Myanmar Calendar

Friday, July 6, 2012

JUlY လ ဗေဒင်

မိဿရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
ပြဿနာများ တစ်မျိုးပြီး တစ်မျိုး လိုက်လံဖြေရှင်း ရမည်။ မနာလိုအနှောင့်အယှက်ပြုသူများ ရှိမည်။ စီစဉ်ထားသည်များ အလွဲလွဲအချော်ချော် ဖြစ်မည်။ အိမ်တွင်းရေး၊ လူမှုရေး အညံ့ရှိသည်။ တာဝန်ယူအာမခံမှု မှားယွင်းခြင်းကြောင့် အမှုအခင်း ဖြေရှင်းရခြင်း ရှိမည်။ ဒုက္ခရောက်နေသော သားချင်းကိစ္စအတွက် ငွေကုန်ကိန်း ရှိသည်။ လုပ်ငန်းခွင်အတွင်း တစ်ပါးသူအား အရေးယူအပြစ်ပေးသည့်ကိစ္စတွင် ပါဝင်ပတ်သက်ရတတ်သည်။ အကြီးအကဲ အထင်မှားမှု ခံရမည်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်သော ကိစ္စများမှ ထူးခြားစွာ တိုးတက်မည်။
 
July 8th မှ July 14th ကြား
ကူညီသူများ ပေါ်ပေါက်မည်။ မိတ်ဆွေကောင်းတို့၏ ပူးပေါင်းမှုကို ရရှိမည်။ ခက်ခဲသော ပြဿနာများ ဖြေရှင်းနိုင်မည်။ အမျိုးသမီး မိတ်ဆွေတစ်ဦးထံမှ ကောင်းသော အထောက်အကူ ရရှိမည်။ ဆိုင်းငံ့ထားသော လုပ်ငန်းတစ်ခု ပြန်လည်ဆောင်ရွက်ပြီးမြောက်မည်။ အရပ်ဝေးနိုင်ငံရပ်ခြားမှ ထူးခြားသော သတင်းစကား (သို့မဟုတ်) စာအဆက်အသွယ်ကောင်း ရရှိမည်။ အမျိုးသမီးတစ်ဦး အိမ်ခြေဝယ်ယူခြင်းကိစ္စအား လိုက်လံကူညီရမည်။ မမျှော်လင့်ဘဲ အကျိုးကောင်းရမည်။ အိမ်အနီးအပါးမှ စားသောက်စရာ လက်ဆောင်ရက အလွန်ကောင်းသော နိမိတ်ဖြစ်သည်။

July 15th မှ July 21st ကြား
အပျောက်အရှ များမည်။ ကာလရှည်ကြာ စုဆောင်းထားသော ငွေကို တမဟုတ်ချင်း သုံးစွဲရမည်။ မိဘအကြီးအကဲ ကျန်းမာရေး အညံ့ရှိမည်။ လုပ်သမျှကိစ္စအလုံးစုံ တပိုင်းတစ ဖြစ်တတ်သည်။ စနစ်တကျ လုပ်ထားသောကိစ္စများအပေါ် ဖျက်လို ဖျက်စီးလုပ်ခြင်းများ ကြုံမည်။ ခရီးသွား၍ အကျိုးရှိမည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်သည်များမှ ကောင်းသော အကျိုးဆက်များ ရမည်။ ကျူးကျူးကျော်ကျော် လုပ်ကိုင်မှုများကို အခြေတည်၍ ပဋိပက္ခဖြစ်တတ်သည်။ အဆုံးသတ်ပြီးဆုံးခါနီးမှ အလွဲလွဲအချော်ချော်ဖြစ်ခြင်း ကြုံမည်။ လျှပ်စစ်မီးအန္တရာယ် ဂရုစိုက်ပါ။

July 22nd မှ July 28th ကြား
ဆိုးမယောင်နှင့် ကောင်းသည်။ အခက်အခဲများကျော်လွှားနိုင်မည်။ စိတ်ကူးသစ်နှင့် ဆောင်ရွက်ခြင်းမှ ကောင်းသော တက်လမ်းများ ရရှိမည်။ ငွေဝင်ကောင်းမည်။ လာဘ်ပွင့်မည်။ အရင်းအနှီးများသော ကိစ္စတစ်ခုအား တစ်ပါးသူများ တားဆီးသည့်ကြားမှ ဇွတ်လုပ်လိမ့်မည်။ အကျိုးရှိမည်။ ပျိုရွယ်သူများ အချစ်ဟောင်းနှင့် ပြန်လည်ဆက်သွယ်မိ၍ အရှုပ်အထွေး ပြဿနာများ ကြုံမည်။ လုပ်အားကြောင့်သာမက ကံကြောင့်ပါငွေ ဝင်မည်။ အတတ်ပညာနှင့် တိုးတက်မှုများ အထင်အရှား ရရှိမည်။ နာမည်ဆိုးရှိသူများနှင့် ဆက်ဆံရတတ်သည်။

July 29th မှ Aug 4th ကြား
မူလစီစဉ်ထားသည့်ကိစ္စ အားလုံး ပုံစံပြောင်းပစ်ရမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ အတတ်ပညာနှင့် တက်လမ်းအား ဖန်တီးနိုင်မည်။ အိမ်ရှိစက်ပစ္စည်းများ တစ်ခုပြီး တစ်ခု ဆက်တိုက်ပျက်မည်။ ပြဿနာများ တစ်ခုပြီးတစ်ခု ဖြေရှင်းရမည်။ ငွေကြေးလာရောက် အကူအညီတောင်းသူ ပေါ်မည်။ ရှောင်၍ မရ ချေးငှားရမည်။ ဆုံးမည်မှာလည်း သေချာသည်။ မိသားစု၊ ဆွေမျိုးကျန်းမာရေးအတွက် စိတ်ပူသောကရောက်ရတတ်သည်။ အမျိုးသမီး မိတ်ဆွေတစ်ဦးနှင့် ပတ်သက်လုပ်ကိုင်သော ကိစ္စမှ အမှုပြဿနာများဖြစ်ပေါ်နိုင်သည်။ သတိနှင့် ရှောင်၍ရသည်။


ပြိဿရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
ကြိုတင်တွက်ဆမထားသော ရန်အန္တရာယ်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ အတိတ်ကာလမှ ပြဿနာအမှုအခင်းများ ပြန်လည်ဖြေရှင်းရမည်။ ပေါ့ပေါ့တန်တန် သဘောထား၍ စနစ်တကျဖြေရှင်းခဲ့ခြင်း မပြုသော အသေးအမွှားကိစ္စများမှ ပြန်လည်ပြဿနာများဖြစ်လာတတ်သည်။ အနာဟောင်းများ ပြန်လည်ဆောင်ရွက်ရမည်။ မနာလို၊ မရှုစိတ်ရှိသူများမှ မကောင်းသတင်းများ လိုက်လံဖြန့်ချိခြင်းကို ကြုံမည်။ ဆောင်ရွက်နေသော လုပ်ငန်းများတွင်လည်း ဆန့်ကျင်ဘက်ပြုသူများ၊ အတိုက်အခံပြုသူများနှင့် ထိပ်တိုက်တွေ့ရတတ်သည်။ ပုံမှန်ဆောင်ရွက်နေသော ကိစ္စများပင်လျှင် နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်တတ်သည်။

July 8th မှ July 14th ကြား
တဇွတ်ထိုးလုပ်လိုသော ကိစ္စများကို ထိန်းချုပ်နိုင်လေ အကျိုးရှိလေဖြစ်မည်။ မိမိဆန္ဒကို ဦးစားပေးခြင်းထက် ဖြစ်ပေါ်နေသော အခြေအနေကို လိုက်လျောညီထွေစွာ ဆောင်ရွက်၍ ကောင်းသော အကျိုးဆက်များ ရရှိမည်။ မိမိထက် အသက်အရွယ်ငယ်သူများ၊ ဝါစဉ်နိမ့်သူများထံမှ ထူးခြားသော အထောက်အကူ ရရှိနိုင်မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးသည်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ လှုပ်ရှားသွားလာ၍ အကျိုးရှိမည်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်လိမ့်မည်။ ပုံမှန်ထက် ငွေဝင်လင့်ကစား၊ စုဆောင်းထိန်းသိမ်းရန် အခက်အခဲရှိလိမ့်မည်။ မာန်မာနကို နှိမ့်ချ၍ လုပ်လေ တိုးတက်လေဖြစ်မည်။

July 15th မှ July 21st ကြား
ကိုယ်ရေးကိုယ်တာထက် သူတစ်ပါးရေးရာများတွင် အချိန်ကုန်၊ လူပင်ပန်းစွာနှင့် ဆောင်ရွက်နေရမည်။ အကြောင်းအမျိုးမျိုး တိုက်ဆိုင်ကြုံကြိုက်ပြီး လက်ဝယ်ရှိသော ငွေများ ဒလဟောသုံးစွဲရမည်။ တစ်ပါးသူအပေါ် ကူညီမှုလွန်ကဲ၍ နစ်နာဆုံးရှုံးစရာများ ဖြစ်ပေါ်မည်။ အလုပ်သစ်စတင်ခြင်းထက် လုပ်လက်စများကို ချဲ့ထွင်သင့်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ရန် မသင့်ပေ။ သုံးသပ်အကဲဖြတ်မှုမှားယွင်းနိုင်သည်။ မိသားစုအကြီးအကဲ ကျန်းမာရေးအတွက် စိတ်ပူရခြင်းများ ဖြစ်တတ်သည်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ အပျက်အယွင်းများမည်။ အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူမှုကို ဆိုင်းငံ့ပါ။

July 22nd မှ July 28th ကြား
အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည်။ သေဆုံးသည်ဟု အများက ပြောသောသူတစ်ဦးအား ပကတိအသက်ရှင်လျက် တွေ့လိမ့်မည်။ အသည်းအသန်ဖြစ်နေသည့် ဆေးရုံရှိလူမမာအား သွားရောက်သတင်းမေးသောအခါ လူမမာသည် ထူထူထောင်ထောင်နှင့် အစားအသောက် စားနေသည်ကို မြင်ရအံ့။ ရရှိထားသော သတင်းစကားများ အမှားမှား အယွင်းယွင်းဖြစ်မည်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း ငွေကြေးကိစ္စတာဝန်ယူ အာမခံခြင်းကို သတိနှင့် ဆောင်ရွက်ရမည်။ အပြီးသတ်ဆောင်ရွက်ထားသောကိစ္စများ ပြန်လည်ကိုင်တွယ်ရခြင်း ရှိမည်။ အရေးကြီးသော ဆုံးဖြတ်ချက်သစ်များ ချမှတ်ရမည်။

July 29th မှ Aug 4th ကြား
မိတ်ဆွေကောင်းနှင့် ကြုံတွေ့မည်။ ရည်မှန်းချက်သစ်အောင်မြင်မည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ ပူးတွဲပေါင်းစပ်လုပ်သော လုပ်ငန်းများမှ ကောင်းသောအကျိုးဆက်ရမည်။ ဆန္ဒပြင်းပြနေသောအရာများ၊ လိုလားချက်များ ပြည့်စုံမည်။ မိသားစုပိုင် လက်လွန်ငွေကြေးများ ပြန်လည်ရရှိမည်။ ဆောင်ရွက်နေသောကိစ္စများ သူ့နည်းသူ့ဟန်နှင့် ပြည့်စုံအဆင်ပြေသွားလိမ့်မည်။ လုပ်ငန်းဝင်ငွေတိုးတက်မည်။ ဆောင်ရွက်ထားသော ကိစ္စများအပေါ် တစ်ပါးသူက လက်ခံခြင်းကို ကြုံမည်။ အခြေအနေမှန်ပေါ် သုံးသပ်၍ ဆန္ဒသစ်၊ အကြံစည်သစ်များကို အကောင်အထည်ဖော်ရန် အခါကျရောက်သည်။


မေထုန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အပြောင်းအလဲသစ်နှင့် တိုးတက်မှုများ ပေါ်ပေါက်မည်။ အခက်အခဲအားလုံးကို ကျော်လွှား၍ အဆင့်မြင့် အောင်မြင်မှုများ ဖန်တီးနိုင်မည်။ ချမှတ်သော ဆုံးဖြတ်ချက်များ မှန်ကန်မည်။ ပြောင်းလဲဆောင်ရွက်သောကိစ္စများ အောင်မြင်မည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်း၊ တိုးတက်ခြင်းများ ရှိမည်။ မိတ်ကောင်းဆွေကောင်းများ အကြီးအကဲများထံမှ ကောင်းသော အကူအညီရရှိမည်။ ပေါ်ပေါက်လာသော စိတ်ကူးသစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ ညာခြေ၊ ညာလက်တွင် မတော်တဆ ထိခိုက်မှု အန္တရာယ် ဂရုစိုက်ရမည်။ မနာလိုအပြိုင်အတိုက်အခံပြုသူများနှင့် တွေ့မည်။

July 8th မှ July 14th ကြား
ပဋိပက္ခဆန့်ကျင်မှုများနှင့် ထိပ်တိုက်တွေ့မည်။ ဖြစ်လိုသည်နှင့် လက်တွေ့ဆောင်ရွက်ရသည်များ တလွဲဖြစ်မည်။ ရုံးရောက်ဂါတ်ရောက်ဖြေရှင်းရသူများကို လိုက်လံကူညီရမည်။ အရေးကြီးသော စာရွက်စာတမ်းများ လက်မှတ်ရေးထိုးရမည်။ ငွေကြေးကိစ္စစကားပြောဆိုမှုများ အောင်မြင်မည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ကပြားများနှင့် တိုက်ရိုက်ဆက်ဆံလုပ်သော လုပ်ငန်းများမှ ထူးခြားမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုနှင့် ထိတွေ့ဆက်ဆံနေသော ဝန်းကျင်တွင်လည်းကောင်း၊ ပြည်ပနိုင်ငံခြား ခရီးရှိ၏။ တိုင်းတစ်ပါးနှင့် ဆက်စပ်လုပ်သော လုပ်ငန်းများ အကျိုးပေး၏။

July 15th မှ July 21st ကြား
ရည်ရွယ်ချက် အောင်မြင်မည်။ အလုပ်စီးပွား တိုးတက်မည်။ ငွေကြေးတိုးပွားမည်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ အပြိုင်အဆိုင်များ ကျော်လွှားနိုင်မည်။ (၅၂၈၊ ၁၅၀၀) မေတ္တာနှစ်ဖြာစလုံးကောင်းသည်။ အလုပ်အဆင့်နှင့် ဝင်ငွေဥစ္စာတိုးတက်မည်။ အကြီးအကဲ အထောက်အကူရမည်။ အပြိုင်အဆိုင်ကြားမှ တက်လမ်းပေါ်မည်။ ကိုယ်ပိုင်ဟန်ကို အဓိကထား၍ ဆုံးဖြတ်လုပ်ကိုင်သင့်သည်။ တစ်ပါးသူစကား နားမဝင်သင့်။ ငွေကြေးအပေးအယူ ဂရုစိုက်ရမည်။ လူလိမ်လူကောက် အန္တရာယ် ဂရုစိုက်ရမည်။ ပြောမှားဆိုမှား ဖြစ်တတ်သည်။ အတတ်ပညာကို အခြေတည်၍ အဆင့်မြင့်တိုးတက်မှုများ ဖန်တီးနိုင်မည်။

July 22nd မှ July 28th ကြား
တစ်ခုထက်မကသော အလုပ်ကိစ္စများ တာဝန်ယူဖြေရှင်းရမည်။ နာမည်ကောင်းသတင်းနှင့် တိုးတက်ခြင်း ကြုံမည်။ လက်ဝယ်စုဆောင်းထားသော ငွေများ ဒလဟောထွက်မည်။ ဆောင်ရွက်သောကိစ္စများအတွက်လည်း အသုံးစရိတ် ကြီးမြင့်မည်။ သူတစ်ပါးကိစ္စများကို ကြားဝင်ငွေစိုက်ထုတ်၍ လုပ်ကိုင်ပေးရခြင်းရှိမည်။ ၎င်းငွေကို ပြန်ရရန်အခြေအနေ အလွန်နည်းပါးသည်။ ပေါ်ပေါက်လာသော အပြောင်းအလဲများနှင့် လိုက်လျောညီထွေအောင် ဆောင်ရွက်ရင်း ရှေ့တိုးမရအောင် ဖြစ်နေမည်။ စကားအတင်းအဖျင်းပြောဆိုသူများကြောင့် အယူအဆလွဲမှားနိုင်ခြင်း၊ ဆုံးဖြတ်ချက် မပြတ်သားခြင်းတို့ ဖြစ်နိုင်သည်။

July 29th မှ Aug 4th ကြား
မိသားစု အကြီးအကဲ ကျန်းမာရေးအတွက် အထူးပြု ဂရုစိုက် ရမည်။ ငွေကုန်များမည်။ ရန်များမည်။ ဥပဒေနှင့် မကင်းသောကိစ္စများ ရှောင်ပါ။ ပြဿနာဖြစ်က ညှိနှိုင်းပြေလည်ရန် အလွန်ခဲယဉ်းမည်။ အိမ်တွင်လည်း မောင်နှမသားချင်း၊ မိသားစုအတွက် စိတ်ပူရခြင်း ရှိလိမ့်မည်။ စာရွက်စာတမ်းကိစ္စ အရှုပ်အထွေးများ ရှိနိုင်မည်။ အလုပ်စားပွဲ၊ ကိုင်တွယ်သော စာရွက်စာတမ်းမှန်သမျှကို တစ်ပါးသူတို့ မွှေနှောက်ကိုင်တွယ်ခြင်း မပြုအောင် ထိန်းသိမ်းရမည်။ နှုတ်ဖွာ၍ မသေမချာလုပ်သော တွဲဖက်သူကြောင့် နာမည်သိက္ခာထိခိုက်တတ်သည်။


ကရကုဋ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အခြေအနေကောင်းများနှင့် တိုးတက်မှုများ ဆက်တိုက်ကြုံမည်။ အလုပ်တိုးတက်မည်။ ငွေဝင်မည်။ တိုးချဲ့ဆောင်ရွက်သောလုပ်ငန်းများ ပြီးမြောက်အောင်မြင်မည်။ တွေဝေဒွိဟဖြစ်နေသော ကိစ္စများအား ယတိပြတ်ဆုံးဖြတ်နိုင်မည်။ ပုံစံပြောင်း၍ လုပ်သောကိစ္စများမှ ထင်ရှားသော အကျိုးဆက်ရမည်။ မိသားစုကိစ္စအတွက် ရည်ရွယ်ဆောင်ရွက်မှုများ အဆင်ပြေမည်။ ကြန့်ကြာနေသော ငွေကြေးများ ပြန်လည်ရရှိမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးဆက်ကောင်း ရမည်။ ကူညီသူများနှင့်တွေ့မည်။ အချစ်ရေးအဆင်ပြေမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။

July 8th မှ July 14th ကြား
စိတ်တိုဒေါသထွက်အောင် ဆောင်ရွက်သူများနှင့် တွေ့မည်။ လမ်းမှားလိုက်ရန် လှုံ့ဆော်သူများနှင့် တွေ့မည်။ ဆုံးဖြတ်ချက်မှားအောင် လှုံ့ဆော်သူများနှင့် ကြုံမည်။ ပြဿနာများ ဖြေရှင်းရတတ်သည်။ စွပ်စွဲခံရတတ်သည်။ ငွေဖြုန်းတီးလိုစိတ်များ တဖွားဖွားပေါ်မည်။ ပျော်ရွှင်ခြင်းမှ တစ်ပါးအခြားအကျိုးမရှိသော လုပ်ငန်းများ လုပ်နေမည်။ အပျက်အစီး၊ အပျောက်အရှများမည်။ လူမှုရေး အရှုပ်အထွေးများကြား ပတ်သက်ရမည်။ သံယောဇဉ်အထားမှား သောကပွားကိန်းဆိုက်မည်။် အစားမှား၊ ဆေးထိုးဆေးသောက်မှားယွင်းခြင်းများ ဖြစ်မည်။ လူလိမ်လူရှုပ်များနှင့် ဆက်ဆံနေရမည်။

July 15th မှ July 21st ကြား
ပေါ်ပေါက်လာသော အခြေအနေအရပ်ရပ်ကို စနစ်တကျအသုံးချ၍ အောင်မြင်မှုများ ရရှိမည်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စများ ပြောဆိုအောင်မြင်မည်။ သူတစ်ပါးကိစ္စများ ဦးစားပေး၍ ဆောင်ရွက်ရင်း ကိုယ့်အတွက်ပါ အကျိုးပေးလာမည်။ အခြေအနေသစ်များနှင့် လိုက်လျောညီထွေစွာလုပ်ကိုင်၍ တိုးတက်မှု အဆင့်ဆင့်ရမည်။ အိမ်ပြင်ရမည်။ အလုပ်နေရာပြောင်းရမည်။ လူသစ်နှင့် ဆက်ဆံရမည်။ ခရီးသွား၍ အကျိုးရှိသည်။ ဝိုင်းဆက်သောပစ္စည်းတစ်ခု လက်ဆောင်ရလိမ့်မည်။ ထိုသို့ရပြီး သတင်းကောင်းများ ကြားရမည်။ ငွေဝင်မည်။ သွား၊ သွားဖုံးနှင့် ပတ်သက်၍ ဆေးရုံ၊ ဆေးခန်းရောက်ကိန်းကြုံမည်။

July 22nd မှ July 28th ကြား
သူတစ်ပါးနှင့် ဆန့်ကျင်ပြောဆိုလိုသော စိတ်တဖွားဖွားပေါ်ပေါက်နေမည်။ အငြင်းအခုံများမည်။ စိတ်တိုဒေါသထွက် လွယ်မည်။ အရွဲ့တိုက်ခြင်း၊ ကလဲ့စားချေခြင်း၊ အတိုက်အခံပြုလိုခြင်းများ ဖြစ်မည်။ ငွေကြေးအပေးအယူ ဂရုစိုက်ရမည်။ လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ စာရွက်စာတမ်း၊ ငွေကြေးလက်ပြောင်းလက်လွှဲတို့တွင် အန္တရာယ်ဖြစ်တတ်သည်။ ပြောင်းလာသော လူသစ်များနှင့် အဆင်မပြေ။ လုပ်နေကျပုံစံများကို အသွင်ပြောင်း၍ ကမောက်ကမ ဖြစ်မည်။ မသိသည်ကို သိသယောင်၊ မကျွမ်းကျင်သည်ကို ကျွမ်းကျင်သယောင်ပြု၍ ဆရာလုပ်လာသူများနှင့် ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်မည်။

July 29th မှ Aug 4th ကြား
စိတ်မပါဘဲ လုပ်ကိုင်သော ကိစ္စများမှ ထူးခြားသော အကျိုးဆက်ဖြစ်လာမည်။ အခက်အခဲများကြားမှ ထူးခြားသော တိုးတက်မှုများ ဖြစ်မည်။ တစ်ပြိုင်နက်တည်း ဆောင်ရွက်သော အလုပ်ကိစ္စများမှ ထူးခြားသော အကျိုးဆက်များ ဖြစ်လာမည်။ အတတ်ပညာကို အသုံးချ၍ အောင်မြင်တိုးတက်မှုများ ရမည်။ တိုက်ခိုက်ရန်လိုနေသူများနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမည်။ တစ်ပါးသူလက်ရောက် ကိုယ်ပိုင်ရပိုင်ခွင့်များကိုလည်း ပြန်လည်သိမ်းပိုက်နိုင်မည်။ စကားမတည်သူများနှင့် တွေ့မည်။ ရက်ချိန်းအမျိုးမျိုးပေးပြီး အချိန်ဆွဲသူများနှင့် ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပါ။


သိဟ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အရာရာအေးချမ်း၍ အလိုရှိသလောက် ဆောင်ရွက်အောင်မြင်မည်။ လိုအင်ဆန္ဒများ ပြည့်စုံမည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ ကျန်းမာရေးအညံ့ရှိသည်။ အတတ်ပညာနှင့် ယှဉ်ပြိုင်မှုများတွင် ထင်ရှားသော တိုးတက်မှုများ ရရှိမည်။ ငွေကြေးကံကောင်းမည်။ လူမျိုးကွဲအကျိုးပေးမည်။ လက်လွန်ထားသည်များ ပြန်လည်ရရှိမည်။ ဝေးကွာနေသော မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံမည်။ ညာခြေထောက်တွင် မတော်တဆ ထိခိုက်တတ်သည်။ လဲပြိုတတ်သည်။ အတွေးအကြံမတူ၍ မဝံ့မရဲဖြစ်နေသည့်ကိစ္စများအား ပြတ်သားစွာ ဆုံးဖြတ်ရှေ့တိုးပါ။

July 8th မှ July 14th ကြား
အနစ်နာခံ၍ ဆောင်ရွက်ထားသည်များမှ ကောင်းသော အကျိုးဆက်ရရှိမည်။ ပင်ပန်းကြီးစွာဆောင်ရွက်ထားသည်များမှ ကောင်းသော အကျိုးဆက်ရရှိမည်။ ဖရိုဖရဲ ကစဥ့်ကလျားနှင့် လုပ်နေရလင့်ကစား အဆုံးပိုင်းတွင် အောင်မြင်မည်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ဝင်မည်။ ခြံ၊ ကား အခန်းကိစ္စ စကားပြောဆိုရမည်။ စကားအောင်မည်။ ခရီးကိစ္စအောင်မြင်မည်။ လူမျိုးကွဲ အကျိုးပေးမည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်တတ်သည်။ အရပ်ဝေးမှ သူတို့၏ကိစ္စရပ်များ လိုက်လံကူညီပေးရမည်။ ငွေလက်လွန်လွယ်သည်။ အယုံသွင်း၍ လိမ်ညာလှည့်စားခြင်းခံရမည်။

July 15th မှ July 21st ကြား
ကောင်းမယောင်နှင့် ဆိုးသောကာလဖြစ်သည်။ ဘဝမုန်တိုင်း ရင်ဆိုင်ရကိန်းကြုံမည်။ မှန်းထားသည်များ အလွဲလွဲအချော်ချော်ဖြစ်မည်။ ကြိုတင်တွက်ဆထားခြင်းများတွင် ဤကာလအစီအစဉ်များသည် မုချအဆင်ပြေမည်ဟု ထင်ထားသော်လည်း အခြေအနေအလုံးစုံသည် ရုတ်ချည်းဖရိုဖရဲ ကစဥ့်ကလျားဖြစ်ကာ ဆုံးရှုံးခြင်းများ၊ နစ်နာခြင်းများ ကြုံမည်။ နောက်ဆုံးအချိန်ရောက်မှ အစီအစဉ်ဖျက်ခြင်း၊ ကတိဖျက်ခြင်းပြုသူများနှင့် ကြုံမည်။ ကာလရှည်ကြာ အပြန်အလှန်ယုံကြည်မှုနှင့် ဆက်ဆံခဲ့ဖူးသူများနှင့် လမ်းခွဲရမည်။ ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်းရှိသည့်ကြား အမည်တွင် (အ၊ ဥ၊ သ၊ ဟ) ပါသူများကြောင့် ပျော်ရွှင်မှုများ ဆိတ်သုဉ်းသွားမည်။

July 22nd မှ July 28th ကြား
လုံးဝအဆင်မပြေနိုင် အညံ့ကြုံမည်ဟု ယူဆထားဆဲ ထူးခြားသော ကံအလှည့်အပြောင်းများ ကြုံပြီး အောင်မြင်ခြင်း၊ အဆင်ပြေခြင်းများ ကြုံမည်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ လုပ်ငန်းဟောင်းရပ်၍ လမ်းသစ်ထွင်ကာ ဆောင်ရွက်ခြင်းများ အကျိုးပေးမည်။ ဆိုင်းငံ့ထားသော ကိစ္စရပ်များ ပြန်လည်ဆောင်ရွက်အကျိုးပေးမည်။ အပျက်အစီး၊ အပျောက်အရှများမည်။ လိုက်လံနှောင့်ယှက်ဒုက္ခပေးသူများကြား အလုပ်ကိစ္စများ၊ ဆောင်ရွက်ရခြင်း ရှိမည်။ စိတ်မပါဘဲ မလုပ်မဖြစ် လုပ်နေရသောကိစ္စရပ်များ အလိုအလျောက်ရပ်တန့်ရန် အနေအထားကျရောက်မည်။

July 29th မှ Aug 4th ကြား
ဆန့်ကျင်သူများ၊ အနှောင့်အယှက်ပြုသူများကြားမှ်ဆုံးဖြတ်ချက်သစ်များချမှတ်၍ အလုပ်ကိစ္စသစ်များ ချမှတ်ဆောင်ရွက်နိုင်မည်။ ကြီးကဲသူထံမှ မမျှော်လင့်ဘဲ အကူအညီရရှိမည်။ ၅၂၈၊ ၁၅၀၀ မေတ္တာအလုံးစုံကောင်းသော အနေအထားများ လွှမ်းမိုးနေသည်။ ပြိုင်ဘက်များ အားလုံးကို ရင်ဆိုင်ဖြေရှင်း၍ ဘဝအဆင့် မြင့်မားတိုးတက်မှုကို ဖန်တီးနိုင်မည်။ စကားရှုပ်သောသူများနှင့် ဆက်ဆံရမည်။ ကိုယ်ရေးကိုယ်တာကိစ္စထက် တစ်ပါးသူ အရေးကိစ္စများကို စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး ဆောင်ရွက်ပေးနေရမည်။ အဝတ်အထည်များ မီးလောင်၊ မီးကျွမ်းခြင်းဖြစ်က ရက်ပိုင်းအတွင်း မိသားစုနှင့် ပတ်သက်သော ကောင်းသတင်းများကြားသိရမည်။


ကန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
သစ်လွင်သော အတွေးအခေါ်များနှင့် ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ကာ အကြံအစည်အောင်မည်။ နေရာအပြောင်းအလဲနှင့် တိုးတက်မှုများရှိမည်။ လူသစ်၊ ဝန်းကျင်သစ်များနှင့် ဆက်ဆံ၍ တိုးတက်မှုများ အခိုင်အမာရရှိမည်။ ပေါ်ပေါက်လာသော အခွင့်အရေးများ လက်ခံပါ။ အလုပ်နေရာ၊ နေအိမ်နေရာ ပြုပြင်တိုးချဲ့ခြင်းများ ဆောင်ရွက်ရမည်။ အလုပ်လျှောက်သူ အလုပ်ရမည်။ လုပ်ငန်းခွင်မှသူများ အဆင့်တက်မည်။ ရာထူးတိုးမည်။ ဝင်ငွေတိုးတည်။ မိသားစုစီးပွားဥစ္စဓန တိုးပွားခြင်းရှိမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ကောင်းများ ရရှိမည်။

July 8th မှ July 14th ကြား
လက်လွန်ဆုံးရှုံး ပြန့်ကျဲနေသော ငွေကြေးများ၊ ပစ္စည်းများ ပြန်လည်ရရှိမည်။ ရပ်တန့်ဆိုင်းငံ့ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်။ ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မှုများ ရှိမည်။ ရည်ရွယ်ချက်သစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ တစ်ပြိုင်နက်တည်း တစ်ခုထက်မကသော လုပ်ငန်းများ ဆောင်ရွက်နိုင်မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးသည်။ အပြိုင်အဆိုင် အားလုံးကိုလည်း ကျော်လွှားနိုင်မည်။ မိတ်ကောင်း၊ ဆွေကောင်းများထံမှ ထူးခြားသော အထောက်အကူကောင်းများ ရရှိမည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။

July 15th မှ July 21st ကြား
အလုံးစုံအဆင်ပြေမည်။ ရည်ရွယ်ထားသည်များ၊ ဆန္ဒရှိသည်များကို လက်တွေ့ဆောင်ရွက်၍ တိုးတက်မည်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်တိုးတက်မှု အဆင့်ဆင့်ရမည်။ မိသားစုတွင် လုပ်ငန်းမရှိသူ လုပ်ငန်းရရှိမည်။ လုပ်ငန်းရှိသူများတွင်လည်း ဝင်ငွေတိုးခြင်းကြုံမည်။ ဖြစ်လိုသော ဆန္ဒများ ပြည့်မြောက်မည်။ ပူးတွဲလုပ်သောကိစ္စများမှ ကောင်းသောအကျိုးဆက်များ ဖြစ်ပေါ်မည်။ ယှဉ်ပြိုင်မှုအောင်မြင်မည်။ မိတ်ဆွေအကြီးအကဲ အကူအညီရမည်။ အချစ်ရေး၊ မေတ္တာရေး အထူးကောင်းသည်။ ပညာသင်တန်းနှင့် ပတ်သက်၍ အထူးအကျိုးပေးသည်။

July 22nd မှ July 28th ကြား
အခက်အခဲများ ကျော်လွှားနိုင်မည်။ အလုပ်အောင်မြင်ခြင်း၊ ရည်ရွယ်ချက်အောင်မြင်ခြင်းနှင့် စီးပွားတိုးတက်မှုများ အခိုင်အမာဖြစ်ပေါ်မည်။ တစ်ခုထက်မကသော လုပ်ငန်းများကို တပြိုင်နက်တည်း လုပ်ကိုင်နိုင်မည်။ ကောင်းသတင်းနှင့် အမည်ကျော်ကြားခြင်းကို ရရှိမည်။ ရုတ်တရက်ဆုံးဖြတ်ပြီး ဆောင်ရွက်သောကိစ္စမှ ကောင်းသောတက်လမ်းပေါ်မည်။ ငွေဝင်ကောင်းမည်။ သို့သော်ငွေမညမဲ။ ချက်ချင်းလက်ငင်း ပြီးမြောက်ရမည့်ကိစ္စများအား အကျယ်တဝင့်ချဲ့ထွင်လုပ်ကိုင်ခြင်းကြောင့် အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်း ဖြစ်မည်။ လုပ်ငန်းတူများက ခြေလှမ်းဦးသွားမည်။


July 29th မှ Aug 4th ကြား
ပြဿနာများ၊ ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ စေတနာအပေါ် တန်ဖိုးမထားသည့်အပြင် စော်ကားသူများနှင့် တွေ့တတ်သည်။ စကားမှားခြင်းကြောင့် ပြဿနာများ ဖြစ်တတ်သည်။ အပြောအဆို ဂရုစိုက်ရမည်။ အတွင်းရေး ပြဿနာများ ရှိမည်။ လှည့်စားဉာဏ်များသူများကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်မည်။ မိသားစုဝင်တစ်ဦး တစ်ယောက်၏ ပြဿနာအား လိုက်လံဖြေရှင်းပေးရမည်။ အလောတကြီး ဆောင်ရွက်ခြင်း၊ စိတ်လိုက်မာန်ပါဆောင်ရွက်ခြင်းများကြောင့် ဆုံးရှုံးနစ်နာမှုများ ကြုံမည်။ အပေါင်းအသင်းကြောင့် နာမည်ပျက်တတ်သည်။


တူရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အခက်အခဲများ ပြေလည်အောင်ဖြေရှင်းနိုင်မည်။ မသေချာမရေရာမှုများ၊ ခိုင်မာမှု မရှိသောကိစ္စများကို ဆောင်ရွက်ရင်း ထူးခြားသော အကျိုးကောင်းရရှိမည်။ သစ္စာမဲ့သောသူများနှင့် ကြုံတွေ့ရမည်။ အယောင်ဆောင်လိမ်ညာသူများနှင့် တွေ့ရမည်။ အိမ်တွင်းရေး အညံ့ရှိသည်။ အဆိုးအညံ့များကြားမှ အလုပ်အခွင့်အရေးသစ်ရရှိခြင်း၊ အပြိုင်အဆိုင်များကြားမှ အလိုဆန္ဒပြည့်ဝခြင်းများ ကြုံတွေ့ရမည်။ ထူးခြားသော မင်္ဂလာပွဲတစ်ခုသို့ ရောက်ရှိမည်။ မသွားလိုသောနေရာသို့ ခရီးသွားရလိမ့်မည်။ သွားရောက်သောခရီး အဆင်ပြေချော့မွေ့မည်။

July 8th မှ July 14th ကြား
အလုပ်စီးပွားရေးရာကိစ္စများနှင့် ရည်မှန်းချက်သစ်များကို ရှေ့တိုးဆောင်ရွက်နိုင်သည်။ ဖြစ်ပေါ်လာသော အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းရှိမည်။ စီမံကိန်းချပြီးလုပ်၍မရ။ အခြေအနေပေးသည့်အပေါ် မှေးထိန်း၍ လုပ်ရင်း အလိုရှိရာ တစစအဆင်ပြေမည်။ ငွေစုဆောင်းရန် အလွန်ထဲယဉ်းမည်။ ကုန်နေကျမဟုတ်သော ကုန်ကျမှုများ၊ သုံးစွဲနေကျမဟုတ်သော သုံးစွဲရမှုများ ကြုံမည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေဖောက်ကြူးမှုနှင့် အရေးယူအပြစ်ပေးခံရတတ်သည်။ အခုက်မသင့်က ရုံးရောက်၊ ဂါတ်ရောက်ကြုံမည်။ ပစ္စည်းပျောက်တတ်သည်။ စက်ပစ္စည်းများနှင့် ပတ်သက်၍ သုံးစွဲကုန်ကျမှုများမည်။

July 15th မှ July 21st ကြား
အပြိုင်အဆိုင် အားလုံးကို အနိုင်ရမည်။ ပေါ်ပေါက်လာသော အကြံသစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ မိသားစုကျန်းမာရေး အညံ့ရှိမည်။ ငွေကြေးအကုန်အကျများမည်။ သူတစ်ပါးကိစ္စများ ကြားဝင်ဆောင်ရွက်ပေးရမည်။ ကြန့်ကြာနေသောကိစ္စများ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်။ ပညာသင်တန်းကိစ္စများမှ ထူးခြားစွာအောင်မြင်မည်။ လျှို့ဝှက်၍ မရ။ သူတစ်ပါးမသိအောင်လုပ်လေ ပို၍သိလေဖြစ်မည်။ အားနည်းချက်ကိုထောက်၍ အကြပ်ကိုင်ခံရတတ်သည်။ လွယ်မယောင်နှင့် အလွန်ခက်ခဲသောကိစ္စရေးရာများ ကိုင်တွယ်ရမည်။ ငွေလက်လွန်တတ်သည်။ အမည်အတွင်း (အ၊ ဥ၊ ရ၊ လ၊ ဝ)ပါသူများကြောင့် စိတ်သောကရောက်ရမည်။

July 22nd မှ July 28th ကြား
ပြဿနာအကြီးစား (၂) ခုနျင့် ထိပ်တိုက်တွေ့မည်။ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စရောထွေး၍ စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ကိုယ်လုပ်သောကိစ္စများအား လိုက်လံအနှောင့်အယှက်ဖြစ်ရမည်။ ကိုယ်လုပ်သောကိစ္စများအား လိုက်လံအနှောင့်အယှက်ပြုသောသူများနှင့် တွေ့တတ်သည်။ အပြိုင်အတိုက်အခံများကို အလျှော့ပေး၍မရ။ ဥပေက္ခာပြု၍လည်းမရ။ ထိပ်တိုက်ရင်ဆိုင်၍ ရဲဝံ့ပြတ်သားစွာ ဖြေရှင်းပါ။ အားနာတတ်သော၊ ယုံလွယ်တတ်သော သဘာဝကို ဖယ်ရှားပါ။ အိမ်တွင်းပဋိပက္ခများ ရှိမည်။ ငွေကြေးကိစ္စအငြင်းပွားစရာများ ရှိမည်။ အပျက်အစီးများမည်။ လုပ်ရိုးလုပ်စဉ်မဟုတ်သောကိစ္စများအား တစ်ပါးသူစကားနားယောင်၍ ဆောင်ရွက်ရင်း ဆုံးရှုံးနစ်နာစရာကြုံမည်။

July 29th မှ Aug 4th ကြား
သရဖူပုံပါသောပစ္စည်းတစ်ခုကို အမျိုးသမီးတစ်ဦးက လက်ဆောင်လာပေးလိမ့်မည်။ ထိုသို့ရရှိပြီး နာရီပိုင်းအတွင်း အလုပ်သတင်း၊ တိုးတက်မှုသတင်းများ ရရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။ စိတ်ကူးအကြံဉာဏ်သစ်နှင့် ဆောင်ရွက်မှုများမှ အောင်မြင်မှုများ ရရှိမည်။ ခြံမြေနေရာထိုင်ခင်းကိစ္စများ ဆောင်ရွက်အကျိုးပေးမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ဆီး၊ မျက်စိ ဒုက္ခပေးတတ်သည်။ သွားနာ၊ သွားကိုက်ဖြစ်တတ်သည်။ ယာဉ်ကားကိစ္စအတွက် စကားပြောဆိုရမည်။ ပုံစံသစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ထူးခြားစွာအောင်မြင်မည်။


ဗြိစ္ဆာရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အလိုလောဘကြီးသော သားချင်းများ၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည်။ လက်ဝယ်ရရှိထားသော အခွင့်အရေးများကို လုယက်ယူငင်သူများနှင့် တွေ့မည်။ ကတိလွန်တတ်သည်။ စကားမှားတတ်သည်။ မနာလို အပြိုင်အဆိုင်များ၊ အတိုက်အခံပြုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ တွဲဖက်လုပ်သူအချို့၏ မရိုးမသားဆောင်ရွက်မှု၊ မပိမရိလုပ်မှုကြောင့် ပြဿနာဖြစ်ကာ နာမည်သိက္ခာထိခိုက်တတ်သည်။ အမည်အတွင်း (အ၊ ဥ၊ စ၊ ဇ၊ ည) ပါသောသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ မိတ်ဆွေအကြီးအကဲ အကူအညီရမည်။

July 8th မှ July 14th ကြား
အလိုပြည့်ခြင်း၊ ရည်ရွယ်ချက်အောင်မြင်ခြင်း၊ အလုပ်စီးပွားတိုးတက်ခြင်း ကြုံမည်။ အခက်အခဲများ ပြေလည်အောင် ဆောင်ရွက်နိုင်မည်။ မေတ္တာရေးကံကောင်းမည်။ မိသားစုနှင့် ပတ်သက်သောကိစ္စရေးရာများ အဆင်ပြေစွာ ဆောင်ရွက်အောင်မြင်မည်။ အကြီးအကဲများထံမှ အထောက်အကူ ကောင်းရမည်။ မိတ်ဆွေကောင်းတိုးပွားမည်။ ထူးခြားသော အလှူမင်္ဂလာများပြုရမည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ ပစ္စည်းပျောက်တတ်သည်။ မိဘအကြီးအကဲ ကျန်းမာရေးအညံ့ရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် တိုက်ရိုက်ဆက်ဆံ၍ အကျိုးပေးမည်။

July 15th မှ July 21st ကြား
အလောတကြီးလုပ်ကိုင်မှုကြောင့် အမှားအယွင်းများ ကြုံမည်။ မူလစီစဉ်ထားသည်နှင့် လက်တွေ့ဆောင်ရွက်ရမှု ကွာဟမည်။ နေရာသစ်သို့ ချဲ့ထွင်၍ အလုပ်စီးပွားများ ဆောင်ရွက်နိုင်မည်။ လူမျိုးကွဲတိုင်းတစ်ပါးနှင့် တိုက်ရိုက်ဆက်ဆံလုပ်ကိုင်သောလုပ်ငန်းများ အဆင်ပြေမည်။ ငွေကြေးကိစ္စ စကားပြောရမည်။ လျှို့ဝှက်အပ်သောသတင်း စကားများ ပေါက်ကြားတတ်သည်။ လိုက်လံယှဉ်ပြိုင်ဒုက္ခပေးသောသူများနှင့် ကြုံတတ်သည်။ သူတစ်ပါးငွေကြေးကိစ္စ၊ ပဋိပက္ခများအား ကြားဝင်ဖြေရှင်းရမည်။ ခရီးဝေး နိုင်ငံရပ်ခြားနှင့် ဆက်စပ်၍ လုပ်ကိုင်သောကိစ္စများ အောင်မြင်မည်။

July 22nd မှ July 28th ကြား
ငွေဝင်မည်။ ပုံမှန်ထက်မြင့်မားသော လာဘ်လာဘအခွင့်အရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းမည်။ စီးပွားလာဘ်လာဘတိုးပွားမည်။ ဥစ္စာဓနတိုးပွားမည်။ မြုပ်နေသောငွေများ ပြန်ပေါ်မည်။ အလုပ်မရှိသူ အလုပ်ရမည်။ နေရာကောင်း ရာထူးအဆင့်ကောင်းသို့ တိုးမြင့်အပ်နှင်းခြင်းများကို လုပ်ငန်းခွင်မှ သူများတွင် ကြုံမည်။ ကိုယ်ပိုင်လုပ်ငန်း စီးပွားတွင် ထူးခြားသော အခွင့်အလမ်းများပေါ်၍ ဆောင်ရွက်သမျှတွင်လည်း အကျိုးအမြတ်ကောင်းရမည်။ အပြီးအပိုင်ဆုံးရှုံးမည်ဟု ထင်မှတ်ထားသော ငွေကြေး၊ ပစ္စည်းများ ပြန်ရမည်။

July 29th မှ Aug 4th ကြား
အခက်အခဲများ မနာလိုမှုနှင့် အပြိုင်အဆိုင်များ ကြုံမည်။ အလိုလောဘကြီးသူများ ကိုယ်ကျင့်တရားမဲ့သူများ၏ အနှောင့်အယှက် ကြုံမည်။ ဆောင်ရွက်သမျှ အနှောင့်အယှက်များ ကြုံမည်။ ငွေကြေးစီးပွားကိစ္စ အလုံးစုံ အတွက်စကားများရတတ်သည်။ ကျန်းမာရေးအညံ့ရှိသည်။ အစားအသောက်မှားယွင်းမှု၊ ဆေးထိုးဆေးသောက်မှားယွင်းတတ်သည်။ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ ဆေးရုံဆေးခန်းရောက်တတ်သည်။ ဒုက္ခကြုံတွေ့နေသည့် သားချင်းအရင်းအချာအတွက် အကုန်အကျများခြင်း၊ အချိန်ပေးဖြေရှင်းရခြင်း ကြုံမည်။


ဓနုရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
ထူးခြားဆန်းကြယ်သောဖြစ်ရပ်များ ကြုံတွေ့မည်။ သိပ္ပံအတတ်နှင့် ဖြေရှင်းရန်ခဲယဉ်းသော ဖြစ်ရပ်ဆန်းများ ကိုယ်တွေ့ကြုံမည်။ အိပ်မက်ထူးများ မြင်မက်တတ်သည်။ ပေါ့ပေါ့တန်တန် ပေးလိုက်သော အကြံဉာဏ်များ၊ ပြောဆိုလိုက်သောစကားများသည် တစ်ပါးသူအတွက် အထူးအကျိုးရှိသော စကားများဖြစ်သည်။ ငွေရေး၊ ကြေးရေးကိစ္စ၊ အလုပ်ကိစ္စတို့တွင် ကိုယ့်အတွက်ဆောင်ရွက်က ခက်ခဲမည်။ တစ်ပါးသူအတွက် ဆောင်ရွက်က လျှင်မြန်စွာအဆင်ပြေမည်။ ရုတ်တရက်ပေါ်လာသော ခရီးတစ်ခုကို သွားဖြစ်အောင်သွားပါ။ ထူးခြားမည်။ နေရာအပြောင်းအရွှေ့နှင့် ပတ်သက်သော ဆောင်ရွက်မှုများ အဆင်ပြေမည်။

July 8th မှ July 14th ကြား
အိမ်တွင်းမိသားစုတွင် ကျန်းမာရေးအညံ့များပေါ်ပေါက်မည်။ မြွေအစရှိသည့် အဆိပ်ရှိသတ္တဝါများ တွေ့လိမ့်မည်။ အန္တရာယ်မရှိ။ ထိုသို့ကြုံက ကောင်းသော နိမိတ်ဖြစ်သည်။ ရက်ပိုင်းအတွင်း ငွေဝင်ခြင်း၊ အလုပ်အခွင့်အရေး ရရှိခြင်းများ ရှိမည်။ မိသားစုတွင်း၌လည်းကောင်း၊ နီးစပ်သော ဝန်းကျင်တွင်လည်းကောင်း ပြည်ပခရီးပေါ်မည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ မတော်တဆထိခိုက်မှု ဂရုစိုက်ရမည်။ ပစ္စည်းတစ်ခုအား ဈေးနှုန်းသက်သာစွာနှင့် လာရောက်ရောင်းချမည်။ မဝယ်ရ။ အဝယ်မတော်၍ ပြဿနာဖြစ်တတ်သည်။ ယာဉ်၊ စက်ပစ္စည်းများ သတိနှင့် ကိုင်တွယ်ပါ။ အန္တရာယ်ရှိတတ်သည်။

July 15th မှ July 21st ကြား
ဖြစ်ပေါ်လာသော အပြောင်းအလဲသစ်များကို လက်တွေ့အသုံးချ၍ တိုးတက်မှု အဆင့်ဆင့်ကြုံမည်။ အပြိုင်အဆိုင်ကြားမှ တက်လမ်းပေါ်မည်။ အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ မိမိအပေါ် အထင်အမြင်သေးစွာ ဆက်ဆံခဲ့သူများအား တအံ့တသြဖြစ်လောက်အောင် ကိုယ်ပိုင်အစွမ်းအစပြသနိုင်မည်။ ဆုံးဖြတ်ချက်သစ်နှင့် ဆောင်ရွက်သောကိစ္စမှ အဆင့်မြင့်အောင်မြင်မှုများ ဖြစ်ပေါ်မည်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စမှန်သမျှ လူသစ်၊ ဝန်းကျင်သစ်များနှင့် ဆောင်ရွက်၍ အကျိုးကောင်းများရမည်။ မေတ္တာရေး ကံကောင်းမည်။ မိသားစုတွင် အလှူမင်္ဂလာကိစ္စတစ်ခု မရည်ရွယ်ဘဲ ဆောင်ရွက်အောင်မြင်လိမ့်မည်။

July 22nd မှ July 28th ကြား
သေချာရေရာမှုမရှိသော အကြောင်းကိစ္စများအပေါ် အချိန်ကုန်ခံပြီး လုပ်ကိုင်နေရမည်။ စကားမတည်သောသူများ၊ သစ္စာမရှိသောသူများ၊ လှည့်စားလိမ်ညာသူများ၊ အယောင်ဆောင်ကောင်းသောသူများ ဝန်ကျင်းတွင် ရှိနေမည်။ အရာရာသတိနှင့် ဆောင်ရွက်ရမည်။ ခါးသီးသော အတွေ့အကြုံများ ရရှိမည်။ သူတစ်ပါးက အတန်တန်သတိထားရန် ပြောပါလျှက် တဇွတ်ထိုးရှေ့တိုးလုပ်ကိုင်မှုကြောင့် စိတ်သောကဖြစ်စရာများ ကြုံမည်။ သံယောဇဉ်မထားသင့်သောသူအပေါ် တွယ်တာနှောင်ဖွဲ့မိ၍ စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်မည်။ ခရီးသွားခြင်း၊ နေရာအပြောင်းအလဲပြုခြင်းများကို အခိုင်အမာဆောင်ရွက်နိုင်မည်။

July 29th မှ Aug 4th ကြား
စိတ်ဆန္ဒမပါဘဲ အလုပ်ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်နေရမည်။ အပျော်မက်သောမိတ်ဆွေဆိုးများနှင့် ပေါင်းဖက်မိကာ အမှားအယွင်းများ ဆောင်ရွက်မိတတ်သည်။ ကူညီသူနှင့်လည်းကြုံ အခွင့်ကောင်းများကို ရရှိလျက်နှင့် အချိန်ဆွဲခြင်း၊ ပေါ့ပေါ့တန်တန် ဆောင်ရွက်ခြင်းများကြောင့် အကျိုးကောင်းများ လက်လွတ်ဆုံးရှုံးပေမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ဖြတ်လမ်းမှ ငွေကြေးတိုးပွားရန် ဆောင်ရွက်ရာမှ လူလိမ်လူညာနှင့် တွေ့ကာ ဆုံးရှုံးနစ်နာမှုများ ကြုံတတ်သည်။ တစ်ပါးသူထံမှ ငွေကြေးယူငင်ကာ ရင်းနှီးမြှုပ်နှံမှုများ မပြုသင့်။ အကျိုးမရှိ။ အတိုးပိမည်။


မကာရရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
ထိတွေ့နေသော ဝန်းကျင်တွင် ကောင်းသောကျော်ကြားမှုနှင့် အောင်မြင်မှုများ ကြုံမည်။ စုဆောင်းထားသော ငွေများ ပြိုက်ခနဲကုန်တတ်သည်။ နေ့စဉ်နှင့်အမျှ ကိုယ့်ကိစ္စဘေးဖယ်ထား၍ အခြားသူများ၏ ရေးရာအဖြာဖြာအပေါ် အချိန်ကုန်ငွေကုန်လူပင်ပန်းခံပြီး အကျိုးဆောင်ပေးနေရမည်။ အကောင်းမြင်ခံရမည်မဟုတ်။ ချီးကျူးခံရမည်လည်းမဟုတ်။ ပညာအတတ်တစ်စုံတစ်ရာကို ထူးခြားစွာရနိုင်သောကာလဖြစ်သည်။ အတွေ့အကြုံသစ်၊ အတွေးအမြင်သစ်များကိုလည်း ကြုံတွေ့ရမည်။ ကာလအတန်ကြာ ဆိုင်းငံ့ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်အောင်မြင်မည်။

July 8th မှ July 14th ကြား
စေတနာအပေါ် နားလည်မှုမရှိသည့်အပြင် ဝေဖန်စော်ကားခြင်းပြုသူများနှင့် တွေ့တတ်သည်။ ကိုယ့်အပေါ် ဒုက္ခပေးမည့်သူများအပေါ် စေတနာထားမိ၍ စိတ်သောက ရောက်တတ်သည်။ တစ်ပါးသူအပေါ် ထိခိုက်မည်စိုး၍ ဖုံးဖိကွယ်ဝှက်ထားသော အကြောင်းအရာတစ်ခုမှ ကိုယ့်အပေါ် အထင်လွဲစရာအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်တတ်သည်။ သူတစ်ပါးအမှုအခင်းများကြား လိုက်လံဖြေရှင်းပေးရမည်။ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောသောသူများနှင့် ကြုံမည်။ အပေါင်းအသင်း မိတ်ဆွေကို အကြောင်းပြု၍ မိသားစုနှင့် စကားများရခြင်း၊ ပဋိပက္ခဖြစ်ခြင်း ကြုံမည်။

July 15th မှ July 21st ကြား
စိတ်အေးချမ်းစရာများနှင့် ပျော်ရွှင်ချမ်းမြေ့စရာများ လွှမ်းမိုးနေသည်။ နားလည်မှုအပြည့်နှင့် ကူညီသူများရှိမည်။ စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းများမှ ကောင်းသော အကျိုးဆက်များ ရရှိမည်။ မိသားစုနှင့် ပတ်သက်သော အလုပ်စီးပွားရေးရာကိစ္စများ ရှေ့တိုးဆောင်ရွက်အောင်မြင်မည်။ ချစ်သူဟောင်းနှင့် လမ်းခွဲ၍ အထီးကျန်နေသူများ အချစ်သစ်ရရှိမည်။ အလုပ်သစ်၊ စီးပွားအကြံအစည်သစ်များကို ရှေ့တိုးဆောင်ရွက်၍ ထူးခြားသောအကျိုးဆက်နျား ဖြစ်ပေါ်လာနိုင်သည်။ စေတနာသန့်သန့်နှင့် ကူညီအကြံပေးသူများကြောင့် ရပ်တန့်ဆိုင်းငံ့ထားသော လုပ်ငန်း ပြန်အဆင်ပြေမည်။

July 22nd မှ July 28th ကြား
မူလစီစဉ်ထားသည်များ အလုံးစုံဖရိုဖရဲကစဥ့်ကလျားဖြစ်မည်။ အခြေအနေပေးသည့်အပေါ် မှေးထိန်းကာ ရှေ့တိုးဆောင်ရွက်ရပေးမည်။ ငွေကြေးအပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ကြုံမည်။ ခါးပိုက်နှိုက်ခံရမည်။ ဖရိုဖရဲလုပ်ကိုင်ခြင်းကြောင့် အလေအလွင့်များတတ်သည်။ မလိုအပ်ဘဲ ချဲ့ထွင်ခြင်းများကြောင့် အချိန်ကုန်၊ ငွေကုန်ဖြစ်၍ လုပ်ငန်းခရီးမရောက်။ ရုတ်တရက်ပေါ်လာသော ခရီးတစ်ခုသွားလိုက်ပါ။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် ပတ်သက်သောကိစ္စများ အကျိုးပေးမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ ဆက်စပ်နေသော ဝန်းကျင်တွင်လည်းကောင်း၊ ပြည်ပခရီးပေါ်ထွန်းမည်။

July 29th မှ Aug 4th ကြား
အကြံအစည်အောင်မည်။ ငွေကြေးကံကောင်းမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ ကိုယ်ပိုင်အစွမ်းအစနှင့် အလိုဆန္ဒမှန်သမျှ အပြည့်အဝ အောင်ြမင်အောင် ဆောင်ရွက်နိုင်မည်။ သူတစ်ပါးကြောင့် ဖြစ်ပေါ်နေသော၊ နှောင့်နှေးကြန့်ကြာနေသော အခက်အခဲများကို ဖယ်ရှားကျော်လွှားအောင်မြင်မည်။ မြုပ်နေသော၊ မြှုပ်နှံထားသော ငွေကြေးများ ပြန်ဖော်ရန် အခါကောင်းကျရောက်သည်။ လုပ်အားကြောင့် သာမက ကံကြောင့်ပါ စီးပွားတိုးတက်မှုများ ရရှိမည်။ အလုပ်ရှာ၊ အလုပ်လျှောက်ကိစ္စများ ဆောင်ရွက်နိုင်မည်။ တစ်ပြိုင်နက်တည်း အလုပ်(၂)မျိုး ဆောင်ရွက်အောင်မြင်မည်။


ကုမ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အိမ်ရှိအသက်အရွယ်ကြီးရင့်သူများ ကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ အပျောက်အရှ၊ အပျက်အစီးများပြားမည်။ စက်ပစ္စည်းအသစ်များ ဝယ်ယူခြင်းမပြုရ။ လုပ်ငန်းခွင်တွင် အသစ်ပြောင်းလဲလာသူမျာနှင့် အဆင်မပြေဖြစ်မည်။ အသစ်တိုးချဲ့ဆောင်ရွက်သောကိစ္စများမှ မနိုင်မနင်းဖြစ်ရပ်များ ကြုံမည်။ စကားပြောမှားဆိုမှားဖြစ်တတ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ အဖိုးတန်ပစ္စည်းများ ဝယ်ယူမြှုပ်နှံခြင်းမပြုရ။ ငွေပေးငွေယူကိစ္စများတွင် အငြင်းပွားစရာများဖြစ်တတ်သည်။ အရေးပါသော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။

July 8th မှ July 14th ကြား
ကာလအတန်ကြာ ဝေခွဲရခက်နေသောကိစ္စတစ်ခုအား ယတိပြတ်ဆုံးဖြတ်နိုင်သည်။ အရပ်ဝေးနှင့် ဆက်စပ်၍ လုပ်ကိုင်ဆောင်ရွက်သောကိစ္စမှ ထူးခြားသော တိုးတက်မှုဖြစ်ပေါ်မည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရှေ့တိုးဆောင်ရွက်သော ကိစ္စမှန်သမျှ အောင်မြင်မည်။ အတွေ့အကြုံသစ်များ ရရှိမည်။ အိပ်မက်မက်လျှင်၊ တွေးလျှင်ထင်လျှင် မှန်တတ်သည်။ ထူးခြားသော အဆောင်လက်ဖွဲ့ပစ္စည်းတစ်ခုရရှိမည်။ ဘာသာရေးနှင့် ပတ်သက်သောစာအုပ် လက်ဆောင်ရရှိမည်။ အလွန်ကောင်းသော နိမိတ်ဖြစ်သည်။ ထိုသို့ရရှိပြီး အလုပ်စီးပွားတိုးတက်ခြင်းများ ကြုံတွေ့ရပေမည်။

July 15th မှ July 21st ကြား
အပြောင်းအလဲများ တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ဖြစ်မည်။ ပြီးပြတ်ထားသည်ဟု ယူဆထားသည့် ကိစ္စများကို အပြန်အလှန် ထပ်တလဲလဲလုပ်ရမည်။ ရှေ့ဆက်မလုပ်တော့ဟု ယတိပြတ်ဆုံးဖြတ်ထားသောကိစ္စအား ဆက်လက်လုပ်ဆောင်လိမ့်မည်။ သူတစ်ပါးနှင့် ဆန့်ကျင်ဘက်တွေးမြင်သုံးသပ်ခြင်းများ ရျိမည်။ ခြံ၊ ကား၊ အခန်း အလဲအလှယ် နေရာပြောင်းရမည်။ ခရီးကိစ္စအဆင်ပြေမည်။ လူမျိုးကွဲ အကျိုးပေးသည်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ သူတစ်ပါးနှင့် မတူသော စိတ်ကူးသစ်နှင့် ဆောင်ရွက်ခြင်းမှ တိုးတက်မှုများ ရှိမည်။

July 22nd မှ July 28th ကြား
လိုလားချက်များ အောင်မြင်မည်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ အတတ်ပညာနှင့် ပတ်သက်သော ရည်ရွယ်ချက်များကို ရှေ့တိုးဆောင်ရွက်နိုင်မည်။ မိတ်ဆွေကောင်းများနှင့် တွေ့မည်။ ထူးခြားစွာ အထောက်အကူပြုနိုင်သော အကြီးအကဲများနှင့် တွေ့ကြုံမည်။ ဦးတည်ချက်လမ်းကြောင်းပြောင်း၍ ဆောင်ရွက်ခြင်းမှ ထင်ရှားသော အကျိုးဆက်များဖြစ်ပေါ်မည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်းနှင့်တိုးတက်ခြင်းများ ကြုံမည်။ အလွန်အမင်း ဆန္ဒပြင်းပြင်းထန်ထန် လိုလားတောင့်တအပ်သော အကြောင်းအရာတစ်ခုဖြစ်ပေါ်မည်။

July 29th မှ Aug 4th ကြား
ရည်မှန်းချက်အောင်မြင်မည်။ နာမည်ကောင်းသတင်းနှင့် တိုးတက်ခြင်းများ ကြုံမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှား၍ အဆင့်မြင့်တိုးတက်မှုများ ဖြစ်ပေါ်မည်။ လုပ်သမျှ လူသိရှင်ကြားဖြစ်မည်။ အများတကာက လေးစားချီးမွမ်းအပ်သော အကြောင်းအရာကြုံမည်။ ငွေကြေးကိစ္စ ဆောင်ရွက်မှုများ အဆင်ပြေတိုးတက်မည်။ စိတ်ကူးသစ်နှင့် တိုးချဲ့ဆောင်ရွက်သောကိစ္စများမှ ထူးခြားသော အောင်မြင်မှုရမည်။ အလုပ်ပိုတာဝန်ပိုများ ဆောင်ရွက်အောင်မြင်မည်။ အမည်အတွင်း (အ၊ ဥ၊ ရ၊ လ၊ ဝ) ပါသူများကြောင့် ပြဿနာဖြေရှင်းရခြင်းနှင့် စိတ်အနှောင့်အယှက်များ ကြုံမည်။


မိန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ဟောစာတမ်း
July 1st မှ July 7th ကြား
အခက်အခဲအလုံးစုံကို ကျော်လွှား၍ ဦးတည်ချက် အပြောင်းအလဲများ ဆောင်ရွက်နိုင်မည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စမှန်သမျှကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ အဆင့်မြင့်တိုးတက်မှု ရရှိမည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ ပေါ့ပေါ့တန်တန် ဆောင်ရွက်လိုက်သော ကိစ္စများမှပင်လျှင် ကောင်းသော အကျိုးဆက်များဖြစ်ထွန်းမည်။ မေတ္တာရေးကံကောင်းမည်။ ရာထူးအဆင့်တိုးတက်မည်။ ပေါ်ထွန်းလာသော စိတ်ကူးအကြံသစ်များကို အကောင်အထည်ဖော်အောင်မြင်မည်။ အရပ်ဝေးနိုင်ငံရပ်ခြားနှင့် ပတ်သက်သောအကျိုးဆက်ကောင်းများရရှိမည်။

July 8th မှ July 14th ကြား
စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ကိုယ့်ုလက်ထဲရောက်မှ ပျက်တတ်သည်။ ငွေကုန်ကြေးကျများမည်။ လုပ်ကိုင်နေသော လုပ်ငန်းနှင့်သော်လည်းကောင်း၊ သဘာဝစရိုက်နှင့်သော်လည်းကောင်း လုံးဝမသက်ဆိုင်သောကိစ္စများ ကိုင်တွယ်ဆောင်ရွက်ရမည်။ တိုးချဲ့လုပ်ကိုင်ခြင်းများ အောင်မြင်မည်။ ပညာသင်တန်းနှင့် ပတ်သက်သောကံကောင်းသည်။ ဦးတည်ချက်သစ်များ ချမှတ်ဆောင်ရွက်နိုင်မည်။ နာမည်ကောင်းနှင့် ကျော်ကြားမည်။ စုဆောင်ထားသောငွေများ တစ်ပြိုင်နက်တည်း သုံးရမည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။

July 15th မှ July 21st ကြား
ကောင်းမယောင်နှင့်ဆိုးသည်။ ကတိပျက်သူများနှင့်တွေ့မည်။ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းများ ရှိမည်။ မည်မျှကောင်းအောင်နေစေ လိုက်လံအပြစ်ရှာ၍ နှောင့်ယှက်သောသူများနှင့် တွေ့မည်။ စကားအပြောအဆို မှားယွင်းတတ်သည်။ အပြောနည်းလေ ကောင်းလေဖြစ်သည်။ ထူးခြားသောပုဂ္ဂိုလ်များနှင့် တွေ့ကြုံရမည်။ အများသူတစ်ပါးက လူဆိုးဟု သတ်မှတ်ထားသူက မိမိအားကောင်းစွာ ဆက်ဆံမည်။ သူတစ်ပါးရရှိရန် ခက်ခဲသော အခွင့်အရေးများ ရရှိမည်။ ကာလအတန်ကြာ ကွယ်ပျောက်နေသော ကိုယ်ပိုင်အရည်အသွေးများ ပေါ်ထွန်းမည်။

July 22nd မှ July 28th ကြား
မိတ်ဆွေကောင်းများနှင့်တွေ့မည်။ အလှူအတန်းကိစ္စများ ပါဝင်ပတ်သက်ရမည်။ မေတ္တာရေး ကံကောင်းမည်။ ၅၂၈- ၁၅၀၀ မေတ္တာ၏ ကောင်းသော အကျိုးဆက်ရမည်။ မိသားစုအတွက် ရည်စူးဆောင်ရွက်သောကိစ္စများ အဆင်ပြေမည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများမှ ကောင်းသောအကျိုးဆက်များ ရရှိမည်။ ဦးတည်ချက်သစ်နှင့် တိုးတက်မှုများကို ရရှိမည်။ ထူးခြားသော အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့မည်။ သူမထံမှ ထူးခြားသော အထောက်အကူကောင်း ရရှိမည်။

July 29th မှ Aug 4th ကြား
စိတ်ပျံ့လွင့်မည်။ အာရုံစုစည်းရန် ခဲယဉ်းမည်။ မည်သည့်အလုပ်အကိုင်လုပ်စေ အာရုံစူးစိုက်၍ မရသလိုဖြစ်မည်။ ဖြစ်လိုသောစိတ်များ ရင်ထဲတဖွားဖွားပေါ်မည်။ မည်သည့်အရာကို ဖြစ်လိုသည်လည်း တိတိကျကျမဆိုနိုင်။ ဝင်လာသောငွေများကိုလည်း သုံးစွဲလိုစိတ်များမည်။ ခရီးသွားလိုစိတ်၊ လှုပ်ရှားလိုစိတ်များ ရှိမည်။ နေရာတစ်ခု၌လည်း ကြာကြာမြင့်မြင့် မနေလို။ ဆက်ဆံနေသော ဝန်းကျင်နှင့် မိမိအကြားတွင်လည်း အဆင်မပြေမှုများရှိနေမည်။ ပေါ့ဆ၍ ပျောက်ရှခြင်းများလည်း ဖြစ်တတ်သည်။ မကောင်းမှု ဝန်းကျင်၌ စိတ်ကျက်စားလိုမည်။

No comments:

Post a Comment