“ ဟိုဘက် နည်းနည်းတိုးပေးကြပါ။ ကားက ချောင်ပါတယ်။ ဟို..... အစ်ကိုကြီး ကားပေါ်မှာ ဆေးလိပ် မသောက် ရဘူးလေ။ ခရီးသည်တွေ များတယ်ဗျာ။ ဆင်ခြင်ပေးပါ။ ”
ကားစပယ်ရာလေး ပြောလိုက်တာ မှန်ပါတယ်။ ကားပေါ်ဆိုတာ လူပေါင်းစုံပါတယ်။ ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သူများထိခိုက်ကုန်မှာပေါ့။ ကားပေါ်မှာ ကိုယ်ဝန်ဆောင်သည်တွေလည်းပါတယ်။
ဆေးလိပ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ရောဂါတွေ အများကြီးရှိပါတယ်။ ဆေးလိပ်က ကောင်းကျိုးကို ပေးတာမှ မဟုတ်တာ။ ဆေးလိပ်ဘူးတွေမှာတောင် “ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင် ပါသည်။” ဆိုတဲ့ စာသားလေးတောင် ပါသေးတယ်။
ဒါပေမယ့်လည်း ဆေးလိပ်ကို သောက်နေကျတာပါဘဲ။
ချယ်ရီမေ ဖတ်ခဲ့ရတဲ့ စာအုပ်လေးတွေထဲက ဆေးလိပ်နှင့် ကျန်းမာရေး ပတ်သက်တာလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါတွေကတော့-
အရေပြားရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊ ရုပ်ကျခြင်း၊ နားအကြား အာရုံချို့တဲ့ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ အဆုပ် လေအိပ်များတွင် ဖြစ်တတ်သော ရောဂါများ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အစာအိမ်တွင် အနာပေါက် ခြင်း၊ အမျိုးသမီးများတွင်လည်း သားအိမ်ခေါင်းကင်ဆာ တို့ ဖြစ်နိုင်ပါသည်။
ဆေးလိပ်ကြောင့် အဖြစ်အများဆုံး တွေ့ရှိရတဲ့ ရောဂါကတော့-
အဆုတ်ရောဂါဖြစ်ပါသည်။
အဆုတ်ရောဂါ စဖြစ်ပြီဆိုရင်တော့ သိနိုင်တဲ့ လက္ခဏာ တွေက-
အချိန်ကြာမြင့်စွာ ချောင်းဆိုးခြင်း၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ အစား အသောက်ပျက်ခြင်း၊ ရင့်ဘတ်အောင့်ခြင်း၊ အကျိတ်ထွက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်တတ်ပါသည်။
နောက်တစ်ခုကတော့
ဖက်ဆေးလိပ်တွေမှာဆိုရင်တော့ တစ်ချို့ ဆေးလိပ်တွေမှာဆိုးရင် ဆေးရွက်ကြီးတွေ ပါတတ် ပါတယ်။ ဆေးရွက်ဆိုတာကတော့ သုံးတတ်ရင် အသုံးတည့်သလို၊ မသုံးတတ်ရင်တော့ ရောဂါတွေကို ၀ယ်ယူသလို ဖြစ်တတ်ပါသည်။
ဆေးရွက်ကြီးကြောင့် ဖြစ်တတ်တဲ့ ရောဂါကတော့
ပန်းနာရင်ကြပ်ရောဂါဖြစ်ပါတယ်။
ကဲ့ ဆေးလိပ်သောက်ခြင်းက ကောင်းသလား၊ ဆိုးသလားဆိုရင် ကိုယ့်ဘာသာကိုယ်ဘဲ စဉ်းစား ဆင်ခြင် နိုင်ကြပါစေရှင်။
ကိုယ်သောက်လို့ ရောဂါရတာ မစမ်းပေမယ့် မသောက်ဘဲ သွယ်ဝိုက်နည်းနဲ့ ရောဂါ ရနိုင်တဲ့ သူတွေကိုလည်း သနားကြပါအုံးနော်။
No comments:
Post a Comment