Myanmar Calendar

Monday, September 19, 2011

စက်တင်ဘာလ အတွက် သင့်ကံကြမ္မာ

တနင်္ဂနွေ
အခက်အခဲများ ထိပ်တိုက်ရင်ဆိုင်ရမည်။ စေတနာ၊ ဝေဒနာဖြစ်တတ်သည်။ သူတစ်ပါးကြောင့် မိမိအကြံ အစည်များပျက်တတ်သည်။ကြုံတွေ့နေ ရသော အခက် အခဲများ ချက်ချင်းဖြေရှင်းပါ။ နှောင့်နှေးခြင်းမရှိသင့် ပါ။ ငွေကြေးကံ၊ လုပ်ငန်းကံကောင်းမည်။ သုတစ်ပါး ကိုယုံပြီး လွှဲပြီးလုပ်ခြင်း ထက် အရာရာ ကိုယ်တိုင် လုပ်ပါ။  အမည်အတွင်း အ၊ ဥ၊ သ၊ ဟ ပါသောသူများ ကြောင့် စိတ်အနှောင့်အယှက်ကြုံမည်။ အရာရာ သတိနှင့်ဆောင်ရွက် ရမည်။ အရှိန်မြင့်မားစွာ ဆောင်ရွက်ရင်း အနှောင့်အယှက်များ ကြုံရခြင်းကြောင့် နှောင့်နှေးမည်။  ရင်းနှီးသူများနှင့် စကားများရမည်။  ကိုယ့်ကိစ္စမဟုတ်ဘဲ သူတစ်ပါးကိစ္စအတွက် စိတ်ရှုပ်ရ မည်။  အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများအတွက် အချိန် ကုန် ငွေကုန်ခံပြီး လူမုန်းများသောအလုပ်များ ဆောင်ရွက်ရမည်။  မည်သည့်ကိစ္စကိုမဆို အမှားအယွင်းမရှိအောင် ဂရုစိုက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် ဧည့်ခန်းသန့်ရှင်းရေးလုပ် ပါ။
- – – – ။ ။ မွေးနေ့တွင် အိမ်ရှေ့ခန်းကို သန့်ရှင်း ရေးလုပ်ပါ။
~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
တနင်္လာ
အရာရာ အဆင်ပြေမည်။ လုပ်ကိုင်သည့်ကိစ္စများမှ ထူးခြားသော တိုးတက်မှုရမည်။ ယခုလုပ်နေသည့် ကိစ္စ အလုံးစုံတွင် လမ်းသစ်တစ်ခုပေါ် ပေါက်လာကာ ရှေ့ တိုး ဆောင်ရွက်နိုင်မည်။ ပူးပေါင်းဆောင်ရွက်ခြင်းများ အကျိုးပေးမည်။ ငွေကြေးဥစ္စာတိုးပွားခြင်း၊ ကံသစ်ပွင့်ခြင်း များရှိမည်။ တနင်္လာနေ့၊ သောကြာနေ့ မွေးသောသူများနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်ရှိမည်။ ပညာနှင့် ပတ်သက်သော ကံကောင်းသည်။
အရာရာ အဆင်ပြေမည်။ စိတ်အေးချမ်းမည်။ မိတ်ကောင်း ဆွေကောင်းကို အထောက်အကူပြု၍ စိတ်ချမ်းမြေ့ရမည်။ စုပေါင်း လုပ်ငန်းအကျိုးပေးမည်။  မင်္ဂလာရှိသော ကိစ္စ များ၊ စိတ်ချမ်းမြေ့ဖွယ်ရာများကို ပါဝင်ပတ်သက်ကူညီ ရမည်။ စိတ်ကူးသစ်များ လက်တွေ့ဆောင်ရွက်နိုင်မည်။ ခရီးဝေး ကိစ္စ၊  နိုင်ငံရပ်ခြားကိစ္စများ ဆောင်ရွက်အကျိုး ပေးမည်။ ခြံ၊ ကား၊ အခန်း၊ အလဲအလှယ် ကိစ္စ များ ဆောင်ရွက်အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ကြာဆံကြော် ဒါနပြုပါ။
——– ။ ။ မွေးနေ့တွင် ကြယ်တံခွန်ပန်းဘုရားတင်၍ လိုရာဆန္ဒပြုပါ။
~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
အရာရာကို သတိနှင့်ယှဉ်ပြီး ဆောင်ရွက်ရမည်။ ပေါ့ပေါ့ ဆဆမလုပ်ပါနှင့်။ လူယုံထား၍မရ။ ငွေကြေးပျောက်ရှ တတ်သည်။ ပစ္စည်းအပျက်အစီးများမည်။ ရင်းနှီးသော သူများနှင့်စကားများရမည်။ အရာရာချိန်ဆပြီးလုပ်ပါ။ အခါတိုင်းနှင့်မတူသော ငွေကုန်ပေါက်များကြုံမည်။ လူမျိုးကွဲ၊ ကပြား၊ ဘာသာခြားနှင့်ဆက်စပ်ပြီး လုပ်သော ကိစ္စများမှ ထူးခြားသော ကောင်းကျိုးများရမည်။ စာရွက် စာတမ်းကိစ္စ မှားယွင်းတတ်သည်။ ရှုပ်ရှုပ်ထွေးထွေး ကိစ္စများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ အလွယ်တကူကတိပေးပြီး လုပ်သည့်ကိစ္စတစ်ခုမှ ဖြေ ရှင်းစရာ များဖြစ်ပေါ်မည်။ ငွေကြေးကိစ္စကို ကနဦးက ပြတ်ပြတ်သားသား ပြောဆိုထားခြင်းမရှိသည့်အတွက် မိမိမှနစ်နာတတ်သည်။  အလိမ်အညာ ခံရတတ်သည်။ အပျောက်အရှများမည်။ စွန့်စားပြီး လုပ်သောကိစ္စများ အရင်းအနှီးများသော လုပ်ငန်းများ
မလုပ်သင့်။ အထီးကျန်သဖွယ် ခံစားနေရမည်။
ယတြာ ။ ။ မွေးနေ့တွင် ဆန်လှူပါ။
– – – – ။ ။ မွေးနေ့တွင် ခရေပန်း ဘုရားကပ်လှူပါ။
~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
အခက်အခဲနှစ်ခု တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်မည်။ လုပ်ငန်းအကြံအစည်များ ကြန့်ကြာနှောင့်နှေးပြီးမှ အဆင် ပြေမည်။
ရင်းနှီးသောသူများနှင့် စကားများရတတ်သည်။ ခရီးကိစ္စ စီစဉ်ထားသည်များ နှောင့်နှေးပြီးမှ အဆင် ပြေမည်။
စရိုက်သဘာဝ ခြားနားသောသူများနှင့် ပူးတွဲ လုပ်ကိုင်ရခြင်းများရှိမည်။ အမှုအခင်း ပြဿနာများကို လိုက်လံ
ဖြေရှင်းပေးရခြင်းကြုံမည်။ ငွေလက်လွန်တတ် သည်။ သံယောဇဉ်ရှိသူများနှင့် ခွဲခွာရမည်။ အကောင်း အဆိုး ရောထွေးနေသည်။ အခက်အခဲ အနှောင့်အယှက်များ ကင်းစင်၍ အဆင်ပြေခြင်း ရှိလင့်ကစား ပြဿနာအနည်းငယ်ကြုံနေဆဲဖြစ်သည်။ ကုန်ကျစရာများ တစ်မျိုးပြီးတစ်မျိုး ဇယ်ဆက် သလို ပေါ်ပေါက်မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဦးစားပေး၍မရ။ သူတစ် ပါးလွယ်လင့် တကူ ဆောင်ရွက်နိုင်သည့်ကိစ္စများ မိမိ လုပ်ဆောင်၍ နှောင့်နှေးကြန့်ကြာမည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ငွေကုန်မည်။
ယတြာ ။ ။ မွေးနေ့တွင် လမုန့်စားပါ။
- – – – ။ ။ မွေးနေ့တွင် စံပယ်ပန်းကပ်လှူပါ။
~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
စိတ်ချမ်းမြေ့ရမည်။ အခက်အခဲ ကင်းစင်၍ အလိုရှိရာ ပြည့်စုံမည်။ မမျှော်လင့်ဘဲ အပြောင်းအလဲနှင့် ခရီးကိစ္စ များကြုံမည်။ မူလကြိုတင်စီစဉ်ထားခြင်းမရှိဘဲ လုပ်ကိုင်မှုနှင့် တိုးတက်ခြင်းများကြုံမည်။ ၅၂၈-၁၅ဝဝ မေတ္တာနှစ်မျိုးစလုံးကောင်းသည်။ စိတ်တွင်ပေါ်လာသော ကိစ္စများကို လက်တွေ့ဆောင်ရွက်ပါ။ ဆုံးဖြတ်ထားပြီးသော ကိစ္စများ နောက်မတွန့်ဘဲ ရှေ့တိုး ဆောင်ရွက် အဆင် ပြေမည်။ ပညာရေး ကံကောင်းမည်။ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မည်။ အခက် အခဲများကျော်လွှားနိုင်မည်။ မိမိအပေါ် အကျိုးပေးသော သူများနှင့်တွေ့မည်။ တစ်ပိုင်းတစ်စ ရပ်တန့်ထားသော ကိစ္စများ အပြီးသတ်အောင်ဆောင်ရွက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စများတွင် နဂိုမူလ စီမံကိန်းချထား သည့်အတိုင်း လုပ်၍မရ။ ရုတ်တရက် ပြောင်းလဲလာသည့် အပြောင်းအလဲများနှင့် အံဝင်ခွင်ကျ ချိန်ကိုက်ပြီးမှ ဆောင်ရွက်ပါ။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ရွှေရင်အေးဒါန ပြုပါ။
- – – – ။ ။ မွေးနေ့ညနေပိုင်းတွင် ရေခွက်အဟောင်း များစွန့်ပစ်ပါ။
~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
ထူးခြားသောကံ အခွင့်အလမ်းကောင်းများ ပေါ်ထွက်မည်။ ရန်အတိုက်အခံများအားလုံးကို ကျော်လွှားပြီး တိုးတက်မှု အဆင့်ဆင့်ရရှိမည်။ လမ်းသစ်ထွင်ပြီး ထိုးဖောက် ဆောင်ရွက်နိုင်သော ကာလဖြစ် သည်။ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို အသုံးချနိုင်သည်။ ငွေကုန် စိတ်ပင်ပန်းစရာ များကြုံလင့်ကစား အဆင်ပြေခြင်း ရှိမည်။ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသူများက မိမိအား ဒုက္ခပေးခြင်းခံရတတ်သည်။ လွယ်လင့်တကူရသည်၊ ဖြစ်သည်ဟူ၍မရှိ။ သူတစ်ပါး အပေါ် အပြစ်တင်၍မရ။ ကိုယ်တိုင်၏ပေါ့လျော့မှုကြောင့် မဖြစ်သင့်သော အမှားများကြုံမည်။ အိမ်တွင်းရေး၊ မိသား စုရေးများတွင် စိတ်တိုင်းမကျစရာရှိမည်။ ပဋိပက္ခများ ရှိမည်။ မိမိက အကောင်းလုပ်၍ အကောင်းပြောမခံ ရသော ကိန်းဆိုက်နေသည်။ တတ်နိုင်သမျှ ကိုယ့်ကိစ္စ မဟုတ်က လက်ရှောင်ပါ။ အလုပ်စီးပွားများ အချိန်ပေး၍ ဆောင်ရွက်ပါ။ သူတစ်ပါးအပေါ် အကြံမပေးရ။
ယတြာ ။ ။ မွေးနေ့တွင် ပဲပေါင်မုန့် လှူပါ။
- – – – ။ ။ မွေးနေ့တွင် ပန်းအဖြူတစ်ပွင့် ဖန်ခွက် တွင်ရေခံ၍ လိုရာဆန္ဒပြုပါ။
~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
စကားများရမည်။ ဖြေရှင်းရမည်။ ပဋိပက္ခများ တစ်မျိုး ပြီးတစ်မျိုးကြုံမည်။ ငွေကြေးနှင့်လူမှုရေး ရောထွေးမိ ၍ စိတ်ရှုပ်ရကိန်းကြုံမည်။ရန်အနှောင့်အယှက် တစ်ခု မဖြေရှင်းနိုင်မီ နောက်တစ်မျိုးထပ်ဖြစ်မည်။ တနင်္ဂနွေ နေ့၊ အင်္ဂါနေ့ မွေးသူများ ဒုက္ခပေးလိမ့်မည်။ ကြာသပ တေးနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသူများနှင့် ဆက်စပ်၍ တိုးတက် မှုရမည်။ လုပ်ငန်းခွင်မှသူများ ပစ်စာတိုင်စာ သတိရှိရ မည်။ ရန်ပုန်း အနှောင့်အယှက်များ ရှိမည်။
အေးအေးချမ်းချမ်းနှင့် အလိုရှိရာပြည့်စုံမည်။ ငွေကြေး ဥစ္စာ ကံကောင်းမည်။ မိသားစုနှင့်ပတ်သက်သော စိတ် ချမ်းမြေ့ဖွယ်ရာ သတင်းကောင်း များကြားသိရမည်။ မိမိအပေါ် အထောက်အကူပြုသော သူများနှင့် တွေ့မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။ ပျိုရွယ်သူများ မေတ္တာရေး ကံကောင်းမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ပြည်ပခရီးကံပွင့်မည်။ ပညာရေးကိစ္စများဆောင်ရွက် အောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် သစ်သီး ဒါနပြုပါ။
- – – – ။ ။ မွေးနေ့တွင် သစ္စာပန်း ဘုရားတင်ပါ။
~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အဘက်ဘက်မှ ကောင်းသည်။ လူမျိုးကွဲ အကျိုးပေးမည်။ ကာလအတန်ကြာ မိမိက ရသင့်လျက် တလွဲတချော် ဖြစ်နေသည့် အလုပ်စီးပွားများ အဆင်ပြေစွာ ဆောင်ရွက်နိုင်၍ အဆင့်ဆင့် တိုးတက်မည်။
မိမိအပေါ် ထိပ်တိုက် ရင်ဆိုင်ယှဉ်ပြိုင်လာသူများ ခါတိုင်းထက် ပိုများမည်။ စီးပွားတိုးတက်ရန် အခွင့်ကောင်းများ ပေါ်ထွက်မည်။ တစ်ပါးသူပေးသော အကြံဥာဏ်များကို လက်ခံအသုံးချ၍ အဆင်ပြေတိုးတက်မည်။ အောင်မြင်ခြင်း၊ အဆင်ပြေခြင်း၊ တိုးတက်ခြင်းများရရှိမည်။ အပြိုင်အဆိုင်များမည်။ အခက်အခဲများ ထိပ်တိုက် ဖြေရှင်းရမည်။ အခက်အခဲနှင့် ဒုက္ခတွေ့နေသူများအား အထောက်အကူ ပေးရတတ်သည်။ အပျက်အစီး အပျောက် အရှများမည်။ ယှဉ်ပြိုင်လာသောသူများအား အနိုင်ပေး လိုက်ပါ။ သူတစ်ပါးလုပ်သောကိစ္စများအား လက်ရှောင် လိုက်ပါ။ မိမိတွင် များစွာသော စိတ်ကူးကောင်းများ ရှိသည်ကို မမေ့သင့်။
ယတြာ ။ ။ မွေးနေ့တွင် ဒိန်ချဉ်သောက်သုံးပါ။
- – – – ။ ။ မွေးနေ့တွင် အိမ်ရှိဘုရားစင်တွင် အမွှေး တိုင်သုံးတိုင် ထွန်းညှိပူဇော်ပါ။

No comments:

Post a Comment