိုင်၏။ အိုးအိမ်၊အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေကိစ္စ အတွက် အကုန်အကျများမည်။ အငြင်းပွားရ မည်။ ပျက်စီးဆုံးရှုံးကိန်းရှိသည်။ အကျိုး ယုတ်မည်။ အရောင်းအဝယ် မလုပ်သင့်။ နေရေး ထိုင်ရေး အတွက် စိတ်ဆင်းရဲရလိမ့်မည်။ ခိုက်ရန် ပဋိပက္ခ မှုခင်းကြုံမည်။ ပေါင်းသင်းဆက်ဆံရေး ပျက် ပြားတတ်သည်။ မိတ်ဆွေအတွက် အကုန်အကျများမည်။ မိတ်ဆွေ အကျိုးမပေးတတ်ချေ။ သောကြာနေ့ နံသားသမီးနှင့် သတိထားဆက်ဆံ ပါ။ မိခင်၏ ကျန်းမာရေး ဂရုစိုက် သင့်။ သြဂုတ် ၁၇ ရက် နောက်ပိုင်း အလုပ်ကံကောင်းမည်။ တိုးချဲ့လုပ် ကိုင်ကြံစည်နိုင်သည်။ တနင်္ဂနွေနေ့ တွင် အလုပ်အကြံအစည် စတင် အကောင်အထည်ဖော် သင့်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာ အဆင်မပြေ ဖြစ်လိမ့်မည်။ ချစ်သူ အိမ်ထောင်ဘက် အတွက် သောက ကြုံရတတ်သည်။ အချစ်ရေးမှာ မျှော် လင့်ချက်ဝေးနေပေသည်။ အိမ်ထောင် ရေးသုခမရရှိတတ်ပေ။ ချစ်သူ အိမ် ထောင်ဖက်၏ ကျန်းမာရေးကို ဂရု စိုက်ပေးပါ။ ကရကဋ်ကရာသီဖွား သောကြာ နေ့နံသားသမီးဖြစ်ပါက ကျန်းမာရေး ကို ဂရုစိုက်သင့်။ စက်တင်ဘာလအတွက် ကံဇာတာ စက်တင်ဘာလ ၁၆ ရက်နေ့ အထိ အလုပ်အကိုင် အကြံအစည် များ ကောင်းသဖြင့် စီးပွားရေး ဆက် လက်ကောင်းနေမည်။ တနင်္ဂနွေ နေ့တွင် ထီထိုးခြင်း၊ ငွေကြေးဥစ္စာ စီးပွားကိစ္စဆောင်ရွက်ခြင်းပြုသင့် သည်။ စက်တင်ဘာ ၁၃ ရက်နေ့ အထိ ကာလအတွင်း ဗုဒ္ဓဟူးနေ့နံ သားသမီး နှင့် ငွေကြေးဥစ္စာ စီးပွားကိစ္စ မဆက် ဆံသင့်။ ရောင်းမှား ဝယ်မှား ဖြစ် တတ်သည်။ ညီအစ်ကို မောင်နှမ သားချင်းဆွေမျိုး အတွက် ငွေကြေး ကုန်ကျမည်။ ခရီးယာယီ၊ ခရီးတို သွားလာခြင်းကြောင့် ငွေကြေး အကုန်အကျများတတ်သည်။ စက်တင်ဘာ ၂၇ ရက်နေ့ အထိ အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ် ကား၊ အမွေကိစ္စအတွက် ခိုက်ရန် ဒေါသ၊ ပဋိပက္ခ၊ အပြိုင်အဆိုင်၊ မှုခင်းပြဿနာ ကြုံနိုင်သည်။ နှောင့် နှေးမည်။ မိတ်ဆွေနှင့် စကားများရတတ် သည်။ မိတ်ဆွေဆိုးများကို သတိ ထားပါ။ စက်တင်ဘာ ၂၇ ရက် နေ့အထိ ဘေးရန် ပဋိပက္ခ အပြိုင်အဆိုင်ကြားမှ လုပ်ကိုင်ကြံ စည်ရမည်။ မိမိလုပ်ငန်းစဉ်အလျောက် မှုခင်းပြဿနာ ကြုံတွေ့ရနိုင်သည်။ လုပ်မှား ကိုင်မှား ဖြစ်တတ်သည်။ အင်္ဂါနေ့တွင် အလုပ်အကြံ အစည် မပြုသင့်။ စက်တင်ဘာလ ၂၆ ရက်နေ့ အထိ အချစ်ရေးတွင် မျက်နှာ စန်း ပွင့်လန်းနေလိမ့်မည်။ အချစ်ကံ ကောင်းသော ရက်ပိုင်းနှင့် ကြုံနေ သည်။ ပျိုပျိုအိုအို လောကီ စည်းစိမ် ချမ်းသာကို မိမိအဆင့်အတန်းနှင့် မိမိ ခံစားခွင့်ရရှိမည်။ လင်နှင့် မယား လျှာနှင့်သွားဆိုသလို ဖြစ်တတ်သည်။ အိမ်ထောင်ကျကိန်းရှိသည်။ စက်တင်ဘာလ ၁၄ ရက် နောက်ပိုင်း ဆွေမျိုးသားချင်း အကျိုး ပေးမည်။ ခရီးယာယီ၊ ခရီးတိုသွားလျှင် အကျိုးဖြစ်ထွန်းမည်။ ကျန်းခံ့သာ၍မာချာပေမည်။ အောက်တိုဘာအတွက် ကံဇာတာ အောက်တိုဘာ ၂၂ ရက်နေ့ အထိအတွင်း သောကြာနေ့နံ သား သမီးနှင့် စီးပွားဖက်နိုင်၏။ သော ကြာနေ့တွင် ထီထိုးပါ။ ငွေကြေး ဥစ္စာ စီးပွားကိစ္စလုပ်ပါ။ အောက်တိုဘာလ ၁၇ ရက်နောက်ပိုင်း ငွေကြေးဥစ္စာ စီးပွားဆိုင်ရာ အခက်အခဲနှင့် ကြုံတွေ့ မည်။ တနင်္ဂနွေနေ့တွင် ငွေကြေးစီး ပွားဥစ္စာကိစ္စ ဆောင်ရွက်ခြင်း ရှောင် ပါ။ ငွေကြေး ဝတ်ကောင်းစား ကောင်းဝင်မည်။ အဝတ်အထည်၊ အလှကုန်၊ ကျောက်မျက်ရတနာ စသည့် သောကြာနံ ကုန်ပစ္စည်းများ ရောင်းဝယ်လျှင် စီးပွားဖြစ်ထွန်းမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ် ကားအတွက် အကုန်အကျများခြင်း နစ်နာ အကျိုးဆုတ်ယုတ်ခြင်းများ ရှိမည်။ ဗုဒ္ဓဟူးနေ့နံသားသမီးနှင့် မိတ် ဆွေဖြစ်မည်။ ပညာရေးကောင်းမည်။ အိမ်တွင်းရေး သာယာမည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကောင်းမည်။ စေ့စပ်လက်ထပ်ရေး ကောင်း၏။ အိမ်ထောင်ရှင်များ သား သမီးထွန်းကားတတ်၏။ ငွေကြေးဥစ္စာ စီးပွားကိစ္စ အတွက် ခရီးယာယီသွားရမည်။ အချစ်ရေး၊ ပညာရေး ကိစ္စ များ တွင် အပြိုင်အဆိုင်ပေါ်လာလျှင် မိမိ ကသာ အနိုင်ရရှိတတ်သည်။ အလုပ်အကြံအစည်များ အခက် အခဲကြားမှ ကောင်းမည်။ မိမိ၏ ကောင်းသော ကိုယ်ကျင့်တရား၊ အမြော်အမြင်ရှိခြင်း၊ Óဏ်ပညာရှိ ခြင်းတို့ကြောင့် ကောင်းကျိုးခံစားရ မည်။ အပြိုင်အဆိုင် လုပ်ကိုင်ရခြင်း၊ အလုပ်နှင့် ပတ်သက်သော မှုခင်း ပြဿနာဖြစ်လျှင် မိမိကသာ အောင် မြင်အနိုင်ရရှိမည်။ အလုပ်အကြံ အစည်နှင့် ပတ်သက်၍ အင်္ဂါနေ့နှင့် အင်္ဂါနေ့နံသားသမီးသည် ကံနိမိတ် ကောင်းသည်။ ခရီးဝေး သို့မဟုတ် နိုင်ငံရပ် ခြားခရီးနှင့် ပတ်သက်သော အကျိုး အမြတ် ရရှိခြင်း၊ လိုအင်ဆန္ဒနှင့် ပြည့်စုံခြင်းရှိမည်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်သည်။ နိုဝင်ဘာလအတွက် ကံဇာတာ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ငွေကြေးဥစ္စာ စီးပွားကံ နိမ့်ပါးနေ မည်။ ၁၆ ရက်နေ့အထိ ဝင်ငွေ အကျိုးအမြတ် နည်းပါးနေတတ် သည်။ မျှော်မှန်းချက် လိုအင်ဆန္ဒများ မအောင်မြင်နိုင်ချေ။ ၁ ရက်မှ ၁၆ ရက်အတွင်း အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ် ကား၊ အမွေကိစ္စများ အဆင်မပြေ နိုင်သေးချေ။ ၁၇ ရက်နောက်ပိုင်း မှ အဆင်ပြေလာမည်။ အသိမိတ်ဆွေသစ်ရမည်။ သော ကြာနေ့နံ သားသမီးနှင့် ပေါင်းသင်း ဆက်ဆံလျှင် အကျိုးရှိမည်။ အင်္ဂါနေ့ နံ သားသမီးနှင့် ခိုက်ရန်ဖြစ်တတ် သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အလုပ်နှင့် ပတ်သက်သော ကံဇာတာ ညံ့နေတတ်သည်။ အထူးသဖြင့် ၉ ရက်မှ ၁၅ ရက်အတွင်းမကောင်း ချေ။ ၁၇ ရက် နောက်ပိုင်းအလုပ်နှင့် ပတ်သက်၍ ပျော်ရွှင်ရမည်။ ကောင်း ကျိုးရရှိမည်။ သောကြာနေ့တွင် လုပ် ကိုင်ကြံစည်သင့်သည်။ အိမ်မြေယာဉ် နှင့် ပတ်သက်သော လုပ်ငန်း အကြံ အစည်များအောင်မြင်နိုင်သည်။ ၁၇ ရက်နောက်ပိုင်း အချစ်ရေး၊ အိမ်ထောင်ရေး သာယာအေးချမ်းမှုကို ဖြစ်စေလိမ့်မည်။ အမိ၏ အကျိုးကျေးဇူးခံစားရ တတ်သည်။ နိုဝင်ဘာ ၉ ရက်နောက်ပိုင်း ဘေးရန် အထွေထွေ ကြုံတွေ့တတ် သည်။ အနာပေါက်တတ်သည်။ မတော်တဆ ဘေး၊ ရန်သူ့ဘေး၊ မင်းဘေး အထူးသတိပြု။ ထိခိုက် ဒဏ်ရာရတတ်သည်။ အလကားနေ ရင်း စိတ်တို ဒေါသထွက် နေတတ် သည်။ ခရီးဝေး သို့မဟုတ် နိုင်ငံရပ် ခြားခရီးကိစ္စအောင်မြင်မှု ရလိမ့်မည် မဟုတ်။ ဒီဇင်ဘာလအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားနှင့် ပတ် သက်၍ ဒီဇင်ဘာလ ၁၈ ရက် နောက်ပိုင်း အခက်အခဲတွေ့မည်။ စိတ်သောက ရောက်မည်။ြေ<ွကးမြီ တင်တတ်သည်။ တနင်္ဂနွေနေ့နံသား သမီးနှင့် ခိုက်ရန်ဒေါသ စကားများရ မည်။ ငွေကြေးဥစ္စာ စီးပွားကိစ္စ တနင်္ဂ နွေနေ့တွင် ဆောင်ရွက်ခြင်းရှောင်ပါ။ ဒီဇင်ဘာလ ၁၉ ရက်နောက်ပိုင်း ငွေကြေးဥစ္စာ၊ စီးပွားနှင့် ပတ်သက် ၍ ဘေးရန်ပဋိပက္ခ၊ အပြိုင်အဆိုင်၊ မှုခင်းပြဿနာနှင့် ရင်ဆိုင်ရတတ် သည်။ ရွှေအရောင်းအဝယ်မလုပ်သင့်။ ဝင်ငွေကောင်းမြဲကောင်းနေမည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နောက်ပိုင်းအလုပ်အကြံအစည်များတွင် အခက်အခဲကြောင့် စိတ်ဖိစီးမှုများ မည်။ ၁၉ ရက်နောက်ပိုင်း အပြိုင် အဆိုင်ဘေးရန်များ ကြားမှ အလုပ် အကြံအစည်နှင့် ပတ်သက်၍ မြင့်မား သော အကျိုးပေးမည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက် ပိုင်း အချစ်ရေး ပညာရေး အထူး ကောင်း၏။ အချစ်ရေးကောင်းသော် လည်း တည်တံ့ခိုင်မြဲအောင် ကြိုးစား ရလိမ့်မည်။ ပညာရေးထက် အချစ် ရေးကို စိတ်ဝင်စားနေတတ်သည်။ သားသမီးတို့၏ ဘေးရန်ကင်းရေး ဂရုစိုက်သင့်သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့ နောက် ပိုင်း တနင်္ဂနွေနေ့နံသားသမီးနှင့်။ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ အင်္ဂါနေ့နံ သားသမီးနှင့် ခိုက်ရန်ဖြစ်တတ် သည်။ အိမ်ထောင်ရှင်များ ၁၉ ရက် နောက်ပိုင်း သဘောကွဲလွဲတတ်သည်။ အထင်လွဲမှားတတ်သည်။ အိမ်ထောင် ရေး မအေးချမ်းတတ်ပေ။ စေ့စပ်ရေး၊ လက်ထပ်ရေး မကောင်းသေး။ ဘေးရန်အနှောင့်အယှက်ပေါ်တတ် သည်။ ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်း ရောဂါဥပဒ်ဘေး၊ ရန်သူ့ဘေး၊ မတော်တဆဘေး စသည့် ဘေးရန် အန္တရာယ်များကို သတိပြုပါ။

မိဿရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာဟောစာတမ်း
မိဿရာသီဖွား (ဧပြီ ၁၃ မှ မေ ၁၃)

ငွေကြေးအကျိုးအမြတ်ရမည်။ သို့သော်အဖတ်မတင်ချေ။ လူခိုး လူ လိမ် သတိထားပါ။ အဝတ်အထည်၊ အလှကုန်နှင့် အမျိုးသမီး အသုံး အဆောင်၊ စိန်၊ ရွှေရတနာ၊ တေး ဂီတပစ္စည်း၊ ဇိမ်ခံပစ္စည်း၊ သစ်သီးနှင့် မုန့်မျိုးစုံ၊ ပန်းစသည့် သောကြာနံ ပစ္စည်းဝင်တတ်သည်။ အိမ်၊ အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်၊ ကား၊ ကောက်ပဲ သီးနှံ၊ အမွေအနှစ်၊ မိတ်ဆွေ စသည် တို့နှင့် ပတ်သက်၍ ပျော်ရွှင်ရလိမ့် မည်။ အိမ်၊ မြေ၊ ယာဉ်၊ ကောက်ပဲ သီးနှံရောင်းဝယ်လျှင် အကျိုးပေးမည်။ သားသမီး၊ ပညာရေး၊ အချစ် ရေးအတွက် ခိုက်ရန်ဒေါသ မှုခင်း ကိစ္စကြုံမည်။ ကိုယ်ဝန်ပျက်တတ် သည်။ သို့မဟုတ်ခက်ခဲစွာ မွေးဖွား ရတတ်သည်။ စနေနေ့နံ သားသမီးနှင့် ချစ် ခင်ရင်းနှီးရတတ်သည်။ စေ့စပ်လက် ထပ်ရကိန်းရှိသည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေး သာယာမည်။ အလုပ်အကြံအစည် တိုးတက် အောင်မြင်မည့်လပိုင်းဖြစ်သည်။ ကျန်းမာရေးကို သတိထားလျှင် မမှားနိုင်ချေ။ ခရီးဝေးသို့မဟုတ် နိုင်ငံခြား ခရီး အဆင်ပြေမည်။ အလှူဒါနကုသိုလ် ကောင်းမှုပြုရမည်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားကိစ္စ အဆင် မပြေဖြစ်တတ်သည်။ အဝတ်အထည် အလှကုန်၊ စိန်ရွှေရတနာ စသည့် သောကြာနံပစ္စည်းထွက်တတ်သည်။ သို့မဟုတ်သောကြာနေ့နံ သားသမီး အတွက် စိတ်ပူပင်ရမည်။ ငွေကြေး အကုန်အကျများမည်။ အချစ်ရေး မပြေလည်နိုင်သေး။ သားသမီးရေး၊ ပညာရေးနှင့်အချစ်ရေး ကိစ္စများတွင် ဘေးရန်မကင်းသေး ချေ။ အိမ်ထောင်ရေး ကောင်းသော် လည်း အိမ်ထောင်ဖက်၏ ကျန်းမာ ရေးကိုသတိပြုသင့်၏။ စေ့စပ်လက် ထပ်ရန် မသင့်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ အလုပ်အကြံအစည်များ ဆက် လက်ကောင်းနေမည်။ တနင်္ဂနွေ နေ့ နံ သားသမီး သို့မဟုတ် အကြီးအကဲ မ စမည်။ ဖေဖော်ဝါရီ ၉ မှ ၂၈ အတွင်း အစိမ်းရောင် ကုန်ပစ္စည်း၊ စာအုပ်စာပေ စာရေးကိရိယာ၊ ပညာရေးနှင့် ပတ် သက်၍ ဝင်ငွေအကျိုးအမြတ်ရှိမည်။ သို့သော် အပြိုင်အဆိုင် နှင့်ဘေးရန် ပဋိပက္ခကြုံမည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီးသွားလျှင် အကျိုးရှိမည်။ ဘာ သာရေး၊ သာသနာရေး ကိစ္စ ဆောင် ရွက်ရမည်။ ကျန်းမာရေး သတိပြု ပါ။ မတ်လအတွက် ကံဇတာ ခြေလေးချောင်းအတွက် ငွေ ကြေးကုန်ကျတတ်သည်။ လူခိုးလူ လိမ် ဘေးကြုံတတ်သည်။ တနင်္ဂနွေ နေ့နံနှင့် ဗုဒ္ဓဟူးနံပစ္စည်းထွက်တတ် သည်။ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး နေ့နံ သားသမီးတို့အတွက် စိတ်ပူရမည်။ အထက်လူကြီးသို့မဟုတ် အဖ အတွက် အပူသောက ရှိတတ်သည်။ မတ်လ ၁၄ ရက်မှစ၍ အလုပ် အကြံအစည်များ အဆင်မပြေတတ် ချေ။ မတိုးချဲ့ဘဲ သတိနှင့် မှန်မှန် လုပ်သင့်သည်။ တနင်္ဂနွေနေ့တွင် အလုပ် အကြံအစည်မပြုသင့်။ အချစ် ရေး၊ ပညာရေး နှင့် သားသမီးရေး နှောင့်နှေးမည်။ ဘေးရန်ကြုံမည်။ ကိုယ်ဝန်ဆောင်ရတတ်သော် လည်း ကိုယ်ဝန်ပျက်ကျတတ်သည်။ သို့မဟုတ် ခက်ခဲစွာ မွေးဖွားရတတ် ခြင်း ခွဲစိတ်မွေးဖွားခြင်းရှိမည်။ မိသား စုထဲတွင် တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့နံ သားသမီးရှိပါက ၄င်းတို့၏ ကျန်းမာ ရေးကို ဂရုစိုက်သင့်။ အိမ်ထောင်ရေးမကောင်း။ စေ့ စပ်လက်ထပ်ရန် မသင့်လှပေ။ အိမ် ထောင်ရှင်များ စိတ်သဘောကွဲမည်။ အိမ်တွင်းရေး မသာယာနိုင်ချေ။ အနောက်အရပ်နှင့် စနေနေ့ ခရီး ဝေးသွားခြင်းရှောင်ပါ။ နှောင့်နှေးကြန့်ကြာနေသော ခရီး ဝေးသို့မဟုတ်နိုင်ငံခြား ခရီးကိစ္စ အဆင်ပြေမည်။ ကြာသပတေးနေ့ တွင် ခရီးသွားနိုင်၏။ ဘုရားဖူး ခရီး သွားရတတ်သည်။ အိမ်၊ မြေ၊ ယာဉ် အမွေအနှစ်ကိစ္စ အနှောင့်အယှက်ကြုံ မည်။ ခြေလေးချောင်း ဝင်လျှင် ကျန်း မာရေး ထိခိုက်တတ်သည်။ ဧပြီလအတွက် ကံဇာတာ ငွေကြေးအဝင်များသကဲ့သို့ အထွက်လည်းများမည်။ အဝတ် အထည်၊ အလှကုန်၊ စိန်ရွှေရတနာ စသည့် သောကြာနံကုန်ပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးရှိမည်။ သော ကြာနေ့တွင် ထီထိုးပါ။ ငွေကြေး စီး ပွားကိစ္စ ဆောင်ရွက်ပါ။ လောင်း ကစားမလုပ်သင့်။ ငွေကြေးဥစ္စာ စီး ပွားကိစ္စ ရှုပ်ထွေးတတ်သည်။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးတွင် ကောင်း၊ ဆိုး နှစ်ပါး ရောနှောနေတတ်သည်။ ဧပြီ ၁၂ ရက်နောက်ပိုင်း ဘေးရန် အနှောင့် အယှက်ကြားမှ ကောင်းကျိုးရရှိလိမ့် မည်။ အိမ်၊ မြေ၊ ယာဉ် ကိစ္စ စပ်တူ လုပ်ငန်း မလုပ်သင့်။ နှောင့်နှေးမည်။ စေ့စပ်ရေး၊ လက်ထပ်ရေး အနှောင့်အယှက်ကြားမှ အဆင်ပြေ လာမည်။ မိတ်ဆွေဆိုးများကို သတိထား ဆက်ဆံပါ။ အိမ်ထောင်ရှင်များ အိမ် တွင်းရေး သောကရှိမည်။ စနေနေ့နံ သားသမီး၏ နှောင့်ယှက်မှုကို ခံရ တတ်သည်။ အလုပ်အကြံအစည်များမရေ မရာ မသေမချာ ဖြစ်တတ်သည်။ ညီအစ်ကို မောင်နှမ ဆွေးမျိုး သားချင်း အတွက် သောကရှိမည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီး သွားရကိန်းရှိသော်လည်း နှောင့် နှေးမည်။ ကျန်းမာရေး အခြေအနေ ပြောင်းလဲမှုရှိတတ်သည်။ မေလအတွက်ကံဇာတာ ငွေကြေးဥစ္စာ စီးပွားအတွက် သောကြာနေ့နံသားသမီးနှင့် ပေါင်း သင်းပါ။ ဝင်ငွေအကျိုးအမြတ် အတွက် ဘေးရန်မှုခင်းကိစ္စကြုံတတ် သဖြင့် သတိထားသင့်။ အင်္ဂါနေ့တွင် ငွေကြေးအကျိုးအမြတ်ကိစ္စ မဆောင် ရွက်သင့်။ အိမ်၊ မြေ၊ ယာဉ် အမွေအနှစ် စသည်တို့နှင့် ပတ်သက်၍ ပြဿနာ ပေါ်တတ်သည်။ မိတ်ဆွေမကောင်း ကျိုးပေးတတ်သည်။ အလုပ်အကြံအစည်များ မတိုး တက်နိုင်သေးချေ။ စေနေနေ့နံသား သမီး စနေနေ့တွင် လုပ်ကိုင်ကြံစည် ခြင်းရှောင်လေ။ မေ ၁၃ ရက်နောက်ပိုင်း ထီ ပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ထီ မပေါက်လျှင် ထီပေါက်သကဲ့သို့ ငွေ ကြေးဝင်လိမ့်မည်။ ပညာရေးနှင့် အချစ်ရေးကိစ္စ အထူးကြိုးစားအားထုတ်ရမည်။ မေ ၂၁ နောက်ပိုင်း စနေနေ့နံ သားသမီးနှင့် သဘောကွဲမည်။ အောက်လူ၏ ဆန့်ကျင်မှုကို ခံရတတ် သည်။ ကျန်းမာရေးအွက် စိုးရိမ်စရာ မလိုချေ။ ဇွန်လအတွက်ကံဇာတာ ငွေကြေး ဝတ်ကောင်းစား ကောင်းဝင်မည်။ စီးပွားရေးအခြေ အနေ ကောင်းလာပြီ။ လုပ်ငန်းအကြံ အစည်များ တိုးတက်အောင်မြင်ပြီး ဝင်ငွေကောင်းလာမည်။စီးပွားဖြစ်ထွန်း မည်။ ကြာသပတေးနေ့နံသားသမီး နှင့် စီးပွားဖက်ပါ။ ဇွန်မှစ၍ လစဉ် ပုံမှန်ထီထိုးပေးသင့်သည်။ မိမိအဆင့်အတန်းနှင့် မိမိလုပ် ငန်းစဉ်အလျောက် ဇွန်လမှစ၍ ၂ဝ၁၂ ခုနှစ်ကုန်အထိ အလုပ်အကြံအစည် အခွင့်အလမ်းကောင်းများပေါ်လာမည်။ ကြာသပတေးနေ့တွင် အလုပ်အကြံ အစည်စတင်ပါ။ တိုးချဲ့လုပ်ကိုင် ကြံ စည်နိုင်သည်။ ဇွန်လ ၆ မှ ၂၂ အတွင်း ဆွေ မျိုးသားချင်း အကျိုးခံစားရမည်။ စနေနေ့နံသားသမီးကို သတိ ထားဆက်ဆံပေါင်းသင်းပါ။ ချစ်သူနှင့် စကားများရတတ် သည်။ အချစ်ရေးနှင့် ပတ်သက်သော ဘေးရန်မှုခင်းပြဿနာ သတိထားပါ။ သားသမီးရေး မကောင်း။ သားသမီး ပျက်တတ်သဖြင့်ကိုယ်ဝန်ဆောင်များ ကျန်းမာရေး အထူးဂရုစိုက်ပါ။ ပညာရေးတွင် အပြိုင်အဆိုင် ပေါ်တတ်သည်။ အိမ်ထောင်ကျမည်။ အိမ် ထောင်ရေးသာယာမည်။ စေ့စပ်ရေး လက်ထပ်ရေးပြုနိုင်သည်။ ရောဂါဥပဒ်ဘေး ကြုံတတ် သော်လည်း အသက်အန္တရာယ်မရှိ ချေ။ ခရီးတို၊ ခရီးယာယီ ကောင်း ၏။ ဇူလိုင်လအတွက် ကံဇာတာ စီးပွားရေးဆက်လက်ကောင်း နေမည်။ ကြာသပတေးနေ့နှင့် သော ကြာနေ့တွင် ထီထိုးပါ။ အဝတ် အထည်၊ အလှကုန်၊ စိန်ရွှေရတနာ စသည့် သောကြာနေ့နံပစ္စည်း ရောင်း ဝယ်လျှင် အကျိုးအမြတ်များတတ် သည်။ ဗုဒ္ဓဟူးနေ့နံသားသမီးနှင့် ပေါင်း ပါ။ အင်္ဂါ၊ စနေနေ့နံသားသမီးများကို သတိထား ပေါင်းသင်းသင့်။ အင်္ဂါ၊ စနေနေ့နံသားသမီးနှင့် ခိုက်ရန်ရှိ တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး အညံ့မရှိ။ ကောင်းမြဲကောင်းမည်။ ပညာရေးနှင့် သားသမီးရေး လည်း အထူးအထွေ မကောင်းကျိုး မကြုံတွေ့နိုင်ချေ။ ရောဂါဘေး၊ ရန်သူ ဘေး၊ မတော်တဆဘေး၊ မင်းဘေး အထူး သတိပြုသင့်။ သို့သော် စိုးရိမ် စရာ မရှိ။ ဘေးရန်မှ လွတ်မြောက် နိုင်သည်။ တောင်အရပ်နှင့် အင်္ဂါနေ့ ခရီး ဝေးမသွားသင့်။ ဘေးရန် အနှောင့် အယှက်နှင့် အဆင်မပြေမှုရှိတတ် သည်။ အလုပ်အကြံအစည် ဆက်လက် ကောင်းနေတတ်သည်။ ရောဂါ ဝေဒနာ ဖြစ်ပါက ကုသ ပျောက်ကင်းနိုင်သည်။ သြဂုတ်လအတွက် ကံဇာတာ ငွေကြေးစီးပွား ကံကောင်းနေ သောလဖြစ်သည်။ လူတန်းစား အခြေ အနေနှင့် လုပ်ငန်းစဉ်အလျောက် စီး ပွားရေးလမ်းဖြောင့်ဖြူးနေမည်။ ကြာ သပတေးနေ့တွင် ထီထိုးရန် မမေ့ သင့်ချေ။ ငွေကြေး ဥစ္စာစီးပွားကိစ္စတွင် ဘေးရန်မှုခင်းပြဿနာ သတိပြု သင့်။ မွေးချင်းတို့နှင့် တွေ့ဆုံရမည်။ သို့မဟုတ် မွေးချင်းအတွက် ဝမ်းသာ ရလိမ့်မည်။ ၁၅ ရက်နေ့လယ် ၁ နာရီခွဲမှ ၁၇ ရက်ည ၉ နာရီအတွင်း အိမ်၊ မြေ၊ ယာဉ် အမွေအနှစ်ကိစ္စ ဆောင် ရွက်လျက် အဆင်ပြေမည်။ အချစ်ရေး၊ သားသမီးရေး၊ ပညာရေးပုံမှန်ဖြစ်သည်။ ၁၃ ရက်နောက်ပိုင်း အိမ်ထောင် ဖက်နှင့် စကားများရတတ်သည်။ အိမ်ထောင်ရေးကံဇာတာ ညံ့နေ သည်။ စေ့စပ်လက်ထပ်ရေးတွင် ဘေးရန်အဖျက်အဆီး အနှောင့် အယှက်ရှိမည်။ အလုပ်ကံကောင်းတတ်သည်။ အင်္ဂါနေ့နံသားသမီးနှင် လုပ်ငန်း စပ် တူလုပ်ကိုင်ခြင်းပြုလျှင် အကျိုးပေး သင့်သလောက် မပေးတတ်ချေ။ ခရီးတို၊ ခရီးယာယီ သွားရ ကိန်းရှိသည်။ ခရီးဝေး၊ နိုင်ငံခြား ခရီး သွားလျှင် စနေနေ့တွင် မသွားသင့်။ ကြာသပတေးနေ့တွင် ထွက်ခွာသင့်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်သည်။ စက်တင်ဘာလအတွက်ကံဇာတာ စီးပွားရေးတွင် လုပ်တိုင်းဖြစ်နေ သည်ဆိုပြီး မဆင်မခြင် စွန့်စား လုပ် ကိုင်ခြင်းမပြုသင့်။ ငွေကြေးဥစ္စာ စီး ပွားနှင့်ပတ်သက်၍ အပြိုင်အဆိုင် ပဋိ ပက္ခ ဘေးရန်များဝိုင်းရံနေသည်။ မှု ခင်းပြဿနာ မဖြစ်ရန် သတိပြု ဆောင်ရွက်ပါ။ အိုးအိမ် အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေအနှစ် ကိစ္စ ၁ ရက်မှ ၂၆ ရက် အတွင်း အဆင်ပြေမည်။ ၄င်းကိစ္စများ သော ကြာနေ့တွင် ဆောင်ရွက်လျှင် ကံ ကောင်းမည်။ မိတ်ဆွေတိုးပွားမည်။ မိတ်ဆွေ အကျိုးပေးလိမ့်မည်။ အလုပ်မရှိလျှင် အလုပ်ရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူး အဆင့် အတန်း တိုးတက်မည်။ ကုန်သည် ပွဲစားဖြစ်လျှင် အရောင်းအဝယ် ကောင်းမည်။ ကြာသပတေးနေ့တွင် လုပ်ကိုင်ကြံစည်ပါ။ အလုပ်နှင့်ဆိုင် သော ဘေးရန်မှုခင်းကိစ္စ ကြုံတတ် ၏။ စက်တင်ဘာလ ၂၇ ရက်အထိ အိမ်ထောင်ရေးတွင် ဘေးရန် အနှောင့် အယှက်ရှိမည်။ လူပျို၊ အပျိုဖြစ်လျှင် လက်ထပ်ရန်မသင့်။ အရှုပ်အရှင်း ပြဿနာပေါ်တတ်သည်။ အိမ်ထောင် ရှင်များ မတည့်အတူနေ သို့မဟုတ် ခွဲခွာနေရတတ်သည်။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးကောင်း၏။ စက်တင်ဘာလ ၁၇ ရက် နောက်ပိုင်း တနင်္ဂနွေနေ့နံ သားသမီး သို့မဟုတ် အထက်လူကြီး သဘော ကွဲတတ်သည်။ အလှူဒါန ကုသိုလ်ကောင်းမှု လုပ်ရတတ်သည်။ သို့မဟုတ် ခရီး ဝေး၊ နိုင်ငံခြားခရီးသွားရကိန်းရှိသည်။ အောက်တိုဘာလအတွက် ကံဇာတာ ဆေးပစ္စည်း၊ စက်ပစ္စည်း၊ လျှပ် စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း၊ ရွှေစသည့် အင်္ဂါနံပစ္စည်းများ ထွက် တတ်သည်။ စီးပွားရေးကောင်းမည်။ သို့သော် ငွေကြေးဥစ္စာ စီးပွားနှင့် ပတ် သက်သော ဘေးရန်မှုခင်းကိစ္စကြုံ တတ်သည်။ အချစ်ရေးကံကောင်းမည်။ မျက် နှာပွင့်လန်းမည်။ ချစ်သူတွေ့မည်။ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရှိတတ်သည်။ သား သမီး မွေးရတတ်သည်။ အလုပ်နှင့်ပတ် သက်သော ဘေးရန်ပဋိပက္ခ အပြိုင် အဆိုင်မှုခင်းကိစ္စကြုံတတ်သည်။ တနင်္ဂနွေနေ့တွင် အလုပ်အကြံ အစည်ပြုသင့်။ ဗုဒ္ဓဟူး၊ စနေနေ့နံသား သမီး တစ်ဦးဦးနှင့် ချစ်ခင်ရင်းနှီးရတတ် သည်။ အိမ်ထောင်ရေး အထူး အထွေ အညံ့မရှိ။ အိုးအိမ် အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေအနှစ် ကိစ္စ စနေနေ့နံသား သမီးနှင့် မဆက် ဆံသင့်။ အကျိုးမပေးတတ်ချေ။ စနေ့နေ့နှင့် အနောက်အရပ် ခရီး ဝေးရှောင်ပါ။ ကြာသပတေးနေ့တွင် သွားသင့်။ နိုဝင်ဘာလအတွက်ကံဇာတာ ငွေကြေးဥစ္စာ စီးပွားကိစ္စ အင်္ဂါ နေ့တွင် မဆောင်ရွက်သင့်။ အင်္ဂါနေ့ နံသားသမီးနှင့် စီးပွားဖက်ခြင်းလည်း ရှောင်ပါ။ လူခိုး၊ လူလိမ် သတိပြုရ မည်။ ငွေကြေးအကုန်အကျ အဆုံး အရှုံးရှိတတ်သည်။ ငွေကြေး အဝင် များမည်။ မွေးချင်းအတွက် သောကရှိ မည်။ ဆွေမျိုးသားချင်း အကျိုး မပေး။ အချစ်ရေး၊ ပညာရေး မတိုး တက်နိုင်သေး။ သောကြာနေ့နံ သား သမီးနှင့် ရန်ဖြစ်ရတတ်သည်။ မွေး ချင်းနှင့် မသင့်မတင့်ဖြစ်မည်။ အင်္ဂါနေ့နှင် တောင်အရပ် ခရီး ဝေးရှောင်ပါ။ သွားလျှင်ဘေးရန် ကြုံ တတ်သည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြားခရီး နှောင့်နှေးမည်။ အလုပ်အကြံအစည်တိုးတက် ကိန်းရှိနေသဖြင့် တိုးချဲ့လုပ်ကိုင် ကြံ စည်ပါ။ ကြာသပတေးနေ့နံ သား သမီး၏ အကူအညီ အထောက်အပံ့ ရရှိမည်။ ရောဂါဥပဒ် ဘေးကင်းမည်။ ကျန်းမာရေး မစိုးရိမ်ရချေ။ ဒီဇင်ဘာလအတွက် ကံဇာတာ အပြိုင်အဆိုင် လုပ်ကိုင်ကြံစည် ရလျှင် အနိုင်ရမည်။ ဆေးဝါး၊ စက်၊ လျှပ်စစ်၊ အီလက်ထရွန်းနစ်၊ ရွှေ စသည့် အင်္ဂါနံလုပ်ငန်းအကျိုးပေး မည်။ အိုးအိမ်၊ အဆောက်အအုံ၊ လယ်ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေ၊ မိခင်၊ မိတ်ဆွေအတွက်စိတ်ပူပင်ရ တတ်သည်။ ၄င်းကိစ္စများနှင့် ပတ် သက်သော ခိုက်ရန်ဒေါသ မှုခင်း ကိစ္စ ဖြစ်ပေါ်လာတတ်သည်။ မိတ်ဆွေ ဆိုးများကို သတိထားပါ။ တနင်္ဂနွေနေ့နံ သားသမီး သို့ မဟုတ် အဖ၊ အထက်လူကြီး၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အင်္ဂါ နေ့တွင် အိမ်၊ မြေ၊ ယာဉ် အရောင်း အဝယ်မလုပ်သင့်။ စီးပွားရေးအခြေအနေ ကောင်းမြဲ ကောင်းမည်။ ချစ်သူနှင့်စကားများရတတ် သည်။ သို့မဟုတ် အချစ်ရေးတွင် ဘေးရန်ရှိတတ်သည်။ သား သမီးတို့ ၏ ဘေးရန်ကင်းရေးနှင့် ကျန်းမာရေး ဂရုစိုက်ပေးပါ။ ပညာရေးတွင် အထူး ကြိုးစား အားထုတ်ရမည်။ အိမ်ထောင်ရေးကောင်း၏။ စေ့ စပ်လက်ထပ်နိုင်၏။ အိမ်ထောင်ရှင် များ အိမ်တွင်းရေး မအေးချမ်းတတ် ချေ။ ကျန်းမာရေး အထူးအထွေ အညံ့မရှိ။ အချုပ်အားဖြင့် မိဿရာသီ ဖွား များသည် ၂ဝ၁၂ ခုနှစ်အတွင်း မေလ ၁၃ ရက်မှ စတင်၍ ငွေကြေး စီးပွား ကိစ္စ အထူးကောင်း၏။ မေလ ၁၃ ရက်မှ စတင်၍ အလုပ်အကြံအစည်များ တိုးတက် အောင်မြင်ကောင်းမွန်မည်။ အိမ်ထောင်ရေး မေလ ၁၂ ရက် နေ့အထိ အထူးကောင်း၏။ အိမ် ထောင်ကျတတ်၏။ ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီး မေလ ၁၂ ရက်နေ့ အထိ အတွင်း သွားရကိန်းရှိသည်။ ကျန်း မာရေး၊ ပညာရေး၊ အချစ်ရေး၊ သား သမီးရေး ဇွန်လ ၂ဝ ရက်အထိ ဘေး အန္တရာယ်ကြုံနိုင်သည်။
 
သိဟ်ရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
သြဂုတ် ၁၇ မှ စက်တင်ဘာ ၁၆
အရှေ့နိုင်ငံသုံး နိရာယနနည်း စနစ်ဖြင့် ယေဘုယျ သတ်မှတ်ခြင်း ဖြစ်သောကြောင့် ဗေဒင်ဝါသနာရှင်များ ဖတ်ဖူးနေကျ အနောက်နိုင်ငံသုံး သာယနနည်းစနစ်ဖြင့် သတ်မှတ် သော ရာသီဖွားသတ်မှတ်ပုံနှင့် မတူ ညီရခြင်းဖြစ်သည်။ မိမိမွေးသည့် နှစ်၊ လ၊ ရက် အရ မည်သည့် ရာသီဖွားဖြစ်သည်ကို ဈေးကွက်ဂျာနယ် အမှတ် - ၇၃၅ (၁၃-၁ဝ-၂ဝ၁၁)နေ့ထုတ်တွင် ဖော် ပြခဲ့သည့် ''၂ဝ၁၂ ခုနှစ်အတွက် ၁၂ ရာသီဟောကိန်း အကြိုမိတ်ဆက်'' ကိုဖတ်ပြီးမှ ဤဟောစာတမ်းကို ဖတ်သင့်ပါသည်။ ဇန်နဝါရီလအတွက် ကံဇာတာ ဇန်နဝါရီ ၅ ရက်မှ ၂၂ ရက် အတွင်း ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ ခြင်း၊ လုပ်ငန်းမအောင်မြင်ခြင်းစသည် တို့ဖြစ်တတ်သည်။ ထိုရက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့တွင် ငွေကြေးစီးပွားကိစ္စ ဆောင်ရွက်ခြင်း ရှောင်ပါ။ ဇန်နဝါရီ ၂၄ ရက်အထိအတွင်း ခိုက်ရန်ဒေါသ ပဋိပက္ခ၊ အပြိုင်အ ဆိုင်ကြားမှ အိုး၊ အိမ်၊ အဆောက် အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စနှင့် ပတ်သက်သော အကျိုးပေးမှုများ စတင်ဖြစ်ပေါ်လာမည်။ ၂ဝ၁၁ ခု၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၂ ခု၊ ဇန်နဝါရီ ၈ ရက်အတွင်း ညီအစ်ကို မောင်နှစ်မ၊ သားချင်း၊ ဆွေ မျိုးထဲက သောကြာနေ့နံ သားသမီး နှင့် စကားများရတတ်သည်။ ၂ဝ၁၁ ခု၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၂ ခု၊ ဇန်နဝါရီ ၈ ရက်အတွင်း အလုပ်အကြံအစည်နှင့်ပတ်သက်သော အခက်အခဲတွေ့ခြင်း၊ စိတ်သောက ရောက်ခြင်း၊ ဘေးရန်ပဋိပက္ခဖြစ်ခြင်း ရှိမည်။ ၁၅-၁၂-၂ဝ၁၂ နေ့မှ နောက် ပိုင်း အဘသို့မဟုတ် အထက်လူကြီး၊ အကြီးအကဲ၊ တနင်္ဂနွေနံ သားသမီး တို့နှင့် သဘောကွဲတတ်သည်။ ထို ရက်ပိုင်းအတွင်း အလုပ်အကြံအစည် နှင့်ပတ်သက်၍လည်းဘေးရန်ပဋိပက္ခ အခက်အခဲ စိတ်သောက စသည်တို့ ဖြစ်တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ခိုက်ရန် ဒေါသ၊ ပဋိပက္ခ မှုခင်းကိစ္စ ကြုံတတ်သည်။ အစွပ် အစွဲခံရမည်။ အရှက်တကွဲ ဖြစ်မည်။ အိမ်ထောင်ကွဲပျက်တတ်သည်။ ဇွန် ၂ဝ ရက်အထိအတွင်း အထူးသတိ ထားသင့်သည်။ ဇန်နဝါရီ ၂၅ ရက်နောက်ပိုင်း ခိုက်ရန်ဒေါသ၊ မှုခင်းကိစ္စ၊ အထိအ ခိုက်၊ အရှအနာ၊ မတော်တဆဘေး၊ ရန်သူဘေး၊ မင်းဘေး စသည်တို့ ကြုံ တွေ့ရတတ်သည်။ ကျန်းမာရေး စိုးရိမ်စရာ မလိုချေ။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ၂၃-၁-၂ဝ၁၂ နေ့မှ ၈-၂-၂ဝ၁၂ နေ့အထိအတွင်း ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ်သက်သော ဘေး ရန်ပဋိပက္ခကြုံမည်။ အခက်အခဲတွေ့ မည်။ စိတ်သောကရောက်မည်။ ဗုဒ္ဓဟူးနေ့တွင် ငွေကြေးဥစ္စာ စီးပွား ကိစ္စဆောင်ရွက်ခြင်း မပြုသင့်။ အိုး အိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာ ခြံမြေ ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စများ အကျိုး ပေး မလိုလိုနှင့် ၂၅-၂-၂ဝ၁၂ နေ့မှ စ၍ နောက်ဆုတ်နှောင့်နှေးသွားတတ် သည်။ ၁၃-၂-၂ဝ၁၂ နေ့မှ နောက်ပိုင်း အလုပ်အကြံအစည်များနှင့် ပတ်သက် ၍ အခက်အခဲကြုံတွေ့မည်။ လုပ်ငန်း အကြံအစည် မအောင်မမြင်ဖြစ်တတ် သည်။ တနင်္ဂနွေနံ သားသမီးနှင့် ပူးတွဲလုပ်ကိုင်ကြံစည်ခြင်း မပြုသင့်။ အထက်လူကြီး အကြီးအကဲ အကျိုး မခံစားရတတ်ချေ။ ၈-၂-၂ဝ၁၂ နေ့အထိအတွင်း ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် မသင့်မြတ် တတ်ချေ။ ၃-၂-၂ဝ၁၂ နေ့နောက် ပိုင်း သောကြာနံ သက်ရှိ သက်မဲ့ ထွက်တတ်သည်။ သောကြာနေ့နံ သားသမီး မိသားစုထဲတွင်ရှိပါက ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ၁၁-၂-၂ဝ၁၂ နေ့မှစ၍ အချစ် ရေး အိမ်ထောင်ရေးနှင့်ပတ်သက်သော ကိစ္စများ မတိုးတက်ဘဲ ဆုတ်ယုတ် သွားတတ်သည်။ စေ့စပ်ရေး လက် ထပ်ရေး မကောင်းသေး။ ၃-၂-၂ဝ၁၂နေ့ နောက်ပိုင်း အိမ်ထောင် ဖက်၏ ကျန်းမာရေး သတိပြုပါ။ အချစ်ရေး အိမ်ထောင်ရေး ရှုပ်ထွေး မည်။ အိမ်တွင်းရေးလည်း သာယာ အေးချမ်းမှု မရှိတတ်ပေ။ ယောက်ျား ဖြစ်လျှင် မိန်းမ အနှောင့်အယှက် ၊ မိန်းမဖြစ်လျှင် ယောက်ျားအနှောင့်အ ယှက် ကြုံတွေ့မည်။ ခိုက်ရန်ဒေါသ၊ မှုခင်းကိစ္စ၊ မတော်တဆ ဘေး၊ ရန်သူဘေး၊ မင်း ဘေးစသည်တို့ကို သတိထားမြဲထား သင့်။ ခရီးဝေး(သို့) နိုင်ငံခြားခရီးကိစ္စ ကောင်း ဆိုး ရောနေမည်။ ကျန်းမာရေး သတိထားလျှင် မမှားနိုင်ချေ။ မတ်လအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားရေးအခြေ အနေ လှုပ်ရှားဖောက်ပြန်မှုရှိမည်။ ဗုဒ္ဓဟူးနံ ထွက်တတ်သည်။ ငွေ ပျောက်ဆုံးမည်။ ငွေကြေးဥစ္စာစီးပွား နှင့် ပတ်သက်သောကိစ္စများ အထ မမြောက်ခြင်း၊ ပျက်ပြားခြင်း၊ ရှုံးနိမ့် ခြင်း၊ စိတ်ဆင်းရဲခြင်း ရရှိလိမ့်မည်။ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့်ယာယီအား ဖြင့် စီးပွားမဖက်သင့်။ ဗုဒ္ဓဟူးနေ့တွင် ငွေကြေးဥစ္စာစီးပွားကိစ္စ မဆောင်ရွက် နှင့်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အခြေအနေ အပြောင်း အလဲဖြစ်တတ်သည်။ သို့မဟုတ် သောကရောက်ခြင်း ရှုပ်ထွေးခြင်း ရှိ မည်။ အလုပ်အကြံအစည်များမအောင် မြင်၊ မတိုးတက်နိုင်သေး။ တနင်္ဂနွေ နေ့နှင့်သောကြာနေ့တွင် အလုပ်အကြံ အစည် မပြုသင့်။ မတ် ၁၄ ရက်နောက်ပိုင်း တနင်္ဂနွေနံ သက်ရှိ သက်မဲ့ ထွက် ကိန်းရှိသည်။ အဖ အထက်လူကြီး၊ အကြီးအကဲ၊ တနင်္ဂနွေနေ့နံ သား၊ သမီး ကျန်းမာရေး ညံ့မည် သို့မဟုတ် ¤င်းတို့အတွက် အပူသောကကြုံတတ် သည်။ အလုပ်အပြောင်းအလဲ အပြောင်းအရွှေ့ မကြုံသေးပါက အလုပ်အကြံအစည်အပြောင်းအလဲ အပြောင်းအရွှေ့ ကြုံတတ်သည်။ မတ် ၁၃ ရက်နေ့အထိ အချစ် ရေး အိမ်ထောင်ရေးတွင် အပူသောက ရှိနေတတ်သည်။ အချစ်ရေး၊ အိမ် ထောင်ရေးကိစ္စများတွင် အခက်အခဲ များ၊ မအောင်မြင်မှုများနှင့် ရင်ဆိုင် ရမည်။ လင်မယား သဘောကွဲတတ် သည်။ ဘေးရန်အထွေထွေနှင့် မကင်း တတ်ပေ။ ဘေးရန်ကင်းအောင် စိတ် ရှည်သည်းခံတတ်သူများအဖို့ ခလုတ် တိုက်၊ ဆူးစူး၊ နဖူးပေါက်၊ ခေါင်း ကွဲ အစရှိသော မတော်တဆလေး များကို သတိပြုရပေမည်။ အလကား နေရင်း စိတ်မကြည်၊ ဘယ်သူနှင့်မှ စကားမပြောသင့်။ အဆင်မပြေမှု တစ်ခုမဟုတ်တစ်ခုဖြစ်ကာ စိတ်အ နှောင့်အယှက်များ ဖြစ်ပေါ်နိုင်သည်။ မတ် ၁၄ ရက်နောက်ပိုင်း ဖျားနာတတ်သည်။ ဧပြီလအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ်သက်၍ လှုပ်ရှားပြောင်းလဲမှု ရှိနေ ဦးမည်။ မိမိ၏ ပတ်ဝန်းကျင်အခြေ အနေအရ လှုပ်ရှားပြောင်းလဲမှုသည် ကောင်းကျိုး ဆိုးကျိုးတို့ကို ဖြစ်စေ လိမ့်မည်။ အကောင်း သို့မဟုတ် အဆိုး ပြောင်းလဲမှုမှာ မိမိအပေါ်မှာ သာ မူတည်သည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စနှင့်ပတ်သက် ၍ ဧပြီ ၁၂ ရက်နေ့အထိ လှုပ်ရှား ဖောက်ပြန်ပြောင်းလဲမှုရှိနေမည်။ ဧပြီ ၁၃ ရက်နောက်ပိုင်း ကောင်းကျိုး ရလဒ်များ ပြန်လည်ရရှိနိုင်သည်။ မိမိလုပ်ငန်းစဉ်အလျောက် အလုပ်အကြံအစည်များ တိုးတက် ကောင်းမွန်လိမ့်မည်။ အလုပ်အကြံ အစည်များ ပြောင်းလဲရတတ်သည်။ ကောင်းသောပြောင်းလဲခြင်း ဖြစ်မည်။ သောကြာနေ့တွင် လုပ်ကိုင်ကြံစည်၏။ သောကြာနေ့နံ သားသမီးနှင့် စပ်တူ လုပ်ကိုင်ကြံစည်နိုင်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ မသာယာနိုင်သေး။ ချစ်သူ အိမ် ထောင်ဖက်၏ အထင်အမြင်လွဲမှားမှု ကို ခံရတတ်သည်။ အိမ်ထောင်မကွဲ ပျက်ရန် သည်းခံပါ။ အပျို-လူပျိုတို့ အဖို့ စေ့စပ်လက်ထပ်ရန် မသင့်သေး။ အင်္ဂါနေ့နံ သားသမီးက နှောင့်ယှက် တတ်သည်။ မူလဖွားဇာတာ အခြေခံ ကောင်းသူများအဖို့ သိသိသာသာ အညံ့မကြုံတွေ့နိုင်သော်လည်း မူလ ဖွားဇာတာ အခြေခံ မခိုင်ခန့်သူများမှာ သိသိသာသာ အညံ့ကြုံတွေ့ရနိုင် သည်။ အိမ်တွင်းရေး အခြေအနေ လည်း လှုပ်ရှားဖောက်ပြန်ပြောင်းလဲမှု ရှိမည်။ မိမိ၏ လုပ်ငန်းစဉ်နှင့် ပတ်ဝန်း ကျင်အခြေအနေအရ ခိုက်ရန်၊ ဒေါသ၊ မှုခင်းကိစ္စ၊ မတော်တဆဘေး၊ မင်း ဘေး၊ ရန်သူဘေးများ ကြုံရတတ်ပေ သည်။ သတိရှိစွာ ဆင်ခြင် သတိ ထားနိုင်သူများအဖို့ အညံ့သက်သာ မည်။ ဧပြီ ၁၂ ရက်နေ့အထိ အတွင်း အနာရောဂါများ၍ ကျန်းမာရေးထိ ခိုက်မည်။ တောင်အရပ်သို့ အင်္ဂါနေ့တွင် မျက်စိလည်လမ်းမှားပြီး ခရီးသွား မည်မကြံလေနှင့်။ လာမည့်ဘေးကို ပြေးတွေ့သလို ဖြစ်လိမ့်မည်။ မေလအတွက် ကံဇာတာ မေ ၄ ရက်မှ ၂ဝ ရက်အတွင်း ငွေကြေးဥစ္စာ စီးပွားကံကောင်းတတ် သည်။ ဗုဒ္ဓဟူးနေ့တွင် ထီထိုးပါ။ငွေကြေးဥစ္စာစီးပွားရေးကိစ္စ ဆောင် ရွက်ပါ။ မေ ၁၃ ရက်မှစ၍ ငွေကြေး ဥစ္စာပစ္စည်း ဝတ်ကောင်းစားကောင်း အထူးဝင်လျက် စီးပွားရေးအထူး ကောင်းလာတော့မည်။ ထီပေါက် ကိန်း သို့မဟုတ် ထီပေါက်သကဲ့သို့ ငွေဝင်ကိန်းရှိသည်။ အမွေရကိန်းရှိ သည်။ ကြာသပတေးနေ့တွင် ထီထိုး သင့်သည်။ ငွေကြေးဥစ္စာစီးပွားကိစ္စ ဆောင်ရွက်သင့်သည်။ အိုး အိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ ကျွဲ နွား ယာဉ် ကား စသည်တို့ ဝင်တတ်သည်။ အရောင်းအဝယ် လုပ်ရတတ်သည်။ မိတ်ဆွေကောင်း တွေ့မည်။ ကြာသပတေးနေ့နံ သားသမီးနှင့် ပေါင်းပါ။ ၂ဝ၁၂ ခုနှစ်အတွင်း မေ ၁၃ ရက်မှစ၍ အလုပ်အကြံအစည်များ အထူးတိုးတက် ကောင်းမွန်လာလိမ့် မည်။ အလုပ်မရှိသူများ အလုပ်ရတတ်သည်။ ကြာသပတေးနေ့တွင် လုပ်ကိုင်ကြံစည်သင့်သည်။ ပညာရေး၊ အချစ်ရေး၊ သား သမီးရေး ကောင်းမည်။ သားသမီး ထွန်းကားမည်။ မေလ ၂၁ ရက်မှစ၍ ငွေကြေး အကုန်အကျများရန် အကြောင်းကိစ္စ ပေါ်ပေါက်လာတတ်သည်။ လူခိုး လူလိမ် အထူးသတိပြုသင့်။ ငွေလက် မလွန်သင့်။ ဆုံးရှုံးတတ်၏။ စနေနေ့ နံ သားသမီးနှင့် စီးပွားဖက်ခြင်း၊ စနေ နေ့တွင် ငွေကြေး ဥစ္စာ စီးပွားကိစ္စ ဆောင်ရွက်ခြင်း မပြုရ။ အိမ်တွင်းရေး၊ မိသားစုအရေး၊ အေးချမ်းသာယာမည်။ အိမ်ထောင်ပြု လိုသူများ လက်ထပ်ရေး ပေါင်းဖက် ရေး မရေရာ မသေချာလှသေး။ ၂ဝ၁၂ ခုနှစ်အတွင်း မေ ၁၃ ရက်မှစ၍ မတော်တဆဘေး၊ ရန်သူ ဘေး၊ မင်းဘေး၊ မှုခင်း စသည်တို့ အတွက် စိုးရိမ်စရာ မရှိတော့ပါ။ ဘေးဥပဒ်ကြုံခဲ့လျှင်လည်း လွတ် မြောက်နိုင်ပါသည်။ ရန်သူကို အောင် နိုင်လိမ့်မည်။ ၂ဝ၁၂ ခုနှစ်အတွင်း မေ ၁၃ ရက်မှစ၍ ရောဂါ ဥပဒ်ဘေးကင်း လျက် ကျန်းမာရေးကောင်းနေမည်။ ဇွန်လအတွက် ကံဇာတာ ဇွန် ၆ ရက်မှ ၂၂ ရက်အတွင်း ဗုဒ္ဓဟူးနံ သက်ရှိ သက်မဲ့ ဝင်ကိန်း ရှိသည်။ ငွေကြေး အမြတ်အစွန်း များလျက် ဝင်ငွေကောင်းမည်။ ငွေ ကြေး ဥစ္စာ စီးပွားနှင့် ပတ်သက်သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ပြည့်ဝလိမ့်မည်။ ဗုဒ္ဓဟူးနေ့တွင် ငွေ ကြေးဥစ္စာစီးပွားကိစ္စများ ဆောင်ရွက် သင့်။ ဇွန် ၂၁ ရက်နောက်ပိုင်း လူခိုး လူလိမ် အထူးသတိပြုပါ။ ငွေကြေး ဥစ္စာစီးပွားအတွက် ခိုက်ရန်ဒေါသ၊ ပဋိပက္ခဖြစ်မည်။ မိမိလုပ်ငန်းစဉ်အ လျောက် မှုခင်းကိစ္စကြုံတွေ့နိုင်သည်။ ငွေကြေး အကုန်အကျ အဆုံးအရှုံး လည်းများလိမ့်မည်။ ထိုရက်ပိုင်းအ တွင်း အင်္ဂါနေ့နှင့် အင်္ဂါနေ့နံ သား သမီးရှောင်ပါ။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာ ခြံ မြေ၊ ကျွဲနွား၊ ယာဉ်၊ ကား၊ အမွေကိစ္စ စသည်တို့ အဆင်ပြေမည်။ ကြာသပတေးနေ့ တွင် အရောင်းအဝယ် လုပ်နိုင်သည်။ စနေနေ့တွင် ရောင်းဝယ်ခြင်း ရှောင် ပါ။ နှောင့်နှေးမည်။ အနှောင့်အယှက် ကြုံတတ်သည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမည်။ မိတ်ဆွေတိုးပွားမည်။ စနေနေ့နံ သားသမီးကို သတိထား ပါ။ အလုပ်အကြံအစည်များ ကောင်း မြဲကောင်းမည်။ အကြံအစည်အောင် မည်။ အလုပ်အကိုင်နေရာကောင်းရ တတ်သည်။ ဝန်ထမ်းဖြစ်လျှင် ရာ ထူးတိုးတက်လိမ့်မည်။ ဇွန် ၂ဝ ရက်အထိ အတွင်း အိမ်ထောင်ရေးတွင် ဘေးရန်များနေ တတ်သည်။ အခြေအနေအရ အိမ် ထောင်ကွဲပျက်ကိန်းရှိသည်။ သို့မ ဟုတ် ခွဲခွာနေရကိန်းရှိသည်။ အိမ် ထောင်ဖက်သည် အင်္ဂါနေ့နံ သား သမီးဖြစ်လျှင် အိမ်ထောင်ရေး ပဋိ ပက္ခဖြစ်နိုင်ခြေ ပို၍များတတ်သည်။ အိမ်တွင်းရေးတွင် အနှောင့်အယှက် ရှိမည်။ ဇွန် ၂၁ ရက်နောက်ပိုင်း ခရီး ဝေး၊ နိုင်ငံခြားခရီး သို့မဟုတ် ဘာ သာရေးနှင့် ကုသိုလ်ကောင်းမှုကိစ္စ များ ဆောင်ရွက်အောင်မြင်လိမ့်မည်။ သားသမီးအတွက် စကားများ ရတတ်သည်။ သားသမီးတို့၏ ဘေး ရန်ကင်းရေး ဂရုစိုက်သင့်။ သားသမီး နှင့် စိတ်သဘောကွဲမည်။ ကိုယ်ဝန် ဆောင်များ သားလျှောသားပျက် ဖြစ် ကိန်းရှိသည်။ သို့မဟုတ် ခွဲစိတ်မွေး ဖွားရတတ်သည်။ မကျန်းမမာဖြစ်လျှင် ဆေးကုသ ၍ ရောဂါပျောက်ကင်းလိမ့်မည်။ ဇူလိုင်လအတွက် ကံဇာတာ ဇူလိုင် ၁၅ ရက်အထိ အတွင်း တနင်္ဂနွေနံနှင့် အနီရောင်ပစ္စည်း ဝင် တတ်သည်။ ဗုဒ္ဓဟူးနံနှင့်အစိမ်းရောင် ရောင်ပစ္စည်းများ ထွက်တတ်သည်။ ငွေကြေးဥစ္စာစီးပွားအတွက် အငြင်း ပွားရတတ်သည်။ ငွေကြေးအကုန် အကျလည်း များမည်။ ငွေကြေးအ ဝင်များလျက် စီးပွားရေးကောင်းနေ သော်လည်း ငွေကြေးစီးပွားရေးကိစ္စ များတွင် နစ်နာခြင်း၊ ဘေးဒုက္ခရောက် ခြင်း၊ အကျိုးနည်းခြင်းတို့နှင့်လည်း ရင်ဆိုင်ရစရာရှိသည်။ ငွေကြေးစီးပွားကိစ္စတွင် အနှောင့် အယှက်ရှိတတ်သည်။ အိုးအိမ်၊ အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲနွား၊ ယာဉ်၊ ကား အမွေကိစ္စများတွင် နှောင့်နှေး ခြင်း၊ ရှုပ်ထွေးခြင်း ဖြစ်တတ်သည်။ အရောင်းအဝယ် မလုပ်သင့်။ ¤င်းကိစ္စ များကို စနေနေ့တွင် ဆောင်ရွက်ခြင်း မပြုနှင့်။ စနေနေ့နံ သားသမီးကို သတိ ထား ဆက်ဆံပါ။ မိတ်ဆွေအပေါင်း အသင်းအတွက် စိတ်သောက ရောက် တတ်သည်။ ဇူလိုင် ၁၆ ရက်မှစ၍ အလုပ် အကြံအစည်များ အဆင်မပြေဖြစ်လာ မည်။ မတိုးချဲ့ဘဲ ပုံမှန်သာ သတိဖြင့် ဆောင်ရွက်ပါ။ အလုပ်အကြံအစည် နှင့်ပတ်သက်၍ တနင်္ဂနွေနေ့ သားသ မီးကို ယာယီရှောင်သင့်။ တနင်္ဂနွေ နေ့တွင် အလုပ်အကြံအစည် မပြုရ။ လုပ်ငန်းနှင့်ပတ်သက်၍လည်း အကုန် အကျနှင့် နစ်နာအကျိုးယုတ်ခြင်းရှိ မည်။ အိမ်တွင်းရေး သာယာအေးချမ်း မည်။ မိသားစု ပျော်ရွှင်ရလိမ့်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး ပြဿနာများ မရှိတော့သဖြင့် တ ဖြည်းဖြည်းပြန်လည်အဆင်ပြေလာမည်။ ဇူလိုင် ၁၆ ရက်နောက်ပိုင်း အဖ၊ အထက်လူကြီး၊ အကြီးအကဲနှင့် တနင်္ဂနွေနေ့နံ သားသမီးတို့၏ ကျန်း မာရေးကို ဂရုစိုက်ပေးပါ။ ¤င်းတို့အ တွက် သောကရှိမည်။ သားသမီးရေး၊ ပညာရေး၊ အချစ် ရေးအတွက် ခိုက်ရန် ဒေါသ၊ ပဋိပက္ခ အပြိုင်အဆိုင်၊ မှုခင်းပြဿနာများကို ဆက်လက်သတိပြုရဦးမည်။ ဇူလိုင် ၁၆ ရက်နောက်ပိုင်း မကျန်းမာ၍ စိတ်ဆင်းရဲရလိမ့်မည်။ တနင်္ဂနွေသားသမီးဖြစ်ပါက ကျန်းမာ ရေးကို ပိုမိုဂရုစိုက်သင့်။ သြဂုတ်လအတွက် ကံဇာတာ စီးပွားရေးအခြေအနေ မညံ့သော် လည်း ငွေကြေးအကုန်အကျ များနေ ဆဲဖြစ်သည်။ သြဂုတ်လ ၂၇ ရက် နေ့အထိ ငွေကြေးဥစ္စာ စီးပွားအတွက် သောကရှိမည်။ စီးပွားရေးတွင် ရန်သူ ရှိနေသည်။ တိုးချဲ့လုပ်ကိုင်ခြင်း မပြု သင့်သေး။ စီးပွားရေးလုပ်ငန်းရှင်ဖြစ် လျှင် အရောင်းအဝယ်ကျဆင်းချိန် ဖြစ်၍ စီးပွားရေးကို ထိခိုက်မည်။ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် စီးပွားဖက် ခြင်း၊ ဗုဒ္ဓဟူးနေ့တွင် ငွေကြေးစီးပွား ကိစ္စ ဆောင်ရွက်ခြင်းမပြုသင့်။ ၁၂ ရက်နေ့အထိ ငွေကြေးဥစ္စာစီးပွားကိစ္စ အတွက် ခိုက်ရန်ဒေါသ မှုခင်းဖြစ် တတ်သည်။ အိုးအိမ်၊ အဆောက်အ အုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား အမွေနှင့် ပတ် သက်သောကိစ္စများတွင် အခက်အခဲ များနှင့် ကြုံတွေ့ရခြင်း မအောင်မြင် ခြင်း စသည်တို့ သြဂုတ်လ ၁၃ ရက် နောက်ပိုင်း ဖြစ်ပေါ်လာတတ်သည်။ ¤င်းကိစ္စများကို အင်္ဂါနေ့တွင် ဆောင် ရွက်ခြင်းရှောင်ပါ။ သြဂုတ်လ ၁၆ ရက်နေ့အထိ အလုပ်အကြံအစည်များ အဆင်မပြေ ဖြစ်နေတတ်သော်လည်း ၁၇ ရက်နေ့ မှစ၍ အလုပ်အကြံအစည်များ ပြန် လည်အဆင်ပြေလာလိမ့်မည်။ သို့သော် အထက်လူကြီးနှင့် သဘောကွဲတတ် သည်။ သြဂုတ် ၁၃ ရက်နောက်ပိုင်း အလုပ်အကြံအစည်များတွင် ခိုက်ရန် ဒေါသ၊ ပဋိပက္ခ၊ အပြိုင်အဆိုင်၊ မှုခင်း ပြဿနာ ကြုံတွေ့ရတတ်သည်။ ထို ရက်ပိုင်းအတွင်း အင်္ဂါနေ့တွင် လုပ် ကိုင်ကြံစည်ခြင်း မပြုသင့်။ ပညာရေး၊ အချစ်ရေး၊ သား သမီးရေးကိစ္စများ အနှောင့်အယှက် မကင်းသော်လည်း အောင်မြင်မှုရရှိ နိုင်သည်။ ညီအစ်ကို မောင်နှမသားချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်းနှင့် စကား များရတတ်သည်။ သောကြာနေ့နံ သားသမီး၏ ကူညီထောက်မမှု ရရှိလိမ့်မည်။ သောကြာနံနနှင့် အဝတ်အထည် ဇိမ်ခံပစ္စည်း၊ ကျောက်မျက်ရတနာ၊ အလှကုန်ပစ္စည်း၊ အနုပညာဆိုင်ရာ ပစ္စည်း စသည်တို့ ဝင်ကိန်းရှိသည်။ စုတ်ကောင်း၊ လာဘ်ကောင်း ဝင်မည်။ အိမ်ထောင်ရေးတွင် အထူးအ ထွေအညံ့မရှိချေ။ သြဂုတ် ၁၃ ရက်နောက်ပိုင်း ခိုက်ရန်ဒေါသ၊ မှုခင်းပြဿနာများ မတော်တဆဘေး၊ ရန်သူဘေး၊ မင်း ဘေး စသည်တို့ကို သတိပြုပါ။ ခရီးသွားလာရေးတွင် နှောင့်နှေး မည်။ စနေနေ့တွင် ခရီးမသွားသင့်။ သြဂုတ် ၁၇ ရက်နောက်ပိုင်း အနာရောဂါ ဥပဒ်ကင်း၍ ကျန်းမာ မည်။ စက်တင်ဘာလအတွက် ကံဇာတာ စက်တင်ဘာလ ၁ ရက်မှ ၂၆ ရက်အတွင်း သောကြာနံ သက်ရှိ သက်မဲ့ထွက်ကိန်း ရှိသည်။ သော ကြာနံပစ္စည်းများအတွက်အကုန်အကျ များမည်။ သောကရောက်ရမည်။ ၁၄ ရက်နေ့မှစ၍ ငွေကြေး ဝတ်ကောင်း စားကောင်း အဝင်များလျက် စီးပွား ရေးအထူးကောင်းမည်။ ဗုဒ္ဓဟူးနေ့ တွင် ထီထိုးပါ။ ငွေကြေးဥစ္စာစီးပွား ရေးကိစ္စ ဆောင်ရွက်ပါ။ စီးပွားဖက် လိုပါက ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် စီးပွားဖက်နိုင်သည်။ ဗုဒ္ဓဟူးနံ စာအုပ် စာပေ စာရေးကိရိယာ ရောင်းဝယ်သူ များ အကျိုးပေးကောင်းမည်။ အိုး အိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ နွား၊ ယာဉ် ကား စသည်တို့ကို ရောင်းဝယ်လို လျှင် စက်တင်ဘာလ ၂၈ ရက် နောက်ပိုင်း ရောင်းဝယ်နိုင်သည်။ ထို ရက်နောက်ပိုင်း ¤င်းကိစ္စများ ဆောင် ရွက်ပါက အဆင်ပြေမည်။ ကြာသပ တေးနေ့တွင် ရောင်းဝယ်ဆောင်ရွက် သင့်သည်။ အလုပ်အကြံအစည်များ တိုး တက်ရန် အခွင့်အလမ်းရှိနေသော် လည်း စက်တင်ဘာ ၂၆ ရက်နေ့ အထိ အတွင်း မတိုးတက်နိုင်သေး။ ၂၇ ရက်နောက်ပိုင်းမှစ၍ တိုးတက် အောင်မြင်လိမ့်မည်။ သောကြာနေ့တွင် အလုပ်အကြံအစည် မပြုသင့်။ သောကြာနေ့နံ သားသမီးကို သတိထားဆက်ဆံပါ။ သောကြာနေ့ နံ သားသမီး မိသားစုထဲတွင် ရှိပါ က ¤င်းအတွက် စိတ်ပူပင်ရလိမ့်မည်။ သောကြာနေ့နံ သားသမီး၏ ကျန်း မာရေးကို ဂရုစိုက်ပေးပါ။ ပညာရေး ကောင်းမည်။ အချစ် ရေး၊ သားသမီးရေးကိစ္စများတွင် အနှောင့်အယှက်မကင်းသော်လည်း ကောင်းမြဲကောင်းမည်။ စက်တင်ဘာ ၂၇ ရက်နေ့အထိ အတွင်း ညီအကို မောင်နှမ၊ အိမ်နီး နားချင်း ဆွေမျိုးသားချင်းနှင့် အဆင် မပြေမှုများရှိတတ်သည်။ အိမ်ထောင်ရေး အိမ်တွင်းရေး အခြေအနေကောင်းမြဲကောင်းနေမည်။ စက်တင်ဘာလ ၂၇ ရက်နေ့ အထိ ဘေးရန်အထွေထွေကို ဆက် လက် သတိပြုပါ။ စက်တင်ဘာလ ၁ ရက်မှ ၂၆ ရက်အတွင်း ခရီးယာယီပျက်တတ် သည်။ သွားလျှင် အကျိုးမရှိ၊ ထိုရက် ပိုင်းအတွင်း သောကြာနေ့ ခရီးရှောင် ပါ။ ကျန်းမာရေး အထူးအထွေ အညံ့မရှိချေ။ အောက်တိုဘာလတွက် ကံဇာတာ ငွေကြေး ဝတ်ကောင်း စား ကောင်းဝင်လျက် စီးပွားရေးအခြေ အနေ ကောင်းမြဲကောင်းနေသည်။ အောက်တိုဘာ ၂၂ ရက်နေ့အထိ ငွေ ကြေးပစ္စည်းဥစ္စာ ချမ်းသာသုခနှင့် ပြည့စုံလိမ့်မည်။ ကြာသပတေးနေ့ တွင် ထီထိုးပါ။ ငွေကြေး ဥစ္စာ စီးပွားကိစ္စဆောင်ရွက်ပါ။ ကြာသပ တေးနေ့နံ သားသမီးနှင့် စီးပွားဖက် နိုင်သည်။ ဝင်ငွေ အကျိုးအမြတ်အတွက် ခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အပြိုင်အ ဆိုင်၊ မှုခင်းပြဿနာနှင့် ရင်ဆိုင်ရ တတ်သည်။ အိုး၊ အိမ်၊ အဆောက်အအုံ၊ လယ်ယာခြံမြေ၊ ကျွဲ နွား၊ ယာဉ် ကား၊ အမွေကိစ္စများ ဆောင်ရွက်ခြင်း အောင်မြင်လိမ့်မည်။ ကြာသပတေးနေ့ တွင် ဆောင်ရွက်ပါ။ အင်္ဂါနေ့နံ သား သမီးနှင့် ခင်မင်ရင်းနှီးရတတ်သည်။ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေ မည်။ အလုပ်အကြံအစည်များ ကောင်းမွန်နေသော်လည်း အောက်တို ဘာ ၁၇ ရက်နောက်ပိုင်း အခက်အ ခဲ အနှောင့်အယှက်များကြားမှ လုပ် ကိုင်ကြံစည်ရတတ်သည်။ တနင်္ဂနွေ နေ့တွင် အလုပ်အကြံအစည် ပြုခြင်း ရှောင်ပါ။ တနင်္ဂနွေနေ့နံ သားသမီး ကို သတိထား ဆက်ဆံသင့်။ ကြာသပတေးနှင့် သောကြာနေ့တွင် လုပ်ကိုင် ကြံစည်နိုင်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် ခိုက်ရန်ဒေါသ ပဋိပက္ခ၊ မှုခင်းကိစ္စ စသည်တို့ အခြေအနေအလျောက် ကြုံ တွေ့မည်။ စေ့စပ်ရေး လက်ထပ်ရေး မကောင်းသေး။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးကိစ္စ အနှောင့်အယှက်ကြား မှ အဆင်ပြေမည်။ ဆွေမျိုးသားချင်းတို့နှင့် တွေ့ရ တတ်သည်။ ဘေးရန် ရောဂါ ဘေးဥပဒ် စိုးရိမ်စရာ မရှိ။ ကျန်းမာရေး ကောင်းနေမည်။ နိုဝင်ဘာလအတွက် ကံဇာတာ ၂ဝ၁၂ ခုနှစ်အတွင်း မေလ ၁၃ ရက်မှစ၍ တစ်နှစ်လုံး စီးပွားရေး အခြေအနေကောင်းမည်ဖြစ်ရာ နိုဝင် ဘာလအတွင်းလည်း စီးပွားရေး ကောင်းနေမည်ဖြစ်သည်။ ကြာသပ တေးနေ့တွင် ထီထိုးခြင်း၊ ငွေကြေး ဥစ္စာစီးပွားကိစ္စ ဆောင်ရွက်ခြင်းများ ပြုသင့်သည်။ ကြာသပတေး သား သမီးနှင့် စီးဖွားဖက်ပါ။ နိုဝင်ဘာလ ၈ ရက်နေ့အထိ ဝင်ငွေ အကျိုးအမြတ်နှင့် ပတ်သက် သော ကိစ္စများတွင် ခိုက်ရန် ဒေါသ ပဋိပက္ခ အပြိုင်အဆိုင် မှုခင်းပြဿနာ စသည်တို့ကို သတိထားသင့်သည်။ အိုး၊အိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စများနှင့် ပတ် သက်သော အကျိုးခံစားရမည်။ မိတ်ဆွေအကျိုးလည်း ခံစားရ တတ်သည်။ မေ ၁၃ ရက်မှစ၍ တစ်နှစ်လုံး အလုပ်အကြံအစည်များလည်း တိုး တက်အောင်မြင်ခွင့်ရှိနေသဖြင့် နိုဝင် ဘာလတွင်လည်း အလုပ်အကြံအစည် များ ကောင်းမြဲကောင်းတတ်သည်။ အချစ်ရေးတွင် ဘေးရန်များ မည်။ နိုဝင်ဘာ ၉ ရက်မှစ၍ ချစ်သူ နှင့် စိတ်သဘောချင်းမတိုက်ဆိုင်ဘဲ ခိုက်ရန်စကားများရမည်။ ကိုယ်ဝန်ဆောင်များ သားပျက် သားလျှောခြင်း ခက်ခဲစွာ မွေးဖွားရ ခြင်း ရှိတတ်သည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး၊ အထူးအထွေ အညံ့မရှိ ချေ။ နိုဝင်ဘာ ၁၇ ရက်မှစ၍ ဆွေ မျိုးသားချင်း ညီအစ်ကို မောင်နှမများ နှင့် ပျော်ရွှင်ရမည်။ ဘေးရန် ကင်းမည်။ များသောအားဖြင့် ကျန်းမာရေး ကောင်းမည်။ ကျန်းမာရေး ချို့ယွင်း ပါက ဆေးကုသ ပျောက်ကင်းနိုင် သည်။ အပျော်ခရီး၊ အပန်းဖြေခရီး သွားရတတ်သည်။ ခရီးတို၊ ယာယီ ခရီးဝေး၊ နိုင်ငံခြားခရီး ဖန်တီးလာ တတ်သည်။ သောကြာနေ့တွင် ခရီး သွားပါ။ ဒီဇင်ဘာလအတွက် ကံဇာတာ ဒီဇင်ဘာလတွင်လည်း စီးပွား ရေး ကောင်းမြဲကောင်းနေမည်။ ကြာသပတေးနေ့တွင် ထီထိုး ပါ။ ထီပေါက်ကိန်း ရှိသည်။ ထီမ ပေါက်လျှင် ထီပေါက်သကဲ့သို့ ငွေ ဝင်လိမ့်မည်။ အိုး၊ အိမ် အဆောက်အအုံ လယ်ယာခြံမြေ ကျွဲ၊ နွား၊ ဆိုင်ခန်း၊ ယာဉ်၊ ကား အရောင်းအဝယ်လုပ်ရ တတ်သည်။ အမွေဆိုင်သူများ အမွေ ရကိန်းရှိသည်။ ငွေအစုလိုက်အပုံလိုက် ရတတ်သည်။ ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း အလုပ်အကြံအစည်များ အခက်အခဲ များကြားမှ အောင်မြင်တိုးတက်မည်။ သောကြာနေ့တွင် အလုပ်အကြံအစည် မပြုသင့်။ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ချစ်သူနှင့် အဆင်မပြေနိုင်သေး။ သားသမီးတို့၏ ဘေးရန်ကင်း ရေး ဂရုစိုက်သင့်သည်။ အိမ်တွင်းရေး သာယာပျော်ရွှင် မှုရှိမည်။ အိမ်ထောင်ရေး ကောင်း မည်။ မိတ်ဆွေကောင်း တွေ့မည်။ ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်း အမှုဖြစ်လျှင် အနိုင်ရမည်။ ရန်သူ ကို အောင်နိုင်မည်။ မတော်တဆ ဘေးကြုံပါက လွတ်မြောက်မည်။ အနောက်အရပ်နှင့် စနေနေ့ခရီး ရှောင်ပါ။ ခရီးသွားလာလျှင် အနှောင့် အယှက်တွေ့တတ်သည်။ သို့မဟုတ် နှောင့်နှေးကြန့်ကြာမည်။

မေထုန်ရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း

ဇန်နဝါရီလအတွက် ကံဇာတာ ဝင်ငွေ ကောင်းသလောက် ထွက်ငွေလည်းများမည်။ ကြာသပ တေးနံ သက်ရှိသက်မဲ့ ဝင်တတ် သည်။ လူခိုး လူလိမ် သတိပြုပါ။ အိုးအိမ် အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေကိစ္စ ဇန်နဝါရီလ ၅ ရက်မှ ၂၂ ရက်အတွင်း ဘေးရန် အနှောင့် အယှက် အခက်အခဲများ ကြုံတွေ့ရ ခြင်း၊ မအောင်မြင်ခြင်းဖြစ်လိမ့်မည်။ ဗုဒ္ဓဟူးနေ့နံ သား သမီးနှင့် ခိုက်ရန် ဖြစ်တတ်သည်။ ဇန်နဝါရီ ၁၅ ရက် မှစ၍ အလုပ်အကြံအစည်များ ပျက် ပြားခြင်း၊ မထမမြောက်ခြင်း၊ ရှုံးနိမ့် ခြင်း၊ စိတ်ဆင်းရဲရခြင်း၊ အပြိုင် အဆိုင် လုပ်ကိုင်ရခြင်းရှိမည်။ ၂ဝ၁၁ ခု၊ ဒီဇင်ဘာလ ၁၅ မှ ၂ဝ၁၂ ခု၊ ဇန်နဝါရီ ၈ ရက်အတွင်း အချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ပူ ဆွေးဗျာပါဖြစ်စရာ၊ အကြောင်း ကိစ္စပေါ်လာတတ်သည်။ သားသမီး ကျန်းမာရေးဂရုစိုက်ပါ။ ပညာရေး မကောင်း။ အပြိုင်အဆိုင်ကြိုးစား ရမည်။ ခရီးတို၊ ခရီးဝေး သွားရာတွင် အတားအဆီး သို့မဟုတ် ဘေးရန် ကြုံတတ်သည်။ ခြေလေးချောင်း တိရစ္ဆာန်ဘေး သတိပြုပါ။ ဆွေမျိုး သားချင်းနှင့် သဘောကွဲမည်။ မတော် တဆဘေး၊ ရန်သူ့ဘေး သတိထား သင့်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ သားသမီးဖြစ်ပါက ကျန်းမာရေးညံ့ မည်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ငွေကြေးအကျိုးအမြတ် ရရှိ မည်။ ငွေကြေး အကုန်အကျလည်း များနေတတ်သည်။ ငွေကြေးဥစ္စာ ပစ္စည်း ပျောက်ဆုံး ပျက်စီးမည်။ ကြာသပတေးနံနှင့် အဝါရောင် ပစ္စည်း ဝင်ကိန်းရှိသည်။ ဇန်နဝါရီ ၂၃ မှ ဖေဖော်ဝါရီ ၈ အတွင်း အိမ်၊ မြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အရောင်း အဝယ်မလုပ်သင့်သေး။ ဖေဖော်ဝါရီ ၁၂ အထိ အလုပ်ကြံအစည်မကောင်း သေး။ တနင်္ဂနွေနေ့နံ သား သမီး သို့မဟုတ်အဖ၊ အထက်လူကြီး ဆွေ မျိုးသားချင်း၏ ကျန်းမာရေး ဂရု စိုက်ပေးပါ။ လုပ်ငန်းအကြံအစည်များ တွင် ခိုက်ရန်ဒေါသ ပဋိပက္ခ အပြိုင် အဆိုင် မှုခင်းပြဿနာသတိထား သင့်။ ဖေဖော်ဝါရီ ၃ မှ ၂၈ ရက် အတွင်း အလုပ်အကြံအစည်များ ကောင်းလာမည်။ အဝတ်အထည်၊ အလှကုန်၊ ကျောက်မျက်ရတနာ၊ ဇိမ် ခံပစ္စည်း၊ တေးဂီတ ပစ္စည်းစသည့် သောကြာနံ ပစ္စည်းများ၊ အချစ်ရေး အိမ်ထောင်ရေးနှင့် ပတ်သက်သော လုပ်ငန်းအကြံအစည်များ အောင်မြင် မည်။ အချစ်ရေး အိမ်ထောင်ရေးတွင် စနေနေ့နံ သားသမီးနှောင့်ယှက်တတ် သည်။ စေ့စပ်ရေး၊ လက်ထပ်ရေး ကောင်း၏။ ဆွေမျိုးသားချင်း၊ အိမ်နီး နားချင်းနှင့် စကားများရတတ်သည်။ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ အသွားအလာ ဆင်ခြင်ပါ။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့နံ သားသမီးများ ကျန်းမာ ရေး သတိထားသင့်။ မတ်လအတွက် ကံဇာတာ စုတ်ကောင်းလာဘ်ကောင်း ဝင် မည်။ သောကြာနံ ဝင်တတ်သည်။ ငွေကြေးစီးပွားရေးကိစ္စ ကောင်းဆိုး ရောနှောနေမည်။ သောကြာနေ့နံ သား သမီး သို့မဟုတ် ချစ်သူထံမှ လက်ဆောင်ကောင်းရမည်။ ငွေကြေး ဥစ္စာ လက်မလွန်သင့်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား၊ အမွေကိစ္စ အဆင်ပြေမည်။ အရောင်းအဝယ် လုပ် နိုင်သည်။ အလုပ်အကြံအစည်များ တွင် ဘေးရန် ပဋိပက္ခ အပြိုင် အဆိုင် ကြားမှ မိမိ၏ အသိÓဏ်ပညာ ကြောင့် အောင်မြင်မှုရလိမ့်မည်။ စာ အုပ်၊ စာပေ၊ စာရေးကိရိယာ၊ ပညာ ရေးနှင့် ဆိုင်သော လုပ်ငန်းစသည့် ဗုဒ္ဓဟူးနံလုပ်ငန်း၊ အိမ်မြေ၊ ယာဉ် ကား အမွေကိစ္စ လုပ်ငန်းအကြံ အစည်များ အောင်မြင်တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပညာရေးဆိုင်ရာ အလိုဆန္ဒပြည့်ဝ မည်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး သာယာမည်။ တောင်အရပ်နှင့် အင်္ဂါ နေ့ခရီး မသွားသင့်။ ဆွေမျိုးသား ချင်း၊ အိမ်နီးနားချင်းတို့နှင့် အတူ ခရီးသွားရတတ်သည်။ မတ် ၁၄ ရက်နောက်ပိုင်း အဖ၊ အထက်လူကြီး၊ အကြီးအကဲ သို့ မဟုတ် တနင်္ဂနွေနေ့နံ သားသမီး ၏ အကူအညီ အထောက်အပံ့ ရမည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိ ချေ။ ဧပြီလအတွက် ကံဇာတာ သောကြာနံ သက်ရှိသက်မဲ့ ထွက်ကိန်းရှိသည်။ ဧပြီလ ၁ နှင့် ၂ ရက်တွင် ငွေကြေးဥစ္စာ စီးပွား ကိစ္စ စိတ်ချမ်းသာရမည်။ ဧပြီ ၉၊ ၁ဝ၊ ၁၁ ရက်ငွေကြေး စီးပွားကိစ္စ အခက်အခဲနှင့် စိတ်သောက ရောက် မည်။ ဧပြီ ၁၄ ၊ ၁၅ ရက် တွင် ငွေ ပျောက်ဆုံးခြင်း၊ ပျက်ပြား အထမ မြောက်ခြင်း ကြုံမည်။ ဧပြီ ၂၁၊ ၂၂ ရက်တွင် တနင်္လာနံနှင့် အဖြူရောင် ပစ္စည်းဝင်မည်။ ၂၃၊ ၂၄၊ ၂၅ ရက် နေ့တွင် ငွေအကုန်အကျများခြင်း၊ နစ် နာခြင်းရှိမည်။ အိမ်မြေယာဉ် ကျွဲ၊ နွား၊ အမွေကိစ္စ အခက်အခဲကြားမှ အောင်မြင်တိုးတက်ခွင့်ရရှိမည်။ ဧပြီ ၁၃ ရက်နောက်ပိုင်း တနင်္ဂနွေနံနှင့် အနီရောင်ပစ္စည်းဝင်တတ်သည်။ အလုပ် အကြံအစည်များလည်း အထူး ကောင်းမွန်လိမ့်မည်။ အချစ်ရေး၊ အိမ် ထောင်ရေးတွင် အဆင်မပြေမှု ဖြစ် လိမ့်မည်။ ချစ်သူ အိမ်ထောင်ဖက် အတွက် သောက ကြုံရတတ်သည်။ ချစ်သူ အိမ်ထောင်ဖက် သို့မဟုတ် သောကြာနေ့နံ သားသမီး၏ ကျန်း မာရေးကို ဂရုစိုက်ပေးပါ။ စေ့စပ် လက်ထပ်ရန် ကောင်းသောလ မဟုတ်ချေ။ အင်္ဂါနေ့ ခရီး ရှောင် ပါ။ အရှေ့အရပ်နှင့် တနင်္ဂနွေနေ့ ခရီး ကောင်း၏။ ခရီးတို၊ ခရီးယာယီ သွားရတတ်သည်။ မတော်တဆ ဘေး၊ ရန်သူဘေး၊ ရောဂါဘေး၊ ရာဇ ဝတ်ဘေး သတိထားဆင်ခြင်ပါ။ မေလအတွက် ကံဇာတ မေ ၁၃ ရက်နောက်ပိုင်း ငွေ ကြေးအကုန်အကျ များမည်။ ကြာ သပတေးနံသက်ရှိသက်မဲ့ ထွက် တတ်သည်။ မေ ၇၊ ၈ ရက်တွင်ြေ<ွကးမြီ တင်တတ်ခြင်း၊ အခက်အခဲ နှင့် စိတ်သောက ရောက်ခြင်းရှိမည်။ မေ ၁၁၊ ၁၂၊ ၂၁၊ ၂၂ ရက်တွင်ငွေ ကြေး ဥစ္စာစီးပွားကံ မကောင်း။ မေ ၁၈၊ ၁၉၊ ၂ဝ ရက်ငွေကြေး ဝင် မည်။ မေ ၄ မှ ၂ဝ ရက်အတွင်း အိမ်မြေယာဉ်ကား၊ ကျွဲနွား ဝင်တတ် သည်။ အရောင်းအဝယ်လုပ်ရတတ် သည်။ သို့မဟုတ် ဗုဒ္ဓဟူးနံ သက်ရှိ သက်မဲ့ဝင်မည်။ မေ ၄ ရက်နောက် ပိုင်း အလုပ်၊ အကြံအစည် သို့မဟုတ် အဖ၊ အထက်လူကြီး၊ တနင်္ဂနွေနေ့နံ သားသမီးအတွက် အကုန်အကျ များ မည်။ အလုပ်အကြံအစည်များ အဆင် မပြေခြင်း၊ အနှောင့်အယှက်ကြုံတွေ့ ခြင်းဖြစ်လိမ့်မည်။ မေ ၂၁ ရက်မှစ၍ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား အမွေကိစ္စ များနှင့် ပတ်သက်၍ မမျှော်လင့်ဘဲ အကုန်အကျများခြင်း၊ နစ်နာခြင်း၊ ဘေးဒုက္ခရောက်ခြင်းရှိမည်။ ၄င်းတို့ နှင့် ပတ်သက်၍ နှောင့်နှေးခြင်း၊ အခက်အခဲအနှောင့်အယှက်ကြုံခြင်း၊ အဆင်မပြေခြင်းများဖြစ်ပေါ်လာ တတ်သည်။ အချစ်ရေး၊ အိမ်ထောင် ရေး လှုပ်ရှားဖောက်ပြန်မှုရှိလိမ့်မည်။ ခရီးဝေး၊ နိုင်ငံရပ်ခြားခရီးကိစ္စ မေ ၂၁ နောက်ပိုင်း မရေမရာ၊ မသေ မချာဖြစ်သွားတတ်သည်။ ကျန်းမာ ရေးဖောက်ပြန်တတ်သည်။ ဇွန်လအတွက် ကံဇာတာ ငွေကြေးအကုန်အကျများရန် အကြောင်းကိစ္စများဆက်လက် ဖြစ် ပေါ်နေဦးမည်။ ဇွန် ၃၊ ၄ ရက်တွင် ငွေကြေးစီးပွားကိစ္စ ဘေးရန် သောက ကြုံမည်။ ဇွန် ၈၊ ၉၊ ၁၇၊ ၁၈ တွင် နစ်နာခြင်း၊ အငြင်းပွားရခြင်း၊ ပျောက်ဆုံးပျက်စီးခြင်းရှိမည်။ ဇွန် ၁၅၊ ၁၆ တွင် ငွေကြေး အကျိုး အမြတ်ရမည်။ ဇွန် ၁ မှ ၅ ရက် အတွင်း အသိÓဏ် ဆုတ်ယုတ် မည်။ ပညာရေး မကောင်း၊ အမြင် မှန်မရတတ်ပေ။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား ထွက်တတ်။ ပျောက်ဆုံးပျက်စီးဆုံးရှုံးခြင်း ရှိတတ် သည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား၊ အမွေကိစ္စနှောင့်နှေးကြန့် ကြာပြီးမှ အဆင်ပြေမည်။ ဇွန် ၅ ရက်နောက်ပိုင်း ပညာရေးကောင်း၏။ ဇွန် ၁၄ ရက်အထိ အတွင်း တနင်္ဂနွေနေ့နံ သားသမီး၊ အဖ၊ အထက်လူကြီး၊ အကြီးအကဲ အလုပ် အကြံအစည်အတွက် အပူသောကကြုံ ရတတ်သည်။ လုပ်ငန်းအကြံအစည် များ အဆင်မပြေခြင်း၊ ပျက်ပြားခြင်း ရှိလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စ ပျက်ခြင်း၊ မကောင်းကျိုးကြုံခြင်း ရှိမည်။ အိမ်တွင်းရေး မသာယာတတ် ပေ။ ဆွေမျိုးသားချင်း၊ အိမ်နီးနား ချင်းနှင့် စကားများရမည်။ ရောဂါ ဥပဒ်ဘေး ဂရုစိုက်ပါ။ စိုးရိမ်စရာ မရှိချေ။ ဇူလိုင်လအတွက် ကံဇာတာ ဇွန် ၂၁ ရက်မှစ၍ ဇူလိုင်လ အတွင်း ဝင်ငွေ အကျိုးအမြတ် နှင့် ပတ်သက်ပြီး ခိုက်ရန်ဒေါသ ပဋိပက္ခ၊ မှုခင်းပြဿနာပေါ်တတ်သည်။ ဇွန် ၂၃ မှ ဇူလိုင်လ အတွင်း ဗုဒ္ဓဟူး နေ့တွင် ထီထိုးပါ။ ငွေကြေးဥစ္စာ စီး ပွားကိစ္စဆောင်ရွက်ပါ။ ဗုဒ္ဓဟူးနေ့နံ ကုန်ပစ္စည်း ရောင်းဝယ်လျှင် အကျိုး ရှိမည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား၊ အမွေကိစ္စ ဘေးရန်မှုခင်း ပြဿနာဖြစ်တတ်သည်။ ၄င်းကိစ္စ များနှင့်ပတ်သက်၍ အကောင်းအဆိုး ရောနှော အကျိုးပေးမည်။ ဇူလိုင် ၁၊ ၂၊ ၅၊ ၆၊ ၁၄၊ ၁၆ ရက်များတွင် ငွေကြေးစီးပွားကံမ ကောင်း၊ ဇူလိုင် ၁၂၊ ၁၃ ရက်တွင် လာဘ်လာဘ အကျိုးအမြတ်ရမည်။ သောကြာနံ၊ ကျောက်မျက်ရတနာ ထွက်ကိန်းရှိသည်။ သို့မဟုတ် သော ကြောနေ့နံ သား သမီး၏ ကျန်းမာ ရေးဂရုစိုက်ပေးပါ။ ဇူလိုင် ၁၅ ရက် အထိ ကိစ္စအရပ်ရပ်တွင် စိတ် အနှောင့်အယှက်များဖြစ်ပေါ်တတ် ၏။ ဦးခေါင်းနှင့် မျက်စိကို ဥပဒ် ပေးတတ်၏။ အလုပ်အကြံအစည်များတွင် ဘေး ရန်အပြိုင်အဆိုင်မှုခင်းပြဿနာ မကင်းသေးချေ။ မတိုးတက်နိုင်သေး။ အိမ်ထောင်ရေး၊ အိမ်တွင်းရေး ရှုပ်ထွေးမည်။ အစွပ်စွဲခံရခြင်း၊ အရှက် တကွဲ ကြုံခြင်းရှိလိမ့်မည်။ ကျန်း မာရေး ဆက်လက်ဂရုစိုက်ပါ။ သြဂုတ်လအတွက် ကံဇာတာ အလုပ်အကိုင် အဆင်မပြေ သဖြင့် ဝင်ငွေမကောင်းသည့် ကြား က အကုန်အကျများစရာအကြောင်း ကိစ္စအမျိုးမျိုး ဖန်တီးဖြစ်ပေါ်လာ တတ်သည်။ သြဂုတ် ၁၆ ရက်အထိ ငွေကြေးဥစ္စာ စီးပွားရေးအတွက် စိတ်သောက မကင်းဖြစ်နေလိမ့်မည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား၊ အမွေကိစ္စနှင့် ပတ်သက်၍ ခိုက် ရန်စကားများခြင်း၊ မိမိလုပ်ငန်း စဉ်အလျောက် အမှုအခင်း ကြုံ တွေ့နိုင်ခြင်းကြောင့် မဖြစ်သေးလျှင် ဆက်လက်သတိထားသင့်။ သြဂုတ် လ ၂၇ ရက်အထိ အတွင်း မိမိ၏ အသိပညာကြောင့် ငွေကြေးရရှိရန် အခွင့်အလမ်းပေါ်မည်။ သြဂုတ် ၁၇ ရက်နောက်ပိုင်း အလုပ် အကြံအစည်များ ကောင်း မည်။ ဆွေမျိုးသားချင်း အကျိုးပေး မည်။ သြဂုတ်လ ၁၃ ရက်နောက် ပိုင်း အိမ်တွင်းရေး အေးချမ်းမည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကောင်း မည်။ အိမ်ထောင်ရေး သုခ ပြည့်ပြည့် ဝဝကြီး ရရှိတတ်သည်။ သြဂုတ် ၁၃ ရက်နောက်ပိုင်း သားသမီးနှင့် သဘောကွဲခြင်း၊ သားသမီးအတွက် စကားများရခြင်း၊ သားသမီးတွင် ဘေးရန်ကြုံခြင်းဖြစ်လိမ့်မည်။ သွေး ရောဂါ သို့မဟုတ် သွေးထွက်သံယို ဖြစ်တတ်သည်။ မိတ်ဆွေကောင်း တွေ့မည်။ မိတ်ဆွေအကျိုးပေးမည်။ စက်တင်ဘာလအတွက် ကံဇာတာ သောကြာနေ့တွင် ထီထိုးပါ။ ငွေကြေးဥစ္စာ စီးပွားကိစ္စဆောင်ရွက် ပါ။ ငွေကြေး၊ ဝတ်ကောင်းစား ကောင်းအထူးဝင်မည်။ သောကြာနံ နှင့် ကျောက်မျက် ရတနာ ရောင်း ဝယ်လျှင် စီးပွားဖြစ်ထွန်းမည်။ သော ကြာနေ့နံသားသမီးနှင့် စီးပွားဖက် နိုင်သည်။ အလုပ် အကြံအစည် အတွက် ခရီးယာယီ သွားရတတ် သည်။ ဆွေမျိုးသားချင်းထဲက အလုပ်ကောင်းရတတ်သည်။ အဖ၊ အထက်လူကြီး၊ အကြီးအကဲ အကျိုး ပေးမည်။ ဆွေမျိုးသားချင်းတို့ထံမှ အကူအညီရရှိတတ်သည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား၊ ကျွဲ၊ နွား၊ အမွေကိစ္စ၊ မိခင်၊ မိတ်ဆွေ နှင့် ပတ်သက်၍ကောင်းကျိုးပေးမည်။ အိမ်၊ မြေ၊ ယာဉ် ရောင်းဝယ် ငှား ရမ်း၊ ဆောက်လုပ်၊ ပြုပြင်ရတတ် သည်။ အိမ်တွင်းရေးသာယာမည်။ ပညာရေး ကောင်းမည်။ ကိုယ်ဝန်ဆောင်များ ခက်ခဲစွာ မွေးဖွားရတတ်သည်။ အိမ်ထောင်ရေး မကောင်း၊ စေ့စပ်လက်ထပ်ရေး နှောင့် နှေးမည်။ ရောဂါဥပဒ်ဘေးနှင့် ရန် သူဘေးကင်းမည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိချေ။ သား သမီးတို့၏ ဘေးရန်ကင်းရေး ဂရုစိုက်ပေးပါ။ သားသမီးအတွက် သောကရှိမည်။ အောက်တိုဘာလအတွက်ကံဇာတာ စီးပွားရေးတိုးချဲ့လုပ်ကိုင်လျှင် အမှားတွေ့ရတတ်သည်။ ဝင်ငွေ ထက် ထွက်ငွေက များနေတတ် သည်။ ငွေကြေးဥစ္စာ ပစ္စည်း ပျောက် ဆုံးတတ်သည်။ အောက်တိုဘာလ ၂၊ ၃ ရက်တွင် တနင်္လာနံနှင့် ရေထွက် ကုန်ပစ္စည်း ဝင်ကိန်းရှိသည်။ ငွေကြေး ရရှိမည်။ အောက်တိုဘာလ ၄၊ ၅၊ ၆ ရက်တွင် ငွေအကုန်အကျ များ မည်။ ၁၈၊ ၁၉ ရက်တွင် ငွေ အခက် အခဲကြုံမည်။ ငွေကိစ္စ သောက ရောက်မည်။ ၂၂၊ ၂၃၊ ၂၄ ရက် တွင် ငွေကြေး စီးပွားကိစ္စ အထမ မြောက်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ပျောက် ဆုံးခြင်းရှိလိမ့်မည်။ ဆွေမျိုးသားချင်းတို့နှင့် တွေ့ ဆုံ ပျော်ရွှင်ရတတ်သည်။ အလုပ်အကြံ အစည် မတိုးတက်နိုင်သေး။ အလုပ် ကိစ္စ အငြင်းပွားရမည်။ အဆင်မပြေ ဖြစ်နေလိမ့်မည်။ အိမ်နီးနားချင်း သို့ မဟုတ် နီးစပ်သူနှင့် ချစ်သူဖြစ်မည်။ ခရီးသွားရင်း ချစ်သူတွေ့မည်။ တနင်္ဂ နွေနေ့နံ သားသမီးနှင့် မိတ်ဆွေ ဖြစ် ရတတ်သည်။ အင်္ဂါနေ့နံသားသမီး နှင့် ရန်ဖြစ်ရလိမ့်မည်။ မတော်တဆ ဘေး၊ ရန်သူ့ဘေး၊ ရာဇဝတ်ဘေးများကို အထူးသတိထားပါ။ အနာပေါက် တတ်သည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေးဂရုစိုက်ပေးပါ။ အပျော် အပန်းဖြေခရီးသွားရမည်။ ကျန်းမာ ရေးအတွက် မစိုးရိမ်ရပါ။ နိုဝင်ဘာလအတွက် ကံဇာတာ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက် တွင် ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်သော စိတ်မချမ်းမသာ ဖြစ် မည်။ တနင်္လာနေ့နံ သက်ရှိ သက်မဲ့ ထွက်တတ်သည်။ ငွေကြေး အဖတ်မတင်နိုင်သေး။ နိုဝင်ဘာ ၁၄၊ ၁၅ နှင့် ၁၆ ရက် နံနက်ပိုင်းတို့တွင် တနင်္လာနေ့နံ သားသမီးနှင့် ငွေကြေးဥစ္စာ စီးပွား ကိစ္စစကားများရတတ်သည်။ အိမ်၊ အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စစသည်တို့ တွင် ခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အပြိုင် အဆိုင်၊ မှုခင်းပြဿနာ ကြုံတွေ့ပြီး မှ အဆင်ပြေအောင်မြင်မည်။ နိုဝင်ဘာ ၁၅ ရက်အထိ ကာလအတွင်း အလုပ် အကြံအစည်များတွင် အခက်အခဲနှင့် မအောင်မမြင်ဖြစ်မည်။ နိုဝင်ဘာ ၉ ရက်မှစ၍ အပြိုင်အဆိုင် အတိုက်အခံ လုပ်ကိုင်ရမည်။ မိမိလုပ်ငန်းစဉ် အလျောက် ဘေးရန်မှုခင်းပြဿနာ လည်းကြုံကောင်းကြုံမည်။ အင်္ဂါနေ့နံ သားသမီးနှင့် ရန်ကျ သဖြင့် သတိထား ဆက်ဆံပါ။ နိုဝင် ဘာ ၁၇ ရက်ထိ ကာလအတွင်း ဘေးရန်ကင်းမည်။ နိုဝင်ဘာ ၁၇ ရက်မှစ၍ အချစ်ရေး အထူးကောင်း မည်။ သို့သော် နိုဝင်ဘာ ၉ ရက်မှ စ၍ အိမ်ထောင်ရှင်များ ခိုက်ရန်များ၊ အစွပ်စွဲခံရ၊ အရှက်ရခြင်းကြုံမည်။ ကျန်းမာရေး အထူးအထွေ အညံ့မရှိ ချေ။ ဒီဇင်ဘာလအတွက် ကံဇာတာ ဒီဇင်ဘာလ ၁၉ ရက်မှစ၍ ငွေကြေး ဥစ္စာ စီးပွားဆိုင်ရာ ခိုက်ရန် ဒေါသ၊ ပဋိပက္ခ၊ အပြိုင်အဆိုင်၊ အတိုက်အခံ၊ မှုခင်းပြဿနာ တစ်ခု မဟုတ် တစ်ခုနှင့် ရင်ဆိုင်ရတတ် သည်။ ဆွေမျိုးသားချင်း၊ အိမ် နီးနားချင်းနှင့် စကားများရမည်။ ဒီဇင်ဘာ ၁၅ ရက်အထိ အလုပ် နှင့် ပတ်သက်၍ ဘေးရန် အထွေ ထွေဖြစ်ပေါ်လာတတ်၏။ အထက် လူကြီး၊ အကြီးအကဲ၊ အဖ သို့မဟုတ် တနင်္ဂနွေနေ့နံ သားသမီးအတွက် အပူ သောကမကင်း ဖြစ်တတ်သည်။ အကြံအစည် မအောင်မြင်တတ်ချေ။ ဒီဇင်ဘာ ၁၁ ရက်မှစ၍ အချစ် ရေး၊ ပညာရေးတွင် အနှောင့် အယှက် အဖျက်အဆီး ကြုံမည်။ ရည်းစားလုဘက် ပေါ်လာတတ် သည်။ ချစ်သူနှင့် အထင်မှား အမြင် မှားဖြစ်မည်။ မ အတွက်မိုက်ဘက် မပါသင့်ချေ။ သောကြာနေ့နံ သား သမီးနှင့် ခိုက်ရန်စကားများရလိမ့် မည်။ ဒီဇင်ဘာ ၁၆ ရက်မှစ၍ အိမ် ထောင်ဘက်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်တတ်ချေ။ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ အိမ်ထောင်ရေးတွင် ဘေးရန်မကင်းသေး။ အိမ်ထောင် ဖက်၏ ကျန်းမာရေးကိုလည်း ဂရု စိုက်သင့်။ သွေးထွက်သံယို သို့ မဟုတ် သွေးနှင့် ပတ်သက်သော ရောဂါ သတိထားပါ။ မတော်တဆ ဘေး သို့မဟုတ် ရန်သူ့ဘေးကြောင့် ကျန်းမာရေး အညံ့ကြုံမည်။

ပြိဿရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာဟောစာတမ်း
ပြိဿရာသီဖွား (မေ ၁၄-ဇွန် ၁၃) မေ ၁၄ မှ ဇွန် ၁၃

ဇန်နဝါရီလအတွက်ကံဇာတာ ငွေကြေးဥစ္စာစီးပွားကံ ဆိုးမည်။ ငွေကြေးဥစ္စာစီးပွား ပျက်ပြားခြင်း၊ အထမမြောက်ခြင်း၊ ဆုံးရှုံးခြင်းရှိ တတ်သည်။ ငွေကြေးစီးပွားနှင့်ပတ် သက်၍ အပြိုင်အဆိုင် အတိုက် အခိုက်ကြုံမည်။ စိတ်ဆင်းရဲရလိမ့် မည်။ အထူးသဖြင့် ဇန်နဝါရီ ၅ ရက် မှ ၂၂ ရက်အတွင်း သတိထားပါ။ ငွေကြေးအကုန်အကျလည်း များ တတ်သည်။ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်၊ ကား၊ အမွေအနှစ် နှင့်ပတ်သက်သောကိစ္စများ အဆင် မပြေဖြစ်တတ်သည်။ ၄င်းတို့နှင့်ပတ် သက်သော ခိုက်ရန်ဒေါသ ပဋိပက္ခ မှုခင်းပြဿနာ မဖြစ်စေရန် အထူး သတိပြုသင့်သည်။ လုပ်ငန်းအကြံအစည်နှင့် ပတ် သက်သော ဘေးရန် မှုခင်းပြဿနာ ကြုံတတ်သည်။ သဘောကွဲမှု၊ ပဋိ ပက္ခများဖြစ်ပေါ်တတ်သဖြင့် အထက် လူ၊ အောက်လူများနှင့် သည်းခံပြီး လုပ်ကိုင်ကြံစည်ပါ။ အိမ်တွင်းရေး မအေးချမ်းတတ် ချေ။ အိမ်ထောင်ကွဲပျက်တတ်သည်။ သို့မဟုတ် အိမ်တွင်းရေး၊ အိမ်ထောင် ရေးဆိုင်ရာ ဘေးရန်အနှောင့်အယှက်၊ ပဋိပက္ခအမျိုးမျိုးဖြစ်ပေါ်မည်။ စေ့စပ် ရေး၊ လက်ထပ်ရေးအတွက် ခိုက်ရန် သဘောကွဲမှုရှိတတ်၏။ ကျန်းမာရေးကောင်းမည်။ ရောဂါ ဥပဒ်ဘေး စိုးရိမ်စရာ မရှိချေ။ စိတ်မငြိမ်၊ စိတ်ဖိစီးမှုများမည်။ ခရီးယာယီများတတ်သည်။ အလုပ် အပြောင်းအရွှေ့ကြုံခြင်း၊ အကြံအစည် ပြောင်းလဲရခြင်းရှိမည်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ငွေကြေးအကုန်အကျ များနေ ဦးမည်။ ကြာသပတေးနံနှင့် အဝါ ရောင်ပစ္စည်းထွက်တတ်သည်။ ဝင်ငွေ အကျိုးအမြတ်အတွက် ခိုက်ရန်ဒေါသ ပဋိပက္ခမှုခင်းကိစ္စကြုံမည်။ ငွေကြေး ဥစ္စာစီးပွားကိစ္စများတွင် အဆင်ပြေ လိမ့်မည်မဟုတ်ပေ။ ဗုဒ္ခဟူးနေ့တွင် ငွေကြေးဥစ္စာစီးပွားကိစ္စ မဆောင်ရွက် သင့်။ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်ကား အရောင်း အဝယ် မလုပ်သင့်။ ဘေးရန်အဖျက် အဆီး မှုခင်းပြဿနာနှင့်ရင်ဆိုင်ရ တတ်သည်။ မိတ်ဆွေအပေါင်း အသင်းနှင့် မသင့်မမြတ်ဖြစ်မည်။ ဇာတာရှင်၏ အလုပ်အကိုင် အခြေအနေအရ ဘေးရန်ပဋိပက္ခမှုခင်း ပြဿနာအမျိုးမျိုး ဖြစ်ပေါ်တတ် သည်။ အလုပ်အကြံအစည်နှင့်ပတ် သက်၍ အင်္ဂါနေ့နှင့် အင်္ဂါနေ့နံသား၊ သမီး၊ အင်္ဂါနံ ဆေး၊ စက်၊ လျှပ်စစ်၊ ရွှေ စသည့်လုပ်ငန်းများ အကျိုးမပေး တတ်ချေ။ နေရာအပြောင်းအရွှေ့ အပြောင်းအလဲကြုံမည်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ် ထွေးတတ်သည်။ အိမ်ထောင်ဖက် နှင့် သေကွဲရှင်ကွဲ တစ်မျိုးမျိုးနှင့်ကွဲ ရတတ်သည်။ သို့မဟုတ် အိမ်တွင်း ရေးသာယာချမ်းမြေ့မည်မဟုတ်ချေ။ စိတ်မပျော်ရွှင်၊ စိတ်မကြည် မလင် ဖြစ်နေတတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမလိုချေ။ ခရီးတို ခရီးယာယီသွားရတတ်သည်။ မတ်လအတွက်ကံဇာတာ အဝတ်အထည်၊ အလှကုန်နှင့် အမျိုးသမီး အသုံးအဆောင်ပစ္စည်း ကျောက်မျက်ရတနာ တေးဂီတ ပစ္စည်း စသည့် သောကြာနံပစ္စည်း များထွက်တတ်သည်။ ငွေကြေးဥစ္စာ ပစ္စည်းချေးငှားရန်မသင့်။ ချေးငှား လက်လွန်ထားသော ငွေကြေးဥစ္စာ ပစ္စည်း ပြန်မရနိုင်သေးချေ။ ငွေကြေး အထွက်လည်း များနေသေးသည်။ ငွေကြေးဥစ္စာစီးပွားဆိုင်ရာ ကိစ္စရပ် များတွင် အခက်အခဲကြုံတွေ့ရခြင်း၊ မအောင်မြင်ခြင်း၊ ဆုတ်ယုတ်ကျဆင်း ခြင်းများဖြစ်လိမ့်မည်။ အိုးအိမ်၊ အဆောက်အအုံ၊ လယ်ယာခြံ မြေ၊ ယာဉ်ကား၊ အမွေ အနှစ်အတွက် ခိုက်ရန်ဒေါသ၊ ပဋိ ပက္ခ၊ မှုခင်းကိစ္စဖြစ်ပေါ်တတ်၏။ ပေါင်နှံ-ငှားရမ်း ရောင်းဝယ်ခြင်း အကျိုးမပေးနိုင်ချေ။ မိတ်ဆွေအပေါင်းအသင်း ဆက် ဆံရေး ပျက်တတ်သည်။ စနေနေ့နံ သားသမီး ခိုက်ရန်ဖြစ်တတ်သည်။ အလုပ်အကြံအစည်တွင် ဘေး ရန်အနှောင့်အယှက်များ မကင်းတတ် ချေ။ သတိနှင့်လုပ်ကိုင်ကြံစည်လျှင် တိုးတက်လိမ့်မည်။ အင်္ဂါနေ့နံ သား သမီးနှင့် စပ်တူလုပ်ငန်း မလုပ်သင့်။ အိမ်ထောင်ရေး၊ အိမ်တွင်ရေး ဆိုင်ရာ အညံ့အမျိုးမျိုး ဖြစ်ပေါ်လိမ့် မည်။ ကိုယ်ရေးကိုယ်တာလှုပ်ရှား ပြောင်းလဲမှုရှိမည်။ သို့မဟုတ် အရှုပ် အထွေးများရှိမည်။ ရောဂါဥပဒ်ဘေး ကြုံလျှင် ကုသပျောက်ကင်းမည်။ ဧပြီလအတွက်ကံဇာတာ ငွေမမြဲ။ ဗုဒ္ဓဟူးနံနှင့် အစိမ်း ရောင်ရှိသော ကုန်ပစ္စည်း၊ စာအုပ်စာ ပေ စာရေးကိရိယာ ဝင်တတ်သည်။ ဝင်ငွေ အကျိုးအမြတ်နှင့်ပတ်သက်၍ ဘေးရန် အနှောင့်အယှက်မကင်း။ ငွေ ကြေးဥစ္စာစီးပွားကိစ္စများတွင် တိုး တက်မှုမရှိနိုင်သေး။ တနင်္ဂနွေနံနှင့် အနီရောင်ပစ္စည်းထွက်တတ်သည်။ သို့မဟုတ် တနင်္ဂနွေနေ့နံ သားသမီး အတွက် စိတ်ပူရခြင်း၊ အဖ၊ အထက် လူကြီးအတွက် စိတ်သောက ရောက် ခြင်းရှိမည်။ ဘေးရန်ပဋိပက္ခ အပြိုင်အဆိုင် ကြားမှ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်ကား အမွေ အနှစ်ကိစ္စ မတ် ၁၄ ရက်မှ ဧပြီ ၁၂ ရက်အတွင်း ကံကောင်းမည်။ ၄င်းကိစ္စများနှင့်ပတ်သက်၍ ရည်မှန်း ချက် အလိုဆန္ဒပြည့်မည်။ ဝင်ငွေ အကျိုးအမြတ်ရမည်။ အတိုက်အခံ၊ အနှောင့်အယှက် များနှင့် အပြိုင်အဆိုင်ကြားမှ အလုပ် အကြံအစည်များ အောင်မြင်တိုးတက် မည်။ အကြီးအကဲ မစခြင်းခံရတတ် သည်။ အလုပ်မရှိသူများ အလုပ် ကောင်းရမည်။ ဘေးရန်များနေသော ချစ်သူ များ၊ ကွဲကွာနေသော အိမ်ထောင်ရှင် များ အဆင်ပြေပြီး ပြန်လည်ပေါင်း ဖက်ရတတ်သည်။ အချစ်ရေး၊ အိမ် ထောင်ရေး သာယာချမ်းမြေ့မည်။ ခရီးသွားစရာ အကြောင်းကိစ္စ ပေါ်လာတတ်သည်။ စိတ်ရှုပ်ထွေး မည်။ ဘေးရန် ရောဂါ၊ ဥပဒ်ဘေးကို သတိပြုကာကွယ်နိုင်မည်။ မေလအတွက်ကံဇာတာ မေ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ငွေကြေးဥစ္စာစီးပွားနှင့်ပတ်သက်၍ နစ်နာခြင်း၊ ဘေးဒုက္ခရောက်ခြင်း၊ အကျိုးယုတ်ခြင်း စသည့်မကောင်း ကျိုးများကြုံတွေ့မည်။ ထိုကာလ အတွင်း စီးပွားရေးလုပ်ငန်း တိုးချဲ့ ခြင်းမပြုဘဲ သတိနှင့်ဆင်ခြင်ကာ စီး ပွားရှာသင့်သည်။ ငွေကြေးဥစ္စာ ပစ္စည်း ပျောက်ပျက်၊ ဆုံးရှုံး၊ လေလွင့် ခြင်းရှိတတ်သည်။ြေ<ွကးမြီတင်တတ် သည်။ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်ကား၊ အမွေအနှစ် ကိစ္စ ဧပြီ ၁၃ မှ မေ ၁၃ အတွင်း အနှောင့်အယှက်ရှိတတ်သည်။ သို့ မဟုတ် အိမ်၊ မြေ၊ ယာဉ် ထွက်တတ် သည်။ သို့မဟုတ် တနင်္ဂနွေနေ့နံ သားသမီးနှင့် အဖ အထက်လူကြီး တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အလုပ်အကြံအစည်အတွက် အကုန်အကျများမည်။ အလုပ်အကြံ အစည်တွင် အငြင်းပွားရတတ်သည်။ ဆောင်ရွက်နေသော လုပ်ငန်းများ ရုတ်တရက် အဆင်မပြေဖြစ်တတ် သည်။ မေ ၁၃ ရက်နောက်ပိုင်း အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာ များ ပြေလည်သွားလိမ့်မည်။ မေ ၂၁ ရက်မှစ၍ ပညာရေး၊ သင်တန်းကိစ္စ နှောင့်နှေးတတ်သည်။ ခရီးဝေး သို့မဟုတ် နိုင်ငံခြား ခရီးကိစ္စ အဆင်ပြေမလိုလိုနှင့် မရေ မရာဖြစ်နေမည်။ ဘေးရန်လည်းကင်း ပြီး ကျန်းမာရေးကောင်းမည်။ ဇွန်လအတွက်ကံဇာတာ ဇွန် ၆ ရက်မှ ၂၂ ရက်အတွင်း ငွေကြေး၊ ဝတ်ကောင်းစားကောင်း အထူးဝင်မည်။ အသိ Óဏ်ပညာ ကောင်းဖြင့် ငွေကြေးဥစ္စာ စီးပွား တိုးတက်မှုကို ဆောင်ရွက်နိုင်မည်။ ဗုဒ္ဓဟူးနံနှင့် အစိမ်းရောင်ရှိသော ကုန် ပစ္စည်း၊ စာအုပ်စာပေ ပညာရေးနှင့် ဆိုင်သော ကုန်ပစ္စည်းများ ရောင်းဝယ် လျှင်အကျိုးပေးမည်။ ဗုဒ္ဓဟူးသား သမီးနှင့် စီးပွားဖက်ပါ။ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်ကား၊ အမွေအနှစ် ဆိုင်ရာမှုခင်းပြဿနာ ဖြစ်ပေါ်တတ် သည်။ သို့မဟုတ် အိုး၊ အိမ်၊ ယာဉ် ကား ပျက်စီးဆုံးရှုံးတတ်သည်။ သို့ မဟုတ် စိတ်သောကရောက်မည်။ အလုပ်အကြံအစည်များ ဆုတ် ယုတ်သွားလိမ့်မည်။ တိုးချဲ့လုပ်ကိုင် ရန်မသင့်။ သတိနှင့်ဆင်ခြင်၍ လုပ် ကိုင်ကြံစည်ပါ။ အောက်လက်ငယ် သားအလုပ်သမားထဲတွင် ဒုက္ခပေးသူ ရှိတတ်သည်။ အပြိုင်အဆိုင် အတိုက် အခံရှိမည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် စနေနေ့နံသားသမီး၏ နှောင့်ယှက်မှု ရှိတတ်သည်။ အိမ်ထောင်ရှင်အမျိုး သမီးဖြစ်ပါက သားလျှော သားပျက် ဖြစ်တတ်သည်။ သို့မဟုတ် သား သမီးမရနိုင်သေး။ ခရီးဝေး သို့မဟုတ် နိုင်ငံရပ်ခြား ခရီးသွားရောက်ရန်ကိစ္စ အဆင်မပြေ ဖြစ်မည်။ ကျန်းမာရေးကောင်းမည်။ ဇူလိုင်လအတွက်ကံဇာတာ ဝင်ငွေ မကောင်း၊ ငွေကြေး အကျိုးအမြတ်နည်းပါးမည်။ ဇူလိုင် ၁၅ ရက်အထိ ကာလအတွင်း ငွေ ကြေးဥစ္စာစီးပွားအတွက် စိတ်ပူပင် သောကမကင်းတတ်ပေ။ လာဘ် လာဘ အကျိုးအမြတ်နှင့်ပတ်သက် သော ခိုက်ရန်ဒေါသ ပဋိပက္ခ မှုခင်း ပြဿနာဖြစ်တတ်သည်။ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုး သားချင်းတို့နှင့် တွေ့ဆုံရမည်။ အလုပ်အကြံအစည်များ မတိုး တက်နိုင်သေးပေ။ အလုပ်အကြံ အစည်တွင် လျှို့ဝှက်သောရန်သူရှိ မည်။ ခြေထိုးမှု၊ ချောက်တွန်းမှုကို ခံရတတ်သည်။ ချစ်သူနှင့် စိတ်သဘောချင်း မတိုက်ဆိုင်တတ်ချေ။ အချစ်ရေးတွင် ဘေးရန်များတတ်သည်။ အချစ်ရေး နှောင့်နှေးမည်။ အချစ်ရေးအိမ်ထောင် ရေးတွင် ကောင်းဆိုး ရောနှောပြီး အကျိုးပေးတတ်သည်။ သားသမီးတို့၏ ကျန်းမာရေး နှင့်ဘေးကင်းရေး ဂရုစိုက်ပေးပါ။ သားသမီးအတွက် ခိုက်ရန်ဒေါသ ဖြစ်တတ်သည်။ ငွေကြေးဥစ္စာ စီးပွားနှင့် ပညာ ရေးသင်တန်းကိစ္စ ခရီးယာယီ၊ ခရီး တိုသွားရတတ်သည်။ မြောက်အရပ် ခရီးကောင်း၏။ စနေနေ့ခရီးကို ရှောင်ပါ။ ရောဂါဘေး၊ ရန်သူဘေး၊ မတော်တဆဘေး စိုးရိမ်စရာမရှိ။ ကျန်းမာရေးကောင်းမည်။ သြဂုတ်လအတွက်ကံဇာတာ သောကြာနေ့တွင် ထီထိုးပါ။ ငွေကြေးဥစ္စာစီးပွားကိစ္စဆောင်ရွက် ပါ။ သောကြာနေ့နံသားသမီးနှင့် စီးပွားဖက်နိုင်သည်။ အဝတ်အထည်၊ အလှကုန်နှင့် အမျိုးသမီးအသုံး အဆောင်ပစ္စည်း၊ ကျောက်မျက် ရတနာ၊ တေးဂီတပစ္စည်း စသည့် သောကြာနံပစ္စည်းများ ရောင်းဝယ် လျှင်အကျိုးရှိမည်။ သြဂုတ် ၁၇ ရက်မှစ၍ အလုပ် အကြံအစည်များ တိုးတက်အောင်မြင် ရန် အခွင့်အလမ်းများပေါ်ပေါက်လာ တတ်သည်။ အစုစပ်လုပ်ငန်းမလုပ် သင့်။ ညီအစ်ကိုမောင်နှမ ၊ ဆွေမျိုး သားချင်းတို့၏ အကူအညီကိုရရှိလိမ့် မည်။ ဆွေမျိုးသားချင်းကိစ္စ စိတ် ချမ်းသာမည်။ နှောင့်နှေးကြန့်ကြာနေသော အချစ်ရေး၊ ပညာရေး၊ သားသမီးရေး ကိစ္စများ သြဂုတ် ၁၃ ရက်နောက် ပိုင်းအဆင်ပြေသွားလိမ့်မည်။ မိတ်ဆွေကောင်းများနှင့် ပေါင်း သင်းဆက်ဆံရတတ်သည်။ အိုးအိမ်အဆောက်အအုံ၊ လယ် ယာခြံမြေ၊ ယာဉ်ကား၊ အမွေအနှစ် စသည်တို့နှင့်ပတ်သက်၍ သြဂုတ် ၁၇ ရက်နောက်ပိုင်း အကျိုးခံစားရ မည်။ စေ့စပ်ရေး၊ လက်ထပ်ရေးနှင့် အိမ်ထောင်ရေးကိစ္စ အခက်အခဲများ ကြုံတွေ့ပြီးမှ အဆင်ပြေအောင်မြင်မှု ရရှိမည်။ ကျန်းမာရေးဆက်လက် ကောင်းနေမည်။ ခရီးဝေး၊ နိုင်ငံရပ် ခြားခရီး သို့မဟုတ် ကုသိုလ်ကောင်း မှုကိစ္စ ဆောင်ရွက်အဆင်ပြေမည်။ စက်တင်ဘာလအတွက် ကံဇာတာ ၁၇ ရက်မှ ၃ဝ ရက်အတွင်း ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ထီထိုးပါ။ငွေကြေးဥစ္စာစီးပွားကိစ္စ ဆောင်ရွက် ပါ။ ငွေကြေးဥစ္စာစီးပွားနှင့်ပတ်သက် ၍ အထူးအထွေ အညံ့မရှိချေ။ ဆွေမျိုးသားချင်းတို့နှင့် တွေ့ဆုံ ပျော်ရွှင်ရတတ်သည်။ ၄င်းတို့၏ အကျိုးကျေးဇူးကို ခံစားရမည်။ သို့ မဟုတ် ချစ်သူနှင့်ခရီးအတူသွားရ တတ်သည်။ အပျော်ခရီး၊ အပန်းဖြေ ခရီးထွက်ရမည်။ ခရီးယာယီကောင်း ၏။ ၁၄ ရက်နောက်ပိုင်း အချစ်ရေး၊ ပညာရေး၊ သားသမီးရေး အထူး ကောင်း၏။ သားသမီးထွန်းကားမည်။ အသိÓဏ်ပညာ ပွင့်လင်းထက်မြက် မည်။ အင်္ဂါ၊ စနေနေ့နံ သားသမီးကို သတိထားဆက်ဆံပါ။ ခိုက်ရန်ဖြစ် တတ်သည်။ အိမ်ထောင်ဖက်နှင့် စိတ်သဘော ကွဲမည်။ သို့မဟုတ် အိမ်ထောင်ဖက် ၏ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ၁၆ ရက်အထိအတွင်း အလုပ်အကြံ အစည်ကောင်းမည်။ မိမိကျန်းမာရေးကိုလည်း ဂရု စိုက်သင့်။ အသက်ဘေး စိုးရိမ်စရာ မရှိသေး။ ခရီးဝေး၊ နိုင်ငံခြားခရီးသွားလျှင် အကျိုးရှိမည်။ ဘုရားဖူးခရီးသွားရ တတ်၏။ သို့မဟုတ် ဘာသာရေး ကိစ္စဆောင်ရွက်ရလိမ့်မည်။ အောက်တိုဘာလအတွက် ကံဇာတာ ငွေကြေးဥစ္စာပစ္စည်း စီးပွားရေး နှင့် ပတ်သက်သော ခိုက်ရန်ဒေါသ ပဋိပက္ခအပြိုင်အဆိုင်၊ အတိုက်အခံ မှုခင်းပြဿနာဖြစ်လိမ့်မည်။ အင်္ဂါနေ့ နံသားသမီးနှင့် စီးပွားဖက်ခြင်း၊ အင်္ဂါ နေ့တွင် ဆောင်ရွက်ခြင်းကို ရှောင် ကြဉ်ပါ။ သောကြာနေ့နံ သားသမီးနှင့် မိတ်ဆွေဖြစ်ရတတ်သည်။ အောက်တို ဘာ ၁၇ ရက်နောက်ပိုင်း တနင်္ဂနွေ နံသားသမီး သို့မဟုတ် အဖ၊ အထက်လူကြီးနှင့် သဘောကွဲမည်။ အောက်တိုဘာ ၁၇ ရက်နောက် ပိုင်း အလုပ်အကြံအစည်များ အခက် အခဲကြုံရလိမ့်မည်။ တနင်္ဂနွေနံ သား သမီးနှင့် တနင်္ဂနွေနေ့ အလုပ်အကြံ အစည်ပြုခြင်းရှောင်ပါ။ အိမ်ထောင်ရေးသာယာ၍ ချမ်း သာသုခနှင့်ပြည့်စုံမည်။ အိမ်တွင်းရေး သာယာအေးချမ်းမည်။ အိမ်ထောင် ကျတတ်သည်။ ခရီးဝေး၊ နိုင်ငံရပ်ခြားခရီး သို့မဟုတ် ကုသိုလ်ကောင်းမှုကိစ္စ အဆင်ပြေမည်။ အလုပ်အကြံအစည်နှင့် ပတ် သက်သော ဘေးရန်အတိုက်အခိုက် သတိပြုပါ။ မကျန်းမာပါက ဆေးဝါးကုသ ပျောက်ကင်းမည်။ နိုဝင်ဘာလအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားဆိုင်ရာ ဘေးရန်များ မကင်းသေး။ ငွေကြေး အကုန်အကျများခြင်း၊ လူခိုးလူလိမ် လုယက်ခံရခြင်းရှိမည်။ သာယာအေးချမ်းမှုကို မဖြစ်စေတတ်ဘဲ ငွေကြေး စီးပွားဆိုင်ရာ ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့တတ်သည်။ သောကြာနေ့နံသားသမီးနှင့် ၁၇ ရက်နောက်ပိုင်း ခိုက်ရန်ဖြစ်တတ် သည်။ ၁၅ ရက်အထိ ကာလအတွင်း အိုးအိမ်အဆောက်အအုံ၊ လယ်ယာ၊ ခြံ၊ မြေ၊ ယာဉ်ကား၊ အမွေအနှစ်ကိစ္စ လုပ်ငန်းများ မအောင်မြင်ခြင်း၊ အခက် အခဲကြုံတွေ့ရခြင်းရှိမည်။ ထိုကာလ အတွင်း အိမ်မြေယာဉ် အရောင်း အဝယ်မလုပ်သင့်။ ထိုကာလအတွင်း အလုပ်အကြံ အစည်များလည်း အဆင်မပြေဖြစ် ခြင်း၊ အခက်အခဲနှင့် နိမ့်ကျမှုကို ကြုံ တွေ့ခြင်းရှိလိမ့်မည်။ အိမ်ထောင်ရေးအထူးအထွေ အညံ့မရှိ။ ၁၇ ရက်နောက်ပိုင်း အိမ်ထောင်ရေး အထူးကောင်းမည်။ လက်ထပ်ရကိန်းရှိသည်။ ဘေးရန်ကင်းမည်။ ၉ ရက် နောက်ပိုင်း ထိခိုက်ဒဏ်ရာ အနာ တရဖြစ်တတ်သည်။ ကျန်းမာရေး ကောင်းမြဲကောင်းမည်။ ခရီးဝေး၊ နိုင်ငံခြားခရီး အဆင် ပြေမည်။ ဒီဇင်ဘာလအတွက် ကံဇာတာ အင်္ဂါနံနှင့် အနီရောင်ပစ္စည်း စက်၊ ဆေးပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း၊ ရွှေ စသည် တို့ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှုရှိ တတ်သည်။ အင်္ဂါနေ့နံသားသမီး၏ ကျန်းမာရေးကိုဂရုစိုက်ပေးပါ။ ငွေ ကြေးစီးပွားကံမညံ့ချေ။ ဆွေမျိုးသားချင်းတို့အတွက် ပူ ပင်သောကရောက်ရမည်။ ၁၉ ရက် နောက်ပိုင်း ဆွေမျိုးသားချင်း အိမ်နီး နားချင်းနှင့် ခိုက်ရန်ဖြစ်တတ်သည်။ ၁၆ ရက်နောက်ပိုင်း အိုးအိမ် အဆောက်အအုံ လယ်ယာခြံမြေ၊ ယာဉ်ကားအမွေအနှစ်ကိစ္စနစ်နာခြင်း၊ ဘေးဒုက္ခရောက်ခြင်း၊ အကျိုးယုတ် ခြင်းရှိမည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ များ ဖန်တီးလာမည်။ လက်ထပ်ရ တတ်၏။ အိမ်ထောင်ရေးသာယာ ကောင်းမွန်မည်။ လုပ်ငန်းတည်တံ့ ခိုင်မြဲမည်။ အညံ့မရှိ။ တောင်အရပ် ခရီးဝေးမသွားသင့်။ ဘေးရန်ကြုံ တတ်သည်။ ကျန်းမာရေး အထူးအထွေ အညံ့မရှိချေ။

ကန်ရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း
ကန်ရာသီဖွား (စက်တင်ဘာ ၁၇ မှ အောက်တိုဘာ ၁၆)

ဇန်နဝါရီလအတွက်ကံဇာတာ ၂ဝ၁၁ ခုနှစ်၊ မေလ ၃ ရက်မှ စ၍ ငွေကြေးဥစ္စာစီးပွား ကံကောင်းခဲ့ သော ကန်ရာသီဖွားသည် ၂ဝ၁၂ ခုနှစ်၊ မေလ ၁၂ ရက်အထိ ငွေကြေး ဥစ္စာ စီးပွားကံဆက်လက်ကောင်းနေ မည်။ ၉-၁-၂ဝ၁၂ နေမှစ၍ သော ကြာနေ့နံသားသမီးနှင့် ငွေကြေးဥစ္စာ စီးပွားကိစ္စ သတိထားဆောင်ရွက် သင့်။ အခက်အခဲကြုံခြင်း၊ ခိုက်ရန် စကားများခြင်း၊ စိတ်သောက ရောက် ခြင်းရှိတတ်သည်။ အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ စိန်၊ ရွှေ၊ ကျောက် မျက်ရတနာ၊ ဇိမ်ခံပစ္စည်း၊ အနုပညာ နှင့် ပတ်သက်ဆိုင်သော ကုန်ပစ္စည်း စသည့် သောကြာနံ ပစ္စည်းများ အရောင်းအဝယ်မလုပ်သင့်။ သော ကြာနေ့တွင် ငွေကြေးဥစ္စာ စီးပွားကိစ္စ ဆောင်ရွက်ခြင်းရှောင်ပါ။ ကြာသပ တေးနေ့တွင်ထီထိုးပါ။ ငွေကြေးဥစ္စာ စီးပွားကိစ္စဆောင်ရွက်ပါ။ နှောင့်နှေးကြန့်ကြာနေသော အိုး အိမ် အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ် ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည့် တို့နှင့် ပတ်သက်သော ကိစ္စများဇန်နဝါရီလမှ မေလ ၁၂ ရက်အတွင်း အဆင်ပြေသွားမည်။ သို့သော် ဇန်နဝါရီလအတွင်း ၈ ရက်နေ့အထိ အိမ်၊ မြေ၊ ယာဉ်၊ ကား စသည်တို့ကို ရောင်းဝယ်ငှားရမ်း ပြု ပြင်ခြင်းမကောင်း။ အကုန်အကျ များ ခြင်း၊ နစ်နာခြင်း ပျက်စီးခြင်းရှိတတ် သည်။ ဇန်နဝါရီလ ၅ ရက်မှ ၂၂ ရက် အတွင်း ဗုဒ္ဓဟူးနေ့တွင် အလုပ် အကြံအစည်မလုပ်သင့်။ ထိုရက် အပိုင်းအတွင်း အလုပ်အကြံအစည်နှင့် ပတ်သက်၍ အခက်အခဲများကြုံတွေ့ ရခြင်း၊ လုပ်ငန်းမအောင်မြင်ခြင်း စသည်တို့ဖြစ်လိမ့်မည်။ ၃၁-၁ဝ-၂ဝ၁၁ နေ့မှ ၂ဝ-၆-၂ဝ၁၂ နေ့အထိအတွင်း အချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မိမိတို့ ၏ အခြေအနေအလျောက် ခိုက်ရန် ဒေါသ ပဋိပက္ခ၊ မှုခင်းပြဿနာဖြစ် ကိန်းကြုံနေသဖြင့် အထူးသတိထား ရမည်။ အိမ်ထောင်ကွဲပျက်တတ် သည်။ ၉-၁-၂ဝ၁၂ နေ့မှ ၂-၂-၂ဝ၁၂ နေ့အထိအတွင်း အချစ်ရေး၊ အိမ်ထောင်ရေးအတွက် စိတ်သောက ရောက်မည်။ ဘေးရန်လည်းများ တတ်သည်။ ၃၁-၁ဝ-၂ဝ၁၁ နေ့မှ ၂ဝ-၆-၂ဝ၁၂ နေ့အထိအတွင်းအထူး သဖြင့် ၂၅-၁-၂ဝ၁၂ နေ့မှ ၁၂-၄-၂ဝ၁၂ နေ့အထိ အတွင်း ကျန်းမာရေး အထူး ဂရုစိုက်သင့်။ ဖေဖော်ဝါရီလအတွက် ကံဇာတာ ဖေဖော်ဝါရီ ၃ ရက်မှ ၂၈ ရက် အတွင်း သောကြာနေ့တွင် ထီထိုး ပါ။ ငွေကြေးဥစ္စာစီးပွားကိစ္စဆောင် ရွက်ပါ။ သောကြာနေ့နံ သားသမီးနှင့် အစုစပ်လုပ်လျှင် ကောင်းသောလ ဖြစ် သည်။ ၆-၂-၂ဝ၁၂ နေ့နံနက် ၈ နာရီ ၄၅ မိနစ်မှ ၈-၂-၂ဝ၁၂ ရက်နေ့လယ် ၂ နာရီ ၅ဝ မိနစ် အတွင်း ငွေကြေးဥစ္စာ ဝတ်ကောင်း စားကောင်း အဝင်ကောင်းမည်။ တနင်္လာနံနှင့် အဖြူရောင်ပစ္စည်း ဝင် တတ်သည်။ ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ ရက်တို့တွင် ငွေကြေးဥစ္စာစီးပွား ကိစ္စအကျိုးပေးမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေ စသည်တို့နှင့် ပတ်သက် သောကိစ္စများ စနေနေ့ကို ရှောင်၊ ကြာ သပတေးနေ့တွင် ဆောင်ရွက်ပါ။ ၄င်းကိစ္စများ ဖေဖော်ဝါရီလ အတွင်း အထူးအထွေ အညံ့မရှိ။ ဖေဖော်ဝါရီလ ၉ရက်မှ ၂၈ ရက် အထိအတွင်း ဗုဒ္ဓဟူးနေ့တွင် အလုပ်အကြံအစည်လုပ်ခြင်းရှောင်ပါ။ ထိုရက်ပိုင်းအတွင်း အလုပ်အကြံ အစည်နှင့် ပတ်သက်၍ ဘေးရန် မကင်း၊ အခက်အခဲတွေ့မည်။ စိတ် သောကရောက်မည်။ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့်တွဲဖက်လုပ်သူများ ထို ရက်ပိုင်းအတွင်း အဆင်မပြေ ဖြစ် တတ်သည်။ ဖေဖော်ဝါရီ ၃ ရက်မှ ၂၈ ရက် အတွင်းချစ်သူ မရှိသေးသူများ ချစ် သူတွေ့မည်။ ချစ်သူစုံတွဲများ လက် ထပ်ရကိန်းကြုံမည်။ ပျိုပျိုအိုအို အိမ်ထောင်ရေးသုခကို ကောင်းစွာ ရရှိမည်။ သို့သော် ဘေးရန် ပဋိပက္ခ နှင့် မကင်းတတ်ပေ။ အင်္ဂါနေ့တွင် စေ့စပ်ခြင်း၊ လက်ထပ် စာချုပ်ချုပ် ဆိုခြင်းရှောင်ပါ။ သောကြာနေ့တွင် စေ့စပ်ခြင်း၊ လက်ထပ်စာချုပ်ချုပ် ဆို ခြင်းပြုသင့်။ ညီအစ်ကိုမောင်နှမ သားချင်း ဆွေမျိုးနှင့် ပတ်သက်သော အရေး ကိစ္စများ ၃၁-၁ဝ-၂ဝ၁၁ နေ့မှ ၂ဝ-၆-၂ဝ၁၂ နေ့အထိ အထူးသဖြင့် ၂၅-၁-၂ဝ၁၂ နေ့မှ ၁၂-၄-၂ဝ၁၂ နေ့ အထိ အတွင်း မကောင်းတတ်ပေ။ ထိုလပိုင်း၊ ရက်ပိုင်းအတွင်းမိမိ ၏ ကျန်းမာရေးကိုလည်း အထူး သတိဂရုပြုပါ။ အင်္ဂါနေ့နံ သား သမီး ဖြစ်ပါက ကျန်းမာရေးကို ပိုမိုဂရုစိုက် ပေးသင့်။ ခိုက်ရန်ဒေါသ၊ မှုခင်းပြဿနာ နှင့် မတော်တဆဘေး၊ ရန်သူ့ဘေး မင်းဘေးတို့ကိုလည်း အထူးသတိ ထားသင့်ပေသည်။ အင်္ဂါနေ့တွင် ခရီးယာယီသွား လာခြင်းရှောင်ပါ။ မတ်လအတွက် ကံဇာတာ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးနှင့် အနာရောဂါစသည်တို့ အတွက် ငွေကြေးအကုန်အကျများ ရန် ဖန်တီးလာတတ်သည်။ စနေနေ့ တွင် ငွေကြေးဥစ္စာ စီးပွားကိစ္စ ဆောင် ရွက်ခြင်းရှောင်ပါ။ ဖေဖော်ဝါရီလ ၂၉ မှ မတ်လ ၂၇ ရက်အတွင်း ငွေ ကြေးဥစ္စာ ပျောက်ပျက်တတ်သည်။ ငွေကြေးဥစ္စာ စီးပွားနှင့်ပတ်သက်၍ ပြဿနာဖြစ်လျှင် ရှုံးနိမ့်မည်။ စိတ် ဆင်းရဲရလိမ့်မည်။ ထိုရက်ပိုင်းအတွင်း ငွေကြေးဥစ္စာစီးပွားကိစ္စ သောကြာနေ့ တွင် ဆောင်ရွက်ခြင်းမပြုသင့်။ သော ကြာနံကုန်ပစ္စည်းနှင့် ဆိုင်သော စီး ပွားရေးလုပ်သူများ ယာယီအညံ့ကြုံ တတ်သည်။ သောကြာနံ သက်ရှိ၊ သက်မဲ့ ထွက်ကိန်းရှိသည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား စသည်တို့နှင့်ပတ်သက် ၍ အထူးအထွေအညံ့မကြုံတွေ့နိုင် ပါ။ ရောင်းဝယ်၊ ငှားရမ်း၊ တည် ဆောက်ပြုပြင်လိုလျှင် ကြာသပတေး နေ့တွင် ဆောင်ရွက်သင့်။ ဖေဖော်ဝါရီ ၂၉ ရက်မှ မေ ၃ ရက်အထိ အထူးသဖြင့် မတ်လ ၁၆ ရက်မှ ဧပြီ ၆ ရက်အထိအတွင်း အလုပ်အကြံအစည်များ ဆုတ်ယုတ် သွားတတ်သည်။ မတိုးချဲ့ဘဲ သတိ နှင့် ဆင်ခြင်ဆောင်ရွက်ပါ။ အလုပ် အကြံအစည်များ ဖောက်ပြန်တတ် သည်။ မလုပ်အပ်၊ မကြံစည်အပ် သော လုပ်ငန်းအကြံအစည်များ ပေါ် ပေါက်လာပါက မလုပ်သင့်။ အလုပ် အကြံအစည်နှင့် ပတ်သက်၍ ဗုဒ္ဓဟူး နေ့နှင့် ဗုဒ္ဓဟူးနေ့နံသားသမီးကို ရှောင် ရမည်။ မတ် ၁၃ ရက်အထိ အတွင်း အလုပ်တွင် ဘေးရန်ပေါ်ခြင်း၊ အထက်လူကြီးနှင့် သဘောကွဲခြင်း ရှိမည်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာလည်း ထိုလပိုင်း၊ ရက်ပိုင်းအတွင်း စိတ်ရူးပေါက်တတ်သည်။ ချစ်သူ အိမ်ထောင်ဖက်အတွက် ရတက် မအေးဖြစ်မည်။ အချစ်ရေး၊ အိမ် ထောင်ရေးမကောင်း ဖောက်ပြန် တတ်သည်။ မိန်းမအနှောင့်အယှက် ကြုံမည်။ ကျန်းမာရေးနှင့် ဘေးရန် အထွေ ထွေကင်းရေး ဆက်လက်သတိပြု ပါ။ လျှို့ဝှက်သော ရန်သူရှိနေမည်။ ခရီးယာယီများတတ်သည်။ မတ် ၂၇ ရက်အထိတွင်း ခရီးဝေး သို့မဟုတ် နိုင်ငံရပ်ခြားခရီးကိစ္စ အခက်အခဲကြုံတွေ့မည်။ ဧပြီလ အတွက် ကံဇာတာ ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂၈ ရက် မှ ဇူလိုင် ၃၁ ရက်အတွင်း ငွေကြေး ဥစ္စာအဝင်များလျက် စီးပွားရေးအထူး ကောင်းလိမ့်မည်။ သောကြာနံ သက် ရှိ၊ သက်မဲ့ သို့မဟုတ် မိန်းမနှင့် ပတ် သက်သမျှသော အကျိုးကိုလည်းခံ စားရတတ်သည်။ ကန်ရာသီဖွားအမျိုး သမီးဖြစ်လျှင် အချစ်ရေး၊ အိမ်ထောင် ရေးနှင့် ပတ်သက်ပြီး ငွေကြေး ဝတ် ကောင်းစားကောင်း ဝင်နိုင်ခွင့်ရှိလေ သည်။ သောကြာနေ့တွင် ထီထိုး ပါ။ ငွေကြေးဥစ္စာ စီးပွားရေးကိစ္စဆောင် ရွက်ပါ။ သောကြာနေ့နံ သား သမီး တို့နှင့် ငွေကြေးဥစ္စာ စီးပွားရေး ကိစ္စ ပေါင်းသင်းဆက်ဆံနိုင်သည်။ ကျောက်မျက်ရတနာဝင်လျှင် ကောင်း ၏။ ရွှေထွက်ကိန်းရှိသည်။ အိုးအိမ် အဆောက်အအုံ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည့် ကိစ္စများ နှင့် ပတ်သက်၍ အကျိုးပေးကောင်း မြဲကောင်းနေတတ်သည်။ ၄င်းကိစ္စ များနှင့် ပတ်သက်၍ အင်္ဂါနေ့နှင့် စနေ နေ့တွင် ဆောင်ရွက်ခြင်းရှောင်ပါ။ ကြာသပတေးနေ့တွင် ဆောင်ရွက် သင့်သည်။ အပြိုင်အဆိုင်၊ အတိုက်အခံ လုပ်ကိုင်ကြံစည်ရလျက် အခက်အခဲ ကြားမှ အလုပ်အကြံအစည်များ အောင်မြင်ရန် အခွင့်အလမ်းများရရှိ လိမ့်မည်။ သတိဝီရိယနှင့် ချင့်ချင့် ချိန်ချိန် လုပ်ကိုင်ကြံစည်ပါ။ တနင်္ဂ နွေနေ့၊ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့ တွင် အလုပ်အကြံအစည် မလုပ်သင့်။ တနင်္ဂနွေနေ့နံ သားသမီး သို့ မဟုတ် အဘ၊ အထက်လူကြီး၊ အကြီးအကဲတို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ခရီးသွားလာရင်း ချစ်သူတွေ့ ရလိမ့်မည်။ သို့မဟုတ် ဘုရား ကျောင်း ကန်သွားရင်း ကုသိုလ် ကောင်းမှုပြုရင်း ချစ်သူတွေ့နိုင်၏။ အိမ်ထောင်ဖက်၏ ကျန်းမာရေးကို ဂရုစိုက်ပါ။ အရှေ့တောင်အရပ်သို့ ခရီးသွား လျှင် စုတ်လား၊ လာဘ်လား၊ မမှား ဧကန် တွေ့လိမ့်မည်။ ၄င်းပြင် ကုသိုလ်ကောင်းမှုကိုလည်းပြုရတတ် သည်။ ခရီးဝေးသို့မဟုတ် နိုင်ငံရပ်ခြား ခရီးလည်း မတ်လ ၂၈ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း သွားရကိန်းရှိ သည်။ အင်္ဂါနေ့နှင့် တောင်အရပ် ခရီးရှောင်ပါ။ ဘေးရန်အထွေထွေ နှင့် ကျန်း မာရေးကို ဂရုစိုက်သင့်။ မေလအတွက် ကံဇာတာ ငွေကြေးဥစ္စာစီးပွားကံ ကောင်းမြဲ ကောင်းနေဦးမည်။ ငွေကြေး ဝတ် ကောင်းစားကောင်းအထူးဝင်မည်။ သောကြာနေ့နံ သားသမီးထံမှ ငွေ ကြေးဝတ်ကောင်းစားကောင်းရတတ် သည်။ ငွေကြေးဥစ္စာ စီးပွားကိစ္စ အတွက် ခရီးဝေးသို့မဟုတ် နိုင်ငံရပ် ခြားခရီး သွားရလိမ့်မည်။ သို့မဟုတ် ငွေကြေးအလှူဒါန ပြုရတတ်သည်။ အဝတ်အထည်၊ အလှကုန်၊ ဇိမ်ခံ ပစ္စည်း၊ အနုပညာနှင့်ဆိုင်သော ပစ္စည်း၊ ကျောက်မျက်ရတနာ စသည့် သောကြာနံ နှင့် ပတ်သက်သော စီး ပွားရေးလုပ်ငန်းများ ကံကောင်းမည်။ သို့သော် ငွေကြေးအကုန်အကျ များ ရန် အကြောင်းကိစ္စများရှိနေမည်။ လူခိုး၊ လူလိမ်ကိုလည်းသတိထား ပါ။ မေ ၁၃ ရက်မှစ၍ အိုးအိမ် အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ် ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည်တို့နှင့် ပတ်သက်သော ရည်မှန်းချက်နှင့် ဆောင်ရွက်ချက် အားလုံးအောင်မြင်လိမ့်မည်။ ၄င်းတို့ နှင့် ပတ်သက်၍ ချမ်းသာသုခ ရရှိ လိမ့်မည်။ ကြာသပတေးနေ့တွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ် အရောင်းအဝယ် လုပ် နိုင်သည်။ မေလ ၄ ရက်မှ ၂ဝ ရက်အတွင်း အကြံအစည်များ မကောင်း။ အထမမြောက်ခြင်း၊ ရှုံး နိမ့်ခြင်း၊ ပျက်ပြားခြင်း၊ အပြိုင်အဆိုင် အတိုက်အခံဖြစ်ခြင်း၊ စိတ်သောက ရောက်ခြင်းစသည်တို့နှင့်ရင်ဆိုင်ရတတ် သည်။ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် အလုပ်အကြံအစည်လုပ်လျှင် ကံ မကောင်း၊ အကြောင်းမလှဖြစ်မည်။ ဗုဒ္ဓဟူးနေ့နံ သားသမီး၏ ကျန်း မာရေးကို ဂရုစိုက်ပေးပါ။ မေ ၁၃ ရက်နောက်ပိုင်း အချစ် ရေး၊ အိမ်ထောင်ရေး ကံကောင်းလာ မည်။ အချစ်ရေး၊ အိမ်ထောင်ရေး နှင့် ပတ်သက်သော ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်များ အောင်မြင်တတ် သည်။ အိမ်ထောင်ရေးသုခနှင့် ပြည့် ဝလိမ့်မည်။ ချစ်သူအိမ်ထောင်ဖက်နှင့် အပျော်ခရီး၊ အပန်းဖြေခရီး သွားရ တတ်သည်။ သို့မဟုတ်ကုသိုလ် ကောင်းမှု ပြုရမည်။ မေ ၁၃ ရက်နောက်ပိုင်း ခရီးဝေးသို့မဟုတ် နိုင်ငံရပ်ခြားခရီး၊ ဘုရားဖူးခရီး သွားရ ကိန်းရှိသည်။ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းကျန်းမာရေး အညံ့ကြုံမည်။ မိမိ၏ကျန်းမာရေးကိုလည်း မေ ၂၁ ရက်နောက်ပိုင်းအထူးဂရုစိုက်ပါ။ ဇွန်လအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားရေးကံ ဇာတာကောင်းသလားမမေးနှင့်။ မတ် ၂၈ ရက်ကတည်းက ကောင်းခဲ့သည် မှာ ဇူလိုင် ၃၁ ရက်အထိကောင်း မည်ဟု ပြောပြီးပြီ။ မိမိတို့၏ အခြေ အနေအဆင့်အတန်းနှင့် အသက်မွေး ဝမ်းကျောင်း စီးပွားရေး လုပ်ငန်းစဉ် အလျောက် အကျိုးပေးကောင်းကြ လိမ့်မည်။ သောကြာနေ့နံသားသမီးနှင့် သောကြာနံနှင့် ပတ်သက်သော စီးပွား ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်လျှင် ပိုမို ကံကောင်းကြမည်။ ရွှေမမြဲတတ်ချေ။ အင်္ဂါနံ သက်ရှိ သက်မဲ့ စက်၊ လျှပ် စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း၊ ရွှေနှင့် အနီရောင်ပစ္စည်းစသည်တို့ ထွက်ကိန်းရှိသည်။ ဇွန် ၂၁ ရက်နေ့ နောက်ပိုင်း အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည်တို့နှင့် ပတ်သက် ၍ စကားများရမည်။ မှုခင်းပြဿနာ အပြိုင်အဆိုင် အတိုက်အခံကြုံကောင်း ကြုံတတ်သည်။ ထိုအခါ အင်္ဂါနှင့် စနေနေ့တွင် ၄င်းကိစ္စများ ဆောင်ရွက် ခြင်းရှောင်ပါ။ ဇွန် ၆ ရက်မှ ၂၂ ရက် အတွင်း အလုပ်အကြံအစည်များတိုးတက် အောင်မြင်ကောင်းမွန်မည်။ ပညာရေး လည်းကောင်းမည်။ ဗုဒ္ဓဟူးနေ့တွင် လုပ်ကိုင်ကြံစည်ပါ။ စနေ၊ တနင်္ဂနွေ နှင့် အင်္ဂါနေ့များကို ရှောင်သင့်။ အကျိုးတူလုပ်ငန်းမလုပ်သင့်။ ဇွန် ၂၁ ရက်နေ့ နောက်ပိုင်း အချစ်ရေး၊ အိမ်ထောင်ရေးတွင် အေးချမ်းသာယာသုခမရှိ။ မိသားစု စည်းလုံးညီညွတ်မှု ပျက်ပြားလိမ့် မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုးသား ချင်းတို့နှင့် အဆက်အသွယ် ကင်း ခြင်း၊ ပျက်စီးခြင်း၊ သောကရှိခြင်း ရှိမည်။ အထိအခိုက် ဒဏ်ရာ အနာတ ရ၊ မတော်တဆဘေး၊ ရန်သူ့ဘေး၊ မင်းဘေး၊ ခိုက်ရန်ဒေါသ မှုခင်းပြ ဿနာများကြုံတွေ့ရတတ်သည်။ ကျန်းမာရေးချို့ယွင်းမည်။ ဇူလိုင်လအတွက် ကံဇာတာ ငွေကြေးဥစ္စာ စီးပွားရေးကံ ကောင်းပြီးရင်းကောင်းနေသည်။ ဇွန် ၂၃ ရက်မှစ၍ ဗုဒ္ဓဟူးနံ သက်ရှိ သက် မဲ့နှင့် အနီရောင်ပစ္စည်းဝင်ကိန်းရှိသည်။ စာအုပ်၊ စာပေ၊ စာရေးကိရိယာ နှင့် အစိမ်းရောင်ပစ္စည်း စသည့် ဗုဒ္ဓ ဟူးနေ့နံများနှင့် ပတ်သက်၍ ဝင်ငွေ ကောင်းမည်။ အကျိုးအမြတ်ရှိမည်။ ဇွန် ၂၃ ရက်နောက်ပိုင်း ဗုဒ္ဓဟူးနေ့ တွင် ထီထိုးပါ။ ဇူလိုင် ၁၉၊ ၂ဝ နှင့် ၂၁ ရက်နံနက်ပိုင်းတို့တွင် အကျိုး အမြတ်ကောင်းမည်။ ရေထွက်ကုန် ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အဖျော်ယမကာနှင့် အဖြူရောင် ပစ္စည်း စသည့် တနင်္လာနံပစ္စည်းတို့ ဝင်တတ်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည်တို့နှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နောက် ပိုင်းခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အပြိုင် အဆိုင် အတိုက်အခံ မှုခင်းပြဿနာ မကြုံခဲ့လျှင် ဇူလိုင်လတွင်း ကြုံတွေ့ နိုင်သည်။ ၄င်းကိစ္စများတွင် အင်္ဂါနေ့ နံသားသမီးကို သတိထား ဆက်ဆံ ပါ။ အလုပ်အပြောင်းအရွှေ့ ကြုံ ကောင်းကြုံမည်။ ကောင်းသော ပြောင်းရွှေ့မှုဖြစ်မည်။ ဗုဒ္ဓဟူးနေ့တွင် လုပ်ကိုင်ကြံစည်လျှင် လုပ်ငန်းမှ အကျိုးအမြတ်ရရှိလိမ့်မည်။ အင်္ဂါ၊ စနေနေ့နေ့ သားသမီးတို့နှင့် အကျိုး တူ လုပ်ငန်းလုပ်ကိုင်ခြင်းရှောင်ပါ။ အချစ်ရေး၊အိမ်ထောင်ရေးနှင့် ပတ်သက်သော ခိုက်ရန်ဒေါသ၊ ပဋိ ပက္ခ၊ မှုခင်းပြဿနာ မဖြစ်သေးလျှင် ဇူလိုင်လတွင် သတိထားပါ။ အိမ် တွင်းရေးနှင့်မိသားစုအရေးကို ထိခိုက် တတ်သည်။ မိခင်၏ ကျန်းမာရေး ကိုဂရုစိုက်ပေးပါ။ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုး သားချင်း၊ အိမ်နီးနားချင်းတို့နှင့် ဆက် ဆံရေးပြေလည်မည်။ ခင်မင်ရင်းနှီးသူများနှင့် မသင့် မတင့်ဖြစ်တတ်သည်။ စိတ်ဝမ်းကွဲ မည်။ သားသမီး ထွန်းကားတတ် သည်။ သားသမီးရေးကောင်းမည်။ မေလ ၂၁ ရက်နေ့မှစ၍ ကျန်း မာရေး အညံ့ကြုံနေပေရာ ကျန်းမာ ရေးချို့ယွင်းလာတတ်သည်။ သြဂုတ်လအတွက် ကံဇာတာ သြဂုတ်လအတွင်း ငွေကြေး ဥစ္စာ၊ စီးပွားရေးကံဇာတာ တက်နေ သော်လည်း ၁၃ ရက်နေ့မှစ၍ ငွေကြေး ဥစ္စာ စီးပွားရေးအတွက် ခိုက်ရန်စကားများရတတ်သည်။ ပဋိပက္ခတစ်မျိုးမဟုတ် တစ်မျိုး နှင့် ရင်ဆိုင်ရမည်။ ငွေကြေးဥစ္စာ စီးပွားရေးနှင့်ဆိုင်သော တရားတ ဘောင်ဖြစ်မည်။ လူခိုးလူလိမ်ခံရမည်။ ငွေကြေးအကုန်အကျ များမည်။ အင်္ဂါနေ့နံ သားသမီးနှင့်စီးပွားဖက် ခြင်းရှောင်ပါ။ ရွှေအရောင်းအဝယ် မလုပ်သင့်။ အနီရောင်ပစ္စည်း၊ စက် ပစ္စည်း၊ ဆေးပစ္စည်း၊ မီးနှင့် ပတ် သက်သော ပစ္စည်း၊ လျှပ်စစ်နှင့် အီ လက်ထရွန်းနစ်ပစ္စည်း၊ ပူစပ်သော ပစ္စည်းစသည့် အင်္ဂါနံ ပစ္စည်းများနှင့် အကျိုးမပေးတတ်ချေ။ အင်္ဂါနေ့တွင် ငွေကြေးဥစ္စာ စီးပွားရေးကိစ္စ မလုပ် နှင့်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည်တို့နှင့် ပတ် သက်၍ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ အနှောင့်အယှက်၊ နှောင့်နှေးကြန့်ကြာ ခြင်းမဖြစ်စေရန် ဆင်ခြင်ဆောင်ရွက် ရမည်။ ၄င်းကိစ္စများ စနေနေ့တွင် ဆောင်ရွက်ခြင်းရှောင်။ ကြာသပ တေးနေ့တွင် ဆောင်ရွက်ပါ။ စနေနေ့ နံသားသမီးနှင့် ဆောင်ရွက်ခြင်းမပြု သင့်။ သြဂုတ်လ ၁၇ ရက်နောက်ပိုင်း အထက်လူကြီး၊ အကြီးအကဲ၊ တနင်္ဂ နွေနေ့နံသက်ရှိ၊ သက်မဲ့၊ အလုပ် အကြံအစည်စသည်တို့အတွက် အပူ သောက ကြုံရမည်။ အလုပ်အကြံ အစည်ပျက်ပြားနစ်နာမည်။ အငြင်း ပွားမည်။ ၂၈ ရက်မှစပြီး အလုပ်အကြံ အစည်နှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့နံ သားသမီးနှင့် ဗုဒ္ဓဟူးနေ့ကို ရှောင် ပါ။ အလုပ်အကြံအစည်များ မတိုး တက်နိုင်သေးပေ။ သောကြာနေ့တွင် အလုပ်အကြံအစည်ပြုလျှင် အောင် မြင်နိုင်သည်။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေး ကောင်းမည်။ အိမ်ထောင် ရေးတွင် အထူးအထွေအညံ့မရှိ။ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်း၊ အင်္ဂါနေ့နံသားသမီးတို့ အတွက်ငွေကြေးကုန်ကျတတ်သည်။ သို့မဟုတ် ၄င်းတို့အတွက် သောကရှိ မည်။ ၂၈ ရက်မှစ၍ ကျန်းမာရေး အညံ့ကြုံမည်။ စက်တင်ဘာလတွက် ကံဇာတာ သြဂုတ်လ ၁၃ ရက်မှစ၍ ဖြစ်ကိန်းရှိနေသော ငွေကြေးဥစ္စာစီး ပွားရေးဆိုင်ရာ မကောင်းကျိုး အမျိုး မျိုးကို စက်တင်ဘာလ ၂၇ရက် အထိ ကာလအတွင်း ဆက်လက် သတိပြုရှောင်ရှားရပေမည်။ ဆောင် ရန်၊ ရှောင်ရန်ကိုလည်းလိုက်နာသင့် သည်။ သူတစ်ပါးကို ငွေချေးငှားခြင်း မလုပ်နှင့်။ ငွေကြေးဥစ္စာ စီးပွားရေး နှင့် ပတ်သက်လျှင် အစစအရာရာ စိတ်မချနှင့်။ စီးပွားရေးကိုလည်း မတိုးချဲ့နှင့်။ စက်တင်ဘာလ ၁ ရက်မှ ၂၆ ရက်အတွင်း စုတ်ကောင်း၊ လာဘ် ကောင်းဝင်မည်။ ဝတ်ကောင်းစား ကောင်းရမည်။ သောကြာနေ့နံ သား သမီး၊ သောကြာနံ ပစ္စည်း၊ အချစ် ရေး၊ အိမ်ထောင်ရေး စသည်တို့နှင့် ပတ်သက်၍ အကျိုးအမြတ် ရရှိ တတ်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေကိစ္စ စသည်တို့ နှင့် ပတ်သက်၍ ဆင်းရဲဒုက္ခ အနှောင့် အယှက်အခက်အခဲကြားမှ ကံ ကောင်းထောက်မမှုရရှိနိုင်သည်။ ၄င်း ကိစ္စများနှင့်ပတ်သက်၍ စနေနေ့နှင့် စနေနေ့နံ သားသမီးကို ရှောင်သင့်။ ကြာသပတေးနေ့တွင် ဆောင်ရွက် လျှင် ကံကောင်းလိမ့်မည်။ စက်တင်ဘာလ ၁၇ ရက်မှစ၍ စိတ်ပူပင်ရတတ်သည်။ အထက်လူ ကြီး၊ အကြီးအကဲ၊ အဖ၊ တနင်္ဂနွေ နေ့နံသားသမီးတို့နှင့် သဘောကွဲ တတ်သည်။ ဦးခေါင်းနှင့် မျက်စိကို ဥပဒ်ပေးတတ်သည်။ စက်တင်ဘာလ ၁၅ ရက်မှ ၃ဝ ရက်အတွင်း အလုပ်အကြံအစည်များ မိမိတို့၏ အခြေအနေနှင့်လုပ်ငန်းစဉ် အလျောက် တိုးတက်အောင်မြင် ကောင်းမွန်လိမ့်မည်။ Óဏ်ပညာ၊ ငွေ ကြေး၊ ချမ်းသာသုခနှင့် ပြည့်စုံမည်။ ကိုယ်ရေးကိုယ်တာ ကောင်းမည်။ သား သမီးအကျိုးခံစားရမည်။ သားသမီးကံကောင်းတတ်သည်။ အိမ်ထောင်ရေး ကောင်းမည်။ အိမ်တွင်းရေး၊ မိသားစုရေးလည်း ကောင်းမည်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့ရတတ်သည်။ စက်တင်ဘာလ ၂၈ ရက်မှစ၍ ဆွေမျိုးသားချင်း အိမ်နီးနားချင်းတို့၏ ကူညီစောင်မမှုကိုရမည်။ ၄င်းတို့နှင့် ပတ်သက်၍ စိတ်ချမ်းသာမည်။ ခရီးယာယီ၊ ခရီးတို၊ ခရီးဝေး နိုင်ငံခြားခရီးစွန့်စားပြီး သွားလျှင် အကျိုးစီးပွားဖြစ်ထွန်းမည်။ အနာရောဂါရ၍ ကျန်းမာရေး ချို့ယွင်းလျှင် ကုသပျောက်ကင်းလိမ့် မည်။ အောက်တိုဘာလအတွက် ကံဇာတာ စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၂၂ ရက်အတွင်း ငွေကြေးဥစ္စာကိစ္စ အငြင်းပွားရတတ် သည်။ ငွေကြေးအကုန်အကျလည်း များမည်။ ငွေကြေးစီးပွားရေးနှင့် ပတ် သက်၍ နစ်နာခြင်း၊ အကျိုးယုတ် ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ သော ကြာနံသက်ရှိ၊ သက်မဲ့ ထွက်ကိန်းရှိ သည်။ ငွေကြေးဥစ္စာ စီးပွားရေးကိစ္စ အဆင်မပြေဖြစ်မည်။ သောကြာနံ ပစ္စည်းရောင်းဝယ်ခြင်း အကျိုးနည်း သော ကာလပိုင်းရက်ပိုင်းဖြစ်သည်။ အောက်တိုဘာလ ၂၊ ၃၊ ၁၁၊ ၁၂၊ ၁၃၊ ၁၈၊ ၁၉၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၉၊ ၃ဝ ရက်များသည် ငွေကြေးဥစ္စာ စီးပွားရေးကိစ္စ အားလုံး အတွက် ကုသိုလ်ကံမကောင်းသော ရက်များဖြစ်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေ စသည်တို့နှင့် ပတ်သက်၍ ကံကောင်းမည်ဖြစ်သော် လည်း အခက်အခဲအနှောင့်အယှက် နှင့် မကင်းတတ်ပေ။ ၄င်းကိစ္စအားလုံးအတွက် အောက်တိုဘာလ ၈၊ ၁၇၊ ၂၆ ရက်သည် မကောင်းသောရက်များ ဖြစ်ပြီး အောက်တိုဘာလ ၃၊ ၁၂၊ ၂၁ နှင့် ၃ဝ ရက်များသည် ကောင်း သောရက်များဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်မှ စ၍ အလုပ်အကြံအစည်များတွင် အခက်အခဲတွေ့မည်။ မအောင်မမြင် ဖြစ်မည်။ အလုပ်အကြံအစည်အားလုံး အတွက် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၈ ရက်သည် မကောင်း သောနေ့ဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ အတွင်း အချစ်ကံမကောင်း တတ်ချေ။ ချစ်သူ အိမ်ထောင်ဖက် နှင့် အဆင်မပြေဖြစ်တတ်သည်။ ချစ်သူ အိမ်ထောင်ဖက်အတွက် သောကကြုံရတတ်သည်။ အောက်တိုဘာလ ၆ ရက်နှင့် ၁၅ ရက်တွင် ချစ်ရေးဆိုရန်၊ ချစ်သူ နှင့်တွေ့ရန် မကောင်းသော ရက်ဖြစ် သည်။ ဘေးရန်ကင်းမည်။ ရန်သူကို အောင်နိုင်မည်။ ကျန်းမာရေး စိုးရိမ်စရာမရှိချေ။ နိုဝင်ဘာလအတွက် ကံဇာတာ နိုဝင်ဘာလ ၁၇ ရက်မှ စ၍ ငွေကြေးဥစ္စာ ပစ္စည်းအဝင်များလျက် စီးပွားရေးအထူးကောင်းလိမ့်မည်။ နို ဝင်ဘာလ ၂၄ ရက်နေ့သည် ငွေကြေး ဥစ္စာစီးပွားရေးအတွက် ကောင်းသော ရက်ဖြစ်သည်။ ထိုနေ့တွင် ထီထိုးပါ။ ငွေကြေးဥစ္စာစီးပွားရေးကိစ္စများ ဆောင်ရွက်ပါ။ သောကြာနံကုန် ပစ္စည်း၊ သောကြာနေ့နံ သားသမီး တို့နှင့် ပတ်သက်ပြီး ငွေကြေးဥစ္စာ ရတတ်သည်။ နိုဝင်ဘာလ ၁၇ ရက် မှ ဒီဇင်ဘာလ ၁ဝ ရက်အတွင်း မင်္ဂလာဆောင်သော သတို့သား၊ သတို့ သမီးများမှာ လက်ဖွဲ့များများရတတ် သည်။ ထိုကာလအတွင်း သောကြာ နေ့နံသားသမီးနှင့် စီးပွားဖက်နိုင် သည်။ အရှေ့တောင်အရပ်မှ ငွေကြေး ဝတ်ကောင်းစားကောင်းဝင်လာတတ် သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည်တို့နှင့် ပတ် သက်၍ နိုဝင်ဘာလ ၉ ရက်မှစ၍ ခိုက်ရန်ဒေါသ၊ ပဋိပက္ခအပြိုင်အဆိုင် အတိုက်အခံ၊ မှုခင်းပြဿနာဖြစ်တတ် သည်။ အရောင်းအဝယ်မလုပ်သင့်။ ၄င်းကိစ္စများ အားလုံးအတွက် နိုဝင် ဘာလ ၉ ရက်၊ ၁၈ ရက်နှင့် ၂၇ ရက်တို့သည် မကောင်းသော ရက်ဖြစ် သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အလုပ်အကြံအစည်များတွင် အခက် အခဲရှိနေဦးမည်။ အလုပ်အကြံအစည် အားလုံးအတွက်နိုဝင်ဘာလ ၁ ရက် နေ့သည် မကောင်းသော ရက်ဖြစ် သည်။ နိုဝင်ဘာလ ၉ ရက်မှစ၍ အလုပ် အကြံအစည်များတွင် ဘေးရန် ပဋိပက္ခအပြိုင်အဆိုင် အတိုက်အခံ မှုခင်းပြဿနာကြုံတွေ့တတ်သည်။ အလုပ်အကြံအစည်အားလုံး အတွက် နိုဝင်ဘာလ ၉ ရက်၊ ၁၈ ရက် နှင့် ၂၇ ရက်တို့သည် မကောင်းသော ရက်ဖြစ်သည်။ ချစ်သူ အိမ်ထောင်ဖက်နှင့် နို ဝင်ဘာလ ၉ ရက်မှစ၍ ခိုက်ရန် စကားများရတတ်သည်။ အချစ်ရေး အိမ်ထောင်ရေးနှင့်ဆိုင်သော ဘေးရန် ပဋိပက္ခမှုခင်းကိစ္စ ကြုံရလိမ့်မည်။ ချစ်သူနှင့်တွေ့ရန်၊ ချစ်ရေးဆိုရန် စေ့ စပ်ရေး လက်ထပ်ရေးကိစ္စများ ဆောင်ရွက်ရန် နိုဝင်ဘာလ ၉ ရက်၊ ၁၈ ရက် နှင့် ၂၇ ရက်သည် မကောင်းသောရက်များဖြစ်သည်။ အိမ်တွင်းရေးလည်း မအေးချမ်းတတ် ပေ။ မိသားစုချင်းစိတ်ဝမ်းကွဲတတ် သည်။ ကျန်းမာရေး အထူးအထွေ အညံ့ မကြုံတွေ့နိုင်ပါ။ ဒီဇင်ဘာလအတွက် ကံဇာတာ ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ ငွေကြေးဥစ္စာ ပစ္စည်းအဝင်များလျက် စီးပွားရေးဆက်လက်ကောင်းနေတတ် သည်။ ဒီဇင်ဘာလ ၆ ရက်နေ့သည် ငွေကြေးဥစ္စာ စီးပွားရေးလုပ်ဆောင်ရန် ကောင်းသောရက်ဖြစ်သည်။ ဒီဇင်ဘာ လ ၁ဝ ရက်နေ့အထိ သောကြာနံ ကုန်ပစ္စည်းရောင်းဝယ်ခြင်း၊ သော ကြာနေ့နံ သားသမီးနှင့် စီးပွားဖက် ခြင်းကောင်း၏။ ဒီဇင်ဘာလ ၆ ရက် တွင် ထီထိုးပါ။ ကန်ရာသီဖွား အမျိုး သမီးဖြစ်လျှင် အချစ်ရေးနှင့် ပတ် သက်ပြီး ငွေကြေး ဝတ်ကောင်း စားကောင်းဝင်နိုင်သည်။ သောကြာ နေ့နံ သား သမီးထံမှ စုတ်လာဘ် ကောင်းရတတ်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိ အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား စသည်တို့နှင့် ပတ်သက်သော ခိုက်ရန်ပဋိပက္ခအပြိုင်အဆိုင် အတိုက် အခံမှုခင်းပြဿနာများကို ဆက်လက် သတိပြုသင့်သည်။ ရောင်းဝယ်၊ ပေါင် နှံ၊ ငှားရမ်း၊ ပြုပြင်ဆောက်လုပ်ခြင်း ရှောင်ပါ။ အထူးသဖြင့် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၈ ရက်သည် မကောင်း သောရက်ဖြစ်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အလုပ်အကြံအစည်နှင့် ပတ်သက် သော ဘေးရန် ပဋိပက္ခ၊ အပြိုင် အဆိုင်၊ အတိုက်အခံ၊ မှုခင်းပြဿနာ များကို ဆက်လက်သတိထားရမည်။ အလုပ်အကြံအစည်အားလုံး အတွက် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၈ ရက်တို့သည် မကောင်းသော ရက်ဖြစ်သည်။ ၂ဝ၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက် မှ ၂ဝ၁၃ ခု ဇန်နဝါရီလ ၁၃ ရက် အတွင်း အလုပ်အကြံအစည်များ အဆင်မပြေဖြစ်လိမ့်မည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ဆိုင် သော ဘေးရန်ပဋိပက္ခမှုခင်းပြဿနာ ကို ဆက်လက်သတိထားပါ။ အိမ် တွင်းရေးလည်း မသာမယာတတ် ပေ။ မိသားစုချင်း စည်းလုံးညီညွတ် မှု ပျက်ပြားမည်။ ကျန်းမာရေး စိုးရိမ်ပူပန်ရန် မလို ချေ။
 
တူရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
တူရာသီဖွား (အောက်တိုဘာ ၁၇ မှ နိုဝင်ဘာ ၁၅)

ဇန်နဝါရီလအတွက် ကံဇာတာ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့အထိ အတွင်း စက်ပစ္စည်း ဆေးပစ္စည်း၊ မီးနှင့်ပတ်သက်သော ကုန်ပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထ ရွန်းနစ်ပစ္စည်း၊ ပူစပ်၊ ခါးသော အရသာရှိသည့် ကုန်ပစ္စည်း၊ ရွှေနှင့် အနီရောင်ရှိသော ကုန်ပစ္စည်းစသည့် အင်္ဂါနံနှင့် သက်ဆိုင်သော ကုန်ပစ္စည်း များ ဝင်ကိန်းရှိသည်။ ဖော်ပြပါ အင်္ဂါနံနှင့် သက်ဆိုင် သောကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝင်ငွေကောင်းမည်၊ အကျိုးအမြတ် ရရှိမည်။ ရည်မှန်းချက်ပြည့်မည်။ ကံ ကောင်းမည်။ ၁-၁-၂ဝ၁၂ နေ့မှ ၄-၁-၂ဝ၁၂ နေ့အတွင်း ငွေကြေး အကုန်အကျ များမည်။ အကျိုးယုတ်မည်။ အငြင်း ပွားရမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည့်ကိစ္စများ နှင့်ပတ်သက်၍ အဆင်ပြေသော နှစ် ပိုင်း၊ လပိုင်းဖြစ်သည်။ ဇန်နဝါရီ ၁၊ ၈၊ ၆၊ ၁၄၊ ၁၅၊ ၁၆၊ ၁၈၊၁၉ နှင့် ၂ဝ ရက်များ သည် အလုပ်အကြံအစည်အတွက် မကောင်းသောရက်များဖြစ်သည်။ အလုပ်အကြံအစည်များ နှောင့် နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့လာ လျှင် သည်းခံစောင့်ဆိုင်းရလိမ့်မည်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း များနှင့် ပတ်သက်၍ မကျေမနပ် အားမလိုအားမရဖြစ်မည်။ အချစ်ရေး၊ ပညာရေး၊ သား သမီးရေးရာများတွင် ခိုက်ရန် ဒေါသ ပဋိပက္ခဖြစ်ရတတ်သည်။ ၃၁-၁ဝ-၂ဝ၁၁ မှ ၂ဝ-၇-၂ဝ၁၂ နေ့ အတွင်း သားသမီး ကိုယ်ဝန်ဆောင်ခြင်း၊ မွေး ဖွားရယူခြင်းမပြုသင့်ပေ။ အိမ်ထောင်ကျနိုင်သည်။ ထိမ်း မြားမင်္ဂလာအမှုပြုပါက သို့မဟုတ် အစုစပ်လုပ်ကိုင်ပါက အောင်မြင်မှု ရရှိမည်။ အိမ်ထောင်ကျပြီးပါက လည်း အိမ်ထောင်ရေး ပျော်ရွှင်ချမ်း မြေ့သော လပိုင်းဖြစ်မည်။ ရှုပ်ထွေးသော ကျန်းမာရေး ပြဿနာများ ဖြစ်ပွားခဲ့လျှင် အာရုံစိုက် ၍ ကုသသင့်သည်။ ဖေဖော်ဝါရီလအတွက်ကံဇာတာ အင်္ဂါနံ သက်ရှိသက်မဲ့ဝင်တတ် သည်။ စွန့်စားလုပ်ကိုင်ခြင်း၊ အပြိုင် အဆိုင်စီးပွားရှာဖွေခြင်းဖြင့် ငွေကြေး ဥစ္စာ၊ ပစ္စည်း၊ အကျိုးအမြတ်ရရှိမည်။ အိုးအိမ်၊ အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေစသည့် ကိစ္စများနှင့် ပတ်သက်၍ တာဝန်ယူစွန့်စားခြင်း မပြုသင့်ပါ။ ၄င်းကိစ္စများနှင့် ပတ် သက်၍ ကံကောင်းမည်။ သို့မဟုတ် နစ်နာ အကျိုးယုတ်မည်ဆိုသည်မှာ မိမိ၏ အခြေအနေများပေါ်တွင် မူ တည်သည်။ ညီအစ်ကို မောင်နှမနှင့် နီးစပ် ရာ ဆွေးမျိုးများနှင့် ပျော်ရွှင်လိမ့်မည်။ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ပါက အကျိုးရှိမည့်လပိုင်းဖြစ်သည်။ အိမ်နီးနားချင်း များနှင့်လည်း အဆင်ပြေမည်။ ခရီးယာယီ သို့မဟုတ် ခရီးတိုသွားရန်နှင့် ဗဟုသုတ ရှာမှီးရန် အကောင်းဆုံး ဖြစ်သည်။ စာပေ ရေးသားခြင်း၊ ထုတ်ဝေခြင်း စသည် တို့အတွက်လည်း အကောင်းဆုံးလ တစ်လဖြစ်သည်။ အလုပ်အကြံအစည်များတွင် တစ်ကိုယ်တော် လုပ်ခြင်းထက် အခြားသူများနှင့် ပူးတွဲလုပ်ဆောင်ခြင်းက ပို၍ အကျိုးရှိမည့် လပိုင်းဖြစ်သည်။ အစုစပ်လုပ်ငန်း တစ်မျိုးမဟုတ် တစ်မျိုး ဖြစ်ပေါ်လာမည်။ အလုပ်အကြံအစည်များ တိုး တက်အောင်မြင်မည်။ သို့သော် ဖေ ဖော်ဝါရီလ ၁၃ ရက်မှ နောက်ပိုင်း အခက်အခဲများကြားမှ အလုပ်အကြံ အစည်များ တိုးတက်ကောင်းမွန် လိမ့်မည်။ သောကြာနေ့နံ သားသမီးနှင့် ခိုက်ရန်စကားများရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး ပျော် ရွှင်ချမ်းသာသုခ ရရှိစေမည်။ အိမ် ထောင်မကျသေးပါက အိမ်ထောင် ကျနိုင်သည့် လတစ်လဖြစ်သည်။ အိမ်ထောင်ကျပြီးခဲ့ပါက အိမ်ထောင် ရေး သာယာခိုင်မြဲမည်။ အနာရောဂါ ဥပဒ်ဘေးကင်း၍ ကျန်းမာမည်။ မတ်လအတွက် ကံဇာတာ ခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အတိုက်အခံ၊ အပြိုင်အဆိုင်ကြားမှ ဝင်ငွေ၊ အကျိုးအမြတ်ရရှိလျက် စီး ပွားရေးအခြေအနေ ကောင်းလိမ့်မည်။ အိုးအိမ်၊အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည့် ကိစ္စများ နှင့် ပတ်သက်၍ စတင်ရန် အချိန် ကာလမဟုတ်သေးပါ။ မရွှေ့မပြောင်း နိုင်သော နေအိမ်၊ တိုက်တာ အဆောက်အအုံ၊ မြေယာနှင့် ပတ် သက်၍ မရေမရာအခြေအနေများဖြစ် ပွားမည်။ သားချင်းညီအစ်ကို မောင်နှမ များနှင့် အဆင်ပြေမည်။ သို့မဟုတ် ခွဲခွာနေရသော သားချင်းများနှင့် ဆုံ တွေ့ရတတ်သည်။ ဆွေမျိုးသားချင်း မိတ်သင်္ဂဟပတ်ဝန်းကျင် အသိုင်း အဝိုင်းနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မည်။ အကျိုးအမြတ်ရရှိတတ်သော ခရီးယာယီများသွားလာရတတ်သည်။ စာရေးသားခြင်း၊ ထုတ်ဝေဖြန့် ချိရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ မှ အကျိုးအမြတ်ရရှိနိုင်ခွင့်ရှိသည်။ ဝယ်ယူရေးကိစ္စများကို ပြုလုပ် နိုင်သည်။ သဘောတူညီမှု၊ သဘောထား တိုက်ဆိုင်မှုများရရှိနိုင်သည့် လပိုင်း ဖြစ်၍ စေ့စပ်ဆွေးနွေးရေး ပြုလုပ် ရန် ကောင်းသော အချိန်ကာလဖြစ် သည်။ အလုပ်အကြံအစည်များ အောင် မြင်မှုကို မျှော်မှန်းနိုင်သော အချိန် ကာလဖြစ်သည်။ အနာဂတ် စီမံကိန်း အတွက် အခွင့်အရေးကောင်းရရှိတတ် သည်။ အဖ၊ အထက်လူကြီး၊ အကြီး အကဲများ၏ ယုံကြည်အားကိုး ချစ် ခင်မှုရရှိစေရန် သတိထားပြုမူပြောဆို နေထိုင်ဆောင်ရွက်ရမည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး နေ့နံသား သမီးတို့နှင့် စိတ်ဝမ်းကွဲပြားမှုကို ရှောင် ကြဉ်ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ များကောင်းမွန်မည်။ အိမ်ထောင်ပြုရန် အချိန်အခါဖြစ်သည်။ အများပြည်သူ များနှင့်ဆက်ဆံရေး ကောင်းမွန်သော အချိန်ကာလလည်းဖြစ်သည်။ တရား တဘောင်နှင့်အမှုအခင်းများကို တရားစွဲဆို ပြေရှင်းဆောင်ရွက်သင့် သော လပိုင်းတစ်ခုဖြစ်သည်။ မိမိကျန်းမာရေးကို ကြိုတင် ကာကွယ်စောင့်ရှောက်ထားရမည်။ ဧပြီလအတွက် ကံဇာတာ ဝင်ငွေအကျိုးအမြတ်နှင့် ငွေ ကြေးဥစ္စာ စီးပွားဆိုင်ရာ အကျိုးရ လဒ်များအတွက် အပေါင်းလက္ခဏာ ဆောင်မည်။ စီးပွားရေးအခြေအနေ တည်ငြိမ်မှုရရှိအောင်ကြိုးစားရမည်။ မလိုလားအပ်သော ငွေကြေးအသုံးအစွဲ အကုန်အကျများပြားခြင်းမရှိစေရန် ဂရုတစိုက် သတိထားရမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေစသည်တို့နှင့် ပတ် သက်သော အခြေအနေများ ရှေ့သို့ တိုးမည့်အစား နောက်သို့ဆုတ်ယုတ် သွားမည်။ အိမ်ခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်အရောင်းအဝယ်ကိစ္စများတွင် အလွန်ပင်ခဲယဉ်း၍ မအောင်မြင်သော အချိန်ကာလဖြစ်သည်။ မောင်နှမသားချင်းညီအစ်ကို များ၏ အရေးကိစ္စများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရတတ်သည်။ မိမိ၏ အခြေအနေနှင့် လုပ်ငန်း စဉ်အလျောက်အောင်မြင်မှုများ၊ ကောင်းကျိုးတရားများ ဖြစ်ပွားရရှိ မည်။ အောင်မြင်မှုများစွာကို မျှော် မှန်းနိုင်သော လပိုင်းဖြစ်သည်။ ချစ်ရေး ချစ်ရာ မေတ္တာရေးရာ များတွင် ဘေးရန်ဖြစ်ပွားမည်။ သား သမီးတွင်လည်း ဘေးရန် မကင်း တတ်ပေ။ ကိုယ်ဝန်ဆောင်များသား လျှော သားပျက် ဖြစ်မည်။ မတော်တဆဘေး၊ ရန်သူ့ဘေး၊ မင်းဘေး၊ မှုခင်းပြဿနာများ မဖြစ် အောင် သတိထားဆင်ခြင်သင့်သည်။ အိမ်တွင်းရေး သာယာအေးချမ်း မှုကို ယုတ်လျော့စေမည်။ အိမ်ထောင် ရေးကိစ္စများတွင် အထူးအထွေ ကောင်းကျိုးမကြုံတွေ့နိုင်ချေ။ အိမ် ထောင်ရေးပြဿနာကွာဟချက်များ ရှိလျှင် ရင်ကြားစေ့နိုင်လိမ့်မည်။ အဝတ်အထည်၊ အလှကုန် ပစ္စည်း၊ ဇိမ်ခံပစ္စည်း၊ ကျောက်မျက် ရတနာ၊ အနုပညာနှင့်ဆိုင်သော ပစ္စည်းစသည့် သောကြာနံ ကုန် ပစ္စည်းများ ထွက်တတ်သည်။ သို့မ ဟုတ် သောကြာနေ့နံ သားသမီး ကျန်းမာရေး အညံ့ကြုံတတ်သည်။ မိမိကိုယ်တိုင်သောကြာနေ့နံ သားသမီး ဖြစ်ပါက မိမိ၏ ကျန်းမာ ရေးအဆင့်အတန်းကျဆင်းမည်။ မေလအတွက် ကံဇာတာ မေလ ၂၁ ရက်မှစ၍ ယခင်က မရည်ရွယ်သော၊ မထင်မှတ်သော သုံးစွဲကုန်ကျမှုများရှိလာမည်။ စီးပွား ရေးအခြေအနေရုတ်တရက်ကျဆင်း တတ်သည်။ ငွေကြေး အကျပ် အတည်းအခက်အခဲများနှင့် ကြုံတွေ့ ရမည်။ ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ်သက်သော ကိစ္စများတွင် နှောင့် နှေးကြန့်ကြာမည်။ လူခိုးလူလိမ်များ ကို သတိထားရမည့် ကာလဖြစ် သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေစသည့်တို့နှင့် ပတ်သက်သော အခြေအနေရပ်ရပ် မတိုးတက်နိုင်သော ကာလဖြစ်သည်။ အိမ်၊ မြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ အမွေ ကိစ္စများနှင့်ပတ်သက်၍ အကုန်အကျ အဆုံးအရှုံးများခြင်း၊ နစ်နာအကျိုး ဆုတ်ယုတ်ခြင်း၊ ဘေးဒုက္ခရောက် ခြင်းစသည့် မကောင်းကျိုးများ ကြုံ တွေ့ရတတ်သည်။ ၄င်းတို့ကို အရောင်းအဝယ်လုပ်ခြင်းရှောင်ကြဉ် ပါ။ မေလ ၁၄ ရက်နောက်ပိုင်း အလုပ်အကြံအစည်များ ပျက်ပြား ခြင်း၊ အထမမြောက်ခြင်း၊ ရှုံးနိမ့်ခြင်း၊ အပြိုင်အဆိုင် အတိုက်အခံ လုပ် ကိုင်ကြံစည်ရခြင်း စသည်တို့နှင့် ကြုံ တွေ့ရမည်။ အဖသို့မဟုတ် အထက်လူကြီး အကြီးအကဲနှင့်တနင်္ဂနွေနေ့နံ သား သမီးနာမကျန်းဖြစ်ပွားမည်။ ၄င်းတို့ ၏ ကျန်းမာရေးကိုဂရုစိုက်ပေးသင့် သည်။ တနင်္ဂနွေနှင့် အနီရောင်ပစ္စည်း ထွက်ကိန်းရှိသည်။ မိတ်ဆွေ ပေါင်းသင်းဆက်ဆံ ရေးအဆင်မပြေဖြစ်တတ်သည်။ အမိသို့မဟုတ် အမိနှင့်တူသော သူများ၏ ကျန်းမာရေး ချို့ယွင်း တတ်သဖြင့် ဝမ်းနည်းပူဆွေးရမည်။ မတော်တဆ ထိခိုက်မှု၊ ဘေး အန္တရာယ်များကို သတိမပြတ်ထားရ မည့် ကာလဖြစ်သည်။ ပညာရေး၊ အချစ်ရေး၊ သား သမီးရေးရာများအတွက် အကုန် အကျ များမည်။ နစ်နာအကျိုးယုတ် မည်။ ဘေးဒုက္ခရောက်မည်။ သား သမီးတို့၏ ကျန်းမာရေးကိုလည်း ဂရုတစိုက်ရှိသင့်သော အချိန်ကာလ ဖြစ်သည်။ ခရီးဝေး သို့မဟုတ် နိုင်ငံရပ်ခြား ခရီးသွားလာရေးကိစ္စ နှောင့်နှေးကြန့် ကြာမှုကြုံတွေ့နိုင်သည်။ ပျော်ပွဲစား ခရီးထွက်ရန် သို့မဟုတ် ဘုရားဖူး ခရီးထွက်ရန်မသင့်တော်ပါ။ မတော်တဆဘေး၊ ရန်သူ့ဘေး၊ မင်းဘေး၊ မှုခင်းကိစ္စများ မကြုံတွေ့ အောင် အထူးသတိပြုရှောင်ရှားကာ ကျန်းမာရေးကို အလေးထားရမည်။ ဇွန်လအတွက် ကံဇာတာ ဇွန်လ ၂၁ ရက်မှစ၍ စီးပွား ရေးအခြေအနေပိုမိုဆိုးရွားလာတတ် သည်။ ငွေကြေးဥစ္စာစီးပွားရေးတွင် ရန်သူနှင့် အန္တရာယ်ရှိတတ်သည်။ အင်္ဂါနေ့နံသားသမီးနှင့် ငွေရေး ကြေး ရေး စီးပွားရေး မဆက်ဆံသင့်ပါ။ အင်္ဂါနေ့နံနှင့် အနီရောင်ပစ္စည်း ရွှေ ထွက်ကိန်းရှိသည်။ အင်္ဂါနံ သက်ရှိ၊ သက်မဲ့အကျိုးမပေးသော လပိုင်းဖြစ် သည်။ ငွေကြေးသုံးစွဲကုန်ကျမှုအပေါ် ထိန်းချုပ်ရမည့် ကာလလည်းဖြစ် သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား အမွေစသည့်ကိစ္စများနှင့် ပတ်သက်၍ အဆင်ပြေမှု နည်းပါး မည်။ ၄င်းကိစ္စများအတွက် ဝန်ထုပ် ဝန်ပိုးသဖွယ် ပိနေတတ်သည်။ ၄င်း ကိစ္စများနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာ မည့်အချိန်ကာလဖြစ်သည်။ ဇွန် ၁၄ ရက်နေ့အထိ အသက် မွေးဝမ်းကျောင်းလုပ်ငန်းကို မတိုးချဲ့ သင့်ဘဲ ဂရုစိုက်၍ ကြိုးစားလုပ်ကိုင် ရန်လိုအပ်ပါသည်။ လုပ်ကိုင်ကြံစည် သမျှ ပျက်ပြားမှု၊ မိမိရည်မှန်းချက် အတိုင်းမဖြစ်သဖြင့် စိတ်ဆင်းရဲမှု ဖြစ်ပွားသည့်တိုင် လက်လွတ်ဆုံးရှုံး မှုမရှိအောင်အာရုံစူးစိုက်၍ ဆောင် ရွက်ရန်ကာလဖြစ်သည်။ မိမိတို့၏လုပ်ငန်းစဉ် အလျောက် လုပ်ငန်းအကြံအစည်နှင့် ဖခင် သို့မဟုတ်အထက်လူကြီး၊ အကြီး အကဲ၊ တနင်္ဂနွေနံ သက်ရှိသက်မဲ့ တို့အတွက် ဇွန် ၁၄ ရက်နေ့အထိ အတွင်း စိတ်သောက ရောက်ရ လိမ့်မည်။ ပေါင်းသင်းဆက်ဆံရေးတွင် ဆန့်ကျင်ဘက်လိင်များနှင့် အကျိုး မပေးတတ်သောကာလဖြစ်သည်။ မိတ်ဆွေများနှင့် ပေါင်းသင်းဆက် ဆံရေး ပျက်ပြားမည်။ ချစ်ခြင်းမေတ္တာတရားတွင် လှုပ် ရှားပြောင်းလဲဖောက်ပြန်မှုများသော ကာလဖြစ်သည်။ မလိုလားအပ်သော ကာမဂုဏ် အာရုံများ ၏ ဆွဲဆောင်မှု နောက်သို့ လိုက်ပါသွားခြင်းမရှိစေရန် သတိထားရမည်။ အိမ်ထောင်ရေးတွင် နှစ်ဦးနှစ် ဖက် သည်းခံခွင့်လွှတ်နိုင်မှသာ အိမ် ထောင်ရေး တည်မြဲလိမ့်မည်။ ကျန်းမာရေး ချို့ယွင်းထိခိုက်ပါ က အလျင်အမြန်ကုသသင့်သည်။ ဇူလိုင်လအတွက်ကံဇာတာ ဇူလိုင်တစ်လလုံး စီးပွားရေးအ နေဆက်လက်ဆိုရွားနေမည်။ အင်္ဂါ နံသက်ရှိသက်မဲ့ စက်၊ ရွှေနှင့် အနီ ရောင်ပစ္စည်းဝင်လျှင် စီးပွားရေးနှင့် အိမ်ထောင်ရေးကို ထိခိုက်စေတတ် သည်။ ငွေကြေးဥစ္စာပစ္စည်းများ ပျောက်ဆုံး၊ လိမ်ညာ၊ ခိုးယူခြင်းခံရ တတ်သည်။ သူတစ်ပါး ငွေကြေး အမြောက်အမြားကို ကိုင်တွယ်ရသူ ဖြစ်လျှင် သို့မဟုတ်ငွေကြေးစာရင်း ဇယားများကို တာဝန်ရှိသူဖြစ်လျှင် ကြီးစွာသော သတိတရားကို လက် ကိုင်ထားရမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား စသည်တို့ ပျက်စီး ဆုံးရှုံးလိမ့်မည်။ မိခင် သို့မဟုတ် အင်္ဂါနေ့နံနှင့် စနေနေ့နံ သားသမီး တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးရ မည်။ အိုးပျက်အိမ်ပျက်မဖြစ်စေရန် သတိထားရမည့်ကာလဖြစ်သည်။ မိတ်ပျက်တတ်သည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် ပျော်ရွှင်မှုကို ပျက်ပြားဆုတ်ယုတ်စေသည့် မိတ္တ ဗလဋီကာကို ကောင်းစွာနားလည် သဘောပေါက်သင့်သည်။ ဇူလိုင် ၁၆ ရက်နောက်ပိုင်း အလုပ်အကြံအစည်များ တိုးတက် ကောင်းမွန်လာမည်။ လုပ်ငန်းများ တိုးချဲ့ရန်နှင့် လုပ်ငန်းသစ်စတင်လုပ် ကိုင်ရန် အကောင်းဆုံး ရက်ပိုင်းဖြစ် သည်။ အိမ်ထောင်ရေး အိမ်တွင်းရေး ပျော်ရွှင်သာယာချမ်းမြေ့မှုကို ထိခိုက် ဆုတ်ယုတ်သော အချိန်ကာလဖြစ် သည်။ အိမ်ထောင်မကျသေးပါက အိမ်ထောင်ကျကိန်းမရှိပေ။ အိမ် ထောင်ကျပြီးခဲ့ပါက အိမ်ထောင်ရေး သာယာခိုင်မြဲအောင်အစွမ်းကုန်ကြိုး စားရမည်။ အိမ်ထောင်ဖက်နှင့် ခွဲခွာ ရတတ်သည်။ သို့မဟုတ် အိမ်ထောင် ဖက်ဆုံးရှုံးမည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ သားချင်းညီအစ်ကို မောင်နှမများ အိမ်နီးနားချင်းများနှင့် ခိုက်ရန်စကား များရတတ်သည်။ ညီအစ်ကို မောင် နှမသားချင်းထဲက ကြာသပတေးနေ့နံ သားသမီး၏ ကျန်းမာရေးကို ဂရုစိုက် သင့်သည်။ အင်္ဂါနေ့တွင် ခရီးတို၊ ခရီး ယာယီသွားလာရန် မသင့်တော်ပါ။ ငွေကုန်ကြေးကျများ၍ ပင်ပန်းနွမ်း နယ်သော ခရီးယာယီသွားရတတ် သည်။ ရောဂါဥပဒ်ဘေး ဂရုစိုက်ရ မည်။ သြဂုတ်လအတွက်ကံဇာတာ သြဂုတ်လ ၁၃ ရက်နေ့ နောက် ပိုင်း ငွေကြေးဥစ္စာ စီးပွားဆိုင်ရာ မကောင်းကျိုးများ ကင်းရှင်းသွားလိမ့် မည်။ အမွေအနှစ်နှင့် ငွေကြေးဥစ္စာ အစုလိုက်အပြုံလိုက် ရရှိစေတတ် သည်။ ထီပေါက်ကိန်းရှိသဖြင့် ထီ မှန်မှန်ထိုးပေးသင့်သည်။ ထီ မပေါက် လျှင် ထီပေါက်သကဲ့သို့ ငွေဝင်မည်။ စီးပွားရေးကောင်းပြီး ဝတ်ကောင်း စားကောင်းအထူးဝင်တတ်သည်။ သြဂုတ်လ ၁၇ ရက်နောက်ပိုင်း တနင်္ဂနွေနံ သက်ရှိသက်မဲ့ နှင့် အနီ ရောင်ပစ္စည်းဝင်ကိန်းရှိသည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ်စသည်တို့ နှင့် ပတ်သက်သော ကိစ္စများတွင် ကောင်းကျိုးများခံစားရမည်။ အိမ်၊ မြေ၊ ကျွဲ၊ နွား၊ ယာဉ် အရောင်း အဝယ်လုပ်ရန် ကောင်းသော အချိန် ကာလဖြစ်သည်။ မိတ်သစ်ဆွေသစ်များ တိုးပွား မည်။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တတ်သည်။ သြဂုတ်လ ၁၉ ရက်နေ့အထိ အလုပ်အကြံအစည်များတွင် ကျေနပ် အားရမှုရရှိမည်။ အလုပ်မရှိသေးသူ များ အလုပ်ကောင်းရရှိနိုင်သည်။ အောင်မြင်မှု၊ တိုးတက်မှုများကို မျှော် မှန်းနိုင်သော အချိန်ကာလဖြစ်သည်။ အိမ်ထောင်ပြုရန် အချိန်အခါ ကောင်းမဟုတ်ပါ။ သြဂုတ်လ ၁၃ ရက်နေ့ နောက်ပိုင်း အိမ်ထောင်ရှင် များခိုက်ရန်ဒေါသ ပဋိပက္ခဖြစ်ပွား တတ်သည်။ အိမ်ထောင်ရေးသုခကို မခံစားရတတ်ပေ။ အိမ်တွင်းရေး သာယာအေးချမ်းမှုလည်းမရနိုင်ချေ။ သြဂုတ်လ ၁၂ ရက်နေ့အထိ အတွင်း သားချင်းညီအစ်ကို မောင်နှမ များ၊ အိမ်နီးနားချင်းများနှင့် အဆင် မပြေဖြစ်ရတတ်သည်။ သို့မဟုတ် ၄င်းတို့အတွက် စိုးရိမ်ပူပန်ကြောင့်ကြ မှုများနေမည်။ ဆွေမျိုးသားချင်းများ နှင့် ခွဲခွာရမည်။ ပျော်ပွဲစားခရီး၊ အပန်းဖြေခရီး ထွက်ရတတ်သည်။ ခရီးဝေး သို့မ ဟုတ် နိုင်ငံရပ်ခြားခရီးသွားလာရ တတ်၏။ သို့မဟုတ် ကုသိုလ်ကောင်း မှုပြုရမည်။ အထိအခိုက် အရှအနာ၊ သွေး ထွက်သံယို၊ မတော်တဆဘေး သတိ ပြုပါ။ စက်တင်ဘာလအတွက်ကံဇာတာ ငွေကြေးဥစ္စာ ပစ္စည်း၊ ဝတ် ကောင်းစားကောင်းအထူးဝင်လျက် စီးပွားရေးနေ့အထိ အလုပ်အကြံ အစည်နှင့်ပတ်သက်၍ ဝင်ငွေအကျိုး အမြတ်ကောင်းမည်။ တနင်္ဂနွေနေ့ နှင့် ကြာသပတေးနေ့တွင် ထီထိုးပါ။ ထီပေါက်ခြင်း၊ အမွေအနှစ်ရခြင်း၊ စီး ပွားရေးကောင်းခြင်းစသည့်ကောင်း ကျိုးများရရှိမည်။ စက်တင်ဘာလ ၁၆ရက်နေ့ အထိ တနင်္ဂနွေနံသက်ရှိသက်မဲ့ နှင့် အနီရောင်ပစ္စည်းအဝင်ကောင်းမည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား အမွေအနှစ်စသည့် ကိစ္စ များခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အတိုက် အခံ၊ အပြိုင်အဆိုင်ကြားမှ ဆောင်ရွက် အဆင်ပြေမည်။ အင်္ဂါနေ့ တွင် ရောင်းဝယ်ရန် ကောင်းသောနေ့ မဟုတ်ပေ။ ကြာသပတေးနေ့တွင် ရောင်းဝယ်ရန် ကောင်းသော နေ့ဖြစ် သည်။ စက်တင်ဘာလ ၁၆ ရက်နေ့ အထိ အတွင်း အလုပ်မရှိသေးသူများ အလုပ်အကိုင်ကောင်းရရှိတတ်သည်။ အကြံကောင်း၊ Óဏ်ကောင်းပေါ် မည်။ အထက်လူကြီး၊ အကြီးအကဲ မစခြင်းခံရမည်။ အလုပ်အကြံအစည် များ ရည်မှန်းချက်အတိုင်းပြည့်ဝမည်။ စက်တင်ဘာလ ၁၇ ရက် နောက်ပိုင်း တနင်္ဂနွေနံ သက်ရှိ၊ သက်မဲ့၊ အထက်လူကြီး၊ အကြီး အကဲအတွက် အပူသောက ကြုံရ မည်။ သို့မဟုတ် အလုပ်အကြံအစည် အတွက် ကောင်းသောရက်ပိုင်း မဟုတ်ပါ။ စက်တင်ဘာလ ၂၇ ရက်နေ့ အထိ ရက်ပိုင်းအတွင်း အိမ်ထောင်ပြု လိုသူများ ထိမ်းမြားလက်ထပ်ရေးကို အလေးထား၍ ကြိုးစားသော်လည်း လက်မထပ်ဖြစ်သေးပါ။ အိမ်ထောင် ဖက်အဖြစ် ရွေးချယ်ခံရမည့်အချိန် ကာလမဟုတ်ပေ။ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ် ငန်းများ လုပ်ကိုင်ရန် မသင့်ပါ။ လင်မယားချင်းစိတ်ဝမ်းကွဲ တတ်သည်။ အိမ်ထောင်ရေးနှင့် ဆိုင် သောအမှုအခင်းပြဿနာပေါ်မည်။ အစွပ်အစွဲခံရတတ်သည်။ သွေးနှင့်ပတ်သက်သော ရောဂါ နှင့် စိတ်တိုဒေါသကြီးမှုများဖြစ်ပွား မည်။ မတော်တဆဘေး၊ ရန်သူဘေး ကြောင့် ကျန်းမာရေးညံ့မည်။ ခရီးတို၊ ခရီးယာယီ သွားလာ ရေး နှောင့်နှေးမည်။ စနေနေ့နှင့် အနောက်အရပ်ခရီးယာယီသွားလာရန် မသင့်တော်ပါ။ အောက်တိုဘာလအတွက်ကံဇာတာ အင်္ဂါနေ့တွင် ထီထိုးခြင်း၊ ငွေ ကြေးဥစ္စာ စီးပွားရေးကိစ္စဆောင်ရွက် ခြင်းပြုရန်ကောင်းသောနေ့ဖြစ်သည်။ ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ် သက်သော အမှုခင်းပြဿနာဖြစ်နိုင် သည်။ အင်္ဂါနံ၊ စက်၊ ရွှေ၊ လျှပ်စစ် နှင့် အီလက်ထရွန်းနစ်ပစ္စည်း၊ ဆေး ပစ္စည်း၊ အနီရောင်ပစ္စည်းများ ရောင်း ဝယ်လျှင် အကျိုးအမြတ်ကောင်း သောအချိန်ကာလဖြစ်သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် စသည့် ကိစ္စများမှ ပျော်ရွှင်ချမ်းသာသုခကို ရရှိ စေတတ်သည်။ ၄င်းကိစ္စများနှင့် ပတ် သက်၍ တည်တံ့ခိုင်မြဲသော အခြေ အနေကောင်းရှိနေမည်။ အချစ်ရေး၊ ပညာရေးတွင် အတိုက်အခံ၊ အပြိုင်အဆိုင်များနှင့် ရင်ဆိုင်ရမည်။ သားသမီးတွင် ဘေး ရန်ကြုံမည်။ သို့မဟုတ် ကိုယ်ဝန် ဆောင်ဖြစ်လျှင် သားပျက်သားလျှော ခြင်းရှိမည်။ သားသမီးများအတွက် စိုးရိမ်ပူပန်ကြောင့်ကြနေရတတ်သည်။ အောက်တိုဘာလအတွင်း မိမိ ဆောင်ရွက်သောလုပ်ငန်းဆောင်တာ များ အခက်အခဲကြုံတွေ့ပြီး မအောင် မြင်မှုနှင့် အဆုံးသတ်လိမ့်မည်။ အထက်လူကြီး၊ အကြီးအကဲများ၏ မျက်မာန်ရှခြင်းခံရတတ်သည်။ ဦးခေါင်းနှင့် မျက်စိကို ဥပဒ် ပေးတတ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ အထိအတွင်း အိမ်ထောင်ပြုရန် လျော် ကန်သင့်မြတ်သော အချိန်ကာလ ဖြစ် သည်။ ဤအတွင်း စုတ်ကောင်း၊ လာဘ်ကောင်းဝင်မည်။ သောကြာနေ့ နံသက်ရှိ၊ သက်မဲ့၊ အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ ကျောက်မျက်ရတ နာတို့မှ အကျိုးအမြတ်ရရှိတတ် သည်။ သားသမီးနှင့်စကားများရခြင်း၊ တစ်ပါးသူနှင့် သားသမီးအတွက် စကားများရခြင်းဖြစ်ပွားမည်။ ကျန်းမာရေးမညံ့ချေ။ နိုဝင်ဘာလအတွက် ကံဇာတာ နိုဝင်ဘာလ ၈ ရက်နေ့အထိ ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ် သက်လာလျှင် အင်္ဂါနံနှင့် ဆက်လက် အကျိုးပေးနေမည်။ အင်္ဂါနေ့တွင် ထီ ထိုးသင့်သည်။ နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း ဝင်ငွေကောင်းပြီး အကျိုးအမြတ်များ သဖြင့် စီးပွားဖြစ်ထွန်းမည်။ တနင်္ဂနွေ နေ့တွင် ထီထိုးပေးရမည်။ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ စာအုပ်စာပေ စာရေးကိရိယာနှင့် အစိမ်းရောင်ကုန်ပစ္စည်း ရောင်းဝယ် သူများ ငွေကြေးကံကောင်းမည်။ အသိဥာဏ် ပညာပွင့်လင်းစွာဖြင့် မိမိ အကျိုးစီးပွားတိုးတက်အောင် ဆောင် ရွက်နိုင်မည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်ကား၊ အမွေအနှစ် စသည့် ကိစ္စ များနှင့်ပတ်သက်၍ ကောင်းကျိုးပေး မြဲပေးမည်။ ၄င်းတို့နှင့် ပတ်သက် သော ကိစ္စမှန်သမျှ ဆောင်ရွက်ရန် ကြာသပတေးနေ့သည် အကောင်းဆုံး ရက်ဖြစ်သည်။ နိုဝင်ဘာလ ၉ ရက်မှစ၍ နောက်ပိုင်း သားချင်းညီအစ်ကို မောင် နှမ အိမ်နီးချင်းတို့နှင့် အဆင်ပြေပြေ နေထိုင်ဆက်ဆံရန် လိုအပ်သည်။ ခရီးတို၊ ခရီးယာယီ နှင့် ခရီး ဝေး သို့မဟုတ်နိုင်ငံခြား ခရီးသွား လာရာတွင်ဘေးရန် အနှောင့်အယှက် ကြုံမည်။ ကုသိုလ်ကောင်းမှုပြုရာ တွင် စကားများရတတ်သည်။ အင်္ဂါ နေ့နှင့် တောင်ခရီးတို၊ ခရီးရှည်သွား လာရန် မသင့်တော်ပါ။ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အလုပ်အကြံအစည်များတွင် အနုတ် လက္ခဏာ ဆောင်နေသဖြင့် နိုဝင်ဘာ လ ၁၆ ရက်မှစ၍ နောက်ပိုင်းမှသာ အလုပ်အကြံအစည်ပြုသင့်သည်။ နိုဝင်ဘာ ၉ ရက်နောက်ပိုင်း အလုပ်အကြံအစည်များကို ထင်ကြေး ဖြင့် မျှော်မှန်းတွက်ချက်စွန့်စားလုပ် ကိုင်ရန်မသင့်ပါ။ လုပ်ငန်းပြိုင်ဘက် များကိုလည်း သတိထားလုပ်ကိုင်ရ မည်။ အင်္ဂါနေ့တွင် လုပ်ငန်းစတင် လုပ်ကိုင်ခြင်းမပြုသင့်ပေ။ လုပ်ငန်းနှင့် ပတ်သက်သော ဘေးရန်နှင့် မှုခင်း ပြဿနာမဖြစ်ပွားစေရန် သတိကြီးစွာ ထား၍ ချင့်ချိန်ဆောင်ရွက်ရမည်။ နိုဝင်ဘာလ ၁၇ ရက်မှ နောက်ပိုင်းအချစ်ရေး၊ အိမ်ထောင်ရေး ကောင်းမည်။ အိမ်ထောင်ရှင်များ ပျော် ရွှင်သော အိမ်ထောင်သည်ဘဝကို ရရှိမည်။ အချစ်စိတ်၊ ကာမစိတ် နိုး ကြားတက်ြ<ွကနေသော အချိန်အခါ ဖြစ်သဖြင့် မလိုလားအပ်သော ကာမ ဂုဏ်အာရုံများ၏ ဆွဲဆောင်မှုနောက် သို့ လိုက်ပါသွားခြင်းမရှိစေရန် သတိ ထား ဆင်ခြင်သင့်သည်။ ဒေါင်ဒေါင်မြည် ကျန်းမာနေ လိမ့်မည်။ ဒီဇင်ဘာလအတွက်ကံဇာတာ ငွေကြေးဥစ္စာ စီးပွားရေးအခြေ အနေ အညံ့မရှိ၊ ကောင်းမြဲ ကောင်း နေမည်။ ကြာသပတေးနေ့တွင် ထီ ထိုးရန် ငွေကြေးဥစ္စာ စီးပွားရေးကိစ္စ ဆောင်ရွက်ရန် အကောင်းဆုံးနေ့ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်သည်။ ကြာသပတေးနေ့ နံသားသမီးနှင့် စီးပွားဖက်လိုက ဖက် နိုင်သည်။ ဒီဇင်ဘာလ ၁၁ ရက်မှစ၍ သောကြာနေ့တွင် ငွေကြေးဥစ္စာ စီးပွား ရေးကိစ္စ ဆောင်ရွက်ခြင်းရှောင်ကြဉ် သင့်သည်။ သောကြာနံနှင့် အဝတ် အထည်၊ အလှကုန်၊ ကျောက်မျက် ရတနာ စသည့်လုပ်ငန်းများမှ အကျိုး ပေးသင့်သလောက်မပေးတတ်ပေ။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် စသည့် ကိစ္စများကို အတိုက်အခံ၊ အပြိုင် အဆိုင် လုပ်ကိုင်ရပြီး အောင်မြင်မှု ရရှိ လိမ့်မည်။ ၄င်းကိစ္စများတွင် နှောင့်နှေးကြန့်ကြာနိုင်သော်လည်း နောက်ဆုံးတွင် အဆင်ပြေမှုရရှိတတ် သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အတွင်း သားချင်းညီအစ်ကို မောင်နှမ အိမ်နီးနားချင်းတို့နှင့် စိတ်ဝမ်းကွဲမှု ကို ရှောင်ကြဉ်သင့်သည်။ ခရီးတို၊ ခရီးရှည်သွားလာခြင်း ဖြင့် အကျိုးမရှိတတ်ပါ။ ဒီဇင်ဘာလ ၁၉ ရက်မှ နောက် ပိုင်း အလုပ်အကြံအစည်များတွင် ခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အပြိုင် အဆိုင်၊ အတိုက်အခံ၊ မှုခင်းပြဿနာ မပေါ်ပေါက်အောင် သည်းခံဆောင် ရွက်သင့်သည်။ အလုပ်အကြံအစည်နှင့်ပတ် သက်၍ အင်္ဂါနေ့နံသားသမီးဆက်ဆံ ရလျှင် သတိကြီးစွာထားဆက်ဆံရ မည်။ ဒီဇင်ဘာလ ၁၉ ရက်နောက် ပိုင်းအချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ များတွင် ဘေးရန် ပဋိပက္ခ ကြုံတတ် သည်။ အိမ်တွင်းရေးတွင်လည်း သာယာ အေးချမ်းမှုမရှိတတ်ပေ။ ကျန်းမာရေးအတွက် မစိုးရိမ်ရ ချေ။

ဗြိစ္ဆာရာသီဖွားတို့အတွက် ၂၀၁၂ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း
ဗြိစ္ဆာရာသီဖွား (နိုဝင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၄)

ဇန်နဝါရီလအတွက်ကံဇာတာ ၂ဝ၁၂ ခုနှစ်အတွင်း မေလအထိ ထီပေါက်ကိန်းရှိနေသဖြင့် ထီထိုးသင့် သည်။ ကြာသပတေးနေ့ သို့မဟုတ် ၃ ရက်၊ ၁၂ ရက်၊ ၂၁ ရက်နှင့် ၃ဝ ရက်များတွင် ထီထိုးခြင်း၊ ငွေကြေး ဥစ္စာ စီးပွားရေးကိစ္စဆောင်ရွက်ခြင်း ပြုနိုင်သည်။ ထီမပေါက်လျှင် ထီ ပေါက်သကဲ့သို့ ငွေကြေးဥစ္စာစီးပွား ရေး ကံကောင်းမည်။ မိမိငွေကြေးဥစ္စာအပေါ် ဂရုတ စိုက်သတိထားရမည်။ အသုံးအစွဲ အကုန်အကျ များပြားလိမ့်မည်။ သူခိုး လူလိမ် သတိထားပါ။ မေလ ၂ဝ ရက်နေ့အထိနှင့် သြဂုတ်လ ၄ ရက်မှ ဒီဇင်ဘာလကုန် အထိအတွင်း အိုးအိမ်အဆောက်အအုံ ဆိုင်ခန်း၊ လယ်ယာခြံမြေ ကျွဲနွား ယာဉ်၊ ကား စသည်တို့အတွက် အကုန်အကျ အဆုံးအရှုံးရှိမည်။ နစ် နာမည်။ ဘေးဒုက္ခရောက်မည်။ ဇွန်လ ၂ဝ ရက်နေ့အထိအတွင်း ၄င်းကိစ္စများနှင့် အမွေကိစ္စအတွက် ခိုက်ရန်ဒေါသ ပဋိပက္ခ အပြိုင်အဆိုင် အတိုက်အခံ မှုခင်းပြဿနာနှင့် ရင် ဆိုင်ရတတ်သည်။ မိခင် သို့မဟုတ် မိတ်ဆွေ အပေါင်းအသင်း၊ စနေနေ့နံသား သမီးထဲက နာမကျန်းဖြစ်ပွားမည်။ မိတ်ဆွေကောင်းတွေ့ရန် ခဲယဉ်းနေ သောကာလဖြစ်သည်။ ညီအစ်ကို မောင်နှမသားချင်း အတွက်အကုန်အကျများတတ်သည်။ ၄င်းတို့၏ကျန်းမာရေးကို ဂရုစိုက်ပေး ပါ။ အတိုက်အခံ၊ အပြိုင်အဆိုင် လုပ်ကိုင်ကြံစည်ရတတ်သည်။ အလုပ်အပြောင်းအရွှေ့ ကြုံကောင်း ကြုံမည်။ စနေနေ့နံသားသမီးကို သတိထားဆက်ဆံပါ။ ဘေးရန် ပဋိပက္ခကြားမှ အလုပ် အကြံအစည်များ အောင်မြင်တိုးတက် မည်။ တည်မြဲသော အချစ်ရေး အိမ် ထောင်ရေးကိုတည်ဆောက်ရန် ခဲ ယဉ်းမည်။ အိမ်ထောင်ဖက်နှင့်ခွဲခွာရ မည်။ သို့မဟုတ် အိမ်ထောင်ဖက် ဆုံးရှုံးမည်။ ခရီးသွားလာရေး နှောင့်နှေးမည်။ အနာရောဂါကင်း၍ ကျန်းမာမည်။ ဖေဖော်ဝါရီလအတွက်ကံဇာတာ ငွေကြေးဥစ္စာ ပစ္စည်းအဝင်များ သလောက် အထွက်လည်းများမည်။ အိမ်ငှား၊ မြေငှားကြောင့် ကျွဲနွား အလုပ်သမား၊ အပေါင်းအသင်း မိတ် ဆွေ ဖျားနာခြင်းကြောင့် ငွေကြေး ကုန်ကျဆုံးရှုံးမည်။ လူခိုးလူလိမ်ခံရ တတ်သည်။ စနေနေ့နံသားသမီးနှင့် ငွေကြေးဥစ္စာစီးပွားရေးကိစ္စ သတိ ထားဆက်ဆံသင့်။ စနေနေ့ သို့မဟုတ် ၈ရက်၊ ၁၇ ရက်နှင့် ၂၆ ရက်များတွင် ငွေကြေး ဥစ္စာစီးပွားရေးကိစ္စဆောင်ရွက်ခြင်း ရှောင်ပါ။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲနွား၊ ယာဉ် ကား စသည်တို့နှင့်ပတ်သက်သော ဆုံးရှုံးမှုများ ဇန်နဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိအတွင်း ဖြစ်ပွားမည်။ ၄င်းတို့နှင့်ပတ်သက်၍ ဘေးရန် မှုခင်းပြဿနာမကင်းတတ် ပေ။ နေရေးထိုင်ရေးနှင့် ပတ်သက်၍ အဆင်မပြေဖြစ်မည်။ နေရာထိုင်ခင်း ပြောင်းရွှေ့ရနိုင်သည်။ မိတ်ဆွေများ နှင့် စိတ်ဝမ်းကွဲပြားမှုကို ရှောင်ကြဉ် ရမည်။ မိတ်ဆွေထဲက စနေနေ့နံ သားသမီးကြောင့် မကောင်းကျိုးတစ် ခုမဟုတ် တစ်ခု ကြုံရတတ်သည်။ စနေနံ သက်ရှိသက်မဲ့အတွက် ဝမ်းနည်းပူဆွေးရမည်။ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ရက်ပိုင်းအတွင်း ညီအစ်ကိုမောင်နှမ သားချင်းကြောင့် စိတ်ဆင်းရဲရတတ် သည်။ အြေ>ွခအရံဒုက္ခပေးမည်။ အိမ်နီးနားချင်းများနှင့် အငြင်း ပွားရတတ်သည်။ အလုပ်အကြံအစည်များ တိုး တက်ချင်လျက်နှင့် ဘေးရန်ပဋိပက္ခ အနှောင့်အယှက်၊ မှုခင်းပြဿနာကြုံ နေသည်။ တနင်္ဂနွေနေ့နှင့် ၁ ရက်၊ ၁ဝ ရက်၊ ၁၉ ရက်နှင့် ၂၈ ရက် တွင်လည်းကောင်း။ အင်္ဂါနေ့နှင့် ၉ ရက်၊ ၁၈ ရက်နှင့် ၂၈ ရက်တို့တွင် လည်းကောင်း အလုပ်အကြံအစည် မပြုသင့်။ အချစ်ရေး အိမ်ထောင်ရေး ပြဿနာရှုပ်ထွေးမည်။ အိမ်တွင်းရေး ပျော်ရွှင်ချမ်းသာသုခကို မခံစားရတတ် ပေ။ အိမ်ထောင်ပြုရန် မကောင်းသေး။ အကျိုးအမြတ်မရှိသော ခရီး ယာယီရှိမည်။ စိတ်ဂနာမငြိမ်မှုများ ဖြစ်မည်။ ရောဂါ ဥပဒ်ဘေးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်မည်။ မတ်လအတွက်ကံဇာတာ ငွေကြေးဥစ္စာ ပစ္စည်း အဝင် လည်းများမည်။ အထွက်လည်းများ မည်။ အင်္ဂါနေ့နံသားသမီးနှင့် ငွေ ကြေးဥစ္စာစီးပွားရေးကိစ္စ သတိထား ဆက်ဆံပါ။ အင်္ဂါနေ့ သို့မဟုတ် ၉ ရက်၊ ၁၈ ရက်နှင့် ၂၈ ရက်တို့တွင် ငွေကြေးဥစ္စာစီးပွားရေးကိစ္စ ဆောင် ရွက်ခြင်းမပြုသင့်။ စက်ပစ္စည်း၊ ဆေး ပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထရော နစ်ပစ္စည်းနှင့်ပတ်သက်သော ကုန် ပစ္စည်း၊ ပူ၊ စပ်၊ ခါးသောကုန်ပစ္စည်း၊ ရွှေ၊ အနီရောင်ရှိသောပစ္စည်း စသည့် အင်္ဂါနံ ကုန်ပစ္စည်းများနှင့်ပတ်သက် သော စီးပွားရေးလုပ်ငန်းများတွင် အပြိုင်အဆိုင် လုပ်ကိုင်ကြံစည်ရ တတ်သည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲနွား၊ ယာဉ် ကား၊ အမွေအနှစ် စသည့်တို့နှင့် ပတ်သက်၍ အမှုအခင်းဖြစ်လျက် တရားရုံးမှာ တရားဆိုင်ရတတ်သည်။ မိတ်ဆွေအပေါင်းအသင်းနှင့် ခိုက်ရန် စကားများရမည်။ တနင်္ဂနွေနေ့နံ သားသမီးနှင့် မိတ်ဆွေဖြစ်ရတတ်သည်။ အောက်လူ၊ တပည့်တပန်း၊ အလုပ်သမား၊ အကျိုးခံစားရမည်။ မတ်လ ၁၃ ရက်နေ့အထိအတွင်း အလုပ်အကြံအစည်များတွင် အခက် အခဲနှင့် မအောင်မြင်ခြင်း ယာယီကြုံ တွေ့မည်။ အလုပ်အကြံအစည်တွင် အပြိုင်အဆိုင် အတိုက်အခံပေါ်မည်။ အချစ်ရေးတွင် ဘေးရန်များ တတ်သည်။ အိမ်ထောင်ရေးနှင့်ပတ် သက်သော မကောင်းကျိုးဖြစ်ပွား တတ်သည်။ အိမ်တွင်းရေးမသာယာ တတ်ပေ။ အိမ်ထောင်ရေးအခြေအနေ မတည်မငြိမ်ဖြစ်မည်။ ဘေးရန်ကင်းမည်။ ရန်ကို အောင်နိုင်မည်။ စိတ်အနှောင့်အယှက် အမျိုးမျိုးကြုံကာ အပူသောကများ ရတတ်သည်။ ကိုယ်ရေးကိုယ်တာ အပြောင်းအလဲနှင့် ခရီးယာယီများ မည်။ ကျန်းမာရေးအခြေအနေ စိုးရိမ် စရာရှိချေ။ ဧပြီလအတွက်ကံဇာတာ ငွေကြေးဥစ္စာပစ္စည်း ရလိုက် ကုန်လိုက်ဖြစ်နေမည်။ စနေနံသက်ရှိ သက်မဲ့ အနက်ရောင်ပစ္စည်း ကျွဲနွား နီလာ သို့မဟုတ် အပြာရောင်နှင့် အနက်ရောင်ကျောက်၊ မြေယာစသည့် တို့ထွက်ကိန်းရှိသည်။ သို့မဟုတ် စနေန့နံသားသမီးကြောင့် ငွေကြေး ဥစ္စာ အကုန်အကျအဆုံးအရှုံးရှိမည်။ စနေနေ့နံသားသမီးနှင့် စီးပွားဖက် ခြင်းရှောင်ကြဉ်ပါ။ ကြာသပတေးနေ့ နံသားသမီးနှင့် စီးပွားဖက်နိုင်သည်။ ငွေကြေးဥစ္စာစီးပွားကိစ္စ၊ စနေနေ့ကို ရှောင်။ ကြာသပတေးနေ့ကို ဆောင် ပါ။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် စသည့် ကိစ္စများနှင့်ပတ်သက်၍ ဆုတ်ယုတ် ပျက်ပြားမည်။ မတိုးတက်ဘဲ နှောင့် နှေးနေတတ်သည်။ အိမ်၊ မြေ၊ ယာဉ်၊ ကျွဲ၊ နွား အရောင်းအဝယ်မလုပ်သင့်။ နေရေး ထိုင်ရေး အတွက် စိတ်ပူရ မည်။ ၄င်းတို့နှင့်ပတ်သက်သော ဘေး ရန်မှုခင်း ပြဿနာ မဖြစ်အောင် သတိထားပါ။ ဖခင် သို့မဟုတ် အထက်လူကြီး အကြီးအကဲ၊ တနင်္ဂနွေနေ့နံသားသမီး တို့နှင့် သဘောကွဲလွဲမည်။ သို့မဟုတ် ၄င်းတို့အတွက် အပူသောက ကြုံ မည်။ ဧပြီလ ၁၃ ရက်နေ့ နောက်ပိုင်း အလုပ်အကြံအစည်တွင် ဘေးရန် ပေါ်တတ်သည်။ သို့မဟုတ် အလုပ် အတွက် သောကမကင်း။ အလုပ် အကြံအစည်မအောင်မြင်ချေ။ သားသမီးအကျိုးမပေးနိုင်သေး ပါ။ ချစ်သူ သို့မဟုတ် သား သမီး ၏ ကျန်းမာရေးကို ဂရုစိုက်ပေးသင့်။ အိမ်ထောင်ရေး ပျော်ရွှင်ချမ်းသာသုခ ကို ထိခိုက်ဆုတ်ယုတ်တတ်သည်။ အချစ်နှင့် ကာမစိတ်ကို ထိန်းချုပ် ထားရန် လိုအပ်သည်။ စိတ်တည်ငြိမ်မှုမရှိအောင် ကြိုး စားရမည်။ ကိုယ်ရေးကိုယ်တာ ပြဿနာများရှုပ်ထွေးမည်။ မွေးချင်း အကျိုးမခံစားရတတ်ချေ။ ဖျားနာ မည်။ မေလအတွက် ကံဇာတာ ထီပေါက်ခြင်း၊ ထီပေါက်သကဲ့ သို့ ငွေဝင်ခြင်းကြောင့် စီးပွားရေး အခြေအနေ မေလ ၁၂ ရက် အထိ ကောင်းမြဲကောင်းနေမည်။ အိတ် ပေါက်နှင့်ဖားကောက်သလို ငွေကြေး အကုန်အကျလည်းရှိနေရာမှ မေလ ၂၁ ရက်နောက်ပိုင်းငွေကြေးဥစ္စာ ပစ္စည်းအဖတ်တင်လိမ့်မည်။ မေလ ၂၁ ရက် နောက်ပိုင်း စနေ့နံသက် ရှိ၊ သက်မဲ့ နှင့်အနက်ရောင် ပစ္စည်း ဝင်ကိန်းရှိသည်။ မေလ ၂၁ ရက်နောက်ပိုင်း မိခင် ဘက်က အကျိုးခံစားခွင့်ရတတ် သည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် ရကိန်းရှိ သည်။ သို့မဟုတ် ၄င်းတို့ကို အရောင်းအဝယ်လုပ်လျှင် အကျိုး အမြတ်ရမည်။ ၄င်းကိစ္စများ အင်္ဂါနေ့ သို့မဟုတ် ၉ ရက်၊ ၁၈ ရက်နှင့် ၂၈ ရက်တို့တွင် ဆောင်ရွက်ခြင်း ရှောင်ကြဉ်သင့်သည်။ မိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံရေး အဆင်မပြေဖြစ်မည်။ မိတ်ဆွေဆိုးများကိုလည်း သတိထား ပါ။ ညီအစ်ကို မောင်နှမ သားချင်း အတွက် ဝမ်းသာရမည်။ စာပေ သင် ကြားလေ့လာခြင်း၊ ရေးသားခြင်း၊ ထုတ်ဝေခြင်း၊ ခရီးသွားလာခြင်း စသည်တို့အတွက် အကောင်းဆုံး အချိန်ကာလဖြစ်သည်။ မိမိပတ်ဝန်း ကျင် အိမ်နီးနားချင်းများနှင့် အဆင် ပြေမည်။ အကျိုးစီးပွားဖြစ်မည့် ခရီး ကိုသွားလာရလိမ့်မည်။ မေလ ၁၃ ရက် နောက်ပိုင်း ထိမ်းမြားမင်္ဂလာပြုပါက သို့မဟုတ် အစုစပ်လုပ်ကိုင်ပါက အောင်မြင်မှု ရရှိ မည်။ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ရှင်များ ပျော်ရွှင်သော အိမ် ထောင်သည် ဘဝကို ရရှိမည်။မေလ ၁၂ ရက်အထိ စွန့်စားလုပ်ကိုင်ခြင်း ကြောင့် အလုပ်အကြံအစည်များ အောင်မြင်တိုးတက်မည်။ စိတ်ထောင်းကိုယ်ကြေမှု ကြောင့် ကျန်းမာရေး ဂရုစိုက်ရမည်။ ဇွန်လအတွက် ကံဇာတာ စီးပွားရေးတွင် အစုစပ် လုပ် ငန်း၊ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် မည်ဆိုပါက အကျိုးရှိမည့်ကာလ ဖြစ်သည်။ စီးပွားရေးတွင် အတိုက် အခံ၊ အပြိုင်အဆိုင်များကို ယှဉ်ပြိုင် ကျော်လွှားနိုင်မည်။ ဇွန်လ ၂၁ ရက် နောက်ပိုင်း ငွေကြေးဥစ္စာ၊ စီးပွားရေး နှင့် ပတ်သက်သော ဘေးရန် ပဋိ ပက္ခမှုခင်းပြဿနာများနှင့် ကြုံတွေ့ ရတတ်သည်။ အစုစပ်လုပ်ငန်းလုပ်လိုလျှင် ကြာ သပတေးနေ့နံ သားသမီးနှင့် လုပ် နိုင်သည်။ အင်္ဂါ၊ စနေနေ့နံ သား သမီးတို့နှင့် စီးပွားမဖတ်သင့်။ ဇွန်လ ၂၁ ရက်နောက်ပိုင်း ရွှေနှင့် အနီရောင် ပစ္စည်းစသည့် အင်္ဂါနံ ဝင်ကိန်းရှိ သည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ်စသည့် အခြေအနေများကို ရှေ့သို့ တက်လှမ်း ရန် လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်နေမည်။ မတည်ငြိမ်သော စိတ်လှုပ်ရှားမှု နောက် သို့ မလိုက်ပါ မိအောင် ထိန်း ချုပ်ရမည်။ တွေဝေငေးမောမှုနှင့် ပျင်း ရိထိုင်းမှိုင်းမှုများ မဖြစ်စေသင့်။ ဇွန်လ ၁၅ ရက်နောက်ပိုင်း တနင်္ဂနွေနေ့နှင့် ၁ ရက်၊ ၁ဝ ရက်၊ ၁၉ ရက်နှင့် ၂၈ ရက်တို့တွင် အလုပ် အကြံအစည်မပြုသင့်။ အလုပ်အကြံ အစည်ပျက်ပြားခြင်း၊ ရှုံးနိမ့်ခြင်း၊ စိတ် သောကရောက်ခြင်းရှိသည်။ မတိုးချဲ့ ဘဲ ချင့်ချိန်ပြီး မှန်မှန်လုပ်ပါ။ အချစ်ရေးနှင့် ပညာရေးတွင် အပြိုင်အဆိုင်ရှိမည်။ ချစ်သူနှင့် သို့ မဟုတ် အချစ်ရေးအတွက် ခိုက်ရန် ဒေါသဖြစ်မည်။ သားသမီးများ အရေး စိတ်မအေးရတတ်ဘဲ ပူဆွေး သောက ရောက်ရမည်။ ကိုယ်ဝန် ဆောင်ခြင်းမပြုသင့်။ အချစ်ရေးနှင့် ကာမဂုဏ် အပေါ် စိတ်အလိုလိုက်မှုဖြစ်ပွားတတ်၍ ထိန်းချုပ်ထားရန် လိုအပ်မည်။ အိမ်ထောင်ရေး ဖန်တီးလာ တတ်သည်။ အချစ်ပြဿနာ အမျိုး မျိုးဖြစ်ပေါ်မည်။ သားချင်းတို့နှင့် ကွဲကွာနေသူ များ ပြန်လည်ဆုံစည်းရမည်။ သား ချင်းတို့၏ အကျိုးကျေးဇူးကိုလည်း ခံစားရတတ်သည်။ ခရီးယာယီ သွား လာလိုစိတ်ပေါ်မည်။ သွားလျှင် အကျိုးရှိမည်။ ခန္ဓာကိုယ် ကျန်းမာရေးထက် စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် လို အပ်သည်။ ဇူလိုင်လ အတွက် ကံဇာတာ ဝင်ငွေမမှန်၊ ငွေကြေး အကျိုး အမြတ်နည်းပါးလျက် မိမိတို့၏ အခြေအနေ အဆင့်အတန်း အလျောက် စီးပွားရေးကံဇာတာ မှေး မှိန်မည်။ ငွေကြေးအကျိုးအမြတ်များ များရမည်ဟု ခန့်မှန်းပြီး မဆင်မခြင် ရင်းနှီးမြှုပ်နှံပါက ဆုံးဖြတ်ချက် မှားယွင်းတတ်သည်ကို သတိပြုရ လိမ့်မည်။ ထိုက်တန်သော အကျိုး အမြတ်ရရှိမည့်အ ချိန်ကာလ မဟုတ် ချေ။ ငွေကြေးအကျိုးအမြတ်ခွဲဝေယူ ရမည့်သူများဖြစ်ပါက ခိုက်ရန် မှုခင်း ပြဿနာ ဖြစ်ပွားလိမ့်မည်။ သားချင်း များထံမှ ဥစ္စာပစ္စည်းရရှိမည်။ ဇူလိုင်လ ၂၇ ရက်အထိ အတွင်း အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား။ ယာဉ်ကား၊ အမွေအနှစ် စသည်တို့ နှင့် ပတ်သက်သော ကိစ္စရပ်များ နောက်ဆုတ်သွားတတ်သည်။ နှောင့် နှေးကြန့်ကြာမည်။ ရည်မှန်းချက် မရောက်ဖြစ်မည်။ ဇူလိုင် ၁၅ ရက်နေ့အထိ အတွင်း အလုပ်ကံမကောင်းချေ။ လခစားဖြစ်လျှင် အလုပ်ထွက်ရပြောင်း ရတတ်သည်။ သို့မဟုတ် အဖ၊ အထက်လူကြီး အကြီးအကဲပျက်စီး တတ်သည်။ အလုပ်မရှိသူအဖို့ အလုပ် ရှာဖွေသော်လည်း အလွယ် တကူ ရနိုင်မည်မဟုတ်ချေ။ အချစ်ရေး၊ ပညာရေး၊ နှောင့် နှေးမည်။ အသိÓဏ်ထိုင်းမှိုင်းတတ် ၏။ သားသမီးအရေးလည်း မကောင်း တတ်ချေ။ မိသားစုထဲက ဖခင်သို့မဟုတ် တနင်္ဂနွေနေ့ နံသားသမီး၏ ကျန်း မာရေးကို ဂရုစိုက်ပေးပါ။ အစား အသောက်အနေထိုင်ဆင်ခြင်၍ မိမိ ကျန်းမာရေးကိုလည်း ကြိုတင် ကာကွယ်စောင့်ရှောက်ထားရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ကျန်းမာရေး ပြဿနာရပ်များကို ပိုမိုဖန်တီးတတ်သော အချိန်ကာလ ဖြစ်၍ ပုထုဇဉ်လူသား၊ ကာမဘုံသား ဖြစ်သည်နှင့် အညီ ထိုထိုဤဤ ကလီကမာဖြစ်မည်ကို စိုးရိမ်ရသည်။ အချစ်ရေး ကာမရေးကို မဲတင်းသူ များအဖို့ ကာမဂုဏ် ရေယာဉ်ကြော မှာ အများကြီးမျောသွားတတ်သည်။ တနင်္ဂနွေနေ့နံ သက်ရှိ၊ သက် မဲ့ နှင့် အနီရောင် ပစ္စည်း ထွက်ကိန်း ရှိသည်။ ခြေသလုံး အိမ်ပါဖြစ်ကာ ခရီး ယာယီများမည်။ သြဂုတ်လအတွက် ကံဇာတာ သြဂုတ်လ ၄ ရက်နေ့မှစ၍ ငွေကြေးအကျိုးအမြတ်များ သလောက် အကုန်ကျလည်း များနေ မည်။ ချွေတာစိစစ်သုံးစွဲပါမှ တော် ကာကျမည်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အလုပ်သမား၊ အပေါင်း အသင်း၊ မိတ်ဆွေ၊ မိခင်၊ အမွေအနှစ် စသည်တို့နှင့် ပတ်သက်၍ အကုန် အကျ အဆုံးအရှုံးရှိမည်။ လူခိုး လူ လိမ် လည်း ခံရတတ်သည်။ စနေနေ့နံ၊ အင်္ဂါနံ သက်ရှိ၊ သက်မဲ့နှင့် အနက်ရောင် အနီရောင် ပစ္စည်းထွက်ကိန်းရှိသည်။ အပေါင်းအသင်းမိတ်ဆွေထဲ က စနေနေ့နံ သားသမီး ဒုက္ခပေးတတ် သည်။ စနေနေ့နံ သား သမီးနှင့် စီးပွား မဖက်သင့်ချေ။ ငွေကြေးဥစ္စာ စီးပွား ရေးနှင့် ပတ်သက်သော ကိစ္စများ ကိုလည်း စနေနေ့နှင့် ၈ရက်၊ ၁၇ ရက်၊ ၂၆ ရက်များတွင် ဆောင်ရွက် ခြင်းရှောင်ကြဉ်ပါ။ ညီအစ်ကိုမောင်နှမသားချင်း ထဲ က ပျက်စီးတတ်သည်။ သို့မဟုတ် ၄င်းတို့အတွက် အကုန်အကျ များ ခြင်း၊ ၄င်းတို့နှင့်ခိုက်ရန် ဖြစ်ခြင်းရှိ မည်။ သြဂုတ်လ ၁၇ ရက်မှစ၍ အလုပ်အကြံအစည်၊ ရာထူး၊ ဂုဏ် ထူး၊ အဆင့်အတန်းတိုးတက်မည်။ အထက်လူကြီး၊ အကြီးအကဲမစမည်။ တနင်္ဂနွေနေ့နှင့် ၁ ရက်၊ ၁ဝ ရက်၊ ၁၉ ရက်၊ ၂၈ ရက်များတွင် လုပ်ကိုင် ကြံစည်ပါ။ အချစ်ရေး အိမ်ထောင်ရေး အတွက် စိတ်ဆင်းရဲရမည်။ ချစ်သူ၊ အိမ်ထောင်ဖက်၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ အိမ်တွင်းရေးလည်း ပျက်ပြား၊ စေ့စပ်ရေး၊ လက်ထပ် ရေး အဆင်မပြေနိုင်သေးချေ။ အိမ်ထောင် ဖက်နှင့်စကားများရမည်။ အင်္ဂါနေ့နှင့် စနေနေ့တွင် ခရီး သွားလာခြင်းရှောင်ပါ။ ရလွယ် ကုန်လွယ်မည်။ လက် နက်ဘေး၊ မတော်တဆဘေး ရန်သူ ဘေးကြောင့် ထိခိုက်ဒဏ်ရာရမည်။ ကျန်းမာရေး ချို့ယွင်းမည်။ စက်တင်ဘာလအတွက် ကံဇာတာ စက်ပစ္စည်း၊ ဆေးပစ္စည်း၊ လျှပ် စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း၊ မီးနှင့် ပတ်သက်သော ပစ္စည်း၊ ပူစပ် ခါးသော ကုန်ပစ္စည်း၊ ရွှေ၊ အနီရောင် ရှိသော ပစ္စည်းစသည့် အင်္ဂါနံ ကုန်ပစ္စည်းများအတွက် အကုန်အကျ များမည်။ ဆုံးရှုံးပျက်စီးမည်။ ငွေကြေးဥစ္စာပစ္စည်း အရလွယ် တတ်သော အချိန်ကာလဖြစ်သည်။ စာအုပ်၊ စာပေ၊ စာရေးကိရိယာ၊ အစိမ်းရောင်ရှိသော ပစ္စည်းစသည့် ဗုဒ္ဓဟူးနံပစ္စည်းများ ဝင်တတ်သည်။ ဗုဒ္ဓဟူးနံပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးအမြတ်ရှိမည်။ မြောက်အရပ် သို့မဟုတ် ဗုဒ္ဓဟူးနေ့နံ သား သမီး ထံမှ လာဘ်လာဘ အမြတ်အစွန်းရ မည်။ အိုးအိမ် အဆောက်အအုံ၊ ဆိုင်ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် စသည်တို့ နှင့် ပတ်သက်သော မကောင်းကျိုး ကြုံတွေ့မည်။ ၄င်းတို့အတွက် အကုန် အကျ များခြင်း၊ အငြင်းပွား ရခြင်းလည်းရှိမည်။ ညီအစ်ကို မောင်နှမသားချင်း အတွက် အကုန်အကျ များမည်။ သို့ မဟုတ် ၄င်းတို့နှင့် ရန်ဖြစ်မည်။ ၄င်း တို့ ကျန်းမာရေးချို့ယွင်းမှုကြောင့် စိတ်မချမ်းမသာ ဖြစ်ရတတ်သည်။ အလုပ်အကြံအစည်နှင့် ပတ် သက်သော ရည်မှန်းချက်၊ အလို ဆန္ဒ ပြည့်ဝမည်။ အလုပ်ကောင်းရရှိတတ် သည်။ လုပ်ငန်းအကြံအစည် အောင် မြင်လိမ့်မည်။ အရောင်းအဝယ်ကိစ္စများကို ဗုဒ္ဓ ဟူးနေ့နှင့် ၅ ရက်၊ ၁၄ ရက်၊ ၂၃ ရက်များတွင် ဆောင်ရွက်လျှင် အကျိုး အမြတ်ပိုမိုရရှိနိုင်သည်။ ခရီးသွားလာရင်း ချစ်သူ တွေ့ မည်။ သို့မဟုတ် ချစ်သူ အိမ်ထောင် ဖက်နှင့် ခရီးအတူသွားရတတ် သည်။ ပျော်ပွဲစားခရီး၊ အပန်းဖြေခရီး သွား ရမည်။ အချစ်ရေး အိမ်ထောင်ရေး တွင် ခိုက်ရန်ဒေါသ ပဋိပက္ခကြုံမည်။ အစွပ် အစွဲ ခံရတတ်သည်။ အရှက် ကွဲမည်။ ဆန့်ကျင်ဘက်လိင် ၏ အနှောင့်အယှက်ကြုံတတ်သည်။ စိတ်ဂနာမငြိမ် လျှင် ဆောင် ရွက်သမျှ အကျိုးကလဒ်ကောင်း မရ နိုင်ချေ။ ရောဂါဝေဒနာ ခံစားရပြီး ကျန်း မာရေး ချူချာမည်။ အောက်တိုဘာလအတွက် ကံဇာတာ ငွေကြေး အကုန်အကျ များမြဲ များနေဦးမည်။ လူတန်းစား အခြေ အနေ အဆင့်အတန်းအလျောက် ငွေ ကြေး ဥစ္စာဆုတ်ယုတ်ပျက်ပြားတတ် သည်။ ငွေကြေးစီးပွားရေးအကျပ် အတည်း အခက်အခဲများနှင့် ရင်ဆိုင်ရ တတ်သည်။ သေချာပေါက် ရစရာရှိ သော ငွေကြေးဥစ္စာ ရရန်နှောင့်နှေး ကြန့်ကြာမည်။ စနေနံသက်ရှိသက်မဲ့ အဝင်မခံ သင့်။ ဝင်လျှင်စီးပွားရေးကို ထိခိုက် စေတတ်သည်။ စနေနေ့နံသားသမီး နှင့်လည်း စီးပွားဖက်ခြင်းရှောင်ကြဉ် ပါ။ အနောက်အရပ်၊ စနေနေ့နှင့် ၈ ရက်၊ ၁၇ ရက်၊ ၂၆ ရက်တို့တွင် ငွေကြေး ဥစ္စာစီးပွားကိစ္စ မပြုလုပ် သင့်။ အိုးအိမ်အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ်စသည့် ကိစ္စ များ ကောင်းကျိုးမပေးနိုင်သေးချေ။ ၄င်းကိစ္စများနှင့်ပတ်သက်၍ ဖခင် အထက်လူကြီး၊ အကြီးအကဲ သို့ မဟုတ် တနင်္ဂနွေနေ့နံ သား သမီး ကျန်းမာရေးညံ့မည်။ ဇာတာရှင်၏ လုပ်ငန်းစဉ်အလျောက် ခိုက်ရန် ဒေါသပဋိပက္ခ မှုခင်းပြဿနာ ကြုံ တွေ့မည်။ အိမ်၊ မြေ၊ ယာဉ်၊ ကိစ္စ များကို အင်္ဂါနေ့နှင့် တောင်အရပ် စနေနေ့နှင့် အနောက်အရပ်တို့တွင် ဆောင်ရွက်ခြင်းမပြုသင့်။ အချစ်ရေး အိမ်ထောင်ရေးကိစ္စများ အကောင်းနှင့် အဆိုး ဒွန်တွဲနေတတ်သည်။ ညီအစ်ကို မောင်နှမသားချင်းတို့ နှင့် ပတ်သက်သော အရေးကိစ္စများ တွင် ကောင်းကျိုးဆိုးကျိုးရောထွေး နေမည်။ သားချင်းထဲက ကျန်းမာရေး အညံ့ကြုံမည်။ အထူး သဖြင့် သားချင်းထဲက စနေနေ့နံ သားသမီး၏ ကျန်းမာရေးကို ဂရုစိုက် ပေးပါ။ တနင်္ဂနွေနံ၊ တနင်္လာနံ၊ ဗုဒ္ဓဟူး နေ့နံနှင့် စနေနံ သက်ရှိ၊ သက်မဲ့ ထွက်ကိန်းရှိသော အချိန်ကာလ ဖြစ်သည်။ အိမ်ထောင်ဖက်တွင် အန္တရာယ်ကျရောက်တတ်သည်။ အောက်တိုဘာလ ၁၇ ရက်မှစ ၍ အလုပ်အကြံအစည်များ အဆင် မပြေဖြစ်တတ်သည်။ လုပ်ငန်းသစ် များတိုးချဲ့လုပ်ကိုင်ခြင်းမပြုသင့်။ မဖြစ်မနေ တိုးချဲ့ရမည်ဆိုပါက ကြီး စွာသော သတိဝီရိယထား၍ လုပ် ကိုင်သင့်။ မတော်တဆဘေး၊ ရန်သူ့ဘေး၊ မင်းဘေး၊ မှုခင်းပြဿနာ အထူး သတိပြုပါ။ စိတ်တိုဒေါသထွက် လွယ်မည်။ ရောဂါ ဥပဒ် ဘေးကို ဂရုစိုက်ပါ။ နိုဝင်ဘာလအတွက် ကံဇာတာ ၂ဝ၁၂ ခုနှစ်အတွင်း နိုဝင်ဘာ လသည် ငွေကြေးဥစ္စာ စီးပွားနှင့် ပတ်သက်ပြီးအညံ့ဆုံးလဖြစ်သည်။ ငွေကြေး အကုန်အကျ အဆုံးအရှုံး ပိုမိုများပြားမည့်လဖြစ်မည်။ လူခိုး၊ လူလိမ်တို့ကို အထူးသတိထားရမည့် လဖြစ်သည်။ အင်္ဂါနေ့နံသားသမီးနှင့် စီးပွားမဖက်သင့်ချေ။ စက်ပစ္စည်း ဆေးပစ္စည်း၊ မီးနှင့် ပတ်သက်သော ပစ္စည်း၊ လျှပ်စစ်နှင့် အီလက်ထရွန်း နစ်ပစ္စည်း၊ ပူစပ်ခါးသော ပစ္စည်း၊ ရွှေ၊ အနီရောင်ပစ္စည်း စသည့် အင်္ဂါနံ ပစ္စည်းများနှင့် ပတ်သက်၍ အကျိုး မပေးတတ်ပေ။ စီးပွားရေးမှာ ဘေးရန် အနှောင့် အယှက် များရှိနေမည်။ ငွေကြေး ဥစ္စာ စီးပွားဆိုင်ရာ မှုခင်း ပြဿနာနှင့် ရင် ဆိုင်ရမည်။ ငွေကြေးစီးပွားဆိုင်ရာ ဘေးရန် အန္တရာယ်တစ်ခုနှင့် ကြုံ တွေ့တတ်သည်။ အိုးအိမ်၊ အဆောက်အုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် ကိစ္စများ အတွက် ခိုက်ရန်ဒေါသပဋိပက္ခ အပြိုင်အဆိုင် အတိုက်အခံ၊ မှုခင်း ပြဿနာများလည်းဖြစ်ပွားနိုင်သည်။ မိတ်ဆွေအပေါင်းအသင်းနှင့် ခိုက်ရန် ဖြစ်ပွားရတတ်သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ ဖခင်၊ အထက်လူကြီး၊ အကြီးအကဲ သို့မဟုတ် တနင်္ဂနွေနံ သားသမီး၏ ကျန်းမာရေးကို ဂရုစိုက်ရမည်။ အလုပ်အကြံအစည်များကို လည်း နိုဝင်ဘာလ၁၅ ရက်နေ့ အထိ အထူးသတိဝီရိယထား၍ လုပ်ကိုင် ကြရမည်။ အလုပ်သို့မဟုတ် ဖခင်၊ အထက်လူကြီး၊ အကြီးအကဲ၊ တနင်္ဂ နွေနေ့နံ သားသမီးအတွက် အပူ သောက ကြုံရတတ်သည်။ နိုဝင်ဘာလ ၁၇ ရက်မှစ၍ သောကြာနံ၊ အဝတ်အထည်၊ အလှ ကုန်၊ ဇိမ်ခံပစ္စည်း၊ တေးဂီတနှင့်အနု ပညာဆိုင်ရာ ပစ္စည်း၊ ကျောက်မျက် ရတနာ ပျက်စီးဆုံးရှုံး၊ အကုန် အကျများ၊ နစ်နာကိန်းရှိသည်။ အိမ်ထောင်ရေး မကောင်း၊ အိမ် ထောင်ဖက်ကျန်းမာရေး ချို့တဲ့မည်။ အိမ်ထောင်ရေးနှင့်ဆိုင်သော မှုခင်း ပြဿနာဖြစ်ပွားမည်။ နာမကျန်းဖြစ် လိမ့်မည်။ ဒီဇင်ဘာလအတွက် ကံဇာတာ ငွေကြေးဥစ္စာပစ္စည်းအဖတ် တင်ရန် ခိုင်မြဲရန် ခဲယဉ်းသော လပိုင်း ဖြစ်သည်။ အကြောင်းမရှိ အကြောင်း ရှာပြီး ငွေယိုပေါက်ဖန်တီးဖြစ်ပေါ် လာမည်။ ငွေကြေးဥစ္စာ စီးပွားရေး အတွက် စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်လိမ့်မည်။ ငွေကြေး၊ ဥစ္စာ ပစ္စည်း ခိုးယူလိမ်လည်လှည့်ဖျားခြင်း ခံရတတ်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ တနင်္ဂနွေနေ့နံသားသမီးနှင့် ငွေကြေး ဥစ္စာ စီးပွားဆောင်ရွက်ခြင်းရှောင် ကြဉ်ပါ။ အိုးအိမ် အဆောက်အအုံ၊ ဆိုင် ခန်း၊ လယ်ယာခြံမြေ၊ ကျွဲ၊ နွား၊ ယာဉ်၊ ကား၊ အမွေအနှစ် စသည့် ကိစ္စများတွင် အကုန်အကျများခြင်း၊ နစ်နာခြင်း၊ ဘေးဒုက္ခရောက်ခြင်း၊ အကျိုးနည်းခြင်း စသည့် မကောင်း ကျိုးများရှိနေဆဲဖြစ်သည်။ ဒီဇင်ဘာလ ၁၉ ရက်မှစ၍ အလုပ်အကြံအစည်များနှင့် ပတ်သက် ပြီး ခိုက်ရန်ဒေါသ၊ ပဋိပက္ခ၊ အပြိုင် အဆိုင်၊ အတိုက်အခံ၊ မှုခင်းပြဿနာ ပေါ်လာတတ်သဖြင့် အထူးသတိ ထား၍ လုပ်ကိုင်ကြံစည်သင့်သည်။ ထိုအခါ အင်္ဂါနေ့နံ သားသမီး နှင့် စပ်တူလုပ်ငန်းမလုပ်သင့်။ အင်္ဂါ နေ့နှင့် ၉ ရက်၊ ၁၈ ရက်၊ ၂၈ ရက် တွင် အလုပ်အကြံအစည် မပြုသင့်။ ညီအစ်ကို မောင်နှမ သားချင်း တို့၏ အကူအညီရရှိမည်။ ၄င်းတို့ နှင့်ပတ်သက်၍ စိတ်ချမ်းသာမည်။ အိမ်ထောင်ဖက် သို့မဟုတ် သောကြာနေ့နံသားသမီး၏ ကျန်းမာ ရေးကို ဒီဇင်ဘာလ ၁ဝ ရက်နေ့ အထိ ဆက်လက်ဂရုစိုက်ပေးပါ။ အိမ်ထောင်ပြုရန် အချိန်အခါသင့် တော် ကောင်းမွန်သော လမဟုတ် ချေ။ ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ သောကြာနေ့နံ သက်ရှိ၊ သက်မဲ့ နှင့် ပတ်သက်၍ အကျိုးပေးကောင်းသင့် သလောက်မကောင်းနိုင်ပေ။ ဒီဇင်ဘာလ ၅ ရက်မှ ၂၇ ရက် အတွင်း ထိခိုက် ဒဏ်ရာရကိန်း ရှိ သည်။ ကျန်းမာရေး ထိခိုက်မည်။




No comments:

Post a Comment