Myanmar Calendar

Thursday, December 22, 2011

ခြားနေသောအချစ်

တစ်ဆထက်တစ်ဆ
တိုးလာတဲ့
တို့နှစ်ယောက်ကြားက
ချည်နှောင်မှုတွေ

ချည်နှောင်မှုတွေ
များလာပေမယ့်
တို့နှစ်ယောက်ရဲ့
ပျော်ရွှင်မှုက
ကီးဘုတ်ပေါ်မှာ
မပိုခဲ့ပါ

တို့နှစ်ယောက်ကြားက
နွေးထွေးမှုက
ဖုန်းထဲမှာသာ

တစ်နှစ်ထက်တစ်နှစ်နဲ့
နှစ်တွေသာ
ကြာခဲ့တော့လည်း
သံဃောဇဉ်တွေပိုခဲ့မိတယ်

ဒါပေမယ့်လည်း
တို့နှစ်ယောက်ရဲ့
တွေ့ဆုံခွင့်က
တစ်ယောက်နဲ့တစ်ယောက်ကြား
မော်နီတာကြီး ခြားနေခဲ့တာ

No comments:

Post a Comment