Myanmar Calendar

Thursday, January 17, 2013

ကျမနဲ့မောင်


နှုတ်ကဖွင့်ပြောမှ အချစ်လို့ထင်တဲ့မောင်နဲ့
ရင်ထဲမှာ တိတ်တိတ်လေး တမ်းတနေတာကို အချစ်လို့ထင်တဲ့ ကျမတို့
တွေ့ဆုံခဲ့တယ်........

မောင်က
ချစ်တယ်ဆိုတဲ့ စကားကို နှုတ်က ကြားရမှ ကျေနပ်တတ်သူ
ကျမက
သူ့ရင်ထဲမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်တတ်သူ


မောင်က
သူငယ်ချင်းများရင် မနေတတ်သူ
ကျမက
သူငယ်ချင်းတွေကို တွယ်တာတတ်သူ

မောင်က
ကော်ဖီခါးခါးကိုမှ နှစ်သက်တယ်ဆိုတဲ့သူ
ကျမက
ကော်ဖီခါးခါးကို နည်းနည်းလေးမှတောင် မနှစ်သက်တဲ့သူ

မောင်က
စံပယ်ကိုမှ မြတ်နိုးတတ်သူ
ကျမက
နှင်းဆီကိုမှ တန်ဖိုးထားတတ်သူ

ဒီလိုနဲ့ဘဲ
မောင်နဲ့ကျမ
အတွေးချင်း
အယူအဆချင်း
အကြိုက်ချင်းမတူညီကျဘူး

ထပ်တူကျဖို့လဲ တွေးမကြည့်မိခဲ့ဘူး

ထူးဆန်းတာတစ်ခုကတော့
မတူညီတာများလှတဲ့ ကျမတို့ နှစ်ယောက်ကြားမှာ
တူညီတာတစ်ခုတော့ရှိတယ်....

ဒါကတော့.
မောင်က ကျမကို သိပ်ချစ်သလို.....
ကျမကလည်း မောင့်ကို သိပ်ချစ်တယ် ဆိုတာပါဘဲ.......

No comments:

Post a Comment