Myanmar Calendar

Wednesday, September 21, 2011

ပန်းခရေ

ပင်ယံထက်မှာ
ပွင့်ခဲ့ပေမယ့်
မြေ၀ယ်သက်ဆင်း
မြေမှာကြွေတယ်
ခရေ
 
 
 
 
ခရေပွင့်ချိန်
ပင်စည်အောက်ဝယ်
ဖွေးဖွေးဖြူတယ်
ခရေပန်းတွေကွယ်
 
 
တော်ဝင်မမှီ
သဇင်ထက်ညား
မတင့်တယ်ပေမယ့်
ရနံ့ထုံသင်း
ချစ်စဖွယ်ကွယ်
ပန်းခရေရယ်
 
 
မြေမှာကြွေဆင်းပေမယ့်
လုံမပျိုလေး
ခေါင်းထက် ပန်ဆင်ရာဝယ်
တမြတ်တနိုးရှိလှပေတယ်
 
 
မြေမှာကျရောက်
မြေခရေလည်း
တန်ဖိုးတင့်တယ်
ပန်ဆင်သူများ
များလှပေတယ်




No comments:

Post a Comment