တစ်စုံတစ်ရာကြောင့်
တစ်စုံတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတဲ့အခါ
တစ်စုံတစ်ခုကြောင့်
မပြောဖြစ်ဘဲ
မျိုသိမ့်လိုက်ရတဲ့အခါ
မျိုသိမ့်ပါများ
ပေါက်ကွဲတတ်တယ်
ပေါက်ကွဲချင်ပေမယ့်
မပေါက်ကွဲရက်တဲ့
စကားတွေ
မမျိုသိမ့်ချင်ပေမယ့်
ပြောမထွက်ခဲ့တဲ့
တို့အဖြစ်တွေ
တကယ်တကယ်တော့
နင်ဆုံးရှုံးလိုက်ရတာ
တသက်တာတဲ့လေ
ငါသိနေပါတယ်
လမ်းမဆုံဘဲ
မျဉ်းပြိုင်ကြားမှာ ရပ်ခဲ့တဲ့
လူနှစ်ယောက်
အခုတော့
ဘယ်လိုမှ ဆုံနိုင်ခွင့်မရှိတဲ့
မျဉ်းဖြောင့်တစ်ကြောင်းက
ငါတို့နှစ်ယောက်ကြားကို
ထပ်ဝင်လာပြီ
မောင်
ဘယ်လိုမှ ဆုံနိုင်မှာ
မဟုတ်ဘူးရယ်လို့
ငါဘယ်တော့မှ
မတွေးထားခဲ့တာ
အခုတော့
တကယ်ကို
မဆုံနိုင်တော့ပါဘူး မောင်ရယ်
အဝေးဆုံးဆိုတဲ့
အဝေးတစ်နေရာကနေ
မောင့်ရဲ့
အပြုံး
မောင်ရဲ့
အကြည့်
မောင်ရဲ့
(ဂရုစိုက်မှုတွေကို )
ငါလက်မခံချင်တော့ဘူး
မောင်ရယ်
ငါဘယ်လိုလုပ်ရမလဲ
နင်အကြင်နာတွေကို လိုချင်ပေမယ့်
ငါလက်ခံခွင့်မရှိဘူး မောင်
တို့နှစ်ယောက်ကြားမှာ
ဘာမှအပြစ်မရှိတဲ့
မြေစာပင်
တစ်ပင်ရှိနေပြီလေ
နင်အကြင်နာကို
လက်ခံမိရင်
ငါမာန
ငါသိက္ခာတွေအတွက် မဟုတ်ဘဲ
နင့်ကို သူများက မုန်းသွားမှာကို
မလိုလားဘူးမောင်ရယ်
No comments:
Post a Comment