Myanmar Calendar

Tuesday, July 10, 2012

လွမ်းချင်း

နံနက်ခင်းချိန်ခါ
ရောင်ဝါလင်းတဲ့
နေမင်းအလှ
ခံစားရင်းကာ
သူ့ကို လွမ်းတယ်.....

ကော်ဖီခါးခါး
အရသာခံသောက်နေရင်းကာ
သူ့ကို လွမ်းတယ်

အစိုးမရသော မိုး......
နေ့ခင်းချိန်ခါ
ရွာပါသည်းသည်း
မိုးရေထဲမှာ
လမ်းလျှောက်ရင်းသာ
သူ့ကို လွမ်းတယ်....

နေ၀င်တယော
ကျေးငှက်သံသာ
တေးဆိုတဲ့ခါ
သူ့ကို လွမ်းတယ်.....


ညသန်းခေါင်ယံ
လူခြေတိတ်လို့
အိပ်ယာဝင်ချိန်
အိပ်မက်ထဲဝယ်
သူ့ကို လွမ်းကြောင်း
ပြောပြဖူးတယ်.....





No comments:

Post a Comment