Myanmar Calendar

Monday, September 19, 2011

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အစိမ်းရောင်ရွာကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် စတင်တည်ထောင်မည်

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို နိုင်ငံတိုင်း စဉ်ဆက်မပြတ် လုပ်ဆောင်လာမှုနှင့် အတူ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်လာမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စံပြရွာ (Green Village) ကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် တည်ထောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၃-၈-၂၀၁၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ကိစ္စအတွက် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သော Green Development Green Growth (GDGG) အဖွဲ့ကို မြန်မာနိုင်ငံမှ ပညာရှင် ၁၀ ဦး ပါဝင် တည်ထောင်ပြီး လုပ်ဆောင်သွားကြမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောသစ်ပင်ပညာရှင် ဦးအုန်း(FREDA)၊ ဦးသိန်းထွန်း၊ ဒေါက်တာ ခင်မောင်လွင်နှင့် အစိုးရအငြိမ်းစား အရာရှိကြီးများ ပါဝင်ကြကြောင်း သိရသည်။ အစိမ်းရောင်ရွာ တည်ဆောက်ရေးအတွက် ယင်းတို့အဖွဲ့က သီအိုရီအပိုင်းဖြင့် စမ်းသပ်ပြီးစီးကြပြီဟု သိရှိရ ကာ အောက်တိုဘာလ အတွင်း၌ ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင် ၁၀ ဦး ထည့်ဝင်သည့် ရန်ပုံငွေဖြင့် အသင်းကို စတင် လည်ပတ်နေပြီဖြစ်ကာ NGO ဆန်ဆန်ဖြင့် သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်သွား မည် ဖြစ်သည့်အပြင် အစိမ်းရောင်ရွာအတွက် နေရာကို တိကျစွာ မသတ်မှတ်ရသေးဘဲ ဆက်စပ် သတင်းများအရ ရန်ကုန်မြို့ အတွက် လည်းကူးမြို့နယ် အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ဖြစ်နိုင်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ် တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment