ညီမရေ..... အမကိုလည်း ကော်ဖီတစ်ခွက်လောက်နော်။ ကော်ဖီအနံ့လေးက ဆွဲဆောင်နေလိုက်တာ။ အမတောင် သောက်ချင်လာပြီ။
ဟုတ်ကဲ့......အမ။ ညီမလည်း ကော်ဖီဆို ကြိုက်လွန်းလို့ တစ်ရက်ကိုဆို လေး၊ ငါးခွက်မကဘူး...... အမရေ။
အမယ်လေး.... ကော်ဖီကြိုက်တဲ့ ညီမတွေအတွက် သတင်းကောင်းလား၊ သတင်းဆိုးလာတော့ မသိဘူး။ ပြောပြရအုံးမယ်။
မမေစကားကြောင့် ကော်ဖီကြိုက်လှတဲ့ ကျမတို့ နှစ်ယောက် စိတ်ဝင်စားသွားတ.်။ မမေက ဗဟုသုတဆို တော်တော်ကိုစုံတာ။
ကဲ့............ ကော်ဖီရဲ့အကြောင်းတွေကို မမေသိသမျှတော့ ပြောပြရမှာပေါ့။ အရင်ဆုံး ကော်ဖီသောက်သူတွေ အတွက် ကောင်းကျိုးလေးတွေ ပြောပြမယ်နော်။
စိတ်ဖိစီးမှုများတဲ့အချိန်။ ခေါင်းတွေရှုပ်နေတဲ့အချိန်၊ အိပ်ငိုက်နေတဲ့အချိန်၊ ပင်ပမ်းလွန်းတဲ့ အချိန်မျိုးမှာ ဆိုရင် ကော်ဖီသောက်ခြင်းဖြင့် စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။
ကြက်သွန်နီ၊ဖြူ၊ ဒူးရင်းသီး၊ ဒညင်းသီး၊ ဆူးပုတ် တို့ အစရှိတဲ့ အနံ့ဆိုးဝါးတဲ့ အရာတွေကို စားပြီးတဲ့အခါမှာလည်း ကော်ဖီကိုသောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ဝမ်းချုပ်နေရင်လည်း မနက်စောစော ကော်ဖီသောက်ပေးရင် ၀မ်းမှန်စေပါတယ်။
အနံ့စွဲနေတဲ့ ကော်အသုံးအဆောင်တွေ၊ ဆေးလိပ်ပြာခံခွက်တွေ အနံ့မကျွတ်တော့ဒါဘဲဖြစ်ဖြစ်၊ ၀ါသွားတာဘဲ ဖြစ်ဖြစ် ကော်ဖီမှုန့်ကို ထည့်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
အရက်နာကျတဲ့ ကိုကို၊ မောင်မောင်တွေအတွက်လည်း အရက်နာကျမှုကို သက်သာစေပါတယ်။
သဘာဝစစ်စစ်ဖြင့်တဲ့ ကော်ဖီမှုန့်များကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရေပြားမှာ ဖြစ်တတ်တဲ့ အလုံး၊ အကျိတ်၊ အဆစ်မြစ်ကိုက်ခဲခြင်းများကို သက်သာစေပါတယ်။
ဒါတွေကတော့ တစ်ရက်ကို ကော်ဖီ (၁)ခွက်၊ (၂)ခွက် သာ သောက်သုံးတဲ့ လူတွေ အတွက် ကောင်းကျိုးတွေပေါ့။
နောက်..... ကော်ဖီနဲ့ ပတ်သက်တဲ့ ဆိုးကျိုးလေးတွေကိုလည်း ပြောပြအုံးမယ်နော်။
ကိုယ်ဝန်ဆောင် မိခင်တွေမှာ တစ်ရက်ကို ကော်ဖီ (၃)၊ (၄)ခွက်သောက်သုံးရင် ကိုယ့်ရင်သွေးတွေမှာ စိတ်ဂဏာမငြိမ်တဲ့ ရောဂါကို ရစေပါတယ်။ နောက်တစ်ခုကတော့ လနုသေးတဲ့ ကိုယ်ဝန်သည်တွေက ကလေးပျက်ကျတတ်တယ်။ (တန်ဆေးလွန်ဘေးပေါ့။)
ဆီးအိမ်တွေမှာလည်း အကျိတ်သည်တဲ့ ရောဂါတွေရနိုင်ပါတယ်။
နှလုံးရောဂါရှိတဲ့ သူတွေအတွက်ကတော့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။
(ဆိုးကျိုးတွေကတော့ ကော်ဖီအသောက်များတဲ့ သူတွေအတွက်ပါ။)ပုံမှန် တစ်ခွက်၊ နှစ်ခွက်သောက် ရင်တော့ ကောင်းကျိုးတွေကို ခံစားရမှာပါ။
နောက်တစ်ခုသတိပေးစရာရှိပါသေးတယ်.
ဒါကတော့ မိန်းကလေးများအတွက်ပါ။
ကော်ဖီဆိုပြီး ရိုးရိုးလေးမထင်လိုက်ပါနဲ့၊ အခုခေတ်ကြီးမှာ ဆေးပညာတွေ အရမ်းကို တိုးတက်နေတဲ့အတွက်၊ လူငယ်တွေကလည်း စမ်းသပ်ချင်ကြပါတယ်။
အခုဆို ဈေးကွက်ထဲမှာ မိန်းကလေးတွေအတွက်ဆိုပြိး ကာမစိတ်ကို ကြွစေတဲ့ ကော်ဖီတွေ ပေါ်နေပါတယ်။
အထူးသတိထားကြပါနော်။
ပွင့်တဲ့ ပန်းတိုင်း လှနိုင်ကျပါစေ။
No comments:
Post a Comment