Myanmar Calendar

Monday, January 30, 2012

အသည်းအက်ဝေဒနာ


ရုပ်မမြင်ပေမယ့်
အသံကြားခဲ့ရတဲ့
တို့နှစ်ယောက်ရဲ့
ထာဝရ
ဆက်သွယ်ထားတဲ့
တယ်လီဖုန်းလေးနားမှာ

အရင်တစ်ချိန်ကတော့
ပျော်ရွှင်ခဲ့ပေမယ့်
အခုချိန်မှာတော့
တို့နှစ်ယောက်ရဲ့
ဆက်သွယ်မှုက
အေးခဲသွားတဲ့အခါ

ကမ္ဘာတစ်ခြမ်းမှာ
နင်ရှိနေသလို
ကမ္ဘာတစ်ခြမ်းမှာလည်း
ငါရှိနေတယ်

အရင်တစ်ချိန်ကတော့
အနေဝေးပေမယ့်
ရင်ဘတ်ချင်းနီးစပ်ခဲ့မိတာ

အခုချိန်မှာတော့
အနေဝေးတယ်မဟုတ်ပါဘဲ
အဝေးမှာ
နေနေရတာ ငါ

တစ်ချိန်က
ခိုနားခွင့်ရတဲ့
ပခုံးတစ်ဖက်လေး
မရှိတော့တဲ့အခါ

တစ်ချိန်မှာ
တသက်တာ
လက်တွဲခွင့်ရမယ့်လို့
ထင်ထားတဲ့
လက်ကလေး တစ်စုံမရှိတော့တဲ့အခါ

ငါ့လက်ဝဲဘက်
ရင်ဘတ်လေးက
နင့်ပုံရိပ်လေးတွေက
ဓါတ်မှန်ရိုက်ထားသလို
အရိပ်ထင်နေခဲ့တဲ့အခါ

ဖျောက်ဖျက်မရ
ဒဏ်ခတ်ခံရလိုက်ရတဲ့
ငါ့လက်ဝဲဘက်
ရင်ဘတ်နားက
အရာက

စူးစူးအောင့်ခဲ့တာ
အသည်းအက်ဝေဒနာ

No comments:

Post a Comment