Myanmar Calendar

Friday, November 2, 2012

ပျောက်ဆုံးသွားသော အရာများ



ပျောက်ဆုံးသွားတဲ့ အနာဂတ်ထဲမှာ

နင့်လွတ်ချခဲ့တဲ့ ငါလက်တွေပါတယ်

နင့်နဲ့ အတူ ပျော်ခဲ့ဖူးတဲ့ အတိတ်တွေပါတယ်

နင့်နဲ့အတူ လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းလည်းပါတယ်

နင်ပေးခဲ့ဖူးတဲ့ င့ါပါးပြင်ပေါ်က အနမ်းတွေလည်းပါတယ်

နင့်ကြောင့် ကျခဲ့ဖူးတဲ့ ငါ့မျက်ရည်တွေလည်းပါတယ်

နင့်နဲ့အတူထိုင်ခဲ့ဖူးတဲ့ ငုဝါပင်အောက်က ခုံတန်းလေးလည်းပါတယ်

နင့် နှုတ်ခမ်းထွက်ကျလာတဲ့ `` ငါ့ကိုသိပ်ချစ်တယ်´´ ဆိုတဲ့ စကားလည်းပါတယ်

နင့်နဲ့အတူ သစ္စာဆိုခဲ့ဖူးတဲ့ တောင်စောင်းလေးက စေတီလေးလည်းပါတယ်...

မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ပြီး
ဆုံးရှုံးမှုတွေ ထပ်တလဲလဲ ရရှိခဲ့တဲ့အခါ

နင့်နဲ့အတူ ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေကိုလည်း ငါမုန်းချင်ခဲ့တယ်.......

No comments:

Post a Comment