Myanmar Calendar

Monday, March 5, 2012

ဘ၀ထဲက အစိတ်အပိုင်းလေးများ

အပြုံးတပွင့်ကြောင့်
ရင်နစ်အောင်
ပျော်ခဲ့ဖူးပါရဲ့


ဒေါသတစ်ချက်ကြောင့်
နှလုံးသားလေး
အားငယ်ဖူးပါရဲ့


ဖေးဖမှုတစ်ချက်ကြောင့်
သူ့အပေါ်
စိတ်ယိုင်ဖူးပါရဲ့


ဂရုစိုက်မှုတစ်ချက်ကြောင့်
သူ့အပေါ်
အားကိုးလိုက်မိပါရဲ့


ရင်ခုန်သံလေး
တစ်ချက်ကြောင့်
သူ့ကို ချစ်မိခဲ့ပါရဲ့


အကြောင်းလေးတစ်ခုကြောင့်
သူ့က ကိုယ့်ဘ၀ထဲက
ထွက်ခွာသွားပါရဲ့


ချစ်တတ်တဲ့အသည်းလေးလဲ
လေပြင်းလေးတစ်ချက်တိုက်တာနဲ့
ကွဲခဲ့ဖူးပါရဲ့................................







No comments:

Post a Comment