Myanmar Calendar

Thursday, October 4, 2012

နှင်းဆီသမိုင်း

ရွာအစွန်းက တောင်ကုန်းပေါ်မှာ

ဆူးများကာရံ

နှင်းဆီတစ်ပွင့် လှပနေတယ်......

တောင်လေ မြောက်လေ

ဘယ်ယာယိမ်းလို့

လွန့်လူးချိန်မယ်

နှင်းဆီတစ်ပွင့်

လေလွှင့်သွားတယ်......

နှင်းဆီတစ်ပွင့် လေလွှင့်ချိန်မှာ

အင်္ဂါနာမ်ဖွား

လူ့နာမ်စားက

ခစားဝင်လို့

ဝတ်မှုန့်ရနံ့ ခိုးနမ်းသွားတယ်............

No comments:

Post a Comment