`` ကောင်မလေး.... ကို ဒီနေ့ ခရီးသွားစရာရှိတယ် ´´
ကျမသိခွင့်ရှိမလား ကို။
ကျမမေးလိုက်တော့ ကိုက ကျမကို ပြုံးပြပြီး ကျမဆံပင်လေးတွေကိုဖွကာ `` ပစ္စည်းတွေ သွားဝယ်ရ မယ်လေ ကောင်မလေးရဲ့။ ပြီးတော့ နောက်လုပ်စရာ တစ်ခုရှိသေးတယ်။ ´´
ဒီလောက်ဘဲ ကိုက ကျမကို ပြောပြခဲ့တာ။ ခါတိုင်းဆို ကို ခရီးထွက်တိုင်း ဘာအတွက်ကြောင့်ဆိုတာ ကျမကို ပြောပြနေကျ။ အခုတော့ ကိုဘာကြောင့် ကျမကို ပြောမပြနိုင်ရတာလဲ။ ဘာကြောင့်လဲ။
လူဆိုတာကလည်း ခက်တော့ခက်တယ်နော်။ မသိချင်နဲ့ ဆိုတဲ့အရာကို အရမ်းသိချင်နေတာ။ သဘာဝဘဲ ထင်ပါရဲ့။ ကိုဘာကြောင့် ပြောမပြနိုင်တယ်ဆိုတဲ့အရာကို ကျမ သိချင်နေတယ်။ ဒါပေမယ့် ကျမ ကို့ကို မမေး ခဲ့ပါဘူး။ ဘာလို့လဲဆို ကို ကျမကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့ပါ။
ဒီလိုသိချင်တာလဲ ကျမ ကို့ကို မယုံလို့မဟုတ်ပါဘူး။ ကျမ ကံဆိုတဲ့ အရာကို မယုံရဲခဲ့တာပါ။ ကျမ ကို့ကို သိပ်ချစ်မိလာပြီလို့ သိလိုက်ရတဲ့အချိန်ကတည်းက ကံဆိုတဲ့ လှည့်ကွက်ကို ကြောက်တယ်။ ကျမ ကို့ကို မခွဲ နိုင်ဘူး။
ကျမက ငယ်ငယ်လေးကတည်းက ကျမသိပ်နှစ်သက်တဲ့ အရာတွေဆို မရခဲ့ရပါဘူး။ ကျမ ..........သိပ်ချစ်တဲ့ မေမေနဲ့ မေမေဆီကလည်း ကျမ ဂရုစိုက်မှုတွေမရခဲ့ဘူး။
ကျမ ဆယ်ကျော်သက်အရွယ်ကဆိုပါတော့ ကျမ သိပ်ချစ်ခဲ့ရတဲ့ ချစ်သူတစ်ဦးရှိခဲ့ဖူးတယ်။ သူက ကျမကို..... သိပ်ချစ်တယ်ပြောပြီးတော့ ကျမ.....သူ့ကို သိပ်မြတ်နိုးမိတဲ့အချိန်မှာတော့ ကျမ့ အနားကနေ သူ ထွက်ခွာ သွားတယ်။ နောက်တစ်ခုကတော့ ကျမ နှစ်သက်လှတဲ့ အရုပ်ကလေး တစ်ရုပ်ပေါ့။ အဲ့အရုပ်လေးကိုလည်း ကျမ မရခဲ့ပါဘူး။
အဲ့လိုတွေ မရတာတွေ များလာတော့ ကျမ မြတ်နိုးရမှာကိုကြောက်လာတယ်။ ကျမ မြတ်နိုးတဲ့ အရာတိုင်းက တနည်းမဟုတ် တနည်းနဲ့ ပျက်စီးကုန်တယ်။ ကျမ.......... ကံဆိုတာကို ကြောက်တယ်။
အခုလည်း ဒုတိယအကြိမ် ကျမ့ သိပ်တွယ်တာခဲ့မိတဲ့ ကို ဆိုတဲ့ ကျမအပေါ် အနွံနာခံတဲ့ ချစ်သူ တစ်ယောက်ကို ကျမ ရခဲ့ပြန်တယ်။ ကံဆိုတာကလည်း ကျမ့.....ဘ၀ထဲကို ၀င်ရောက်မွေနှောက်ဖို့ စောင့်နေ အုံးမယ် ထင်ပါရဲ့။
ကျမ..... ကို့ ကို တခါတခါ ပြောပြဖူးတယ်။ ကျမ ကို့ကို ခွဲသွားရမှာ ကြောက်တယ်လို့ ပြောတိုင်း.....ကို က ကျမကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်ဘူး.....အရူးမလေးရဲ့။ တွေးပူုမနေနဲ့တဲ့။ ကျမ ကို့ကို ယုံကြည်ပါတယ်။
ဒါပေမယ့် ကံမကောင်းခဲ့တဲ့ ကျမက ကို့ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရဘူး ထင်ပါရဲ့။
လင်းလက်လက်
အလင်းတွေနဲ့
ဝေးကွာနေတယ်
ကောင်မလေး
တဖျပ်ဖျပ်နဲ့
လင်းနေတဲ့
ပိုးစုန်းကြူလို့
အလင်းလေးတွေကော
ကောင်မလေး
ပိုင်ဆိုင်ဖူးခဲ့ရဲ့လား
တယုတယနဲ့
ဆုပ်ကိုင်ပေးဖူးတဲ့
လက်ကလေးနဲ့ကော
ကောင်မလေး
တွဲဖူးပါရဲ့လား
ကြယ်ကလေးလို့
ထွန်းလင်းတာမပြောနဲ့
အရုပ်ပုံ
ကြယ်လေးတောင်
ကောင်မလေး
ပိုင်ဆိုင်ခဲ့ဖူးရဲ့လား
ဘယ်တော့မှ မငိုနဲ့
ကောင်မလေး
ကောင်မလေး
ပိုင်ဆိုင်တာ
တစ်ခုမှမရှိလို့
ပိုင်ဆိုင်ချင်စိတ်
မထားပါနဲ့
ကောင်မလေးရယ်
No comments:
Post a Comment