Myanmar Calendar

Thursday, November 3, 2011

I LOVE YOU






ကျမလက်ကိုကိုင်ပြီး ကျမကို ပြုံးကြည့်ကာ “ နင်တအား ကြောက်နေလား။ ညီမလေး ” 

ကျမ အမကိုသာ ပြုံးပြခဲ့တယ်။ တကယ်လဲ ကျမ ကြောက်နေတယ်။ ကြောက်နေတာထက် ရင်ခုန်နေတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျမ သူ့ကို တွေ့ခွင့်ရတော့မယ်။ 


ကျမတို့ရောက်တော့ သူက ကျမတို့ထပ် အရင်ရောက်နှင့်နေပြီ။ ကျမ သူ့ကိုမြင်လိုက်တော့ ရင်တွေ အရမ်း ကို ခုန်နေခဲ့ပါတယ်။ ကျမကို သူက ပြုံးပြလိုက်တော့ ပိုဆိုးတာပေါ့။ ကျမလက်ကိုဆွဲပြီး မမ က သူ့ဆီကို လှမ်းနေပြီ။ သွားနေပေမယ့် ကျမ သူ့မျက်နှာကို မကြည့်ရဲပါ။ ကျမ အခုမှ ရည်းစားထားဖူးတဲ့ ကောင်မလေး တစ်ယောက်လိုဘဲ သူ့နဲ့တွေ့တော့ ရင်တွေခုန်လိုက်တာ အ၇မ်းပါဘဲ။


ကျမတို့သူ့နားရောက်တော့ မမနဲ့သူ့ သူငယ်ချင်းက ညီမလေးတို့အရင်သွားနှင့် မမတို့ ဟိုဘက်ဆိုင် ခဏ၀င်လိုက်အုံးမယ်ဆိုပြီး ကျမနဲ့ သူ့ကို အရင် သွားစေခဲ့တယ်။ ကျမကို သူက ဘာလဲ ကြောက်နေတာလား တဲ့။ ကျမက စကားတောင် မပြောနိုင်ခင် သူက အရင် ကျမ လက်ကိုကိုင်ပြီး လူကြောက်နေတဲ့ ကလေးလေး တယောက်ကို ဂရုတစိုက်နဲ့ ခေါ်သွားတဲ့ပုံနဲ့ ဆွဲခေါ်သွားခဲ့တယ်။


ဆိုင်ထဲလည်းရောက်ရော ကျမကို သူက ဗိုက်ဆာနေလား ကလေးလေးတဲ့။ စားစရာမှာလိုက်ပါတဲ့။ မမ တို့လည်း လိုက်လာမှာဘဲ မကြောက်ပါနဲ့။ ဖုန်းထဲမှာကျတော့ စွာလိုက်တာ အခုတော့ ဘာလဲ ကို့ကို ကြောက် လို့လားတဲ့။ ကိုက ဘာမှမလုပ်ဘူးတဲ့။


သူစကားစပြောတော့မှဘဲ ကျမ သူ့ကို ရဲရဲကြည့်ရဲတော့တယ်။ သူ့ကို အစကတော့ ကျမ အပျော်သဘောနဲ့ ရည်းစား ထားခဲ့ပေမယ့် ကျမကို ဂရုစိုက်တာတွေ၊ သူရဲ့ နားလည်မှုတွေ၊ သူ့အပေါ် အားကိုးမှုတွေက ကျမ သူ့ကို ချစ်မိခဲ့တယ်။


သူ့အသက်က ကျမ ထပ် ကြီးတော့ ကျမကို ကလေးလေး တယောက်လို သဘောထားပြီး ဂရုစိုက်တာဟာ မိသားစုထဲမှာ ဂရုစိုက်မခံရတဲ့ ကျမအဖို့ သူ့ကို တော်တော်လေး တွယ်တာခဲ့ပါတယ်။ ကျမကို သူချစ်တာက သူများ ရည်းစားတွေလို မဟုတ်ဘဲ ကျမကို အနိုင်ကျင့်ချင်တဲ့စိတ်မဟုတ်ဘူး။ ကျမကို နစ်နာစေလိုတဲ့ ဆန္ဒ မရှိဘူး။ ကျမအပေါ်မှာ တော်တော်လေးကို နားလည်ပေးခဲ့တာပါ။ ကျမက ဆိုးသမျှကို သူက လက်ခံတယ်။ 


ကျမ ကို့ကို အရမ်းချစ်တယ်။ ကျမ အပေါ်နားလည်ပေးခဲ့အတွက်။ဒါပေမယ့် သူ့စိတ်ဆိုးတဲ့အခါလည်းရှိတယ်။ ကျမ နေမကောင်းလို့ ဆေးမသောက်တဲ့အခါ ကျမကို ဆူတယ်။ ပြီးတော့ ကျမကို ဖုန်းလဲ မဆက်တော့ဘူး။ ကျမ ဘာပြောပြော ပြန်မပြောတော့ဘူး။ အဲ့လိုအချိန်တွေဆို ကိုက ကျမကို မင်းက ကလေးဆိုးလေးဘဲတဲ့။ 


ကျမချစ်တဲ့ ကို့ဆီမှာ သူများတွေမသိတဲ့ ကျမအပေါ် ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ ရှိတယ်။ အများအမြင်မှာ တော့ ကိုက ကျမကို အနိုင်ကျင့်တယ် ထင်ပေမယ့် ကျမအနိုင်ကျင့်တာကို အမြဲခံရသူက ကိုပါ။ ဒါကိုသူတို့တွေက မသိကျဘူး။ ကျမချစ်တဲ့ကို့ဆီမှာ အများထပ် မသာတဲ့ အချက်တွေအများကြီး ရှိပါတယ်။ ဒါပေမယ့်ကျမ ကို့ကို အရမ်းချစ်တယ်။

1 comment:

  1. ကလေးဆိုးလေးတစ်ယောက်ရဲ့ အချစ်တွေကို ခံစားသွားပါတယ်နော်

    ခင်မင်စွာဖြင့်
    April

    ReplyDelete