ဒီဖုန်းနံပါတ်လေးမြင်တော့...ဒီရင်က အရင်တချိန်ကအတိုင်း....အစမတန် ခုန်လာပြန်တယ်........
ဒီမျက်နှာလေး မြင်ပြန်တော့လည်း.......၀မ်းနည်းခဲ့ပြန်တယ်.......
ဒါပေမယ့်လည်း.....နင်မပြောင်းလဲသေးဘူးနော်....နင်ပြောင်းလဲတာဆိုလို့. နည်းနည်းဝလာတာဘဲရှိတယ်....
နင်...ငါ့ကို အရင်လိုဘဲ ဂရုစိုက်တုန်း...နင့်...ငါကြိုက်တတ်တဲ့ အစားအစာတွေကို အခုထိ မှတ်မိနေတုန်း.....
နင်ဖုန်းမှာလဲ ငါပေးထားတဲ့ ကီးချိန်းလေးရှိတုန်း..........
နင့်ဆွဲကြိုးလေးမှာလဲ...ငါနဲ့ ဆင်တူလုပ်ထားတဲ့ ငါ့နာမည် လော့ကတ်သီးလေး ရှိနေတုန်း.....
ဒီလောက်ချစ်ခဲ့ရက်နဲ့ နင်ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့လည်း....ငါမသိခဲ့ဘူး.......
နင် ရွေးချယ်ခဲ့တဲ့လမ်းက သာယာရဲ့လား...ငါမသိချင်ဘူး.......အဆင်ပြေရဲ့လားလည်း ငါမသိချင်ခဲ့ဘူး.....
နင့်ရင်ထဲမှာ ငါရှိနေသေးရဲ့ ဘာကြောင့်မို့ ငါ့တို့ ဝေးခဲ့ရတာလဲ.....ဒါဟာ ငါအသိချင်ဆုံး အဖြေ....
ဒါပေမယ့်...ငါမမေးခဲ့ပါဘူး....အကြင်နာရယ်........
ငါမေးခဲ့မိရင်...ငါကော နင်ကော နှစ်ယောက်လုံး ရင်ကွဲရအုံးမယ်.....
ငါကျေနပ်ခဲ့ပါတယ်...အကြင်နာရယ်..........
နင့်ရင်ထဲမှာ ငါအနက်အရှိုင်းဆုံး ရှိနေတုန်းဆိုတာ...နင်မပြောလည်း ငါသိသွားလို့လေ.....
နင့်ကို နာကြည်းတဲ့ အချစ်နဲ့ ငါမချစ်တော့ဘူး......
နင့်ကို မုန်းတယ်လို့ ငါ့သူငယ်ချင်းတွေကို မပြောတော့ဘူး....
နင့်အနားမှာ နေခွင့်မရလို့....နင့်ကို မေ့ပစ်တော့မယ်လို့ မကြိုးစားတော့ဘူး......
ကျေးဇူးတင်ပါတယ်...အကြင်နာရယ်...
ငါ့ကို သိပ်ချစ်ပေးခဲ့လို့............
No comments:
Post a Comment