Myanmar Calendar

Sunday, June 10, 2012

ခေတ်ကြီးမှီလွန်း

`` ခေတ်ကြီးရယ်ကွယ်....မှီလွန်းလှတယ်.....အိုဘယ်...ခေတ်ကြီးရယ်....ခေတ်ကြီးရယ်......အရိုးတွင်ထူး......လူရိုးရယ်...ဘယ်နေရာမှာကွယ်... စဉ်းစားဖွယ်....စဉ်းစားဖွယ်.............´´

ဦးပေတာကြီး ဘာသီချင်းဆိုနေပါလိမ့်......

ဦးပေတာကြီးတယောက်က လူပုံကသာ ရူးကြောင်ကြောင်ရယ်...ဒါပေမယ့် ...သူပြောလိုက်တဲ့ စကားအဓိပါယ်တွေက တော်တော်ကို အမြော် အမြင်ရှိလှပါပေတယ်.......ဘာတဲ့ သူဆိုသွားတဲ့ သီချင်းက -
`` ခေတ်ကြီးရယ်ကွယ်....မှီလွန်းလှတယ်.....အိုဘယ်...ခေတ်ကြီးရယ်....ခေတ်ကြီးရယ်......အရိုးတွင်ထူး......လူရိုးရယ်...ဘယ်နေရာမှာကွယ်... စဉ်းစားဖွယ်....စဉ်းစားဖွယ်.............´´



ဟုတ်ပါရဲ့......သူဆိုသွားမှာ....ခေတ်ကြီးအကြောင်း စဉ်းစားစရာ......သူပြောသွားတာလဲ မမှားပါဘူး....

ကျမတို့ ရပ်ကွက်သေးလေးထဲတွင် ဆေးခန်းရယ် များများစားစား မရှိ..... ဆေးခန်းတခန်းတောင် မနည်းဖွင့်ထားရတာ...ရပ်ကွက်က လူများ အဆင်ပြေအောင်ဆိုပြီး.. .ဆေးဆိုင်လေးရယ်.. .ဆေးခန်းတခုရယ် တွဲဖွင့်ထားတယ်ဆိုပါတော့....

ကျမက အဲ့ဆေးခန်းနဲ့ တွဲဖွင့်ထားတဲ့ ဆေးဆိုင်လေးမှာ အလုပ်လုပ်တဲ့ စာရေးမလေး တယောက်ဆိုပါတော့.....
ဆေးခန်းဆိုတော့...ဆေးကစုံတယ်.....အမျိုးစုံပေါ့...ရောဂါမျိုးစုံအတွက်..ဆေးမျိုးစုံသလို...မှီလွန်းလှတဲ့ ခေတ်ကြီးမှာလည်း ရောဂါနဲ့ မအပ်စပ်တဲ့ ဆေးတွေက ပေါတယ်လေ.....

ကျမနဲ့ မယဉ်ရွှေက ဆေးခန်းကို နေ့ခင်းပိုင်း တာဝန်ကျပြီး..မကြည်နဲ့ မလှကတော့ ညပိုင်းကို တာဝန်ယူရ တယ် ဆိုပါတော့.....

ဆေးဆိုင်မှာ လုပ်တဲ့ ကျမတို့အဖို့တော့ ဆေးဝယ်လာတဲ့ လူပေါင်းစုံကို တွေ့ကြုံနေရတာပေါ့.....
ဒါပေမယ့် ဆေးလာဝယ်တဲ့အထဲမှာ လူငယ်ပိုင်းတွေက ပိုများပါတယ်......
အရောင်းရဆုံး ဆေးတွေကလဲ ကိုယ်ဝန်ခြားဆေး၊ ကိုယ်ဝန်မရှိဆေး၊ တားဆေး.....စတဲ့ ဆေးတွေက ပိုရောင်းရတယ်.....
ဆေးဆိုင်မှာ စစချင်းလုပ်တုန်းကဆို အဲ့ဆေးတွေကို မေးရင် ကိုယ်က တဖန်ပြန်ရှက်နေတာ...လာဝယ်တဲ့ လူငယ်လေးတွေက မရှက်ရဘူး.. နောက်တော့လည်း ရိုးသွားတယ် ဆိုပါတော့......

အင်း....ဦးပေတာကြီး သီချင်းကလည်း မှန်နေပါပြီ....ခေတ်ကြီးက သိပ်မှီလွန်းတော့.. .ဆေးပေါင်းစုံထွက်တယ်......... .ဆေးပေါင်းစုံတော့... လူငယ်တွေက သူတို့ဘ၀ကို တန်ဖိုးမထားတတ်ဘူး...... ဒီတော့..... လူငယ်တွေဘ၀အတွက်တော့ ရင်လေးစရာပေါ့....

ခေတ်မှီလွန်းချင်သည် ကောင်းသည်က မှန်သော်လည်း......သူတို့ဘ၀တွေအတွက် မကောင်းပါလေ......
လူငယ်တွေက ဆေးရှိတယ်ဆိုပြီး....မိုက်ချင်တိုင်းမိုက်တယ်.....မိုက်မဲမှန်းလည်းသိ....ဆေးရှိမှန်းလဲသိတော့.... သူတို့အတွက်ကတော့ ဒီကိစ္စတွေက ထမင်းစား၊ ရေသောက်လောက်တာ ...... ခံယူထားကြပုံ.......

တခါကတောင် ကြာမိပါသေးရဲ့....... ဆေးသုံးလွန်နေတဲ့ မိန်းကလေးက လမ်းဘေးမှာ မောက်နေတာကို ယောင်္ကျားလေးက ထမ်းပို့ခဲ့ရတယ်တဲ့..... အရင်ကတော့.... အိမ်တွေမှာဆို...ယောင်္ကျားလေးပါရင်.. မိဘတွေက လမ်းမှားမရောက်အောင်...ထိမ်းသိမ်းတတ်ကြပေမယ့်.. အခုခေတ်များတော့.... မိန်းကလေးပါတဲ့ မိဘများကသာ ..... စိုး၇ိမ်စိတ်တွေ ပိုဆိုးလာခဲ့ပါတယ်.....

အရင်ကတော့...မိန်းကလေးတို့ အိနြေ္ဒရေရွှေပေးလို့မရ...ဆိုတဲ့စကားကအခု များတော့ ပြောင်းရမလိုတောင် ဖြစ်နေပါပြီ..........

အော်......ဦးပေတာကြီးရဲ့ သီချင်းလို့ပေါ့......

`` ခေတ်ကြီးရယ်ကွယ်....မှီလွန်းလှတယ်.....အိုဘယ်...ခေတ်ကြီးရယ်....ခေတ်ကြီးရယ်......အရိုးတွင်ထူး......လူရိုးရယ်...ဘယ်နေရာမှာကွယ်... စဉ်းစားဖွယ်....စဉ်းစားဖွယ်.............´´

No comments:

Post a Comment