တစ်ပါးသူ ရင်
ခိုဝင်ခဲ့လည်း
မြတ်နိုးတွယ်တာမိသော
ဒီလူရင်က ခွဲထုတ်ပစ်ဖို့
မဖြစ်နိုင်သေးပေ
ချစ်သူသိစေ
အကြောင်းအမျိုးမျိုးကြောင့်ဆိုတဲ့
ခိုလှုံခွင့်ပေးခဲ့တဲ့
နင့်ရင်ခွင်မှာ
တစ်ပါးသူရှိလည်း
ငါ့အချစ်က
နင့်အတွက်ဆို ဖြူစင်နေဆဲပင်
ချစ်သူသိစေ
မဖြစ်နိုင်မှန်းသိရက်နဲ့
ဖြတ်မရတဲ့ သံဃောဇဉ်ကြောင့်
နင့်အကြောင်းတွေးလိုက်တိုင်း
ရင်ဘတ်ရဲ့ လက်ဝဲဘက်က
နာကြင်နေတုန်းဘဲလေ
ချစ်သူသိစေ
နာကြည်းမှုတစ်ခုနဲ့
လမ်းခွဲခဲ့ပေမယ့်
အခုထိလည်း
နင့်အတွက်ဆို
နာကြည်းမှုက
ကောင်းကင်က အပ်တစ်စင်း
မြေကြီးကို ကျလာသလိုဘဲ
ဆုံးဆုံးပျောက်နေ
ချစ်သူသိစေ
နင့်ဘက်က
ငါ့ကိုလှည့်စား မာယာများသာ
ပေးခဲ့သော်လည်း
မခိုင်အသဲ
ဒီလူရင်က
ယုံနေဆဲလေ
ချစ်သူသိစေ
No comments:
Post a Comment