တနလာၤသားသမီး
နေအိမ်၊ အသက်မွေးမှုလုပ်ငန်း၊ အလုပ်အကိုင်များ အပြောင်းအလဲဖြစ်ပွားတတ်သည်။ အဆက်အသွယ်အသစ်များမှ အကျိုး အမြတ်ရရှိမည်။ စာပေရေးသားခြင်းစသည့် လုပ်ငန်းများ အောင်မြင်မှုရရှိတတ်သည်။ ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်၍ အကူအညီ အထောက်အပံ့ရရှိမည်။ အပြောအဆို လိမ္မာကျွမ်းကျင်ရန် လိုပါလိမ့်မည်။ စိတ်ပျော်ရွှင်ကြည်နူးစရာခံစားမှုများရရှိ မည်။ အချစ်ရေးတွင် အချစ်ကို မျှော်လင့်မိပါသည် အပြစ်ဆိုလျှင် အပျော်နှင့် ညှိ၍ ကျေနပ်စေရလိမ့်မည်ဟု အမှားကင်းစွာ အားတင်းပါသော်လည်း ညီမျှခြင်းသည် ပီသခြင်းမရှိသော ပေးဆပ်ရခြင်းများအဖြစ်သာ ဖြစ်ပေါ် နေရပါလိမ့်မည်။

အင်္ဂါသားသမီး
ရာထူး၊ ဂုဏ်ထူး၊ အဆင့်အတန်းမြင့်မားမှုများ ကြုံတွေ့ခံစားရပါလိမ့်မည်။ အပူနာနှင့်ပတ်သက်သော ဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါသည်။ မိမိလုပ်ကိုင်ဆောင်ရွက်ရသော ကိစ္စတိုင်းတွင် စိတ်ချမ်းသာမှု ကင်းမဲ့စွာဖြင့် ပဋိပက္ခများနှင့် လုံးထွေးနေရတတ်သည်။ အိုးအိမ်၊ ယာဉ်၊ ကားနှင့် ပတ်သက်၍ ငွေကြေးကုန်ကျမှုများကြုံရပါလိမ့်မည်။ အချစ်ရေးတွင် အရွယ်နှင့် စိတ်သည် အလွယ်နှင့် ချိတ်လျှင် ပါသွားစေနိုင်သည့် မျှော်လင့်မှုများ ရှိနေရပါသော်လည်း စိတ်ပါမိသည့်တိုင် သိက္ခာရှိသည့်စတိုင်ဖြင့် မျက်နှာထားတင်းစွာ ပြုမူနေထိုင်မိပါလျှင် လို၍ ရှာသည့်တိုင် ပို၍ ကြာမည့်စတိုင်ဖြစ်နေရခြင်းဖြင့် အချိန်ကုန်နေရပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီး
စီးပွားရေးကိစ္စများတွင် စိတ်ရှုပ်ထွေးပြား၍ ဝေဝါးသော ဆုံးဖြတ်မှုမျိုးဖြစ်နေမိတတ်သည်။ ရင်းနှီးသော မိတ်ဆွေများနှင့် ပူးတွဲ ၍စပ်တူစီးပွားလုပ်ကိုင်သင့်ပါသည်။ အစစအရာရာတွင် မစူးစမ်းမဆင်ခြင်ပါဘဲနှင့် စိတ်မြန်လက်မြန်မလုပ်မိ၊ မပြုမိပါစေနှင့် ၊ ဆွေမျိုးသားချင်းညီအစ်ကို မောင်နှမများ နှင့်စိတ်ဝမ်းကွဲရခြင်းမျိုးဖြစ်တတ်ပါသည်။ မိမိ၏ အမှားပြဿနာကြောင့် မိခင်နှင့် မဆင်မခြင်မှုရှိတတ်ပါသည်။ အချစ်ရေးတွင် အဖေအမေအဆုံးအဖြတ်ပါသည့် တိုင် အခြေအနေသုံးသပ်ကာ ညှိနှိုင်းနိုင်ရန် လိုအပ်ပါလိမ့်မည်။ မည်မျှပင် လူကြီးသဘော ကျလိုက်လျောစေသည့်စတိုင် အတူခရီးတွင် စရိုက်သဘောမမျှစေသည့် စတိုင်ဖြစ် နေပါလျှင် ရေရှည်အတွက် အခြေအနေ မခက်အောင် နောက်ဆုတ်သင့်လျှင် ဆုတ်လိုက်ပါ။
ကြာသပတေးသားသမီး
ရဲစွမ်းသတ္တိရှိ၍ ရဲဝံ့စွာ စွန့်စားလုပ်ကိုင် စိတ်များဖြစ်ပေါ်နေရပါလိမ့်မည်။ မိမိ၏ ဘဝအဆင့်အတန်းသိသာသော တိုးတက်မြင့်မား မှုဖြစ်ပေါ်ပါလိမ့်မည်။ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ဆက်နွယ်ပတ်သက်မှုများဖြင့် လုပ်ငန်းသစ်များ တိုးချဲ့၍ လုပ်ကိုင်ဆောင်ရွက်ဖြစ်ပါလိမ့်မည်။ မိမိအချိန်ယူ၍ ကြိုးစားလုပ်ကိုင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများမှ ထူးခြားစွာ အကျိုးအမြတ် ရရှိခံစားရပါမည်။ အိမ်ထောင်ရေး ကံကောင်း ပါသည်။ အိမ်ထောင်ဖက်နှင့် ပတ်သက်၍ ဝင်ငွေကောင်းများရရှိပါလိမ့်မည်။ အချစ်ရေးတွင် အတိအကျ လွမ်းရခြင်းမဟုတ်သော်လည်း သတိရတမ်းတခြင်းများဖြင့် မြတ်နိုးနေမိဆဲစိတ်အစဉ်သည် အတိတ်တစ်ခွင်ဆီသို့ မကြာမကြာ လွမ်းဆွတ်နေမိခြင်းမျိုးရှိနေရပါလိမ့်မည်။

| | |||||||||
|
No comments:
Post a Comment