Myanmar Calendar

Monday, October 10, 2011

ပြောပြချင်တယ်

အဝေးက ကောင်းကင်ကို ကြည့်ပြီး ကျမ တစ်ခုတော့ တွေးမိခဲ့တယ်။ ကောင်းကင်ကြီးက ပြာလဲ့လဲ့နဲ့ အရမ်းကို လှပါတယ်။ သဘာဝတရားပေါ့။ အဲ့သဘာဝတရားကို ကျမ ပိုင်ဆိုင်ခွင့်ရှိပါ့မလား။ မပိုင်ဆိုင်နိုင်မှန်း သိရက်နဲ့ ကျမ လိုချင်နေတယ် မောင်။ အဝေးက ကြည့်နေရတာကို နမြော တတ်နေပြီ........မောင်။


မောင်နဲ့ပတ်သက်ဖူးတဲ့ အရင်ကအတိတ်တွေက ကျမဘ၀အတွက် တသက်တာ အမှတ်တရပါ မောင်။ ........ မောင် ပြောဖူးခဲ့တဲ့ မောင်မရှိတော့ရင် ကျမ ဘယ်လိုနေမလဲ မောင်တွေးကြည့်တာနဲ့တင် စိတ်မချနိုင်ဘူး တဲ့လား..... မောင်။ ဟုတ်ပါတယ်။ မောင်.... မရှိတော့ ကျမ တကယ်ကိုဘဲ မနေတတ်ခဲ့သလို၊ ကျမဘ၀အတွက် ကွက်လပ်တွေ အများကြီး ရှိခဲ့သလို ခံစားရပါတယ်........... မောင်။


မောင်အနားမရှိတော့မှ မောင့်ရဲ့အရင်က ဂရုစိုက်မှုတွေ၊ ဒီက ပေတေတေနဲ့ ကောင်မလေး တစ်ယောက် မောင်ရဲ့ ဆုံးမမှုတွေ လိုအပ်နေပြီလေ...... မောင်။ ပြန်လာပါလို့ မပြောရက်ပေမယ့် အဝေး ကနေ ဒီကောင်မလေး တမ်းတနေတာ မောင် တကယ်များ မသိခဲ့လို့လား။ မသိချင်ယောင် ဘဲ ဆောင်နေတာလား.......... မောင် ။


မောင်နဲ့ဆုံနေကျ ဒီအမှတ်တရ အရာအားလုံးကို မောင်ဘက်က ဖျက်စီးပစ်နိုင်ပေမယ့် ကျမအတွက်တော့ တယုတယနဲ့ သိမ်းထားနေရတာ ပင်ပမ်းလှပါပြီ......... မောင်။

No comments:

Post a Comment