မနက်စောစောစီးစီး ကျမ ဒေါသထွက်ရမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ ကျမကလဲ မနက်စောစောစီးစီး ဘယ်တုန်းကမှ ဒေါသမထွက်တတ်ဘူး။ တော်ရုံကိစ္စဆိုလောက်နဲ့ပေါ့။ ကျမခံယူချက်က တစ်မျိုး မနက်စောစောမှာ ကျမ ကောင်းမွန်တဲ့ ကိစ္စတခု ကြုံရပြီ၊ ကောင်းမွန်တဲ့ သတင်းကြားရပီ၊ ပျော်ရွှင်မှု တစ်ခုခု တွေ့ပြီဆိုရင် ကျမ အဲ့နေ့ တနေလုံး ကံကောင်းတယ်လို့ ခံယူထားတယ်။ ဒါမှမဟုတ် တခါတလေများ ကျမ မနက်စောစော တခုခု အရေးကြုံပြီးဆိုရင် အဲ့နေ့ တနေ့က ကျမအတွက် ကံမကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အတွေး အမြဲရှိတယ်။ ဒီတော့ ကျမ မနက်စောစောကို ဘယ်တုန်းကမှ မကောင်းတာ မလုပ်ဘူး။ ဒေါသထွက်အောင် မလုပ်ဘူး.......
ဒီနေ့တော့ ကျမ ဒေါသထွက်ရမယ့် ကိစ္စက ပေါ်လာပီ။ ကျမ ဒီနေ့အဖို့ အိမ်ကနေ ထွက်လာတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်ပါဘဲ။ ရုံးကို စောစောထွက်လာခဲ့တယ်။
ရုံးကိုရောက်မှဘဲ စရတာ ဒေါသက။ ကျမ မနက်ရုံးရောက်ရင် ကျမ လုပ်နေကျအလုပ်အတိုင်း ကျမ ရုံးထဲဝင်ပြီဆိုတာနဲ့ ရုံးစောင့်နတ်၊ ရုံးမှာ လုပ်တဲ့လူအားလုံးကို မေတ္တာပို့တယ်။ နောက်တခုက ကျမ နေ့တိုင်း အသုံးပြုနေတဲ့ ကျမ ကွန်ပျူတာလေးကို သန့်ရှင်းရေးလုပ်တယ်။ ပြီးမှ ကျမ ကွန်ပျူတာကိုဖွင့်ပြီး ကျမ မေးလ်တွေစစ်တယ်။ facebook ၀င်တယ်။
facebook ၀င်ပြီး သူငယ်ချင်းတွေရဲ့ ကွန့်မန်တွေကို စစ်နေတုန်း.....ကျမဆီကို ဘယ်သူမှန်းမသိတဲ့ ကွန့်မန် တစောင်က ၀င်ရောက်နေတာတွေ့ရပါတယ်။ သူငယ်ချင်းတွေကို ကျမ ကွန်မန်ပေးနေရာမှာ ဘယ်သူမှန်းမသိတဲ့ ကောင်မလေးတယောက်က ကျမကို ၀င်ရောက်ပြီး စိန်ခေါ်သွားခဲ့ပါလား......
ရုတ်တရက် မြင်လိုက်တဲ့ ကွန်မန်တခုကြောင့် ကျမ ဒေါသတွေ ပွင့်ထွက်သွားပါတယ်။ ဘာမဟုတ်တဲ့ လူတယောက်ကြောင့် ကျမ မနက်ခင်းလေး မသာမယာဖြစ်သွားခဲ့တယ်။ သူပြောတဲ့စာတွေက ကျမ မာနကို ထိခိုက်သွားခဲ့တယ် ဆိုပါတော့......
ဒီတော့ ကျမလဲ ကွန်မန်ပြန်ပေးမိလိုက်တယ်..... သူနဲ့ ကျမ ကွန်မန်တွေ တယောက်ကို တယောက် အပြန် အလှန်ပေးရင်း ကျမ ဒေါသတွေကလည်း ပိုပို ထွက်လာခဲ့တာပေါ့......
နောက်ဆုံးမှာတော့ သူက ကျမကို စိန်ခေါ်စကားပြောပြီး ကျမကို delet လုပ်သွားပါတယ်.....
ဒီတော့ ကျမကလည်း မကျေနပ်ဘူးပေါ့....သူ့ကို ဘာမှ ပြန်မပြောလိုက်ရလို့......
ကျမ အကျင့်ကလဲ တခုခုဆို ရင်ထဲမှာ မသိမ်းထားတတ်တာခက်တယ်....ကိစ္စတခုရှိရင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ရမှ ....မပြောရဘူးဆို အဲ့နေ့တနေ့လုံး ကျမ နေထိုင်လို့ မရတော့ဘူး...ဒီကိစ္စ တခုကိုဘဲ ထပ်တလည်းလည်း တွေးမိလိုက်...ဒေါသဖြစ်လိုက်ပေါ့..... အဲ့ကိစ္စကို ပြောလိုက်မိပီဆိုရင်လည်း ပြီးသွားပီ...ကျမ စိတ်ထဲမှာ ဘာမှ မထားတော့ဘူး......
အခုဆိုးတာက သူ့ကို ဘာမှ မပြောလိုက်ရသေးခင်..သူက အရင်ဦးဆောင် delet လုပ်သွားခြင်းကြောင့်လေ....
တနေ့လုံး ကျမ မကျေမနပ်တွေဖြစ်ခဲ့....သူများတွေ အကောင်းပြောရင်လဲ ဘုကလန့် ပြန်ပြောလိုက်နဲ့ စိတ်မကြည်မလင်ဖြစ်ခဲ့တာပေါ့....
ပြောချင်တာကို မပြောလိုက်ရတဲ့ ကျမ ဘယ်လောက်ထိ ဆိုးလဲဆိုးရင် ညအိပ်တာတောင် ဒီအကြောင်း တွေးမိလို့ အိပ်မက်ထဲမှာတောင် ထည့်မက်မိတယ်.....
မနက်လင်းတော့ ...ကျမ ပြန်စဉ်းစားမိတာ.....ဘယ်သူမှန်းမသိတဲ့ လူတယောက်ကြောင့် ကျမ စိတ်တွေ အနှောင့်အယှက် ဖြစ်သွားတယ်.....ကျမရဲ့ ပျော်ရွှင်မှုတွေ တရက်ပျက်ကွက်သွားတယ်....ဒေါသကြောင့် ကျမရဲ့ လွတ်လပ်ပေါ့ပါးတဲ့ စိတ်တွေ အနှောင့်အယှက်ဖြစ်သွားတယ်ပေါ့....
တွေးမိလိုက်တာ တခုကတော့...ဘာမဟုတ်တဲ့ ကိစ္စလေးတခုကြောင့် ကျမ ပျော်ရွှင်မှုတွေ တရက် ဆုံးရှုံး သွားတယ်ဆိုတာဘဲ.....ဆိုတာပေါ့.......
ကျမ ဘာမဟုတ်တာလေးတွေကို ခေါင်းထဲ မထည့်မိအောင် ကြိုးစားရပါအုံးမယ်........
No comments:
Post a Comment