Myanmar Calendar
Wednesday, October 17, 2012
မေ့ဖို့ခက်တယ်
  • ဒီဖုန်းနံပါတ်လေးမြင်တော့
    အရင်တစ်ချိန်ကတော့
    ဒီဖုန်းနံပါတ်က
    င့ါမနက်ခင်းတိုင်းမှာ
    ရင်းနှီးနေကျ
    ဘလက်လစ်ဖြစ်တာ
    ကြာခဲ့ပြီးမှ
    အခုများတော့
    ဘယ်နံပါတ်များ
    မှားဝင်သလည်းရယ်......
    နားစွင့်မိခဲ့.....
    မေ့သွားပီလားတဲ့....
    မေးရက်လိုက်တာ
    နင်က ချစ်တတ်အောင်ဘဲ
    သင်ပေးခဲ့တာလေ.....
    မေ့တတ်အောင်မှ မသင်ပေးခဲ့တာ....
    ဘယ်လိုလုပ် မေ့ရက်မှာလဲ
    ချစ်တယ်ဆိုတာ...လွယ်ကူပေမယ့်
    မေ့ဖို့ဆိုတာ
    မလိုချင်လို့ သူများကို ပေးလိုက်တယ်ဆိုတာလောက်တော့
    ဘယ်လွယ်ပ့ါမလဲ..............
    မေ့ဖို့တော့ ခက်တယ်
    အကြင်နာရယ်..........
No comments:
Post a Comment