မျက်စိအားနည်းခြင်း၊ မျက်လုံး ကိုက်ခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ကျခြင်း၊ မျက်လုံးအောင့်ခြင်းများ ဖြစ်ပါက ညအိပ်ရာဝင်တိုင်း ကွမ်းရွက်ကို ဒင်္ဂါးဝိုင်းခန့် ဖြတ်ယူပြီး ၀ဲ၊ယာ မျက်လုံးအစုံ၏ နှစ်ဖက်နှာရင်းထောင့်တွင် ကပ်ပြီး အိပ်စက်ပါက သက်သာ ပျောက်ကင်းစေပါသည်။
ဒူလာရောဂါရှိသူများအတွက်လည်း ညအိပ်ရာဝင်ချိန်တွင် ကွမ်းရွက်ကို ချိန်ဆပြီး အရွယ်တော်ဖြတ်ပြီး လုံးကာ မိမိ၏ စအိုအတွင်းသို့ ထည့်သွင်းပြီး ညအိပ်ရာဝင်ပါက အနှေးနှင့်အမြန် ပျောက်ကင်းနိုင်ပါသည်။
နားလေး၊ နားထိုင်းသူ
ကွမ်းရွက်ကို အရွယ်တော်ဖြတ်ပြီး နားအတွင်းသို့ ထည့်ခြင်းဖြစ်လည်း ပျောက်ကင်းနိုင်ပါသည်။
နှလုံးရောဂါရှိသူများသည် ရောဂါဖြစ်နေစဉ်အတွင်း နှလုံးနှင့်တည့်တည့် ၀ဲဘက်ရင်ပြင်ပေါ်တွင် ကပ်ပေးခြင်းဖြစ်လည်း သက်သာစေပါသည်။
No comments:
Post a Comment