Myanmar Calendar

Thursday, November 10, 2011

မဟုတ်ပါဘူး

မင်းက ကိုယ့်အတွက်
မိုးကောင်ကင်းလေးပေါ့

မဟုတ်ပါဘူး

ကျမက သူ့အတွက်တော့
မြေကြီးပါ

မင်းက ကိုယ့်အတွက်တော့
လေနုအေးလေးပါ

မဟုတ်ပါဘူး

ကျမက သူ့အတွက်တော့
လေပြင်းမုန်တိုင်းကြီးတဲ့

မင်းက ကိုယ့်အတွက်တော့ 
ကြယ်ကလေး တစ်ပွင့်ပါတဲ့

မဟုတ်ပါဘူး

ကျမက သူ့အတွက်တော့
ပူပြင်းလှတဲ့ နေမင်းကြီးတဲ့

မင်းက ကိုယ့်အတွက်တော့
လှမ်းမမီနိုင်တဲ့ 
ပန်းကလေး တစ်ပွင့်ပါတဲ့

မဟုတ်ပါဘူး

ကျမက သူ့အတွက်တော့
မခူးခင်ကတည်းက 
ကြွေချင်နေတဲ့
ပန်းကလေးပါ

မင်းက ကိုယ့်အတွက်တော့
နှိုင်းလို့မရတဲ့ အရာလေး တစ်ခုပါတဲ့

မဟုတ်ပါဘူး

ကျမက သူ့အတွက်တော့
အလေးထား စရာ မလို့တဲ့
ဘာမှမဟုတ်တဲ့
သေးငယ်ငယ်
အဝေးက ငေးကြည့်နေရတဲ့
ကောင်မလေးပါ




1 comment:

  1. မဟုတ်ပါဘူး .. ဒါမဲ့ ဟုတ်တာလေးတွေတော့ တွေ့ သွားရသလိုပဲ .. ^^

    ခင်မင်စွာဖြင့်
    April

    ReplyDelete