Myanmar Calendar
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, September 23, 2011

လောင်းကစားဒိုင် မိသားစု ပိုးသတ်ဆေးသောက်သေ

အကြွေးများစွာတင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကိုသတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။ 
ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်) နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း (ခ) မီးငယ် (၃၇ နှစ်) သည် ဘောလုံး၊ ၂ လုံးထီ၊ ၃ လုံးထီများ ဒိုင်ကိုင်ရာမှ အနည်းဆုံး ကျပ်သိန်း ၃ဝဝဝ ကျော် အကြွေးတင်သဖြင့် ၃ နှစ်ခွဲအရွယ် သမီး မပွန်းပြည့်စုံနှင့်အတူ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

Tuesday, September 20, 2011

လဲလှယ်ယာဉ်ဟောင်းများ ၉/ဂ နံပါတ်သစ်ရမည်

ယာဉ်ဟောင်းများကို ၉/ဂ နံပါတ်သစ်ချပေးမည် ဖြစ်ကြောင်း ယာဉ်ဟောင်းလာရောက်အပ်နှံသူများနှင့် က.ည.န (ရန်ကုန်)မှ တာဝန်ရှိသူက ပြောသည်။

”နံပါတ်ကအသစ်ဆိုလို့ ၉ ဂဏန်းပဲရှိတော့တာ။ ပေါင်းခြင်း ၁ဝ တွေ၊ ၁၃ တွေချပေးမှာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ၉ /ဂ ဂဏန်းပဲ ချပေးဖို့ကျိန်းသေပါတယ်။ သူ့ရဲ့ စီနီယာအလိုက်ပဲ ချပေးမှာမို့ ဂဏန်းနံပါတ်ရွေးလို့ရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ကညနရုံးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ဆိုသည်။
ယာဉ်ဟောင်းများကို လာရောက်လဲလှယ်ရာတွင် လေးဘီး၊ ဘတ်စ်၊ ဖယ်မလီယာ၊ ကာဂို (ဒေါ့ဂျစ်)နှင့် ဂျစ်ကား အမျိုးအစားတွေ့ရှိရပြီး အများအားဖြင့် လေးဘီးများ ပိုမိုများပြားကြောင်း လာရောက်အပ်နှံသူများထံမှ သိရသည်။

”ခရီးသည်တင် ချက်ပလက်ကိုလဲရင် လိုင်းဆွဲမယ့်ဘတ်စ်ကား  အသေးတွေပြန်ရမယ်။ Express ကြီးတွေ ကျတော့ ဘယ်ရမလဲ။ သူ့ကားအမျိုးအစား သူ့အုပ်စုထဲက ကားကို ရွေးခွင့်ရှိတယ်လို့ စာရွက် စာတမ်းတွေမှာ ဖော်ပြထားတယ်”ဟု ပန်းဘဲတန်းမြို့နယ်နေ ကားဟောင်းလာအပ်သူ တစ်ဦး က ပြောသည်။ ကားဟောင်းအပ်သည့် နေ့ကို ယခုလ ၁၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကညနရုံးတွင် အစီးရေ ၂ဝဝ ခန့်နှင့် တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကားအစီးရေ ၄ဝဝ ခန့် အပ်နှံနိုင်ခဲ့ ကြောင်း တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောကြားခဲ့သည်။

ဝေမာထွန်း

Monday, September 19, 2011

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အစိမ်းရောင်ရွာကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် စတင်တည်ထောင်မည်

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို နိုင်ငံတိုင်း စဉ်ဆက်မပြတ် လုပ်ဆောင်လာမှုနှင့် အတူ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်လာမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စံပြရွာ (Green Village) ကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် တည်ထောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၃-၈-၂၀၁၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ကိစ္စအတွက် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သော Green Development Green Growth (GDGG) အဖွဲ့ကို မြန်မာနိုင်ငံမှ ပညာရှင် ၁၀ ဦး ပါဝင် တည်ထောင်ပြီး လုပ်ဆောင်သွားကြမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောသစ်ပင်ပညာရှင် ဦးအုန်း(FREDA)၊ ဦးသိန်းထွန်း၊ ဒေါက်တာ ခင်မောင်လွင်နှင့် အစိုးရအငြိမ်းစား အရာရှိကြီးများ ပါဝင်ကြကြောင်း သိရသည်။ အစိမ်းရောင်ရွာ တည်ဆောက်ရေးအတွက် ယင်းတို့အဖွဲ့က သီအိုရီအပိုင်းဖြင့် စမ်းသပ်ပြီးစီးကြပြီဟု သိရှိရ ကာ အောက်တိုဘာလ အတွင်း၌ ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင် ၁၀ ဦး ထည့်ဝင်သည့် ရန်ပုံငွေဖြင့် အသင်းကို စတင် လည်ပတ်နေပြီဖြစ်ကာ NGO ဆန်ဆန်ဖြင့် သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်သွား မည် ဖြစ်သည့်အပြင် အစိမ်းရောင်ရွာအတွက် နေရာကို တိကျစွာ မသတ်မှတ်ရသေးဘဲ ဆက်စပ် သတင်းများအရ ရန်ကုန်မြို့ အတွက် လည်းကူးမြို့နယ် အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ဖြစ်နိုင်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ် တွင် ဖော်ပြထားပါသည်။

နိုင်ငံခြားကုမ္ပဏီများ၏ ကားအရောင်းပြခန်းများကို သုံး၊ လေးလအတွင်း ဖွင့်လှစ်မည်

နိုင်ငံခြား ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည့် ကားအရောင်းပြခန်းများကို သုံး၊ လေးလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်များကို ဒေါ်လာဖြင့်သာ ၀ယ်ယူနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားကား ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်မှုကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

“မြန်မာနိုင်ငံမှာ နိုင်ငံခြား မော်တော်ယာဉ် အရောင်းပြခန်းတွေ ဖွင့်လှစ်နိုင်ဖို့ ပြည်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။လာရောက်ဖွင့်လှစ် ရောင်းချတဲ့အခါမှာလည်း မော်တော်ယာဉ်တွေကို ဒေါ်လာနဲ့ပဲ ရောင်းချပေးသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်မှု ကို နိုင်ငံခြားကုမ္ပဏီများကို သာမက နိုင်ငံခြားငွေရှိသော ပြည်တွင်း လုပ်ငန်းရှင်များကိုပါ ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် ပို့ကုန်လုပ်ငန်း၊ ဟိုတယ် ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြားတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူများနှင့် နိုင်ငံတော် ဘဏ်များတွင် တရားဝင် ငွေကြေး စုဆောင်းထားသည့် သင်္ဘောသားများကိုလည်း ပြည်ပမှ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကားအရောင်းပြခန်းအဖြစ် မြန်မာ မီနီဆလွန်းကား အရောင်းပြခန်းကို စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်သွား မည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။

လင်းပိုင်တွေလည်း စကားပြောတတ်ပြီ



လင်းပိုင်တွေဟာ တစ်ကောင်နဲ့ တစ်ကောင် စကားပြောဆ က်သွယ်ဖို့အတွက် တစ်သျှူးတွေကို တုန်ခါစေတဲ့ နည်းကို အသုံးပြ ကြကြောင်း ကို လေ့လာမှု အသစ်တစ်ခု အရ သိရပါတယ်။ လင်းပိုင် တွေရဲ့တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ်တဲ့ နည်းဟာ လူသားတွေ အချင်းချင်း ဆက်သွယ်တဲ့ နည်းနဲ့ များစွာ တူညီနေပါတယ်။ လင်းပိုင်တွေက ထုတ်လွှတ်တဲ့ လေချွန်သံလို အသံမျိုးဟာ တစ်သျှူးတွေကို တုန်ခါစေပြီး ပေါ်ထွက် လာတယ် ဆိုတာကို သိပံ္ပပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဲ့ဒီ ဖြစ်စဉ်ဟာ လူသားတွေရဲ့ စကားသံနဲ့ အခြား ကုန်းနေသတ္တ၀ါတွေရဲ့ အသံ ထွက်ပေါ်လာပုံနဲ့ အလားသဏ္ဍာန် တူညီပါတယ်။ လူသားတွေနဲ့ အခြားသတ္တ၀ါတွေ လေချွန်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံဟာ လေအခန်း အချို့ကနေ ကြိမ်နှုန်း တုန်ခါပြီး ဟိန်းသံ ထွက်ပေါ်လာ တာမျိုး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အသက် (၁၂)နှစ်အရွယ်ရှိ ဘော်တယ်လ်နို့စ် လင်းပိုင်တစ်ကောင်ကို လေ့လာပြီး လင်းပိုင်တွေဟာ ဘယ်လိုနည်းနဲ့ တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ် နေတယ်ဆိုတာကို လေ့လာ ခဲ့ကြပါတယ်။ လင်းပိုင်တွေ ဟာ ဟေလီယမ် ဓာတ်ငွေ့ (၈၀) ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင် ဓာတ်ငွေ့ (၂၀) ရာခိုင်နှုန်း ပါဝင်တဲ့ ဟီလီအော့ဇ်ကို ရှူသွင်းကြပြီး အဲ့ဒီလို ရှူသွင်းခြင်း ကနေ ထွက်ပေါ်လာတဲ့ အသံဟာ သာမန် လေထုထဲမှာ ထွက်ပေါ်လာတဲ့ အသံထက် (၁.၇၄)ဆ ပိုမြင့် နေတာကို တွေ့ခဲ့ရ ပါတယ်။

ဒါ့အပြင် သိပ္ပံပညာရှင် တွေဟာ လင်းပိုင်တွေ ရှူသွင်းတဲ့ ဟီလီ အော့ဇ် ထဲမှာ အသံဖြစ်ပေါ်တဲ့အခါ အသံမယိုင် တာကို တွေ့ခဲ့ကြပါတယ်။ ဒီလို အသံမယိုင်ခြင်းဟာ ဒီအသံဟာ နှာခေါင်းပေါက်ရဲ့ အရွယ်အစားနဲ့ မဆိုင်တာကို ရည်ညွှန်း ထားပြီး ဒီအသံဟာလည်း လေချွန်သံ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ လင်းပိုင်တွေဟာ နှာခေါင်းထဲရှိ တွယ်ဆက် တစ်သျှူးတွေ ပေါ်ကနေ လေကို ဖြတ်သန်းပြီး ကြွက်သား တင်းအားကို ညှိကာ အသံထွက်ပေါ် စေတာ ဖြစ်ပြီး ဒါဟာ လူသားတွေ စကားပြောပုံနဲ့ ထပ်တူနီးပါး ဖြစ်နေပါတယ်။ ဒါ့ကြောင့် သုတေ သီတွေဟာ သူတို့ရဲ့ အခုရှာဖွေ တွေ့ရှိချက်ကနေ လင်းပိုင်တွေရဲ့ တစ်ကောင်နဲ့ တစ်ကောင် ဆက်သွယ်မှုကို တွေ့ရှိနိုင်မယ်လို့ ယုံကြည် နေကြကြောင်း သိရပါတယ်။

ကမ္ဘာ့ပထမဦးဆုံး ကြယ် (၄)ပွင့် အဆင့် ခွေးဟိုတယ်


ပြင်သစ်နိုင်ငံရှိ အိမ်မွေးအချစ်တော် ခွေးကလေးများအတွက် ဖွင့်လှစ်ထားသော ခွေးဟိုတယ်မှာ ကမ္ဘာ့ ပထမဦးဆုံး ကြယ်(၄)ပွင့် အဆင့် ဇိမ်ခံ ခွေးဟိုတယ်ကြီးဖြစ်သည်။ ၄င်းဟိုတယ်သည် ပြင်သစ်နိုင်ငံ ဆင်ခြေဖုံးရှိ ဗင်ဆင့်နက်စ် အရပ်ဒေသတွင် တည်ရှိပြီး ဟိုတယ်တွင် ခွေးများအတွက် ၀န်ဆောင်မှုပေးရန် ခေတ်မီအသုံးအဆောင်များနှင့် ၀န်ထမ်းများ လုံလောက်စွာ ထားရှိသည်။ ဒါပေမယ့် ဟိုတယ်တွင် တည်းခိုနိုင်ရန်အတွက် ခွေးအပြုအမှု စစ်ဆေးမှုကို အရင်ဦးစွာခံယူပြီး စမ်းသပ်မှု အောင်မြင်မှသာလျှင် တည်းခိုခွင့်ရရှိသည်။ တည်းခိုခမှာ ဒေါ်လာ ၃၆ မှ ၄၈ ဒေါ်လာအထိ ရှိပါသည်။

အပြင်အဆင်များ

ဒီလိုလေးလည်းအိပ်နိုင်တယ်

အနှိပ်ခန်းလည်းရှိတယ်

ရေလည်းကူးလို့ရတယ်

ဒီနေရာမှာလည်း ထိုင်လို့ရတယ်နော်