အမှတ်တမဲ့ ဆုံစည်းဖို့ရာ
ဖြစ်လာပေမယ့်
တစ်သက်တာ ဒီလူရင်ကို
လွမ်းနာကျအောင်
အတတ်ပညာ
နင်သင်ပေးသွားတယ်
ကော်ဖီချိုချို
မသောက်ပေမယ့်
ပြင်းရှရှ အရသာတော့
ငါခံစားဖူးတယ်
ခေတ္တခဏ
လက်တွဲဖူးပေမယ့်
ငါ့ကမ္ဘာတစ်ခြမ်း
နွေးထွေးဆဲကွယ်
ငိုသံသဲသဲ ကြားမိပြန်တော့
ဒီလူရင်ကို သံစနဲ့
ထိုးသလို
တစ်ဆစ်ဆစ်နာတယ်
ဆောင်းမနက်ခင်း
မြူမှုန့်ဝေး၀ါး
အလင်းပျောက်ဆဲမယ်
ငါ့ဘ၀လည်း
အလင်းပျောက်ခဲ့တယ်
No comments:
Post a Comment