Myanmar Calendar

Friday, December 16, 2011

ဖြေးဖြေးသွားပါ

မျှော်လင့်ချက်တွေ
တပွေ့တပိုက်နဲ့
ကမ်းခဲ့မိတဲ့
လက်တစ်ဖက်ကို
အပုတ်ချခံလိုက်ရသလိုပါဘဲ
ငါ့မှာ .......................
ရင်ထဲ ဟာတာတာဖြစ်ခဲ့


တံတားပေါင်းများစွာ ရှိရက်နဲ့
နင့်.... ခြေဖျားနုနုက
ငါ့...............
မျှော်လင့်ချက်တံတားကိုမှ
ကြမ်းကြမ်းတမ်းတမ်း
နင်းလျှောက်သွားတယ်

ဖြေးဖြေးလျောက်သွားပါ
ကောင်ကလေးရယ်
ဒီလို..............ပြောလိုက်လို့
နင်တစ်လွဲမတွေးလိုက်ပါနဲ့

.ငါ့မျှော်လင့်ချက်တွေ
ပျက်စီးကုန်မှာဆိုးလို့
မဟုတ်ပါဘူး

နင့်..............
ခြေဖျားနုနုလေးတွေ
သွေးချေဥသွားမှာဆိုးလို့ပါ

No comments:

Post a Comment