Myanmar Calendar

Wednesday, November 16, 2011

လှချင်တာ သဘာဝပါ

“  ဆောရီးဗျာ ကျွန်တော် အစည်းအဝေးနောက်ကျသွားတယ်။ လူကြီးမင်းတို့ စောင့်နေရတဲ့အတွက် ကျွန်တော် အလွန်ကို အားနာမိ ပါတယ်ဗျာ။ တောင်းလဲတောင်းပန်ပါတယ်။ ကဲ့ အစည်းအဝေးလေး စလိုက်ရအောင်။ ”အစည်းအဝေးခန်းထဲက ထွက်လာတာတဲ့ ထိုင်ခုံမှာခြေပစ်လက်ပစ်ထိုင်ချလိုက်မိတော့ တယ်။ ဒီနေ့ တော်တော်ကို ပင်ပမ်းနေပြီ။ တစ်မနက်လုံး များလိုက်တဲ့အလုပ်။ ဖုန်းကိုဖွင့်လိုက်တာနဲ့ miss call တွေအများကြီးပါလား။ ဘယ်သူ များပါလိမ့် ကြည့်လိုက်တော့။ ဒီမိန်းမတော့ ဘာဖြစ်ပြန်ပီလဲမသိ။ ဖုန်းတွေကို အခါတရာမှ မက ခေါ်ထားလိုက်တာ။ ဘာတွေအရေးကြီးနေလို့လဲ။

ဖုန်းကို နှိပ်လိုက်ပြီး “ ပြောမိန်းမ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား မိန်းမ ” ကျွန်တော့်မေးလိုက်တော့ ကျွန်တော်မိန်းမက “ဘာမှမဖြစ်ပါဘူးမောင် ခင်က မောင်အလုပ်များနေလားလို့ ဆက်ကြည့်တာပါ။ ဒါနဲ့ မောင့်ဖုန်းက ဘာကိစ္စနဲ့ ပိတ်ထားရ တာလဲ ။ခင်ဖုန်းဆက်မယ်မှန်း သိရက်နဲ့။ ခင်က မောင်ဖုန်းပိတ်ထားတော့ ဘာများဖြစ်လဲလို့ စိုးရိမ်တာပေါ့။” ကျွန်တော့် မိန်းမ ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မှာ ဘာမှန်းမသိ စိတ်ရှုပ်သွားတယ်။ ဒီမိန်းမနှယ် သူ့ယောင်္ကျား အလုပ်သွားတာမှ သိသေးလေစွ။ ဒါနဲ့ ကျွန်တော်လည်း “ ခင်ရယ်၊ မောင်အလုပ်သွားတာလေ။ အဲ့လိုဖုန်းတကွမ်ကွမ် ဆက်နေတော့ ဘယ်ကောင်းမလဲ။ မင်း စတန့်ထွင်တာတွေလည်းရပ်အုံး။ ဒါဘဲ မောင်အလုပ်များလာပြီ“ ဆိုပြီး ကျွန်တော် ဖုန်းချလိုက်တယ်။

ဒီလိုပါဘဲ ကျွန်တော်မိန်းမကလေ သူယောင်္ကျား သူ့မျက်စိရှေ့ကနေ ပျောက်တာနဲ့ ဖုန်းနဲ့တကွမ်ကွမ်ကို လိုက်ချိတ်တော့ပါဘဲ။ ရည်းစားဘ၀ကတော့ သာယာတာပေါ့ဗျာ။ ဖုန်းလေးတရက်ပျက်ကွက်ရင်တောင် ဒီကကောင်က မနေတတ်၊ မထိုင်တတ်ဖြစ်နေတာဗျာ။ အိမ်ထောင်သည်ဘ၀လဲ ရောက်ရော လူမှုရေး၊ စီးပွားရေးတွေ များလာလို့လား၊ ကျွန်တော်ကဘဲ ငြီးငွေ့လာလို့လား မသိပါဘူးဗျာ။ မိန်းမဖုန်းများဆို နားညည်းတယ်တောင် ထင်ပြီ။ ဒါပေမယ့် ကျွန်တော် သူ့ကိုမချစ်တော့လို့ မဟုတ်ဘူးနော်။ သူကိုချစ်ပါသေးတယ်ဗျာ။

ကျွန်တော် မိန်းမကိုက အခုတလော ဘာဖြစ်နေမှန်းမသိ၊ ကျွန်တော်ကို မြင်တာနဲ့ မောင် ကျွန်မလှနေလား။ ကျွန်မကို ချစ်သေးလားနဲ့ ခဏခဏ မေးနေတော့တာပါဘဲ။ ဒီကကောင်လည်း ခဏခဏ ဖြေရတော့ အလုပ်က ပင်ပမ်းရတဲ့ကြားတဲ့စိတ်ရှုပ်တာပေါ့ဗျာ။ ဟိုနေ့ကတောင် ကျွန်တော်မိန်းမကမေးလို့ ကျွန်တော် ကလည်း စိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်သေးတယ် မင်းဝနေပြီလို့ ပြောလိုက်တယ်။

“ မမရေ၊ ညီမလေးကို ကြည့်ပါအုံး။ ညီမတော်တော် ၀နေပြီဆို ဟုတ်လား။ မမ ။ တော်တော်ကို ကြည့်ရရုပ်ဆိုးနေပြီ လား။ မောင်က ပြောတယ်တော်တော်ဝနေပီတဲ့။ “မှန်ကိုကြည့်ပြီး စကားတွေကို စိုးရိမ်တကြီးပြောနေတဲ့ ညီမကိုကြည့်ကာ “အမယ်လေး ညီမလေးရယ်၊ ညည်းက ဘယ်မှာများဝနေလို့လဲ။ လှနေပါသေးတယ်။

အရမ်းလည်းမ၀ပါဘူး။ ညည်း ယောင်္ကျားက စတာပါအေ” လို့ပြောလိုက်တော့ “မဟုတ်ဘူး မမရဲ့ မောင်က မဟုတ်ဘဲနဲ့တော့ ပြောမှာမဟုတ်ဘူး။ ၀ိတ်လျော့မှရမယ်။ ခဏနေမောင်ပစ်သွားအုံးမယ်။ အခုကစပြီး ညစာ လုံးဝမစားတော့ဘူး။မမ” လို့ပြောပြီး ညီမလေး ထွက်သွားတော့တယ်။ ဒီညီမလေးတယောက်ဟာက အခုမှ တော်တော်ကို လှချင်နေတာ။ ၀တာလဲမဟုတ်ဘဲနဲ့ သူ့ယောကျာင်္းကလည်း ဘာလို့များဝတယ်ပြော ရလဲမသိပါဘူး။

ခင်ကိုလေ မောင်က ၀နေပြီတဲ့ ။ ခင်ဝလာလို့များ ခင်အပေါ် မောင်ကစိမ်းကားသွားတာလား။ အရင်လိုမျိုး မကြင်နာတော့ တာလား။ အရင်ကဆို ခင်အပေါ် သိပ်ဂရုစိုက်တာ။ အခုများတော့ အရင်လို မဟုတ်တော့ပေါင်။ တရက်ကလဲ မောင်နဲ့ညစာ သွားစားပါတယ်။ မောင်သူငယ်ချင်းရဲ့ လင်မယားနဲ့တွေတော့ မောင်ကလေ မောင်သူငယ်ချင်းရဲ့ မိန်းမကို “နင်ကတော့ လှလို့ပလို့ပါလား။ ငါ့မိန်းမတော့ ၀လာပြီ တရက်တခြားတဲ့”။ အော် မောင်က အလှတရားတွေကိုတောင် ခံစားတတ် နေပြီကို။

သူငယ်ချင်းတယောက်ကပြောတယ် ယောင်္ကျားတွေက အသက်ကြီးလာတာနဲ့အမျှ အလှအပကို သိပ်ကြိုက်တာတဲ့။ မောင်ကကော အဲ့လိုဘဲလား။ ကျွန်မ၀လာပြီဆိုတော့ ကျွန်မကို မချစ်တော့ဘူးလား။ မောင်လာမှ မေးကြည့်အုံးမယ်။

မောင်ပြန်ရောက်တော့ “မောင် ခင်မေးစရာရှိလို့။“ မောင်က “ပြောခင် ဘာမေးမလို့လဲ။ “ မောင် ခင့် တကယ်ဘဲ တော်တော်ဝနေပြီလားဟင်။ ဒါကြောင့်မောင်က ခင့်ကိုအရင်လို မကြင်နာတော့ဘူးလား။ “ လို့မေးလိုက်တော့ “မောင်က ဘုရားရေ ခင်ဘယ်လိုဖြစ်လို့ ဒီလိုမေးတာတုန်း။ မောင်က ခင့်ကို ဘယ်တုန်းကများ ၀တယ်ပြောဘူးလို့လဲ မောင့်မိန်းမကို မောင်က ဘယ်လောက်၀၀ ချစ်မှာပါ။ ခင်ရုပ်ဆိုးလဲ ချစ်မှာပါဘဲ။ ဒါပေမယ့် ခင်ကမှ မ၀တာ၊ လှနေတာဘဲ လျှောက်စဉ်းစားမနေနဲ့ခင်။ အမြဲ မောင်က ခင်အတွက်ပါ။ ကောင်မလေး အိပ်တော့ ဘာမှလျှောက်မစဉ်း စားနဲ့ ဟုတ်ပြီလား“

မောင်ကသာ ဘယ်လိုပြောပြော မိန်းမတယောက်ရဲ့ စိတ်ထဲမှာတော့ အသက်ကြီးလာတာနဲ့အမျှ အထူးသဖြင့် အိမ်ထောင်သည် မိန်းမတွေက သူ့တို့ယောင်္ကျားမျက်စိထဲမှာ သူတို့သာ အလှဆုံး လို့ ဖြစ်စေချင်တာ သဘာဝပါ မောင်ရယ်။

1 comment:

  1. မိန်းကလေးတိုင်း သူတို့ ချစ်တဲ့သူရှေ့ မှာ အလှဆုံးဖြစ်ချင်တာ သဘာဝပါပဲ ..
    ပိုစ့်လေးဖတ်ပီး မောင့်တောင်ပြန်မေးကြည့်ဦးမယ် .. “ချစ်သေးရဲ့လားလို့ ” အဟိ :D
    အားပေးသွားပါအိ .. မချယ်ရီ

    ခင်မင်စွာဖြင့်
    April

    ReplyDelete