Myanmar Calendar

Wednesday, October 12, 2011

အိမ်ထောင်တစ်ခု တည်ထောင်တော့မယ်ဆိုရင်

ကျမတို့ မြန်မာ မိန်းကလေးတွေက အိမ်ထောင်တစ်ခု တည်ထောင်ပြီးပြီဆိုရင် အဲ့အိမ်ထောင်တစ်ခုကို ပျက်စီး ပြိုကွဲမှာကို အကြောက်ဆုံးဘဲ။ အိမ်ထောင်မြဲအောင်လည်း ကြိုးစားကျတယ်။ ကိုယ့်အိမ်ထောင်ဖက် က ဘယ်လောက် ကောင်းကောင်း၊ ဆိုးဆိုး ကိုယ့်ကံလို့သာ သတ်မှတ်ပြီး အစဉ်အမြဲ ထိန်းသိမ်းတတ်ကြ ပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုခင် အရင်ဦးဆုံး ညှိနှိုင်း ဆွေးနွေးသင့်တယ်။ ဒါမှသာ အိမ်ထောင်တစ်ခုကို တည်တံ့အောင် တည်ထောင်နိုင်မှာပါ။ အရင်ဦးဆုံး မြန်မာမိန်းကလေး လေ့လာသင့်တဲ့ အချက်တွေနဲ့၊ ညှိနှိုင်း ရမယ့်အချက်တွေကတော့--------------

(၁) ကိုယ့်အပေါ်မှာ နားလည်မှု ရှိပါရဲ့လား။

(၂) ကိုယ့်မိဘ အပေါ်မှာကော သူ့မိဘတွေအပေါ် ကောင်းသလို ကောင်းနိုင်ပါရဲ့လား။ 

(၃) ကိုယ့်အသိုင်းအ၀ိုင်းနဲ့ သူ့အသိုင်းအ၀ိုင်း နီးစပ်နိုင်ရဲ့လား၊ (၁၀၀% မပြောဘူးနော် အနည်းဆုံးတော့ ၁၀ % လောက် နီးစပ်ရင်ကိုရပြီ။) 

(၄) ကိုယ့်ကို သူက ဘာကြောင့် ရွေးချယ်သလဲ ဆိုတာကို သေချာအောင် လေ့လာရမယ်။ (ဥပမာ- ကိုယ့်ရဲ့ နောက်ခံ ကောင်းလို့လား။ ကိုယ့်ရဲ့ အလှတရားကြောင့်လား။ ကိုယ့်ကို သူတို့က အသုံးချဖို့ အတွက်လား။ )ဆိုတာတွေကို သေသေချာချာစဉ်းစားဖို့တော လိုတယ်။

* ကိုယ့်ရဲ့ နောက်ခံကြောင့် ရွေးချယ်တယ်ဆိုရင် ကိုယ့်စီးပွားရေး မရှာနိုင်တဲ့အခါ ဘယ်လိုမှ ဆက်စပ်ပြီး ညှိနှိုင်းလို့မရတော့တဲ့ အဆုံး ကွဲတတ်ကြပါတယ်။ (ဒီလူမျိုးကတော့ မရွေးချယ်သင့်ဆုံးဘဲ)
* ကိုယ့်ရဲ့ အလှတရားကြောင့်ဆိုရင်လည်း ကိုယ့်ကအမြဲလှနိုင်တာမဟုတ်တဲ့အတွက် သူကလည်း အလှကို မက်တယ်ဆိုရင် အိမ်ထောင်တစ်ခုဟာ တည်မြဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

* ကိုယ့်ကိုအသုံးချဖို့ဆိုတာကတော့ သူတို့က ပေတေဆိုးသွမ်းပြီး သူမိဘအသိုင်းအ၀ိုင်းကပါ ကိုယ်ပြောရင် သူက ငြိမ်မှာပါဆိုတဲ့ သူမျိုးပေါ့။ ဘယ်တော့မှ မစဉ်းစားပါနဲ့။ သူက အမြဲ ကိုယ်ပြောစကား နားထောင်မည် မဟုတ်လို့ပါ။ ကိုယ်ဘဲ စိတ်ဆင်းရဲရမှာ ဖြစ်ပါတယ်။

(၅) သူက မိသားစုဆိုတဲ့ အဓိပါယ်ကို ခုံမင်တပ်ပါရဲ့လား။ (မိသားစုကို ခုံမင်မှ သူလည်း အိမ်ကပ်မှာပေါ့။)

(၆) သူက အိမ်ထမင်း၊ အိမ်ဟင်းကို ကြိုက်နှစ်သက်ပါသလား။ ဒါမှမဟုတ် အပြင်ဟင်းတွေကို ကြိုက်နှစ်သက်လား။

(၇) သူက ကတိတည်တဲ့လူလား။

(၈) သူက အချိန်ကိုလေးစားတတ်ပါရဲ့လား။

(၉) သူက အကောင်းမြင်တတ်တဲ့ ၀ါဒီရှိပါရဲ့လား။ (အရာအားလုံးကိုတော့ မဆိုဘူးနော်။ ၁၀ % လောက်ပေါ့။)

(၁၀) ဒီအချက်တွေကတော့ မိန်းကလေးတွေက သေချာစဉ်းစားပြီးပြီဆိုရင် ယောင်္ကျားလေး တစ်ယောက်ကို ကိုယ့်အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်တာပါဘဲ။ ဒါကတော့အရေးကြီးဆုံးပေါ့။ ဒီအချက်ကိုသာ မိန်းကလေး အများစုက လက်ကိုင်ထားတာ တွေ့ရပါတယ်။ ဒီအချက်ကြောင့်ဘဲ သူတို့ အရာအားလုံးကို ကျော်ဖြတ်ပြီး အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တတ်ကြပါတယ်။

* ကိုယ့်ဘ၀မှာ သူ့ကို မရှိမဖြစ်လိုအပ်နေပြီ။ သူ့ကို သိပ်ချစ်နေပြီ။ * 

ဆိုတဲ့ အချက်ပေါ့။

ဒီအချက်နဲ့တင် မိန်းကလေးတွေက အရာအားလုံးကို မျက်စိမှိတ်ယုံကြည်နိုင်ပါတယ်တဲ့။

အားလုံး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ကြပါစေ။





No comments:

Post a Comment