Myanmar Calendar

Tuesday, September 20, 2011

လဲလှယ်ယာဉ်ဟောင်းများ ၉/ဂ နံပါတ်သစ်ရမည်

ယာဉ်ဟောင်းများကို ၉/ဂ နံပါတ်သစ်ချပေးမည် ဖြစ်ကြောင်း ယာဉ်ဟောင်းလာရောက်အပ်နှံသူများနှင့် က.ည.န (ရန်ကုန်)မှ တာဝန်ရှိသူက ပြောသည်။

”နံပါတ်ကအသစ်ဆိုလို့ ၉ ဂဏန်းပဲရှိတော့တာ။ ပေါင်းခြင်း ၁ဝ တွေ၊ ၁၃ တွေချပေးမှာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ၉ /ဂ ဂဏန်းပဲ ချပေးဖို့ကျိန်းသေပါတယ်။ သူ့ရဲ့ စီနီယာအလိုက်ပဲ ချပေးမှာမို့ ဂဏန်းနံပါတ်ရွေးလို့ရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ကညနရုံးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ဆိုသည်။
ယာဉ်ဟောင်းများကို လာရောက်လဲလှယ်ရာတွင် လေးဘီး၊ ဘတ်စ်၊ ဖယ်မလီယာ၊ ကာဂို (ဒေါ့ဂျစ်)နှင့် ဂျစ်ကား အမျိုးအစားတွေ့ရှိရပြီး အများအားဖြင့် လေးဘီးများ ပိုမိုများပြားကြောင်း လာရောက်အပ်နှံသူများထံမှ သိရသည်။

”ခရီးသည်တင် ချက်ပလက်ကိုလဲရင် လိုင်းဆွဲမယ့်ဘတ်စ်ကား  အသေးတွေပြန်ရမယ်။ Express ကြီးတွေ ကျတော့ ဘယ်ရမလဲ။ သူ့ကားအမျိုးအစား သူ့အုပ်စုထဲက ကားကို ရွေးခွင့်ရှိတယ်လို့ စာရွက် စာတမ်းတွေမှာ ဖော်ပြထားတယ်”ဟု ပန်းဘဲတန်းမြို့နယ်နေ ကားဟောင်းလာအပ်သူ တစ်ဦး က ပြောသည်။ ကားဟောင်းအပ်သည့် နေ့ကို ယခုလ ၁၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကညနရုံးတွင် အစီးရေ ၂ဝဝ ခန့်နှင့် တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကားအစီးရေ ၄ဝဝ ခန့် အပ်နှံနိုင်ခဲ့ ကြောင်း တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောကြားခဲ့သည်။

ဝေမာထွန်း

No comments:

Post a Comment