Myanmar Calendar

Monday, October 10, 2011

ရှေ့ဆက်ဖို့ခက်တယ်

တယောက်ကို တယောက်
မရှိရင် မနေနိုင်မှန်း
သိရက်နဲ့
အဝေးကို ရှောင်သွားတယ်

တယောက်ရဲ့ လိုအပ်ချက်ကို
တယောက်က သိနေပေမယ့်
မဖြည့်ဆည်းပေးနိုင်ဘူး

တယောက်ရဲ့ မျက်ရည်တွေကို
တယောက်က မြင်နေပေမယ့်
နှစ်သိမ့်မပေးနိုင်ဘူး

တယောက်အကြောင်း တယောက်သိနေတော့လည်း
တားမြစ်ထားတဲ့ ဆိုင်းဘုတ်လေးလို့ဘဲ
ရှေ့ဆက်ဖို့ရန်ခက်တယ်

ဝင်ရောက်ဖို့ရာ
တံခါးဖွင့်ထားခဲ့တောင်
တယောက်က ၀င်သွားဖို့ရာ
တွေဝေနေတယ်

ဒီလိုလေးနဲ့ဘဲ
တယောက်လက် တယောက်တွဲလို့
ဘေးချင်းကပ်မှာ
တစိမ်းတွေကွယ်

No comments:

Post a Comment