Myanmar Calendar

Friday, November 23, 2012

ကြောခိုင်းကြရအောင်



နာကြည်းမှုတွေက
င့ါဦးနှောက်ကို အကြိမ်ကြိမ်လာရိုက်ခတ်တယ်

ယုံကြည်မှုကိုခုတုံးလုပ်ပီး
ငါ့ဥပေက္ခာတွေကို
နင်ကိုယ်တိုင်ဘဲ စားသုံးပစ်တဲ့အခါ........

အကြိမ်ကြိမ်နာနေတဲ့
ငါ့နှလုံးသားက နင့်ကို
အကြိမ်ကြိမ်မုန်းရင်း
အကြိမ်ကြိမ်ရှုံးတယ်......

နင့်အကြောင်းတွေးမိတိုင်း
ပြတ်ထွက်လုမတတ်ကိုက်မိနေတဲ့
ငါ့နှုတ်ခမ်းတွေက
င့ါမာနကို
အစိမ်းလိုက် ဖြတ်တောက်တယ်......

ဒီလိုနဲ့
နင့်ကိုယုံကြည်မိတဲ့
ငါ့အရှုံးကို
ငါ့ကိုယ်တိုင်ဘဲ
ရင်ဝယ်ပိုက်လို့
နှုတ်မဆက်ဘဲ
ကြောခိုင်းကြရအောင်......

No comments:

Post a Comment