Myanmar Calendar

Monday, January 30, 2012

ကဗျာ

အစကတည်းက
မဖြစ်နိုင်မှန်း
သိရက်နဲ့
အစပျိုးခဲ့တာ နင်


သံဃောဇဉ်တွယ်အောင်
အထပ်ထပ်ကြိုးတွေနဲ့
ချည်နှောင်ခဲ့တာလည်း နင်


နင့်အကြောင်းတွေ တွေးတိုင်းလည်း
ကဗျာလေးတွေဘဲဖြစ်ခဲ့တယ်

နင်ရဲ့ ယုယမှုတွေက
မာယာတွေ ဆိုပေမယ့်

ငါရဲ့ ကဗျာတွေမှာတော့
နင့်က ဇာတ်ကောင်ပါ

င့ါခံစားချက်
အားလုံးကို
ငါကဗျာက ဇာတ်သရုပ်ဖော်တယ်

ငါ့ကဗျာတွေက
နင့်အတွက်ဆို
ပေးဆပ်ခြင်းတဲ့
ကဗျာစာသားတွေကလည်း
နင့်အတွက်ဆို
အမြဲအသည်းကွဲနေခဲ့တယ်

အချစ်ကဗျာတွေရေးချင်ပေမယ့်
ငါ့ကို နင်ကမှအချစ်တွေမပေးခဲ့တာ
ခံစားချက်တွေဘဲရခဲ့တော့
ငါ့ကဗျာတွေကလည်း
ဒဏ်ရာတွေနဲ့ဘဲပေါ့
အကြင်နာရယ်




No comments:

Post a Comment