ချစ်သူ
အကြောင်းမတိုက်ဆိုင်လို့
ဆုံခွင့်မရခဲ့ပေမယ့်
ငါရင်နာခဲ့တယ်
ချစ်သူ
ချစ်သူ
နင့်ဘက်က အနေဝေးလို့ဆိုတဲ့
အကြောင်းပြချက်တစ်ခုထဲနဲ့
နင့်ဘ၀ထဲကို
တစ်ပါးသူကို
ဝင်နားခွင့်ပြုနိုင်ခဲ့တယ်
ချစ်သူ
မင်းမျက်နှာလေး ညှိုးသွားမှာကိုကြောက်လို့
မင်းအပျော်လေးတွေ ပျောက်ဆုံးသွားမှာ ကြောက်လို့
မင်းရဲ့ စိတ်တွေ လေလွင့်သွားမှာဆိုးလို့
ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
နင်လိမ်နိုင်ခဲ့ပေမယ့်
ငါဘက်ကတော့
နင့်ကိုအမြဲနားလည်ပေးဖို့
အဆင်သင့်ဖြစ်နေခဲ့တယ်
ချစ်သူ
ငါတို့နှစ်ယောက်ကြားက
အချိန်တွေ
နားလည်ပေးနိုင်ခဲ့မှုတွေ
ခွင့်လွတ်မှုတွေက
နင့်အတွက်တော့
ဘာမှအရေးမပါတဲ့
လက်စုပ်လက်ကိုင်မပြနိုင်တဲ့
ဟာသ ဆန်ဆန်
ရူးသွပ်မှုပေါ့
ငါ့ဘက်ကတော့
နင့်ကိုနားလည်ပေးရလွန်းလို့
ငါ့ရင်ဘက်တခြမ်းလုံး
စုတ်ပြတ်သတ်နေတာတောင်
ငါကွဲသွားတဲ့
အသည်းက
နင့်အသံကို
ခဏခဏ ကြားနေရတုန်းဘဲ
ခဏခဏ
တောင်းတခဲ့မိတဲ့
ငါ့ရဲ့ အမှတ်တရတွေက
နင့်အတွက်တော့
ဘ၀တိုက်ပွဲတစ်ခုဆိုရင်
အဲ့တိုက်ပွဲမှာ
နင်အနိုင်ရစေချင်ပါတယ်
ငါ့ရဲ့ ကျဆုံးမှုပေါင်းများစွာကို
နင်ယူခဲ့ပြီး
နင်ရဲ့ အသိုက်အမြုံကြားမှာ
နင်မျက်နှာလှလှနဲ့
တသက်လုံး ပျော်ရွှင်ပါစေ
အကြင်နာ
No comments:
Post a Comment